← Chapters

အယောင်ဆောင်လင်းကျန်းရန်

Vol. 67 Ch. 993

အယောင်ဆောင်လင်းကျန်းရန်

Vol. 67 Ch. 993

ဤမျက်နှာနှစ်ခုက ဘာတစ်ခုမှ အမှားအယွင်းရှိပုံ မရသော်လည်း အစည်းအဝေးခန်းထဲရှိ လူများကို သံသယများပြားစေခဲ့သည်။

ဝမ်လင်း၏ ခံစားချက်မဲ့ ငါးမသာမျက်လုံးသည် မျက်ခွံနှစ်ထပ်ရှိသော မျက်လုံးများ အဖြစ်သို့ ထူးထူးခြားခြားပြောင်းလဲသွားခဲ့သည်။

ထို့အပြင် ဝမ်လင်းနှင့် ဖန့်ရှင်းတို့ နှစ်ယောက်လုံးသည် အမူအကျင့်များပင် သိသိသာသာ ပြောင်းလဲသွား၏။

ဤတစ်ယောက်က လင်းကျန်းရန် စကားပြောပုံနှင့် လုံးဝ မတူပေ။

ဝမ်လင်း၏ သူငယ်ချင်းအဖြစ် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော ဗုံးပစ်စီနီယာအင်မော်တယ်သည် ပုံမှန်မဟုတ်သောအချက်ကို ချက်ချင်း သတိပြုမိခဲ့သည်။

ဤမျက်ခွံနှစ်ထပ်နှင့် လေအိုး လင်းကျန်းရန်သည် ခေါက်ဆွဲခြောက်ဧကရာဇ်ကဲ့သို့ လင်းကျန်းရန်၏ အခြား ကိုယ်ပွားတစ်ခု ဖြစ်နိုင်ပါသလော။

ဤသည်မှာ ဗုံးပစ်စီနီယာအင်မော်တယ်၏ သီအိုရီသာဖြစ်သည်။

သို့သော် သူ့ဘေးတွင်ထိုင်နေသော ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို လှည့်ကြည့်လိုက်သောအခါတွင် ရန်လိုသောမျက်နှာထားဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။

ကိုယ်ပွားအများစုသည် အချင်းချင်း ချိတ်ဆက်မှုများ ရှိကြသည်။

ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ဤလေအိုးဝမ်လင်းကို နားမလည်နိုင် ဖြစ်နေသည်မှာ ထင်ရှား၏။

“ဒီနှစ်ယောက်က ငါတို့လူတွေ မဟုတ်ဘူး.. သူတို့ကရန်သူတွေပဲ”

ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ချက်ချင်းပင် ထရပ်လိုက်ပြီး ၎င်းတို့ကို ဖိနှိပ်ရန်အတွက် သူ၏အော်ရာကို ထုတ်လွှတ်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် သူ့နံဘေးရှိ မိန်းကလေးပိုင်ချောင်းက ရုတ်တရက် မက်တပ်ထရပ်လိုက်ပြီး သူမ၏ အော်ရာကို ထုတ်လွှတ်လိုက်သည်။

သို့သော် သူမ၏အော်ရာသည် လေအိုးဝမ်လင်းနှင့် ဖန့်ရှင်းတို့ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ခေါက်ဆွဲခြောက်တာအို ကိုယ်ပွားဆီသို့ဖြစ်သည်။

အဆင့်မြင့် ကိုယ်ပွားတစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အတွေးအမြင်များ ပါရှိသည်။

သို့သော် ပိုင်ချောင်းကမူ ကွဲပြားသည်။

သူမက ဓားအိမ်ဝိညာဉ်ဖြစ်ပြီး ဓားဝိညာဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ထို့ကြောင့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က အော်ရာကိုထုတ်သုံးလိုက်သည်နှင့် ပိုင်ချောင်းသည် ဝိညာဉ်ဓား၏သခင်ကာကွယ်သည့်မုဒ်ကို ချက်ချင်းအသက်သွင်းမိခဲ့သည်။

ဤသည်မှာ ပိုင်ချောင်း၏အသိစိတ်မှ လုပ်သော လုပ်ရပ် မဟုတ်ဘဲ မသိစိတ်မှ လုပ်သော လုပ်ရပ် ဖြစ်သည်။

ပိုင်ချောင်းပင်လျှင် သူ့ကိုယ်ပိုင်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

“ရပ်လိုက်.. ငါ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး”

ပိုင်ချောင်းက ခေါက်ဆွဲခြောက်တာအို ဧကရာဇ်ကို အော်ဟစ်လိုက်သည်။

သူမ၏ဆံပင်က စွမ်းအားအပြည့်ရှိပြီး သူတော်စင်ဓား ကဲ့သို့ တောက်ပနေသည်။

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က အော်ရာကိုရုပ်သိမ်းလိုက်ပြီး အယောင်ဆောင်နှစ်ဦးကို ကြည့်လိုက်သည်။

“ခေါက်ဆွဲခြောက်တာအိုဧကရာဇ်.. ဘာတွေဖြစ်နေတာလဲ”

ဓမ္မရာဂျာနှင့် ဖက်တီးလောတို့က အံ့အားသင့်သွားပြီး မှင်တက်နေကြသည်။

ပိုင်ချောင်းက ကျင့်ခယ်နှင့် ပေါင်းစည်းသွားပြီး ကျင့်ပိုင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ပိုင်ချောင်းနှင့်ဝမ်လင်းတို့၏ နှောင်ကြိုးသည် ပိုမို နက်ရှိုင်းလာခဲ့သည်။

ဝိညာဉ်ဓား၏ သခင်ကာကွယ်သောမုဒ်သည် ဝမ်လင်းကိုသခင်အဖြစ် သတ်မှတ်ထားသည့် အကောင်းဆုံး အထောက်အထား ဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။

သို့သော် ဤလူနှစ်ယောက်ကို ဝမ်လင်းကိုယ်တိုင် ဖန်တီးထားသည့်ကိုယ်ပွားက အယောင်ဆောင်ဟု ပြောဆိုနေခဲ့သည်။

“ဘာတွေဖြစ်ကုန်တာလဲ.. ဒါက ပုံတူတွေလား”

ပုံတူနည်းပညာသည် ကျင့်ကြံခြင်းနယ်ပယ်တွင် အမှန်တကယ်ရှိခဲ့သည်။

လူသားပုံစံတူ နိုင်ငံခေါင်းဆောင်001သည် ကျင့်ကြံခြင်းပုံတူပွားနည်းပညာ၏ အကောင်းဆုံးဥပမာဖြစ်သည်။

“ခေါက်ဆွဲခြောက်တာအိုဧကရာဇ်.. စိတ်ထိန်းပါဦး.. ဒီကိစ္စကိုငါရှင်းလိုက်မယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်း၏ ကိုယ်ပွားကို ပြောလိုက်သည်။

“မင်းတို့တွေ ကိုယ်ကိုယ်ကိုယ် ကံကောင်းတယ်လို့ မှတ်ယူလိုက်”

ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က သူ့ရှေ့မှ အယောင်ဆောင်နှစ်ဦးကို ဒေါသတကြီးစိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

ထိုအချိန်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဂိုဏ်းခေါင်းဆောင်တစ်ဦး အနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မည်ဖြစ်သည်။

သူက မသင်္ကာဖွယ် အယောင်ဆောင်နှစ်ဦးအား စိုက်ကြည့်ရင်း အဆုံးသတ်တွင် အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“ညီနောင်လင်း.. ငါတို့က ညီအစ်ကိုလို ရင်းနှီးကြတဲ့အတွက် ငါမင်းရဲ့ စရိုက်အားလုံးကို ကောင်းကောင်းသိတယ်.. ဒီနေ့မင်းဘာဖြစ်လို့ ထူးထူးခြားခြား ဖြစ်နေတာလဲ.. တခြားလူ တစ်ယောက်လိုပဲ”

“လူတွေက ပြောင်းလဲတတ်တဲ့ သတ္တဝါတွေပဲလေ.. ဝတ္တုကအခန်း(၉၉၂)ထိ ရောက်နေပေမဲ့ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ငါစကားအများကြီး မပြောခဲ့ရဘူး.. နှစ်နှစ်အတွင်းမှာ စာရေးဆရာက အခန်းပေါင်း(၉၉၂)ခန်းသာ ရေးသားနိုင်ခဲ့တယ်.. စာအုပ်တစ်အုပ်လုံးမှာ ဆိုရင် ငါကစကား အခွန်း၂၀လောက်ပဲ ပြောခဲ့ရတယ်.. ငါလည်း ပင်ပန်းနေပါပြီ”

လေအိုးဝမ်လင်းက အလွန်နာကြည်းသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

လူတိုင်း “..........”

လေအိုးဝမ်လင်း “ဒါကြောင့် မနေ့ညက တွေးတောဆင်ခြင်ပြီးတဲ့နောက်မှာ စကားများများပြောဖို့ ငါဆုံးဖြတ်ခဲ့တယ်.. ဒီဝတ္တုရဲ့ဇာတ်ဆောင်အနေနဲ့ စကားမပြောတာ မဖြစ်သင့်ဘူးလေ.. အမူအကျင့်ဆိုတာက ပြင်ရခက်မှန်း ငါသိတယ်.. ဒါပေမဲ့ ငါက တစ်လှမ်းချင်း ကြိုးစားသွားမှာပါ.. အားလုံးက ငါ့ကို အားပေးနေမယ်လို့ မျှော်လင့်ပါတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ဖန့်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။

“ဒါဆို ကျောင်းသားဖန့်ရှင်းကလည်း လင်းကျန်းရန်လိုမျိုး ဆင်ခြင်သုံးသပ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာလား”

“ဟုတ်တယ်”

အမျိုးသမီးပုံစံ ဖြစ်နေသည့် ဖန့်ရှင်းက ခေါင်းငြိမ့်လိုက်သည်။

“ဝမ်လင်းကို ငါသဘောကျနေတာ ကြာပြီဆိုတာ အားလုံးသိမှာပါ.. အခုချိန်ကစပြီး ငါက မိန်းမပုံစံနဲ့နေပြီး တစ်သက်လုံးသူနဲ့အတူနေဖို့ ဆုံးဖြတ်ထားတယ်.. မနက်ဖြန်ကျရင် ငါတို့နှစ်ယောက် လက်ထပ်တော့မယ်”

အားလုံး “???”

ဗုံးပစ်စီနီယာအင်မော်တယ် “ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာလဲ”

အမျိုးသမီးပုံစံနှင့်ဖန့်ရှင်း “အချိန်ကလူကို မစောင့်ဘူးလေ.. အသက်ကြီးပြီး သွေးဆုံးသွားတဲ့အထိ စောင့်နေရမှာလား”

လူတိုင်းက ဖန့်ရှင်း၏စကားကြောင့် အချိန်အတော်ကြာထိတ်လန့်သွားပြီး မှင်တက်နေခဲ့ကြသည်။

“ငါနားလည်ပါပြီ”

ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းချလိုက်ပြီး ဝမ်လင်းနှင့်ဖန့်ရှင်းတို့ကို ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ငါမင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်.. အစည်းအဝေးကို ပြန်စကြစို့.. ဒါနဲ့ အရသာရှိတဲ့ အစားအစာအချို့ကို မြည်းစမ်းကြည့်ချင်လား.. စကားပြောရင်းနဲ့ စားလို့ရတာပေါ့”

“အင်း.. ဒါက ကောင်းမွန်တဲ့ အကြံပြုချက်ပဲ”

ဝမ်လင်းက ခေါင်းညိမ့်လိုက်သည်။

“ညီနောင်လင်းက သဘောတူပြီးဆိုတော့ အစားအသောက်တွေကို ယူလာလိုက်တော့”

ဗုံးပစ်စီနီယာအင်မော်တယ်က လက်ခုပ်တီးလိုက်သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရှိ အမျိုးသမီးတပည့်အချို့သည် အစည်းအဝေးခန်းရှိ မြင်ကွင်းနောက်ကွယ်ကနေ အစားအသောက်များကို ယူဆောင်လာခဲ့သည်။

ဝမ်လင်းက ထိုအစားအသောက်များကိုမြင်လျှင် အံ့ဩသွားခဲ့သည်။

“ဒါက”

ဗုံးပစ်စီနီယာအင်မော်တယ် “ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို အရသာမျိုးစုံနဲ့ ပြုလုပ်ထားတဲ့ သရေစာတွေပဲ.. ညီနောင်လင်းအတွက် လတ်ဆတ်တဲ့ သရေစာတွေကို ပြုလုပ်ဖို့ မြောက်ပင်လယ်က စားဖိုမှူးတွေကို ခေါ်ယူထားခဲ့တယ်.. ခေါက်ဆွဲခြောက်နဲ့အတူ တွဲဖက်စားသောက်ဖို့ အတွက် အမျိုးမျိုးသောအနှစ်တွေကိုလည်း သူတို့က ပြုလုပ်ပေးခဲ့တယ်.. ညီနောင်လင်းက မကြိုက်လို့လား”

“မဟုတ်ပါဘူး.. ငါအရမ်းကြိုက်တယ်”

“ဒါဆိုလည်း မြည်းစမ်းကြည့်လိုက်ပါဦး”

“ကောင်းပြီ”

ဝမ်လင်းက ခေါက်ဆွဲခြောက်ကို တစ်ဖဲ့ဖဲ့ကာ ပါးစပ်ထဲထည့်၍ ဝါးလိုက်သည်။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်မောကာ မတ်တပ်ထရပ်လိုက်သည်။

“အားလုံးအသင့်ပြင်.. ဒီလူတွေက အယောင်ဆောင်တွေပဲ.. သူတို့ကို နာနာရိုက်ပစ်.. တကယ့် ညီနောင်လင်းက ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကို ဘယ်တော့မှ ဖဲ့ပြီးမစားဘူး”

အပိုင်း(၉၉၃) ပြီး၏

All Chapters