← Chapters

အိုင်ဒေါလ်လို ခန့်ညားမှု

Vol. 67 Ch. 1002

အိုင်ဒေါလ်လို ခန့်ညားမှု

Vol. 67 Ch. 1002

ကြေးမုံနန်းတော်ကမ္ဘာ၏ စုန့်ဟိုင်မြို့တော်တွင် ဖန့်ရှင်းသည် မြေအောက်သုတေသန ဌာန၌ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရသည်။

မြေအောက်သုတေသနဌာတွင် တည်ဆောက်ထားသော ခိုင်ခန့်သည့် မှော်အစီအရင်သည် ဖန့်ရှင်း၏ ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခြင်းမှ တားဆီးထားသည်။

ဤမြေအောက်သုတေသနဌာနက သူ့အတွက် အထူး တည်ဆောက်ထားသည့် အကျဉ်းခန်းနှင့်ဆင်တူ၏။

သို့သော် ဖန့်ရှင်းကို ဤနေရာသို့ ခေါ်လာသည့် ပိုင်ယိုချွမ်သည် ဖန့်ရှင်းကို လုံးဝ မထီမဲ့မြင် မပြုခဲ့ပေ။

ဖန့်ရှင်း နေထိုင်ရမည့်အခန်းကို ဖန့်ရှင်း၏အကြိုက်ဆုံး ဥရောပစတိုင် အခန်းအဖြစ် အလှဆင်ထားပြီး ပြင်သစ်ပြတင်းပေါက်ကြီးများပင် တပ်ဆင်ပေးထားသည်။

ထိုအခန်းက မြေအောက်၌သာ ရှိသော်လည်း ပြတင်းပေါက်အပြင်ဘက်ရှိ ဟိုလိုဂရပ်ဖစ် မြင်ကွင်းကို နှစ်သက်သလို ချိန်ညှိနိုင်သည်။

ဤညအတွက် ဖန့်ရှင်း၏ ညစာမှာ ကမ္ဘာဦးသားရဲဖြစ်သည့် ခွန်၏ဗိုက်ထဲမှ အလတ်ဆတ်ဆုံးအသားနှင့် ချုံးချီ၏

လတ်ဆတ်သော သွေးများဖြင့် ချက်လုပ်ထားသည့် သွေးအရက် ဖြစ်သည်။

ထိုအရက်သည် ချုံးချီသွေးစစ်စစ်၏ အမှတ်အသား ဖြစ်သည့် စတော်ဘယ်ရီသီးအနံ့ ပြင်းရှသည်။

သို့သော် ဤအရသာများသည် သူ့ကိုခံတွင်း သိပ်မတွေ့စေခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အမူအရာသည် ပို၍ပင်ပြင်းထန်လာခဲ့သည်။

ကြည့်ရသလောက် နောက်ကွယ်မှ လူ၏ခွန်အားသည် သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

ကာလအတန်ကြာ မျိုးတုန်းလုနီးပါးဖြစ်နေသော ကမ္ဘာဦးသားရဲများကို အစားအစာ အဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမှာ ဖန့်ရှင်း အတွက်တော့ အံ့ဩစရာပင် မဟုတ်လော။

ထိုအချိန်မှာပင် သူနေထိုင်သောအခန်း၏ နည်းပညာမြင့်တံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

“ဘယ်လိုလဲ အတန်းဖော်ဖန့်ရှင်း.. အဆင်ပြေရဲ့လား.. ဒီကမ္ဘာကြီးမှာ မင်းအဖေကို အရှင်လတ်လတ်ကြီး တွေ့ရလို့ ပျော်ရွှင်ရတော့မယ်”

ပိုင်ယိုချွမ်က ပြုံးရွှင်စွာ ပြောလိုက်ပြီး လက်ခုပ်တီးလိုက်သည်။

အနက်ရောင်အရိပ် ဝတ်စုံဝတ် လူနှစ်ယောက်က သိပ်မွေ့သောအမူအရာ ချောမောသောရုပ်ရည် ခါးထိဝဲကျနေသော ဆံပင်ဖြူနှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ထိုဆံဖြူအမျိုးသားက အဖြူရောင်ဝတ်ရုံရည်ကို ဝတ်ဆင်ထားပြီး လည်ပင်းတွင်အကြေးခွံများ တဖိတ်ဖိတ် တောက်ပနေခဲ့သည်။

“အဖေလား”

ဖန့်ရှင်းက စိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော် သူ့ရှေ့မှလူ၏ အမူအရာကမူ လုံးဝ တည်ငြိမ်နေခဲ့သည်။

ထိုအမျိုးသားက ဖန့်ရှင်းကိုသူစိမ်းတစ်ယောက်လို ကြည့်နေခဲ့၏။

“ရှင်ပြန်ထမြောက်လာပြီးနောက်မှာ မင်းအဖေရဲ့ မှတ်ဉာဏ်တွေက ပြောင်းလဲသွားခဲ့ပြီ.. သူက သူကိုယ်တိုင် မင်းကို မွေးခဲ့မှန်းတောင် မသိတော့ဘူး.. ရှင်ပြန်ထမြောက်လာပြီးတဲ့နောက်မှာ မင်းက သူ့အတွက် သူစိမ်းတစ်ယောက်ထက် မပိုဘူး”

ပိုင်ယိုချွမ်က အေးစက်စွာရယ်မော၍ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းအဖေရဲ့ သုတေသနပြုချက်တွေကြောင့် ငါတို့ရဲ့သုတေသနရလဒ်တွေ စတင်ထွက်လာမှာကို တွေ့မြင်ရတော့မယ်.. ဒီညဂုဏ်ပြုဧည့်ခံပွဲ ရှိတယ်.. မင်းအဖေကိုတော့ ငါခေါ်မသွားတော့ဘူး.. မင်းတို့ရဲ့ သားအဖဆက်ဆံရေး အတွက် အသုံးချလိုက်ပေါ့”

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်ယိုချွမ်က အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

သူက သူ၏အစီအစဉ်ကို အလွန်ပင် ယုံကြည်သည်။

ထိုနှစ်ယောက်က သွေးချင်း ဆက်နွယ်နေသော်လည်း သူလုံးဝ စိတ်ပူခြင်းမရှိပေ။

သွေးသားစည်းနှောင်မှုက မည်မျှပင် တန်ဖိုးရှိနိုင်ပါမည်နည်း။

သူ့အဖေပိုင်ကျဲပင် သူငယ်စဉ်က မနိုင်ဝန်ကို ထမ်းစေကာ မတန်တဆ အလေးမ ခိုင်းခဲ့သည် မဟုတ်လော။

အခန်းက အချိန်အတော်ကြာသည်အထိ လုံးဝ တိတ်ဆိတ်နေခဲ့သည်။

ပကတိအင်မော်တယ်တစ်ဦး ဖြစ်သည့် အင်မော်တယ်ရှဲဖီသည် ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် တည်ငြိမ်စွာရှိနေသည်။

ဖန့်ရှင်းက သူ့အဖေ၏ ရုပ်ရည်ကို ယခင်က မမြင်ဖူးခဲ့ပေ။

သူမြင်တွေ့ခဲ့ရသည့် အများစုမှာ သမိုင်းမှတ်တမ်းရှိ ပုံတူများသာဖြစ်သည်။

သူ့အဖေက အလွန်ကြည့်ကောင်းလိမ့်မည်ဟု ဖန့်ရှင်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူ့အဖေက ကျူးယွမ်ကျန်းတို့လို ထင်ရှားကျော်ကြားသူများ၏ မျက်နှာပေါက်နှင့် မတူပေ။

ထိုအချိန်က သူ့အဖေ၏ ပုံတူပန်းချီကို ရေးဆွဲခဲ့သည့်ပန်းချီဆရာသည် စိတ္တဇပန်းချီ ကျောင်းထွက်တစ်ဦး ဖြစ်ပုံရသည်။

ရှင်ပြန်ထမြောက်လာပြီးနောက်တွင် သူ့အဖေ၏ အသွင်အပြင်သည် သူစိတ်ကူးထားသည်ထက်ပင် အမှန်တကယ် ငယ်ရွယ်ချောမောနေခဲ့သည်။

ဤသည်က သူ့အဖေငယ်စဉ်က အသွင်အပြင် ဖြစ်ကောင်းဖြစ်နိုင်၏။

"အဖေ"

ဖန့်ရှင်းက အစမ်းသဘောဖြင့် ခေါ်ဝေါ်လိုက်သည်။

ထိုစကားသံကိုကြားလျှင် သူ၏ဘေးမှ ပကတိအင်မော်တယ်ရှဲဖီက အထိတ်တလန့်ဖြင့် သူ့ကို ကြည့်နေခဲ့သည်။

“ကောင်လေး.. တွေ့သမျှလူကို အဖေလို့ လိုက်မခေါ်ရဘူး”

“..........”

ဖန့်ရှင်း “ဒါပေမဲ့ အဖေက ကျွန်တော့်ရဲ့ တကယ့်အဖေပဲလေ.. ပိုင်ယိုချွမ် ပြောတာကို မကြားလိုက်ဘူးလား”

ဖန့်ရှင်း၏စကားကိုကြားလျှင် ပကတိအင်မော်တယ်ရှဲဖီက ရှက်သွားခဲ့သည်။

“ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့ကောင်လေး.. ငါအိမ်ထောင်မပြုဖူးတဲ့ဟာ.. ဘယ်လိုလုပ်ပြီး ငါ့မှာ သားတစ်ယောက် ရှိနိုင်မှာလဲ”

ပိုင်ယိုချွမ် ပြောခဲ့သလိုပင် ပကတိအင်မော်တယ်ရှဲဖီသည် သူ၏ မှတ်ဉာဏ်များကို နှောင့်ယှက်ခံထားရ၍ ဖန့်ရှင်းကို အသိအမှတ်ပြုနိုင်ခြင်း မရှိခဲ့ပေ။

“အဖေ တကယ်ပဲ ဘာမှမမှတ်မိတော့ဘူးလား”

ဖန့်ရှင်းက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

“အဲဒီတုန်းက အဖေကိုယ်တိုင် ကျွန်တော့ကို မွေးခဲ့တာလေ.. “

“ဟမ်.. ငါက မင်းကို မွေးခဲ့တယ်.. ဟုတ်လား”

သူ၏စကားလုံးများက သူ့အဖေ၏ အမူအရာကို ပြောင်းလဲစေမည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

“ကောင်လေး.. ဒါ ဘယ်လိုဟာသမျိုးလဲ.. ငါက ယောက်ျားကြီးတစ်ယောက်ပါ.. ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ.. လောကကြီးမှာ ဒီလိုလုပ်နိုင်တဲ့သူ မရှိဘူး.. မင်းငါ့ကို လာနောက်နေတာလား.. ငါက မိန်းမချော ချောပေမဲ့လည်း ယောက်ျားစစ်စစ် တစ်ယောက်ပါ.. ငါလုပ်ခဲ့တဲ့ ကျင့်ကြံခြင်းသုတေသန အားလုံးထဲမှာ ယောက်ျားကနေ ကလေးမွေးနိုင်တယ် ဆိုတာမျိုးကိုလည်း တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

“..........”

ဖန့်ရှင်းက နှုတ်ဆိတ်သွားခဲ့သည်။

ဤအကြောင်းကို သူဘယ်လိုရှင်းပြရမှန်း သူလုံးဝ မသိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ရှဲဖီသည် သူ့ကိုမွေးဖွားသောအခါတွင် ခန္ဓာကိုယ်အသွင်ပြောင်းခြင်းမျိုး အမှန်တကယ် မကြုံတွေ့ခဲ့ရသောကြောင့်ပင်။

ဤသို့ကလေးမွေးဖွားခြင်းသည် အင်မော်တယ်ရှဲဖီ ကျင့်ထားသည့် အဖြူရောင်ညမှော်စွမ်းရည်ကြောင့် ဖြစ်သည်။

ဤနည်းစနစ်တွင် အသက်အန္တရာယ် ကြုံလာသောအခါ၌ အရံအနေဖြင့်အသုံးပြုရန် ဆဲလ်များကို အလိုအလျောက်သိမ်းဆည်းနိုင်သည့် မှော်စွမ်းရည်တစ်မျိုး ရှိသည်။

အင်မော်တယ်ရှဲဖီ မသေခင်အချိန်တွင် အဖြူရောင်ညမှော်စွမ်းရည်သည် သိမ်းဆည်းထားသည့် အကောင်းဆုံးဆဲလ်များကို ပြန်လည် ပေါင်းစည်းလိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ကြီးထွားစေကာ အဆုံးသတ်၌ ဥတစ်လုံး ဖြစ်လာစေခဲ့သည်။

တကယ်တမ်းတွင် ဤဥသည် ခန္ဓာကိုယ်တွင် မရပ်မနား ဆဲလ်မျိုးပွားခြင်းမှ ဖြစ်ပေါ်လာသော ကြီးမားသည့် ဆဲလ်တစ်ခုသာ ဖြစ်၏။

ပကတိအင်မော်တယ်ရှဲဖီက ဤအရာများကို မမှတ်မိသည်မှာ သူ၏မှတ်ဉာဏ်များကို လွှမ်းမိုးခံထားရသောကြောင့် ဖြစ်နိုင်သည်။

သူ၏အမြင်တွင်မူ ဖန့်ရှင်းသည် အခြားလူများကို အဖေဟုအလွယ်တကူ ခေါ်တတ်သည့် ထူးဆန်းသည့်ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

ဤလူငယ်လေးက တောက်တီးတောက်တဲ့ ပေါကြောင်ကြောင်ဖြစ်နေသည်မှာ သနားစရာကောင်းလှ၏။

ဖန့်ရှင်းက သူ့အဖေကို ရှင်းပြရင်း ခေါင်းကိုက်လာခဲ့သည်။

ဤသည်က ကိုင်တွယ်ရခက်သည့် အခြေအနေတစ်ခုဖြစ်၏။

ပထမဆုံးအနေဖြင့် မှတ်ဉာဏ်ကို ဖြတ်တောက်ခံရခြင်းသည် မှတ်ဉာဏ်ဆုံးရှုံးမှုကို ဆိုလိုခြင်းမဟုတ်ပေ။

ပကတိအင်မော်တယ် ရှဲဖီ ရှင်ပြန်မထမြောက်မီတွင် ပိုင်ယိုချွမ်သည် မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို တစ်နည်းနည်းဖြင့် ဖျက်ပစ်ခဲ့သည်။

ဆိုလိုသည်မှာ သူနှင့် ပတ်သက်သည့် မှတ်ဉာဏ်မပါဘဲ သူ့အဖေက ရှင်ပြန်ထမြောက်ခဲ့ခြင်း ဖြစ်၏။

ထိုမှတ်ဉာဏ်ကို ပြန်လည်ရယူခြင်းသည် မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြေရှင်းခြင်းထက်ပင် များစွာ ပိုမိုရှုပ်ထွေးမည် ဖြစ်သည်။

ဖန့်ရှင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး အင်မော်တယ်ရှဲဖီ၏ မျက်နှာကို စိုက်ကြည့်ရင်း သက်သေပြနိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။

သူ၏မှော်စွမ်းအားက ကန့်သတ်ခံထားရသောကြောင့် မည်သည့် မှော်စွမ်းရည်ကိုမှ အသုံးမပြုနိုင်၍ ပကတိအင်မော်တယ်ရှဲဖီနှင့် သူ၏ဆက်ဆံရေးကို သက်သေပြရန်အတွက် ထင်သာမြင်သာရှိသည့် အခြားသော နည်းလမ်းကို တွေးတောရမည်ဖြစ်သည်။

ရွေးချယ်စရာမရှိတော့၍ ယခုအချိန်က သူ၏ အိုင်ဒေါလ်ကဲ့သို့ ချောမောခန့်ညားမှုကို စွန့်လွှတ်ရမည့်အချိန် ဖြစ်သည်ဟု ဖန့်ရှင်းသိလိုက်သည်။

ထိုခဏတွင် သူသည် အင်မော်တယ်ရှဲဖီရှေ့တွင် သူ၏ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ဟလိုက်သည်။

“မြွေပါးစပ်လား”

ဖန့်ရှင်း၏ပါးစပ်က 180 ဒီဂရီထောင့်ချိုးအထိ ပွင့်နေခဲ့သည်။

ရှိုးပဲ့သဖြင့် ဤစွမ်းရည်ကို သူတစ်ခါမှ ထုတ်မပြသဖူးပေ။

သို့သော် ယနေ့တွင်မူ သူ့အဖေအတွက် ဘာမဆိုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

အပိုင်း(၁၀၀၂) ပြီး၏

All Chapters