← Chapters

ထူးဆန်းသောတောင်းဆိုမှု

Vol. 51 Ch. 753

ထူးဆန်းသောတောင်းဆိုမှု

Vol. 51 Ch. 753

ညဉီးစီးမှူးအဖွဲ့၏ အထွေအထွေဌာနချုပ်တွင် ညသရဲဝိညာဉ်အင်ပါယာသည် ကျေနပ်ပျော်ရွှင်နေခဲ့သည်။

သူက ဤတစ်ခေါက်စစ်ဆင်ရေးတွင် ဟွာရှို့နိုင်ငံ၏ ခေါင်းဆောင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည်။

သို့သော် အမှောင်ရနံသခင်၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ရင်ဆိုင်ခဲ့ရသောကြောင့် သူ့အနေဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။

ထိုအချက်ကိုသာ မီဒီယာများက သတင်းများတွင် ဖော်ပြခဲ့မည်ဆိုလျှင် သူတို့ ညဦးစီးမှူးအဖွဲ့၏ ဂုဏ်သတင်းက တိုးမြင့်လာမည် ဖြစ်ပြီး အဖွဲ့ဝင်များကို ပိုမို၍ စုဆောင်းလာနိုင်မည် ဖြစ်သည်။

ထို့ကြောင်ာယခုတစ်ကြိမ်တွင် စစ်ဆင်ရေး ကျဆုံးခဲ့သော်လည်း သူ့အနေဖြင့် အရှုံးမရှိဟု ဆိုရပေမည်။

သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေတွင် အဆင့်၁၃ မှော်စွမ်းရည် အမှန်တကယ်ရှိမရှိ ညသရဲဝိညာဉ်အင်ပါယာ အတိအကျ မသိပေ။

အရေးကြီးသည်မှာ ဤစစ်ဆင်ရေးမှ ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်၏။

ညဦးစီူမှူးအဖွဲ့ စတင်ဖွဲ့စည်းပြီး နောက်ပိုင်းတွင် မကြာသေးမီနှစ်များကစပြီး သူတို့သည် အစိုးရနှင့် စစ်တပ် အသီးသီး၏ ပစ်မှတ် ဖြစ်လာခဲ့သည်။

သို့သော် ၎င်းတို့ကို ညဦးစီးမှူးအဖွဲ့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် သတ္တိရှိခဲ့သည်။

ထိုကဲ့သို့ သတ္တိရှိနေသည်မှာ အဘယ်ကြောင့်နည်း။

အကြောင်းရင်းမှာ ညဦးစီးမှူးအဖွဲ့က အခြားအမှောင်အင်အားစုများနှင့် မတူဘဲ အခြေခံအုတ်မြစ် အလွန်ပင် ခိုင်မာလွန်းသောကြောင့် ဖြစ်၏။

ညသရဲဝိညာဉ်အင်ပါယာက ညဦးစီးမှူးအဖွဲ့၏ အမာခံအဖွဲ့ဝင်များကို စုဆောင်းစဉ် သိပ္ပံနှင့်နည်းပညာဆိုင်ရာ တိုးတက်မှုတွင်လည်း နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် ညဦးစီးမှူးအဖွဲ့သည် မှော်ခရစ်စတယ်များကိုပင် ထုတ်လုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

ထိုထက်ပို၍ ပြောရလျှင် ပျမ်းမျှအားဖြင့် ၎င်းတို့ ထုတ်လုပ်သော မှော်ခရစ်စတယ်များသည် အရည်အသွေးအရ အခြားနိုင်ငံများမှ ထုတ်လုပ်သော ပစ္စည်းများထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။

၎င်းအပြင် ညဦးစီးမှူးအဖွဲ့က မှော်ခရစ်စတယ်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းလည်း ရှိနေပြီ ဖြစ်၏။

ဆိုလိုသည်မှာ ညဦးစီးမှူးအဖွဲ့၏ အဆင့်၂ အဖွဲ့ဝင်များပင် အဆင့်မြင့် မှော်ခရစ်စတယ် တစ်ခုရှိပါက ခြိမ်းခြောက်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ပေသည်။

ဤတစ်ကြိမ်စစ်ဆင်ရေး၌ ညသရဲဝိညာဉ် အင်ပါယာအတွက် တန်ဖိုးအရှိဆုံးအရာမှာ နိုင်ငံတကာမှ သက်ရောက်မှုများ ဖြစ်သည်။

ဤမဟာအစီအစဉ် အတွက် အသက်စွန့်သွားသည့် ဥက္ကဌဒဲလန်နှင့် အစီအစဥ် စတင်မီမှာပင် ရုတ်တရက် သေဆုံးသွားခဲ့ရသည့် အက်ဒ်မက် တို့ကို ဆုံးရှုံးခဲ့ရသော်လည်း ညသရဲဝိညာဉ်အင်ပါယာက လုံးဝထိခိုက်ခြင်း မရှိခဲ့ပေ။

နိုင်ငံတကာ ဩဇာလွှမ်းမိုးမှုနှင့် ဗိုလ်ချုပ်၂ဦးကို လဲလှယ်ရသည်က အလွန်တန်ဖိုးရှိသည့် လဲလှယ်မှုဟု ညသရဲဝိညာဥ်အင်ပါယာ ခံစားခဲ့ရသည်။

သူ့အနေဖြင့် ဆုံးရှုံးသွားသူ၏ နေရာကို အစားထိုးရန် အဖွဲ့ဝင်အသစ်ကို စုဆောင်းနိုင်ပေသည်။

သို့သော် ထိုသို့ဩဇာလွှမ်းမိုးမှုကိုမူ ရရှိရန်ခဲယဉ်း၏။

မည်သို့ပင်ဖြစ်စေ ညသရဲဝိညာဥ်အင်ပါယာကို စိတ်ပူစေသော အချက်တစ်ခု ရှိနေဆဲပင်။

၎င်းက အကြွင်းအကျန်နယ်မြေတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ ဖြစ်၏။

ဤလျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူက မည်သူနည်း။

ဤသည်က ပဟေဋ္ဌိဆန်သော ပုစ္ဆာတစ်ပုဒ် ဖြစ်သည်။

သို့သော် ညသရဲဝိညာဉ် အပါယာအတွက်မူ ဤလူ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ အတွက် မရေရာသော အဖြေတစ်ခု ရှိနေခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူနှင့် ဥက္ကဌပိုင်ကို သတ်ခဲ့သည့်လူငယ်က တစ်ယောက်တည်း ဖြစ်သည်ဟု သူကအခိုင်အမာ ယုံကြည်ခဲ့သည်။

ထိုလူငယ်၏ အကြောင်းကို သူစုံစမ်း၍ မရသော်လည်း ယခုတစ်ကြိမ် ဆရာများအဖွဲ့ကို ဦးဆောင်လာခဲ့သူမှာ ထိုလူငယ်၏ အစ်ကို ဖြစ်သည်။

ဝမ်လင်း အကြောင်းကိုတွေးရင်း ညသရဲဝိညာဥ် အင်ပါယာက ဝမ်မင်၏အကြောင်းကိုပါ ရုတ်တရက် သတိရသွားသည်။

အစောပိုင်းတွင် သူတို့ ညဦးစီးမှူးအဖွဲ့သည် ဝမ်မင်၏ အထောက်အထားကို အပြည့်အဝ မစုံစမ်းနိုင်ခဲ့ပေ။

သို့ရာတွင် လူငယ်၏ ကိုယ်ပိုင်လက္ခဏာက ယုတ္တိမရှိသည်ကို ညသရဲဝိညာဥ် အင်ပါယာ ကောင်းစွာသိခဲ့သည်။

အကြောင်းအရင်းမှာ IDကဒ်ရှိ ကိုယ်ရေးကိုယ်တာ အချက်များက ပေါက်ကရ ဖြစ်နေသောကြောင့်ပင်။

သူက မူလအစီအစဉ်တွင် ဝမ်မင်ကို ဖမ်းဆီးရန်အတွက် သရဲခေါင်းဓားကို တာဝန်ပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၂ဦးလုံးသည် တွင်းနက်ကြီး တစ်ခုထဲသို့ ကျသွားခဲ့သည်။

အကယ်၍ သူက ထိုလူငယ်၏ တိကျသော အထောက်အထားကို ရှာဖွေလိုလျှင် သူနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဝမ်မင်ကသာ အကောင်းဆုံးဖြတ်လမ်း ဖြစ်ပေလိမ့်မည်။

သူက ဝမ်မင်၏ အချက်အလက်များကို ဖတ်ရန် ဖန်သားပြင်ကို တို့ထိလိုက်သည်။

ဝမ်မင်နှင့်ပတ်သပ်၍ အခြားဓာတ်ပုံများ မရှိသဖြင့် ညသရဲဝိညာဉ်အပါယာကြည့်နေသည့် ဓာတ်ပုံမှာ ပေါကြောင်ကြောင်ပြုံးနေသည့် ဝမ်မင်၏IDဓာတ်ပုံ ဖြစ်သည်။

"ဒီလူငယ်ရဲ့ အချက်အလက်တွေကို ဆက်ပြီးခြေရာခံပါ.. တစ်ခုခု ထူးခြားရင် ငါ့ကိုအကြောင်းကြားပါ''

ညသရဲဝိညာဉ် အပါယာက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လက်အောက်ငယ်သား တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ထိုလက်အောက်ငယ်သားက ညဦးစီးမှူးအဖွဲ့၏ တတိယမြောက်ဥက္ကဌ ဖြစ်သည်။

လုံမင်..

၎င်းက ပိုးမွှားအထူးပြု ပညာရှင် တစ်ဦးကဲ့သို့ အလွန်ထူထဲသော အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထို့ပြင်မျက်နှာတွင်လည်း အကာအကွယ် မျက်နှာဖုံးတစ်ခု ပါရှိ၏။

ညသရဲဝိညာဉ် အင်ပါယာက အမိန့်ပေးလိုက်သော်လည်း လုံမင်က တုံ့ပြန်ခြင်း မရှိခဲ့ပေ။

တစ်စုံတစ်ရာ မူမမှန်ဟု ခံစားရပြီး ညသရဲဝိညာဉ် အင်ပါယာက ချက်ချင်းပင် သတိကပ်လိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် လုံမင်က အကာအကွယ်ဝတ်စုံအတွင်းရှိ နေရာလွတ် အိတ်ကပ်ထဲမှ အနက်ရောင်အဆိပ်ပျား များကို ထုတ်လွှတ်၍ ညသရဲဝိညာဉ် အင်ပါယာကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

လုံမင်က မည်မျှပင် သတ္တိရှိစေကာမူ သူ့ကို တိုက်ရိုက်တိုက်ခိုက်မည် မဟုတ်ကြောင်း ညသရဲဝိညာဉ်အင်ပါယာ ကောင်းစွာသိသည်။

ထိုခဏတွင် ညသရဲဝိညာဉ် အင်ပါယာက အဆင့်၅ မှော်စွမ်းရည်ကို အသုံးပြုရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ့လက်ဖဝါးမှ အခိုးအငွေ့များ ထွက်ပေါ် လာပြီး အဆိပ်ပျားများသည် နှင်းပွင့်များကဲ့သို့ မြေပြင်ပေါ်ပြိုကျကာ ရေခဲတုံးများကဲ့သို့ ချက်ချင်းပင် အေးခဲသွားကြသည်။

တစ်ချိန်တည်းမှာပင် ညသရဲဝိညာဉ် အင်ပါယာသည် လုံမင်ကို

"လုံမင်.. မြန်မြန်နိုးထစမ်း"ဟု ပြောလိုက်သည်။

သူ၏ အသံတွင် စိတ်ကို သန့်စင်စေပြီး လူတစ်ဦးအား စိတ်ထိန်းချုပ်မှုမှ လွတ်မြောက်စေသည့် အသံလှိုင်းတစ်ခု ပါဝင်နေသည်။

သို့ရာတွင် လုံမင်၏ စိတ်ကိုထိန်းချုပ်ထားသော စိတ်စွမ်းအားသည် ညသရဲဝိညာဉ် အင်ပါယာ ထင်မှတ်ထားသည်ထက်ပင် ပို၍ ကျော်လွန်နေခဲ့သည်။

သူ၏ အဆင့်၆ အသံလှိုင်းမှော်စွမ်းရည်သည် လုံမင်ကိုအနည်းငယ်မျှပင် သက်ရောက်မှုမရှိခဲ့ပေ။

ဌာနချုပ်ရှိ ဝန်ထမ်းအားလုံးက စိတ်စွမ်းအား၏ ထိန်းချုပ်မှုပေးအာက်တွင် ရှိနေသည်ကို ညသရဲဝိညာဉ် အင်ပါယာ သတိထားမိလိုက်သည်။

၎င်းတို့အားလုံးက ဦးနှောက်ကို ထိန်းချုပ်နိုင်ခွင့် ဆုံးရှုံးသွားကြပြီး ထင်ယောင်ထင်မှား ပုံရိပ်များကို မြင်နေခဲ့ကြသည်။

ဤကဲ့သို့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို စတင်ရန် အနန္တ တန်ခိုးရှင်က စိတ်ခွန်အားကို အသုံးပြု၍ ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်တည်နေရာကို ခြေရာခံခဲ့သည်မှာ ထင်ရှားနေသည်။

ထိုခဏဝယ် ညသရဲဝိညာဉ် အင်ပါယာသည် ရင်ထိတ်သွားခဲ့သည်။

ဤပုံအတိုင်းသာဆိုလျှင် သူ့အနေဖြင့် ဌာနချုပ်ကို နောက်တစ်ကြိမ် ရွှေ့ပြောင်းရန် လိုအပ်လာပြီ ဖြစ်သည်။

ယခင်က ဆေးဘောလုံးဖြင့် ထိမှန်ခဲ့၍ ဌာနချုပ်ကို တစ်ကြိမ် ရွှေ့ပြောင်းခဲ့ရသေး၏။

သို့သော် နောက်ထပ် လှိုင်းတစ်ခု ထပ်လာလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

တစ်ချိန်တည်းမှာပင် သူသည် တိုက်ခိုက်မှု ပြုလုပ်ခဲ့သူကို ခန့်မှန်းမိခဲ့သည်။

"မင်းဘယ်သူလဲဆိုတာ ငါသိတယ်"

ဤကဲ့သို့ မထင်မှတ်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ရန်မှာ ဂုဏ်သိက္ခာကြီးမားသော ဒဏ္ဍာရီ ၁၀ပါးထဲမှ တစ်ပါးဖြစ်သည့် ဟွာရှို့နိုင်ငံ၏ ဉာဏ်ပညာသူတော်စင်မှ လွဲ၍ အခြားမဖြစ်နိုင်ပေ။

ထိုအခိုက်တွင် လုံမင်သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ထပ်မံ ပုံဖော်ခဲ့သည်။

ညသရဲဝိညာဉ် အင်ပါယာ၏ ပတ်ဝန်းကျင်တွင် သောင်းနှင့်ချီသော အင်းဆက်ပိုးကောင်များက ပေါက်ဖွားလာပြီး စိတ်အနှောင့်အယှက်ဖြစ်စေမည့် ပုံသဏ္ဍာန်တစ်ခုကို ဖန်တီးခဲ့သည်။

ညသရဲဝိညာဉ် အင်ပါယာက သက်ပြင်းချလိုက်ပြီး သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဤဝိညာဉ် အင်းဆက်ပိုးကောင်များသည် မီးတောက်မီးလျှံများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

လုံမင်က ဝိညာဉ် အင်းဆက် ပိုးကောင်များ သုတ်သင်ခံရသည်နှင့် ဥက္ကဌချီကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

"အင်းဆက် တိုက်ခိုက်မှုက လုံမင်ရဲ့ ရှိရင်းစွဲအင်အားပဲ.. တကယ်လို့ ငါသာ သူ့ရဲ့စိတ်ကို ထိန်းချုပ်ခွင့်ရှိမယ်ဆိုရင် အခုထက် ပိုကောင်းအောင် အသုံးချနိုင်မှာ သေချာတယ်.. ဒါပေမဲ့ အနီးကပ် တိုက်ခိုက်ရေးမှာတော့ လုံမင်က အတော်လေးဆိုးရွားတယ်"

ညသရဲဝိညာဉ် အင်ပါယာက ခနဲ့လိုက်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် လုံမင်က လက်ကို မြှောက်လိုက်ပြီး သူ၏မျက်နှာအား တိုက်ရိုက် ဦးတည်ထားသည်ကို သူတွေ့လိုက်သည်။

"ငါ့အတွက်တော့ လုံမင်ရဲ့ အနီးကပ်တိုက်ခိုက်မှုက ကလိထိုးရုံလောက်ပဲရှိတယ်"

ညသရဲဝိညာဉ် အင်ပါယာက ပြောလိုက်ပြီး ခုခံမှုလုံးဝ မလုပ်ဘဲ လုံမင်ဘက်သို့ လျှောက်လာခဲ့သည်။

"လာစမ်း ငါ့ကိုရိုက်ပါ.. ကြမ်းကြမ်းလေးရိုက်နော်"

ထိုစကားကြောင့် လုံမင်၏ ခန္ဓာကိုယ်က ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

ဤသည်ကိုကြည့်လျှင် လုံမင်၏စိတ်ကို ထိန်းချုပ်ထားသူက ညသရဲဝိညာဥ် အင်ပါယာ၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားသည်မှာ ထင်ရှားနေသည်။

နောက်ထပ် အခိုက်အတန့်မှာပင်...

"ဖောင်း"

လုံမင်၏လက်နှင့် သူ့မျက်နှာ ထိတွေ့မိသည့် အခိုက်တွင် ညသရဲဝိညာဉ် အင်ပါယာ၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင် သူက အမြှောက်ဆံမှ ပစ်လွှတ်လိုက်သည့် ကျည်ဆန်ကဲ့သို့ ဌာနချုပ်မှ လွင့်ထွက်သွားခဲ့သည်။

အခြားတစ်ဖက်တွင် စစ်တပ်တဲအတွင်းမှ ဝမ်လင်းသည် သူ၏စိတ်စွမ်းအားကို ရုတ်သိမ်းလိုက်သည်။

တစ်စုံတစ်ယောက်က သူ့အားရိုက်နှက်ရန် တောင်းဆိုခဲ့သည်ကို ပထမဆုံးအကြိမ် ကြားခဲ့ရခြင်း ဖြစ်သည်။

ဤကဲ့သို့ တောင်းဆိုမှုမျိုးကို သူအရင်က တစ်ခါမှမကြုံဖူးပေ။

အပိုင်း(၇၅၃) ပြီး၏

All Chapters