ပိုင်ယိုချွမ်
Vol. 66 Ch. 979
ဖန့်ရှင်း၏မူလစိတ်ဝိညာဉ်နယ်ပယ်မှာ လွန်စွာအားကောင်းသည်။
သူ့မူလစိတ်ဝိညာဉ်နယ်ပယ်၏ ဂုဏ်ရည်မှာ ဆွဲငင်အားဖြစ်သည်။
ဤမူလ စိတ်ဝိညာဉ်နယ်ပယ် အတွင်းသို့ ဝင်ရောက်လာသူတိုင်းသည် တစ်လက်မမျှပင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
မူလစိတ်ဝိညာဉ်နယ်ပယ်အတွင်းရှိ မည်သူမဆို ဤလက္ခဏာကို အပြည့်အဝ ခံစားရမည် ဖြစ်သည်။
ထိုခဏတွင် ဖန့်ရှင်းသည် ထိုလူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းပင် မြင်ခဲ့ရသည်။
ထိုလူက ဖြူဝင်းသော အသားအရည်ရှိပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ အလွန်ကျော့ရှင်းသော အသွင်အပြင်ကို ပေးစွမ်းနေသည်။
“ပိုင်ကျယ်လား”
ဖန့်ရှင်းက တအံ့တဩရေရွတ်လိုက်သည်။
ဥက္ကဌပိုင်က အသက်ရှင်နေဦးမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူ မှတ်မိသလောက် ပိုင်ကျယ်သည် မိစ္ဆာအူမှိုတက်သခင်နှင့်အတူ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ဝိညာဉ်များပင် ပျက်သုန်းခဲ့ရသည်။
၎င်းတို့အနေဖြင့် ရှင်ပြန်ထမြောက်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် သူ့ရှေ့တွင် ရပ်နေသည့်လူမှာ ပိုင်ကျယ်နှင့် အလွန်တူနေသည်။
ဖန့်ရှင်းက ဝေခွဲမရသော အမူအရာဖြင့် တစ်ဖက်လူကို စေ့စေ့စပ်စပ်အကဲခက်ပြီးနောက်တွင် မျက်ခုံးပင့်လိုက်သည်။
“မဟုတ်ဘူး.. မင်းက ပိုင်ကျယ်မဟုတ်ဘူး”
ဖန့်ရှင်းကရေရွတ်လိုက်သည်။
ဤလူက ပိုင်ကျယ်နှင့် အလွန်တူသော်လည်း အော်ရာကမူ လုံးဝ ကွဲပြားနေခဲ့သည်။
သူ၏စကားကိုကြားလျှင် မျက်နှာဖြူဆွတ်နေသော လူငယ်က ချီးကျူးလိုက်သည်။
“အင်မော်တယ်ရှဲဖီရဲ့ မျိုးဆက်က ထင်ထားတဲ့အတိုင်းပဲ.. ဟုတ်တယ်.. ငါက ပိုင်ကျယ်မဟုတ်ဘူး.. သူ့သားပိုင်ယိုချွမ်ပဲ”
“ပိုင်ကျယ်မှာ သားတစ်ယောက် ရှိတယ်လား”
ဖန့်ရှင်းက တအံ့တဩ ရေရွတ်လိုက်သည်။
ထိုစကားကိုကြားလျှင် ပိုင်ယိုချွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အင်မော်တယ်ရှဲဖီက အဲဒီအချိန်က သူ့ရဲ့စွမ်းအားနဲ့ မသိသူမရှိလောက်အောင် ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေခဲ့တယ်.. သူက ဘဝဆုံးခန်းထိတိုင် တစ်ကိုယ်တည်းနေခဲ့ပြီး အိမ်ထောင်မရှိဘူး ဆိုတာ လူတိုင်းသိထားကြတယ်.. သူထောင်ကျပြီးတဲ့နောက်မှာသာ မင်းကို မွေးဖွားလာတယ်.. အင်မော်တယ်ရှဲဖီလို လူမျိုးမှာတောင် မျိုးဆက်ဆက်ခံမယ့်သူ ရှိတယ်ဆိုရင် ငါ့အဖေက ဘာလို့ မလုပ်နိုင်ရမှာလဲ”
“ပါးစပ်ပိတ်ထားစမ်း”
ဖန့်ရှင်းက ဒေါသအရှိန်မြင့်တက်လာ၍ သူ၏ ရွှေရောင်ဆံနွယ်များပင် လေထဲ၌ လွင့်ပျံသွားသည်။
သူက အံကိုကြိတ်လိုက်ပြီး ပိုင်ယိုချွမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
“အခု မင်း ငါ့ရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲ ရောက်နေပြီ.. ထွက်ပြေး ဖို့မစဉ်းစားနဲ့တော့”
သူက ခြေထောက်တစ်ချက် ဆောင့်ချလိုက်ရာ သူရှေ့ရှိမြေပြင်က ချက်ချင်းပင် ပြိုကျသွားခဲ့သည်။
သူ၏ခြေရာက မြေကြီးထဲတွင် နက်ရှိုင်းစွာ ကျန်ရစ်ခဲ့၏။
တစ်ချိန်တည်းမှာပင် ပိုင်ယိုချွမ်၏ ခြေထောက်အောက်မှ မြေကြီးက ပြိုကျသွားပြီး ပိုင်ယိုချွမ်က ထိုမြေတွင်းထဲသို့ ကျရောက်သွားသည်။
ပိုင်ယိုချွမ်က သေချာကြိုတင် ပြင်ဆင်လာခဲ့ပုံရသည်။
သူက တွင်းနက်ကြီးထဲတွင် ပိတ်မိနေသော်လည်း အမူအရာကမူ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိခဲ့ပေ။
စင်စစ်သူက ဖန့်ရှင်း ဆက်ခံထားသည့် အင်မော်တယ်ရှဲဖီ၏ မူလစိတ်ဝိညာဉ်နယ်ပယ် အစွမ်းကို အတော်လေး မျှော်လင့်ထားခဲ့သည်။
ဖန့်ရှင်း၏ ဤနှစ်များ တလျှောက်တွင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို သန့်စင်ခြင်းအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။
ထို့ကြောင့် ယခု ပိုင်ယိုချွမ် တွေ့ကြုံနေရသည့် ဆွဲငင်အားသည် ပုံမှန်ဆွဲငင်အားထက် ၈၉ဆ ပြင်းထန်နေသည်။
တကယ်တမ်းတွင် သူ့အတွက် ခြေတစ်လှမ်းလှမ်းဖို့ပင် အလွန်ခက်ခဲနေပြီ ဖြစ်၏။
ထိုကဲ့သို့ လေးလံသောဆွဲငင်အား အောက်တွင် ပကတိအင်မော်တယ် တစ်ယောက်ပင်လျှင် ရွေ့လျားရန် ခဲယဉ်းပေလိမ့်မည်။
စင်စစ် ပိုင်ယိုချွမ်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်။
ထို့ကြောင့် ဖန့်ရှင်းနှင့် တိုက်ခိုက်ရာတွင် သာမန်ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြုပါက အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှပင်မရှိကြောင်း ပိုင်ယိုချွမ် ကောင်းစွာသိသည်။
နောက်ထပ် အခိုက်အတန့်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုသည် ပိုင်ယိုချွမ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက်တွင် ပိုင်ယိုချွမ်သည် တွင်းနက်ကြီးထဲမှ အပေါ်သို့ ဖြည်းဖြည်းချင်း တက်လာသည်။
ဖန့်ရှင်းက အလွန်ထူးဆန်းသော အော်ရာကို ထုတ်လွှတ်နေသော ပိုင်ယိုချွမ်ကို စိုက်ကြည့်နေခဲ့သည်။
ပိုင်ယိုချွမ် အသုံးပြုနေသည်မှာ စိတ်ဝိညာဉ်ချီ မဟုတ်ပေ။
ထိုအစား ဖန့်ရှင်းယခင်က မမြင်ခဲ့ဖူးသော စွမ်းအားတစ်ခုဖြစ်သည်။
ယခင်က ဝမ်လင်းနှင့် တိုက်ခိုက်ရန်အတွက် ဥက္ကဌပိုင်သည် စည်းပြင်ပ တာအိုလေးမျိုးကို စုဆောင်းခဲ့ကြောင်း ဖန့်ရှင်းသိထားခဲ့သည်။
သို့သော်လည်း ယခု ပိုင်ယိုချွမ် ထုတ်ဖော်ခဲ့သော စွမ်းအားသည် စည်းပြင်ပတာအိုထက်ပင် သာလွန်နေသည်။
“ဒါက ကောင်းကင်တာအိုလည်း မဟုတ်ဘူး.. စည်းပြင်ပတာအိုလည်း မဟုတ်သလို နတ်တာအိုလည်း မဟုတ်ဘူး”
ဤသည်က ဖန့်ရှင်း မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။
ပိုင်ယိုချွမ်တွင် မြင့်မားသောကျင့်ကြံခြင်း နယ်ပယ်အဆင့် မရှိပေ။
သို့သော်လည်း သူ၏ လက်ရှိခွန်အားထက်ပင် ကျော်လွန်၍ ခွန်အား ပြသနေခဲ့သည်။
တွင်းနက်ကြီးထဲမှ တဖြည်းဖြည်း ထွက်လာပြီးနောက်တွင် ပိုင်ယိုချွမ်သည် ဖန့်ရှင်းတစ်ခါမှ မခံစားဖူးသည့် အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
“အင်မော်တယ်ရှဲဖီရဲ့သားက တကယ်ပဲ အရည်အချင်းရှိပါတယ်.. မင်းမှာ တခြားဝှက်ဖဲရှိသေးတယ်လို့ ငါသိထားတယ်.. မင်းရဲ့ဝှက်ဖဲကို အသုံးမပြုဘူးဆိုရင် ငါ့ပွဲ ပျက်သွားမှာကို ငါစိုးရိမ်မိတယ်”
သူ၏ အသံက တိုးညှင်းသော်လည်း စကားလုံးတိုင်းသည် ရိုးတွင်းချဉ်ဆီထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ထိုအသံက မူလစိတ်ဝိညာဉ်နယ်ပယ် တစ်ခုလုံး ပဲ့တင်ထပ်နေပုံရသည်။
“မင်းမတိုက်ရင် ငါအရင်တိုက်မယ်”
ပိုင်ယိုချွမ်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
ထိုမြင်ကွင်းကြောင့် ဖန့်ရှင်းက အံ့အားသင့်သွားခဲ့သည်။
တစ်ဖက်လူသည် သူ၏ဆွဲငင်အား ၈၉ဆအောက်တွင် လွယ်ကူစွာ လှုပ်ရှားလာခဲ့သည်။
ဤသည်မှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ခွန်အား လုံးဝမဟုတ်ပေ။
"ဖန့်ရှင်း.. အရှုံးပေးလိုက်တော့.. မင်းက ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး.. ငါ့အဖေဆိုရင် ပြောမနေနဲ့တော့"
ပိုင်ယိုချွမ်က ရယ်မော၍ ပြောလိုက်သည်.
ထိုအချိန်တွင် ဖန့်ရှင်းသည် ပိုင်ယိုချွမ်၏ လက်သီးချက်ဖြင့် နောက်သို့လွင့်သွားခဲ့ပြီး သွေးတစ်ငုံကို အန်ထုတ်လိုက်ရသည်။
ပိုင်ယိုချွမ်က အလွန်လျင်မြန်စွာ ရွေ့လျားလာခဲ့ပြီး ဖန့်ရှင်း၏ ခြေထောက်ကို တိုက်ခိုက်လိုက်သည်။
“မြွေအကြေးခွံစွမ်းအား”
ဖန့်ရှင်းက ပိုင်ယိုချွမ်၏ လက်သီးများ ကျရောက်လာသောအချိန်တွင် အကာအကွယ် အတားအဆီးတစ်ခုကို ဖန်တီးရန် သူ၏ အသက်မှော်ရတနာကို ထုတ်လွှတ်ကာ လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
သို့ရာတွင် ပိုင်ယိုချွမ်၏ ရုန့်ရင်းသော လက်သီးချက်သည် ဖန့်ရှင်း၏ တင်ပါးဆုံရိုးကို ကျိုးသွားလောက်သည် အထိ ပြင်းထန်နေခဲ့သည်။
“ပွဲဖြစ်ပြီ အတန်းဖော်ဖန့်ရှင်း”
ထို့နောက်တွင် ပိုင်ယိုချွမ်က မှော်ဂါထာတစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ ဘောင်းဘီကြိုးများက ရှေ့သို့ ဆန့်ထွက်သွားပြီး ဖန့်ရှင်း၏ ခြေလက်များကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်သည်။
ထိုခဏတွင် ဖန့်ရှင်းသည် တစ်ဖက်လူကို စိုက်ကြည့်ရင်း နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ထန်လာခဲ့သည်။
ပိုင်ယိုချွမ်၏ နယ်ပယ်အဆင့်က အလွန်ပင် ထူးဆန်းသည်။
၎င်းက ကျင့်ကြံခြင်းနယ်ပယ် အဆင့် မမြင့်မားသော်လည်း သူ၏ နယ်ပယ်အဆင့်အား ကျော်လွန်နေသော ခွန်အားကို ပြသခဲ့ပြီး ဖန့်ရှင်း မမြင်ဖူးသည့် စွမ်းအားကိုပင် အသုံးပြုခဲ့သည်။
“ဘယ်သူက ငါ့ကို ဖမ်းခိုင်းလိုက်တာလဲ”
ဖန့်ရှင်းက ယခုအချိန်တွင် ဆက်လက် တိုက်ပွဲဝင်နေသည်က အဓိပ္ပာယ်မရှိမှန်းသိ၍ ပိုင်ယိုချွမ်ကို သူသိချင်သည်အား မေးမြန်းလိုက်သည်။
“ငါ့အဖေက မင်းကို တွေ့ချင်နေတယ်”
ပိုင်ယိုချွမ်က ပြုံး၍ ပြောလိုက်သည်။
“မင်းမြင်တဲ့အတိုင်းပဲ.. ငါက စိတ်ဝိညာဉ်အဆင့်မှာပဲ ရှိသေးတယ်.. ဒါပေမဲ့ ငါက ပကတိအင်မော်တယ်ထက်တောင် ပိုသန်မာနေပြီ.. နိုင်ငံတည်ထောင်တဲ့ ဗိုလ်ချုပ်ဆယ်ယောက်တောင်မှ ငါနဲ့ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ.. မင်းသိအောင်ပြောရရင် ငါ့အဖေက ငါ့ထက် အဆပေါင်း တစ်ဒါဇင်လောက် သန်မာတယ်”
“မင်းအဖေက သေပြီ မဟုတ်လား”
“ဒီလောကမှာ သေခြင်းရှင်ခြင်းကို ဘယ်သူက ဆုံးဖြတ်နိုင်လို့လဲ.. ရိုးရိုးရှင်းရှင်းပြောရရင် ငါ့အဖေ အသက်ရှင်နေတာ ကံတရားကြောင့်ပဲ”
ပိုင်ယိုချွမ်က ပုခုံးတွန့်၍ ပြောလိုက်သည်။
“မင်းတို့ငါ့ဆီက လိုချင်တာ တစ်ခုခုရှိနေလား”
“ငါသွယ်ဝိုက်ပြီး မပြောတော့ဘူး အတန်းဖော်ဖန့်ရှင်း.. အမှန်အတိုင်းပြောရရင် မင်းကို ထိခိုက်အောင်လည်း ငါမလုပ်ချင်ဘူး.. ငါတို့က အင်မော်တယ်ရှဲဖီရဲ့ အရိုးပြာကို ရှာဖွေနေတာပါ.. အင်မော်တယ်ရှဲဖီ သေသွားပြီးနောက်မှာ အာဏာပိုင်တွေက မင်းကိုပေးလိုက်တယ်လို့ ငါသိထားတယ်.. အရိုးပြာကို ငါတို့ဆီပေးရင် မင်းအဖေကို ရှင်ပြန်ထမြောက်အောင် ငါလုပ်ပေးနိုင်တယ်”
“အဖေ့ကို ရှင်ပြန်ထမြောက်အောင် လုပ်ချင်တာလား”
ဖန့်ရှင်းက အံ့အားသင့်သွားခဲ့သည်။
ပိုင်ယိုချွမ် “အသက်ရှင်အောင် ဘယ်လိုလုပ်လဲ ငါမသိပေမဲ့ ငါ့အဖေကတော့ တကယ်ပဲ ရှင်ပြန်ထမြောက်သွားခဲ့ပြီ.. မင်းအဖေကို အသက်ပြန်ရှင်စေတာက မင်းအတွက်လည်း အကျိုးမယုတ်ပါဘူး.. မင်းမှာ သူ့ကိုမေးချင်တဲ့ မေးခွန်းတွေအများကြီး ရှိတယ်မဟုတ်လား”
ဖန့်ရှင်း “မင်းတို့က ငါ့အဖေဆီကနေ ဘာလိုချင်လို့လဲ”
ပိုင်ယိုချွမ် “အင်မော်တယ်ရှဲဖီက မင်းကို သူ့ဘာသာသူ မွေးဖွားလာမှန်း လူတိုင်းသိတယ်.. မျိုးမပွားနိုင်တဲ့ကိစ္စနဲ့ ပတ်သက်လာရင် သူက ကျွမ်းကျင်တယ်လေ.. သူမဟုတ်ရင် ငါတို့ကဘယ်သူ့ကို ရှာဖွေရမှာလဲ”
ဖန့်ရှင်း “..........”
အပိုင်း(၉၇၉) ပြီး၏