ဉာဏ်ထက်သောအင်မော်တယ်ထုန်ရာ
Vol. 44 Ch. 647
ဖန်းကွမ်းသည် အလွန် ရိုးရှင်းသောသူဟုသာ ပြောနိုင်သည်။
ထို့အပြင် သူသည် ကျွန်း၏ အရင်းအမြစ်များကို အသုံးပြု၍ သူနှင့် အလွန်သင့်လျော်သော အဝတ်အစားများကို စိတ်အားထက်သန်စွာ ဖန်တီးခဲ့သည်။
သို့သော် အိမ်အကူဝတ်စုံ ဝတ်ထားသည့် အဘိုးအိုတစ်ယောက် တိုက်ရိုက် ထုတ်လွှင့်နေစဉ်တွင် ကင်မရာမှန်ဘီလူးကို ကြည့်ရှုပြီး ချစ်စဖွယ်စကား ပြောဆိုနေသည်ကို ဝမ်လင်း အမှန်တကယ် စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
"ငါကြည့်လို့ကောင်းလား"
ဤသည်က အနည်းငယ် ကြောက်စရာကောင်းပြီး လူတစ်ဦး၏ အမြင်သုံးပါးကို ပျက်စီးစေနိုင်သည်။
ယင်းမှာ တီဗီဒရမ်မာမှ ဂန္တဝင်လိုင်းတစ်ခုနှင့် ညီမျှသည်။
သင်က အလယ် ခြေထောက်တစ်ချောင်းကို ဆုံးရှုံးသွားရုံလေးသာ ဖြစ်သော်လည်း သူမကတော့ လှပသည့် အချစ်ကို ဆုံးရှုံးလိုက်ရသလိုပင်။
ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်သူ အနေဖြင့် အလွန်အရိပ်အကဲ နားလည်သည်။
အနည်းဆုံးတော့ ဝမ်လင်း သဘောမကျမှန်း သူရိပ်စားမိသည်။
မည်သို့ပင်ဆိုစေကာမူ ဖန်းကွမ်းက ရွေးချယ်မှုကို မပြုလုပ်နိုင်ခဲ့ပေ။
လူတိုင်းတွင် မိမိနေထိုင်လိုသည့်ပုံစံကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိသည် မဟုတ်ပါလော။
တစ်ဖက်တွင် ဖန်းကွမ်းသည် ရုပ်ပွားတော်ငယ်များ ပြုလုပ်ကာ ယုံကြည်သူများ ရှာဖွေရုံဖြင့် "သံသရာဝဋ်ဆင်းရဲ" ကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်လာသည်။
သူက ကနဦး တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ချိန်တွင် ၎င်းကို မဖြစ်နိုင်သော အရာတစ်ခုဟု ထင်မြင်ခဲ့သော်လည်း ယခုအခါ၌ လုံး၀ လက်လှမ်းမီနေပြီ ဖြစ်သည်။
ကြည့်ရှုသူ သန်းနှစ်ဆယ် ရှိသော ပရိသတ်ထဲတွင် သူ့ကို ထောက်ပံ့လိုသော ပရိတ်သတ်များကို ရှာဖွေရန်မှာ အလွန်လွယ်ကူသည်။
ဥပမာအားဖြင့် အမည်ပျက်စာရင်း သွင်းခံထားရသော တိုက်ရိုက်ထုတ်လွှင့်သူ "အာဖရိကမျောက်ကြီး"ကို ပြရပေမည်။
ယခုအချိန်ထိ သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ထောက်ပံ့သည့် အနေဖြင့် လက်ဆောင်ထုပ်များ နေ့စဉ် ရောက်လာနေကြဆဲ ဖြစ်သည်။
ဤလူတွေ ဘာတွေတွေးနေလဲ ဝမ်လင်း မသိပေ။
ထိုထက်စာလျှင် သရေစာ ခေါက်ဆွဲကြွပ်ကြော်ထုပ် ဝယ်စားဖို့ ပိုက်ဆံသုံးလိုက်သည်က ပိုကောင်းသည် မဟုတ်ပါလား။
ငွေရောင်လေးက ထွင်ထျန်းဟာကို ပွေ့ပိုက်ထားပြီး ကုတင်အစွန်းတွင် ထိုင်နေသည်။
သူတို့က မီးခိုးရောင်ဝတ် မိန်းကလေးကို တစ်ညလုံး စောင့်ကြည့်နေခဲ့သော်လည်း နိုးထလာနိုင်မည့် အရိပ်အယောင် မတွေ့ခဲ့ပေ။
သူမက ကမ္ဘာမြေပေါ်သို့ မည်သည့်နေရာက ရောက်လာပါသနည်း။
အဘယ်ကြောင့် ခွန်၏ ဝမ်းဗိုက်ထဲတွင် ရှိနေရသနည်း။
သူမ၏ နောက်ခံက အဘယ်နည်း။
သူမ အဘယ်ကြောင့် အိပ်ပျော်နေရသနည်း။
ထိုအချက်များကို သူတို့ မသိခဲ့ကြပေ။
ငွေရောင်လေးက တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့သည့် ငတုံးမလေး ယာရွှယ်ကို ပြန်လည် သတိရခဲ့သည်။
ထိုအချိန်က ယာရွှယ်၏ ရောဂါကို ကုသရန်အတွက် ငွေရောင်လေးသည် အင်မော်တယ်စံအိမ် နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။
သူက အင်မော်တယ်စံအိမ်၏ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များနှင့် အလဲအလှယ်အဖြစ် ချန်ယွီ၏ တံခါးစောင့် ဖြစ်လာခဲ့သည်။
ယခုအခါတွင်မူ ယာရွှယ်သည် မှတ်ဉာဏ်များ ပြန်လည်ကောင်းမွန်လာရန်အတွက် ချိုက်လျန် နှင့်အတူ နေထိုင်နေခဲ့သည်။
သူမက အင်မော်တယ်ထုန်ရာ၏ ဆေးကို နေ့စဥ် မှီဝဲခဲ့သော်လည်း ယခုအချိန်အထိ အခြေအနေ တိုးတက်ခြင်း မရှိသေးပေ။
ယာရွှယ်ကို ငွေရောင်လေး သွားကြည့်စဥ်ကဆိုလျှင် ငွေရောင်လေး၏ နာမည်ကိုပင် မေ့သွားခဲ့သည်။
စင်စစ် အင်မော်တယ်ထုန်ရာ၏ ဆေးက အလုပ်မဖြစ်သည်တော့ မဟုတ်ပေ။
ယာရွှယ်၏ သတိမေ့ရောဂါက အလွန်ပြင်းထန်သောကြောင့်သာ ဖြစ်သည်။
ဆိုရလျှင် သူမ၏ မှတ်ဉာဏ်သည် ရွှေငါးတစ်ကောင်လိုသာ ဖြစ်နေ၏။
ယခုအခါတွင် အင်မော်တယ်ထုန်ရာက ဆေးပမာဏကို တိုးမြှင့်ထားကြောင်း ကြားသိရ၍ ယာရွှယ် အနည်းငယ် ပိုကောင်းလာမလားဟု သူ အရမ်းသိချင်နေခဲ့သည်။
ငွေရောင်လေးက ယာရွှယ် နှင့် မီးခိုးရောင်ဝတ် ဤမိန်းကလေးသည် နောက်ခံဆင်တူသည်ဟု ထင်ခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် မှတ်ပုံတင်မရှိသော နိုင်ငံသားများ ဖြစ်ကြသည် မဟုတ်ပါလော။
…...............
နောက်ဆုံးတွင် အင်မော်တယ်ထုန်ရာ၏ သစ်သားနွား အမည်ရ သစ်သားယာဥ်သည် ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးပေါက်သို့ နေ့လည်တွင် ရောက်ရှိလာခဲ့သည်။
"ဝါး.. အသွင်အပြင်က အရမ်းမိုက်တာပဲ"
သစ်သားယာဥ်က သုံးဘီးဆိုင်ကယ် ကလေးမလေးကို ဆွဲဆောင်သွားခဲ့သည်။
ဤကဲ့သို့ စက်ယန္တရားယာဥ်မျိုးကို သူမ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။
သို့သော် သူမ၏ စူးစမ်းလိုစိတ်မှာ ယာဥ်၏ အသွင်အပြင်နှင့်သာ သက်ဆိုင်သည်။
အတူတူ ယှဥ်ပြေးလျှင် ဤလေးဘီးကားက သူ့လောက် မြန်မည် မဟုတ်ပေ။
ကားထဲကနေ နောက်ကျော၌ ခရမ်းရောင် ဘူးသီးခြောက် တစ်လုံးကို လွယ်ထားသည့် အင်မော်တယ်ထုန်ရာ ထွက်လာသည်။
သူက အဖြူရောင် တာအို ၀တ်စုံကို အပြင်ဘက်တွင် ပါးလွှာ၍ နူးညံ့သော အပြာရောင် ပိတ်စနှင့် တွဲဖက် ဝတ်ဆင်ထားသည်။
သူက အိုင်ဒေါလ်တစ်ဦးလို၊ နာမည်ကျော်တစ်ဦးလို ၀တ်စားထားခဲ့သည်။
ဝမ်မိသားစု အိမ်ငယ်လေးကို သူနောက်ဆုံး လည်ပတ်ခဲ့သည်မှာ တစ်လ မပြည့်သေးသော်လည်း အကြောင်းတစ်ခုခုကြောင့် တစ်ဘဝလုံးစာ နီးပါး ကြာသွားသလို ခံစားခဲ့ရသည်။
ဝမ်လင်းက သူ့အိပ်ခန်းကနေ အသံကို ကြားနေရသည်။
ပြတင်းပေါက်မှာ ရပ်ကြည့်လိုက်ရာ အင်မော်တယ်ထုန်ရာက တပည့်နှစ်ယောက်နှင့် အတူ အိမ်ရှေ့တံခါးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
အင်မော်တယ်ထုန်ရာက ၎င်းတို့အား တစ်စုံတစ်ရာ ရှင်းပြနေပုံရသည်။
ကျင်းရှီ နှင့် ယင်းရှီ တို့က အင်မော်တယ်ထုန်ရာ၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် နေ၍ အနီးကပ် လိုက်ပါလာခဲ့ကြသည်။
"ဆရာ.. ကျနော်တို့ အခုဘယ်သူ့အိမ်ကို ရောက်နေတာလဲ"
"ငါမင်းတို့ကို အရင်က ပြောဖူးတာ မှတ်မိလား.. ဒီနေရာမှာ ကြီးကျယ်ခမ်းနားတဲ့ အဲဒီ စီနီယာ နေထိုင်တယ်"
ကျင်းရှီနှင့် ယင်းရှီ တို့က ခေါင်းညိတ်လိုက်သည်။
"ကျနော်တို့ သိပါတယ်.. သရေစာ ခေါက်ဆွဲခြောက်ထုပ်ကြိုက်တဲ့ စီနီယာမဟုတ်လား"
မောင်နှမနှစ်ယောက်က လေသံ တစ်ထပ်တည်းဖြင့် ပြောလိုက်သည်။
အင်မော်တယ်ထုန်ရာ
"ဟုတ်တယ် သူပဲ.. သူ့အပြင် ဒီအိမ်မှာရှိတဲ့ လူတိုင်းက စီနီယာကြီးတွေမို့ မင်းတို့တွေ ယဉ်ကျေးရမယ် နားလည်လား"
ကျင်းရှီ နှင့် ယင်းရှီတို့က တစ်ချိန်တည်းတွင် ခေါင်းညိမ့်လိုက်ကြသည်။
ထို့နောက် သူတို့က အင်မော်တယ်ထုန်ရာကို မော့ကြည့်လိုက်ကြသည်။
"ဒါဆို ဆရာ့ အနေနဲ့ ဒီစီနီယာကို အနိုင်ယူနိုင်မလား"
ဤမေးခွန်းက အင်မော်တယ်ထုန်ရာ၏ နှုတ်ခမ်းများကို တလှုပ်လှုပ် ဖြစ်စေခဲ့သည်။
လင်းကျန်းရန်ကို အင်မော်တယ်ထုန်ရာ အယောက်တစ်ရာ သို့မဟုတ် အယောက်တစ်ထောင်ပင် အနိုင်မရမည်မှာ သေချာသည်။
သူက မည်သို့မှ အနိုင်ရနိုင်မည် မဟုတ်ပေ။
ပြဿနာမှာ ကျင်းရှီ နှင့် ယင်းရှီ တို့သည် သူ၏တပည့်များ ဖြစ်သော်လည်း သူ့သားသမီးများ သဖွယ် ဖြစ်နေသည်။
သူတို့၏ ဆရာအနေဖြင့် သူက အခြားသူထက် ညံ့ကြောင်း မည်သို့ ဝန်ခံနိုင်ပါမည်နည်း။
သို့သော်လည်း အင်မော်တယ်ထုန်ရာသည် သူ့ရင်ဘတ်ကို ပုတ်ပြီး သူ့ကိုယ်သူ အလွန်သန်မာသည်ဟု မပြောဝံ့ပေ။
သူ နှင့် စီနီယာလင်းက အဆင့်တူဟုပင် မပြောရဲချေ။
ပုံမှန်အားဖြင့် တပည့်များရှေ့တွင် ကြွားလုံးထုတ်သည်က အဆင်ပြေသည်။
သို့သော် ယခု ပြဿနာမှာ သူက စီနီယာလင်း၏ အိမ်ရှေ့တံခါးတွင် ရှိနေခြင်းပင်။
အင်မော်တယ်ထုန်ရာက မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ရာ ဒုတိယထပ်ကနေ ဝမ်လင်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အဲဒါက စီနီယာလင်း မဟုတ်လား.. သေချာပါတယ် ဒါက စီနီယာလင်းပဲ"
အင်မော်တယ်ထုန်ရာ အတွက် ဝမ်လင်းမှန်း အတည်ပြုရန် မခက်ခဲပေ။
အဘယ်ကြောင့်ဆိုသော် စီနီယာလင်း၏ အလေ့အထက အမှောင်ထဲတွင် အမြဲလိုလို ပုန်းခိုကာ စောင့်ကြည့်လေ့ ရှိသောကြောင့် ဖြစ်သည်။
ရိုးသားစွာ ဝန်ခံရလျှင် ဒုတိယထပ်ရှိ အိပ်ခန်းပြတင်းပေါက်မှ ဝမ်လင်း၏ ပုံရိပ်သည် အင်မော်တယ်ထုန်ရာကို ဖိအား ကြီးကြီးမားမား သက်ရောက်စေသည်။
"ငါတို့ကျွန်းကို ပြန်ရောက်ပြီးမှပဲ ဒီကိစ္စကို ဆွေးနွေးလို့ရမလား"
"ဒါက တားမြစ်ထားတဲ့ အကြောင်းအရာ မို့လို့လား ဒါမှမဟုတ် ဆရာက အဲဒီစီနီယာထက် တကယ်ကို အားနည်းတာလား"
ကျင်းရှီ နှင့် ယင်းရှီးက သံသယလေသံဖြင့် ထပ်ပြောလိုက်သည်။
အင်မော်တယ်ထုန်ရာက သူ၏နဖူးကို သူ့လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
ဤသည်က နာကျင်မှုတစ်ခု ဖြစ်သည်။
စောစောက သိခဲ့လျှင် ထိုနှစ်ယောက်ကို ကားထဲတွင်သာ စောင့်ခိုင်းလိုက်မည် ဖြစ်၏။
သူက ၎င်းတို့ကို လင်းကျန်းရန်ထံ ရိုးရှင်းစွာ ခေါ်ခဲ့ပြီး မိတ်ဆက်ပေးရန် စီစဥ်ခဲ့သည်။
သို့သော် ဤလူယုတ်မာ တပည့်နှစ်ကောင်က သူ့ကို နှောင့်ယှက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
နိဂုံးချုပ်အားဖြင့် မြို့တွင်းသို့ ဝင်ရောက်လာသော ကျေးလက်နေ ကလေးများတွင် မေးခွန်းများစွာ ရှိပေလိမ့်မည်။
ကျင်းရှီ နှင့် ယင်းရှီတို့သည်လည်း ခရီးမထွက်ခင် ဘာကြောင့်နှင့်သက်ဆိုင်သည့် မေးခွန်းတစ်သိန်းကို မိတ္တူတစ်စောင်စီ ဝယ်ထားသင့်သည်။
ယခုအချိန်တွင် အင်မော်တယ်ထုန်ရာသည် ကျဥ်းထဲကျပ်ထဲ ကျရောက်နေခဲ့သည်။
သူက သူ့တပည့်များရှေ့တွင် မျက်နှာမပျက်ချင်သလို ဝမ်လင်းကို စော်ကားလိုခြင်းလည်း မရှိပေ။
ထို့နောက် ကပ်ဘေးကျရောက်နေသည့် ဤအခိုက်အတန့်တွင် သူက အကြံတစ်ခုရရှိသွားခဲ့သည်။
ယင်းနောက်တွင် ချက်ချင်းပင် သူ့ဆဲလ်ဖုန်းကို ထုတ်ကာ မက်ဆေ့ချ် တစ်စောင် အမြန်ရိုက်ထည့်လိုက်သည်။
ထိုခဏတွင် မက်ဆေ့ချ်တစ်စောင် ရောက်လာသည်ကို ဝမ်လင်း တွေ့လိုက်ရသည်။
အင်မော်တယ်ထုန်ရာ "စီနီယာလင်း.. ကူညီပါဦး စီနီယာလင်း"
ဝမ်လင်း “….........”
အင်မော်တယ်ထုန်ရာ."စီနီယာလင်း ကျေးဇူးပြုပြီး ငါ့ကို မှုတ်ခွင့်ပေးပါ"
ဝမ်လင်း “........…”
သူ၏ နောက်ဆုံးမက်ဆေ့ချ်က အနည်းငယ် မရှင်းမလင်း ဖြစ်နေသလို ခံစားရ၍ အင်မော်တယ်ထုန်ရာက အလျင်စလို ရှင်းပြခဲ့သည်။
"ကျေးဇူးပြုပြီး ငါ့ကို လေတိုက်ခွင့်ပေးပါ.. အထင်မလွဲပါနဲ့..နည်းနည်းလောက် ကြွားခွင့်ပေးလို့ ပြောချင်တာပါ"
ဝမ်လင်း “...........…”
အင်မော်တယ်ထုန်ရာ "ခေါက်ဆွဲခြောက်ဆိုင် တစ်ဆိုင်ကို မင်းဆီ လွှဲပေးပါ့မယ်"
ဝမ်လင်း "သဘောတူတယ်"
အပိုင်း(၆၄၇) ပြီး၏