← Chapters

ပုံတူလျှာ

Vol. 51 Ch. 760

ပုံတူလျှာ

Vol. 51 Ch. 760

လူသားပုံသဏ္ဍာန် စက်ရုံ ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော ဝမ်မင်သည် နေရာလွတ်တံတိုင်းကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့သည်။

သူက ပတ်ဝန်းကျင်မြေပြင်ကို စူးစမ်းခဲ့သည်။

ဤနေရာက သူလုံးဝ မကျွမ်းဝင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။

သို့သော် သေချာတာတစ်ခုမှာ သူဒီကို မလာခင် အကြွင်းအကျန်နယ်မြေထဲ ရှိနေခဲ့ခြင်းပင်။

လက်ရှိတွင် သူ့အနီးအနား၌ ရေကန်တစ်ကန် ရှိပြီး ထူးဆန်းသော စိတ်ဝိညာဥ်အပင်များက နေရာအနှံ့ ပေါက်နေသည်။

မှားစရာမရှိပါ။ ဤအရာအားလုံးသည် မျိုးသုဉ်းလုနီးပါး အရင်းအမြစ်များ ဖြစ်သည်။

“ကြည့်ရတာ အကြွင်းအကျန် နယ်မြေရဲ့ အနောက်ဘက်ဒေသမှာ ရှိနေပုံရတယ်.. တတ်နိုင်သမျှ တစ်စုံတစ်ယောက်ကို ဆက်သွယ်သင့်တယ်”

ဝမ်မင်က စက်ရုပ်ချပ်ဝတ်တန်ဆာကို ချွတ်ပစ်လိုက်သည်။

နေရာလွတ် မုန်တိုင်းကို ဖြတ်ကျော်ပြီးနောက်တွင် သူ၏ ဝိညာဉ်စွမ်းအားသည် သုံးရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

စက်ရုပ်ချပ်ဝတ်တန်ဆာက လုံးဝ မစွန့်ပစ်မီ တစ်ကြိမ်သာ ထပ်မံအသုံးပြုနိုင်သည့် အတိုင်းအတာအထိ ပျက်စီးခဲ့သည်။

သို့သော် ဝမ်မင်က လွှင့်​ပစ်​ရန် အစီအစဉ်​မရှိခဲ့ပေ။

၎င်းကို သူ့တီထွင်မှူ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိန်းသိမ်းထားလိုခဲ့သည်။

အဆုံးသတ်တွင် ဤသည်မှာ သေရေးရှင်ရေး အခိုက်အတန့်တွင် သူ့အသက်ကို ကယ်တင်ခဲ့သည့် စက်ရုပ်ချပ်ဝတ်တန်ဆာ ဖြစ်သည် မဟုတ်လော။

"ဒီကနေ ထွက်သွားဖို့ နည်းလမ်းကို ရှာဖွေရမယ်"

ဝမ်မင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

နေရာလွတ် ပင်လယ်သေထဲသို့ စုပ်ယူခံရပြီးကတည်းက ပြင်ပကမ္ဘာတွင် အချိန်မည်မျှ ကြာသွားလဲ သူသေချာမသိပေ။

အချိန်သည် မတူညီသောနေရာများတွင် အမျိုးမျိုးသော နှုန်းဖြင့် စီးဆင်းနေသည်ကို သူသိသော်လည်း ခြားနားချက် အတိအကျကို သူတစ်ခါမှ မစူးစမ်းဖူးချေ။

ဝမ်မင်က သူ ဤမျှ ကံမဆိုးနိုင်ဟု ထင်ခဲ့သည်။

အဓိကအချက်မှာဝမ်လင်း သူ့ကို စွန့်ပစ်မည်ဟု မယုံကြည်ခြင်းပင်။

သူတို့က အမြဲလိုလို မတည့်ကြသော်လည်း သံယောဇဥ်ခိုင်မာသောညီအကိုများ ဖြစ်သည်။

သူ၏ညီလေးက ယခုတစ်ကြိမ် သူ့မွေးနေ့အတွက် ဓားဝိဉာဉ်ကို ပေးဆောင်ရန် ရွေးချယ်ခဲ့သည်။

ပုံမှန်အားဖြင့် သူဘေးအန္တရာယ် ကျရောက်လျှင် စောစောစီးစီး ကြိုတင်တားမြစ်သင့်သော်လည်း ဝမ်လင်းက အရေးမယူခဲ့ပေ။

ထို့ကြောင့် ဝမ်လင်း အပေါ်တွင် ကန့်သတ်မှု တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သည်ဟု ဝမ်မင် ခံစားခဲ့ရသည်။

ထိုခဏတွင် ဝမ်မင်သည် ကောင်းကင်တာအိုနှင့် ပတ်သက်၍ ဝမ်လင်းပြောပြဖူးသည်ကို ပြန်အမှတ်ရမိသည်။

ယင်းမှာ "သူတစ်ပါး၏ ကံကြမ္မာကို အလွန်အကျွံ ဝင်စွက်ဖက်လျှင် ဆိုးဆိုးရွားရွား အဆုံးသတ်သွားတတ်သည်" ဟူသော စကားဖြစ်သည်။

“သခင်.. ဒီနိမ့်ကျတဲ့ ကျွန်တစ်ယောက်ကို တကယ်ပဲ ခေါ်ဆောင်သွားမှာလား”

သူ့ဘေးမှာ မတ်တပ်ရပ်နေသည့် ကောင်းကင်သတ္တုက အလွန်လေးနက်သည့် အမူအရာဖြင့် မေးလိုက်သည်။

“စိတ်မပူပါနဲ့ ကောင်းကင်သတ္တု… ငါ့ရဲ့ စက်ရုပ်ချပ်ဝတ်တန်ဆာက အသုံးမဝင်လုနီးပါး ဖြစ်နေပြီ.. အခုအချိန်မှာ ဝိညာဉ်စွမ်းအားလည်း လုံလုံလောက်လောက် မရရှိသေးဘူး.. မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ"

ဝမ်မင်က သက်ပြင်းချလိုက်သည်။

ထို့နောက် သူသည် မြေပြင်ပေါ်တွင် ထိုင်ကာ ရေကန်ကို စိုက်ကြည့်နေခဲ့သည်။

"ဒီမှာပဲစောင့်ရအောင်.. တစ်ယောက်ယောက်က ငါ့ကို လိုက်ရှာမယ်လို့ ယုံကြည်တယ်"

ဝမ်မင်၏ စကားဆုံးသည်နှင့် ကောင်းကင်သတ္တုက ကောင်းကင်တွင် ထူးထူးခြားခြား ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

“သခင်.. တစ်ခုခု ထွက်လာတော့မယ်လို့ ကျနော် ထင်တယ်…”

ထို့နောက် အက်ကွဲကြောင်း တစ်ခု ပွင့်လာသည်။

လူရိပ်များစွာက ကောင်းကင်မှ ပြုတ်ကျလာပြီး ရေကန်ထဲ တိုက်ရိုက် ကျသွားရာ ရေစက်များက ဝမ်မင်၏ မျက်နှာပေါ်သို့ စင်သွားခဲ့သည်။

ဝမ်မင် “…..........”

…...............

ကျိုးရီ နှင့် အခြားသူများက ဝမ်မင် ရှိနေသည့် ကမ်းပေါ်သို့ ကူးခတ်လာပြီးနောက် ဝူကျီကို အနည်းငယ် မကျေနပ်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ကြသည်။

သူတို့ထဲတွင် ဝူကျီတစ်ယောက်ထဲသာ ရေကန်ထဲ မကျ၍ ရေမစိုခဲ့ပေ။

ကျိုးရီ၏ အကြည့်ကို မြင်လျှင် ဝူကျီက မျက်စိမျက်နှာ ပျက်နေသည်။

"အိုး.. ကျမ တကယ်တောင်းပန်ပါတယ်.. အာကာပြင် အော်ရာ အတက်အကျဆီ တည်နေရာ ရွှေ့လိုက်ပေမဲ့ ရေကန်ထဲ ပို့ပေးလိမ့်မယ်လို့ တကယ့ မထင်မိလို့ပါ.. ဒါက မတော်တဆ အမှားလေးတစ်ခုမို့ ငါ့ကို သန့်စင်ခြင်း မီးလျှံနဲ့တော့ မရှို့လိုက်ပါနဲ့နော်"

ကျိုးရီ၊ ဖက်တီးလောနှင့် ငွေရောင်လေး".........."

ဝူကျီက သန့်စင်ခြင်းမီးလျှံကို တမင်တကာ ပြောနေသောကြောင့် ကျိုးရီက ဤမိန်းကလေး ဗြောင်ကျကျလက်စားချေသည်ကို ချက်ချင်းသိလိုက်သည်။

သူက ဝူကျီကို နာခံမှုရှိစေရန် သန့်စင်ခြင်း မီးလျှံဖြင့် ခြိမ်းခြောက်ခဲ့ဖူးသည် မဟုတ်ပါလား။

"ဒီကလေးမက ဒီလိုမျိုး ရန်စတတ်တဲ့လူမှန်း ဘယ်သူသိနိုင်မှာလဲ"

သို့သော် သူမက အပြင်လူများနှင့်သာ ဤကဲ့သို့ လုပ်တတ်မှန်း ကျိုးရီ ခံစားမိသည်။

သူ့ဆရာသာ ဤနေရာတွင်ရှိနေလျှင် သူမက အပိုးအကျိုးဆုံး ဖြစ်နေမည်မှာ သေချာ၏။

ဤလက်စားချေသော လုပ်ရပ်က သူတို့အား လုံး၀ မထိခိုက်စေခဲ့ပေ။

အကြောင်းရင်းမှာ သူတို့က အလိုအလျောက် သန့်ရှင်းရေးလုပ်နိုင်သော တာအို၀တ်စုံကို ၀တ်ဆင်ထား၍ ဖြစ်သည်။

ထိုတာအို၀တ်စုံများသည် စိုစွတ်သွားသည်နှင့် စက္ကန့်အနည်းငယ်အတွင်း ခြောက်သွေ့သွားမည် ဖြစ်သည်။

ထို့ကြောင့် ကျိုးရီက သူ၏ စိုစွတ်သော အဝတ်အစားများကို လျစ်လျူရှုကာ ရှေ့သို့တိုး၍ ဝမ်မင်၏ လက်များကို အားတက်သရော ဆုပ်ကိုင်လိုက်သည်။

"ဝမ်မင်..မင်း အသက်ရှင်နေဦးမယ်ဆိုတာ ငါသိသားပဲ"

ဝမ်မင်၏ မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။

"ဒါက အခြေခံကျတဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ.. ကောင်းကင်သတ္တုကိုပဲ အဓိက ကျေးဇူးတင်ရမယ်.. မဟုတ်ရင်သရဲခေါင်းဓားကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး”

ကျိုးရီက ဝမ်မင်၏ အနားတွင် ရပ်နေသော ကောင်းကင်သတ္တုကို ကြည့်လိုက်သည် ။

ဤသည်မှာ ဓားဝိညာဉ်ဖြစ်သည်ကို အစောပိုင်းကပင် သူသတိပြုမိခဲ့သည်။

"ဒါက ဆရာ မင်းကိုပေးမယ့် မွေးနေ့လက်ဆောင် ဖြစ်ပုံရတယ်"

ကျိုးရီက ကောင်းကင်သတ္တုကို စေ့စပ်စွာ အကဲခတ်လိုက်ရာ ခံစားချက်မဲ့ ငါးမသာ မျက်လုံး ဖြစ်​နေသည်ကို သတိပြုမိခဲ့သည်။

ဤသည်က သူ့ဆရာ၏ ကိုယ်ပိုင် ကုန်အမှတ်တံဆိပ်တစ်ခုလိုပင်။

မျှော်လင့်ထားသည့်အတိုင်း သူ့ဆရာ၏ မွေးနေ့လက်ဆောင်..

ဤထူးခြားသောလက္ခဏာရပ်ကြောင့် ဤဓားဝိညာဉ်က သူ့ဆရာထံမှ လက်ဆောင်တစ်ခု ဖြစ်ကြောင်း ကျိုးရီ တစ်ချက်ထဲဖြင့် ပြောပြနိုင်ခဲ့သည်။

ကောင်းကင်သတ္တုက ဝမ်လင်းထံမှ လက်ဆောင် ဟုတ်မဟုတ် ဝမ်မင်က အစောပိုင်းတွင် မသေချာသေးပေ။

ယခု ကျိုးရီ ထံမှ.အတည်ပြုချက်ကို ရရှိပြီးနောက်တွင် သူ့မျက်နှာက ချက်ချင်းပင် ရွှင်လန်းမှုများ ပြည့်နှက်သွားခဲ့သည်။

သူ့ညီလေးက သူ့ကို အနည်းငယ် အေးစက်စက် ဆက်ဆံတတ်သော်လည်း နှလုံးသားကမူ နွေးထွေးသည် မဟုတ်ပါလော။

ထို့နောက်တွင် သူတို့က အချက်အလက်များကို မျှဝေခဲ့ကြပြီး ဝမ်မင်က နေရာလွတ်ပင်လယ်သေမှ သူ့အတွေ့အကြုံကို အကြမ်းဖျင်း ပြောပြခဲ့သည်။

အဆုံးသတ်တွင် နေရာလွတ်ပင်လယ်သေမှ ဝမ်မင်တို့ မထွက်ခွာမီ လျှို့ဝှက်ဆန်းကြယ်သောလူက သရဲခေါင်းဓားအား ဟန့်တားခဲ့သည်ကို ကြားလျှင် ကျိုးရီက မျက်မှောင်ကြုတ်သွားခဲ့သည်။

"သရဲခေါင်းဓားကို တားဆီးဖို့အတွက် လျှို့ဝှက်လက်နက်ကို တစ်စုံတစ်ယောက်က အသုံးပြုခဲ့တယ်လား"

ကျိုးရီက မေးစေ့ကို ပွတ်သပ်၍ စဥ်းစားလိုက်သည်။

ဤလျှို့ဝှက်လက်နက်ကို အသုံးပြုသူက သူ့ဆရာမဟုတ်ကြောင်း ကျိုးရီ သေချာပေါက်သိသည်။

အဘယ်ကြောင့်ဆိုသော် သူ့ဆရာ သူ့ကိုပြသဖူးသောလက်နက်ကျမ်းတွင် ထိုလက်နက်မျိုး မမြင်ဖူးသောကြောင့်ဖြစ်သည်။

သို့ဖြစ်ရာ ထိုသူဘယ်သူလဲ စုံစမ်းရမည် ဖြစ်၏။

သေချာသည်မှာ ဤတစ်ကြိမ် နွေရာသီစခန်းသွင်းလေ့လာရေးကို လိုက်ပါလာသောသော ဆရာများကြားထဲတွင် နဂါးများ၊ကျားများ ပုန်းအောင်းနေခြင်းပင်။

"ဆရာဝမ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"

ဖက်တီးလောက ဝမ်မင်ကို ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်သည်။

ယခင်က နာမည်သာ ကြားဖူးသော်လည်း ယခုအခါ မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ် နားလည်ခဲ့သည်။

အထူးသဖြင့် လင်းကျန်းရန်၏အစ်ကို ဖြစ်မှန်း သိရှိပြီးနောက်တွင် ဖက်တီးလောသည် ဝမ်မင်ကို ပို၍ပင် လေးစားလာခဲ့သည်။

“အပြင်လောကမှာ ငါသေသွားပြီလို့ ထင်နေတော့ ငါတို့ အခု အေးအေးဆေးဆေး လှုပ်ရှားဖို့အခွင့်အရေး ရသွားပြီ.. မိစ္ဆာဘုရင်ရဲ့ အုတ်ဂူကို ရှာဖွေဖို့ မင်းတို့နဲ့အတူ ပူးပေါင်းမယ်"

ဝမ်မင်က ပခုံးတွန့်လိုက်ပြီး ဖက်တီးလောကို ကြည့်လိုက်သည်။

"မင်းက လက်မှုပညာရှင်လား"

"ငါ့နာမည်က လောချွမ့်ပါ"

ဖက်တီးလောက ခေါင်းညိတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"အိုး.. မင်းကိုး"

ဝမ်မင်က တစ်စုံတစ်ရာကို ချက်ချင်း ပြန်အမှတ်ရသွား၏။

ဖိုးဖိုးဝမ်၏ မီးဖိုချောင်သုံးဓားနှင့် သုံးဘီးဆိုင်ကယ်ကို ဖက်တီးလော၏ ဆိုင်တွင် ဝန်ဆောင်မှုပေးခဲ့ကြောင်း၊ ဆောင်းဥတုမြို့ရှိ အင်မော်တယ်စံအိမ်၏ ဌာနချုပ်ကို ဖျက်ဆီးစဉ်၌ လော အမည်ရှိ လက်မှုပညာရှင် ဆရာတစ်ဦး ပါဝင်ခဲ့ကြောင်း သူအမှတ်ရမိသွားသည်။

"မင်းမှာ ပစ္စည်းတွေ ပါခဲ့လား"

ဝမ်မင်က မေးလိုက်သည်။

"ပါတယ်.. ဆရာဝမ်"

'ဖန်တီးလော'က ခေါင်းညိတ်ပြပြီး ဆိုင်ကယ်ကို ယူထုတ်လိုက်သည်။

"ဆရာဝမ်ကို ကျနော့်ဆိုင်ကယ်နဲ့ မိတ်ဆက်ပေးပါရစေ.. ဒါကို လည်ပတ်နေသောဘီးလို့ ကျနော် အမည်ပေးထားတယ်.. ဒီဆိုင်ကယ်ရဲ့ကိရိယာပုံးထဲမှာ ပစ္စည်းတွေ ဖန်တီးဖို့ အတွက် ဆရာဝမ် လိုအပ်တဲ့ ပစ္စည်းတွေ ပါ၀င််တယ်.. ဒါ့အပြင် သခင်ကျင့်ခယ်ရဲ့ ပုံစံတူ စက်ရုပ်လက်လည်း ပါရှိတယ်"

“…............”

ဖက်တီးလောသည် လက်မှုပညာရှင်ကောင်း တစ်ယောက်ဖြစ်သော်လည်း စိတ်မကောင်းစရာမှာ ပေါကြောင်ကြောင် တစ်ယောက် ဖြစ်နေသည်။

ဝမ်မင် "ပစ္စည်းတွေကို ခွဲခြားသတ်မှတ်ဖို့ ကိရိယာရှိလား"

ဖက်တီးလေယ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့...စက်ရုပ်လက်မှာ သခင်ကျင့်ခယ်ရဲ့ ပုံစံတူ လျှာ ပါရှိတယ်...လျှာက ဘယ်လို ပစ္စည်းအမျိုးအစားကိုမဆို နမ်းဖို့သာ လိုအပ်တယ်.. စက်ရုပ်လက်ကတော့ ပစ္စည်းရဲ့ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနိုင်မှာ ဖြစ်တယ်.. ကျနော် သရုပ်ပြပါရစေ"

စကားဆုံးသည်နှင့် 'ဖက်တီးလော'က စက်ရုပ်လက်ကို သူ့အောက်ခံဘောင်းဘီထဲ ထည့်လိုက်သည်။

ဝမ်မင် ထိတ်လန့်သွားသည်။

"ဘာလဲဟ.. မင်းဘာလုပ်နေတာလဲ"

ကျိုးရီ၊ ငွေရောင်လေးနှင့်ဝူကျီ "............."

ဖက်တီးလောက အတွင်းခံထဲကို စက်ရုပ်လက်ဖြင့် မွှေနှောက်ပြီးနောက် သေးငယ်သော တူတစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ဆရာဝမ်.. ငါ့ကို အထင်မလွဲနဲ့.. ငါ့ရဲ့ အောက်ခံဘောင်းဘီ သိုလှောင်ခန်းထဲမှာ ပစ္စည်းတွေ ဝှက်ထားလို့ပါ…”

ဝမ်မင် “.......…”

ထို့နောက်တွင် ဖက်တီးလောသည် လျှာအတွက် ခလုတ်ကိုဖွင့်လိုက်သည်။

သူက ကောက်ကျစ်စွာ ပြုံး၍ တူကို လျှာနားသို့ကပ်ကာ “လျက်စမ်း”ဟု အမိန့်ပေးလိုက်သည်။

လူတိုင်း "….........."

အပိုင်း(၇၆၀) ပြီး၏

All Chapters