← Chapters

စကားလုံးသည် ဥပဒေသဖြစ်သည်

Vol. 61 Ch. 909

စကားလုံးသည် ဥပဒေသဖြစ်သည်

Vol. 61 Ch. 909

ရန်ပုံငွေနှင့်ဆာဗာက ပြဿနာမဟုတ်ပေ။

ဂိမ်း၏တိကျသော ဒီဇိုင်းအတွက် ဝမ်မင်သည် သူတော်စင်အင်မော်တယ်ကျမ်း၏ ရလဒ်များအပေါ် အခြေခံ၍ ကမ္ဘာအခြေခံအုတ်မြစ်နှင့် အခြေခံ စည်းမျဉ်းများကို ပြန်လည်ဖန်တီးမည် ဖြစ်သည်။

ဤသည်မှာ ဂိမ်းတစ်ခုမျှသာ ဖြစ်၏။

ဝမ်မင်က ဤနှစ်များတွင် အလွန်ကောင်းမွန်သော မှော်ရတနာများစွာကို ဖန်တီးခဲ့သည်။

ဟွာရှို့နိုင်ငံ၏ ထိပ်တန်းလက်ရာတစ်ခု ဖြစ်သည့် လူသားပုံစံတူမှော်ရတနာ နိုင်ငံခေါင်းဆောင် 001သည်ပင် သူ၏ ဖန်တီးမှု ဖြစ်သည်။

ဤကဲ့သို့ မှော်ရတနာများကို ဒီဇိုင်းဆွဲခြင်းသည် ဂိမ်းတစ်ခုကိုဒီဇိုင်းဆွဲခြင်းထက်ပင် ပို၍ခက်ခဲသည်။

ထိုအချိန်တွင် ဝမ်လင်းသည် အတွေးထဲတွင် ပျောက်ဆုံးနေခဲ့သည်။

ပွင့်လင်းစွာပြောရလျှင် သူ့အတွက် မည်သည့်ဇာတ်ကောင်ကို ဖန်တီးရမည်မှန်း ဝေခွဲမရ ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ဝမ်လင်း2ကို အဝေးကနေ ထိန်းချုပ်နေသည့် ဝမ်မင်က ရုတ်တရက် ပြောလိုက်သည်။

"ကမ္ဘာကြီးကို အရင်ဆုံး ဘယ်လိုဖန်တီးမလဲ.. ဒဿမမြောက် စကြာဝဠာထဲက ကမ္ဘာကြီးက ဘယ်လိုလဲဆိုတာနဲ့ ပတ်သက်ပြီး လင်းလင်းက တွေးနေတဲ့ပုံပဲ”

သူတော်စင်အင်မော်တယ်ကျမ်း “စကြာဝဠာတစ်ခုချင်းစီက အနည်းငယ် ကွဲပြားတဲ့အတွက် ယဉ်ကျေးမှုအဆင့်ချင်း ကွဲပြားနေပေမဲ့ အများစုကတော့ စကြာဝဠာကျင့်ကြံခြင်းခေတ်ကို ရောက်နေကြပါပြီ”

စကြာဝဠာကျင့်ကြံခြင်းခေတ်…

အံ့ဩစရာဟု ထင်ရသော်လည်း ဤသည်က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မည်သူမှ စိတ်ကူးမယဉ်နိုင်သည့် အရာမျိုး ဖြစ်သည်။

တစ်စုံတစ်ဦးက ဝိညာဉ်ချီ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပြီးနောက်တွင် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး စကြာဝဠာ၏ ပထမဦးဆုံးကျင့်ကြံခြင်း ဖခင်ကြီး ဖြစ်ခဲ့သည်။

ထိုလူက ကောင်းကင်တာအို ၃၀၀၀ကို ရှာဖွေတွေ့ရှိကာ တီထွင်ခဲ့သော ကျင့်ကြံခြင်းဖခင် ဖြစ်သည် ဟူသည့် ကောလာဟလလည်း ရှိသည်။

သို့သော် ကျင့်ကြံခြင်းဖခင်၏ အမှတ်သညာနှင့် ပတ်သက်၍ ရှေးခေတ်ကတည်းကပင် သမိုင်းပညာရှင်များသည် ငြင်းခုံခဲ့ကြသည်။

ထိုသို့သောသူမရှိဟု ယခုတိုင် ယုံကြည်နေကြသူများ ရှိကြသည်။

စကြာဝဠာတစ်ခု မွေးဖွားလာသည်မှစ၍ ကျင့်ကြံသူများရှိနေသည်ဟု ငြင်းခုံကြသည်။

သို့ရာတွင် ၎င်းတို့က အရေအတွက် အလွန်နည်းသည်ဟုလည်း ဆိုကြသည်။

၎င်းတို့က သိုသိပ်သောဘဝဖြင့်သာ နေထိုင်ခဲ့ကြပြီး ကျင့်ကြံခြင်း ကျင့်စဉ်များကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့ကြသည်။

နောက်ပိုင်းတွင် ထိုကျင့်ကြံခြင်း နည်းလမ်းများသည် ကမ္ဘာပေါ်တွင် တစ်စနှင့်တစ်စ ပြန့်နှံ့လာသည်နှင့်အမျှ ကျင့်ကြံသူဦးရေက တိုးပွားလာပြီး နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် ကမ္ဘာကြီးသည် စကြာဝဠာ ကျင့်ကြံခြင်းခေတ်သို့ ရောက်ရှိသွားခဲ့သည်။

ဝမ်မင်က ကျင့်ကြံခြင်းဖခင် ရှိသည်ဟူသော အယူအဆကို ယုံကြည်ခဲ့သည်။

ပကတိအင်မော်တယ် အဆင့်အထက်တွင် ပကတိအရှင်မြတ်အဆင့် ပြီးလျှင် အင်မော်တယ်အရှင်မြတ်အဆင့် ရှိသေးသည်။

ထိုအဆင့်၏ အထက်တွင် ပိုမိုအားကောင်းသည့် ကျင့်ကြံခြင်းနယ်ပယ်အဆင့် ရှိနိုင်ပါသလော။

သို့ဆိုလျှင် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ် အဆင့်ရှိ ပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာကျင့်ကြံခြင်း၏ဖခင် ဖြစ်နိုင်လောက်သည်။

ဤကဲ့သို့သောလူကို အင်မော်တယ်ဘုရင်ဟုပင် ခေါ်ဆို၍ပင် ရနိုင်သည် မဟုတ်ပါလော။

ဝမ်မင်က ပြုံးလိုက်သည်။

“စကြာဝဠာ ၁၀ခုလုံးက စကြာဝဠာ ကျင့်ကြံခြင်းခေတ်ကို ရောက်နေပြီဆိုတော့ ကျင့်ကြံသူ အနည်းငယ်လေးနဲ့ ကမ္ဘာကြီးကို ဖန်တီးလိုက်ရင်ရော”

ဤမေးခွန်းကြောင့် အခန်းထဲရှိ လူအားလုံးက အံ့ဩသွားကြသည်။

“ကျင့်ကြံသူ အနည်းငယ်ပဲရှိတဲ့ ကမ္ဘာကြီးလား.. ညီနောင်မင်က ဘာကိုဆိုလိုချင်တာလဲ”

ကျိုးရီက မေးလိုက်သည်။

“ငါပြောချင်တာက ပုံမှန်လူတွေ ကြီးစိုးနေသေးပြီး ကျင့်ကြံသူတွေ အနည်းငယ်ပဲရှိတဲ့ ကမ္ဘာကိုပါ.. ဒါ့အပြင် ကျင့်ကြံသူတွေက သာမန်လူတွေကို ကျင့်ကြံသူတွေ အဖြစ် ဖော်မပြနိုင်တဲ့သဘောတူညီချက်လိုမျိုး တစ်ခုခုရှိရမယ်.. အဲဒီ သဘောတူညီချက်ကို ချိုးဖောက်ရင် ကောင်းကင်ရဲ့ပြစ်ဒဏ်ကို ခံကြရလိမ့်မယ်.. မင်းတို့ စိတ်ကူးယဉ်ကြည့်စမ်း.. အဲဒီလို ကမ္ဘာကြီးသာ တည်ရှိနေခဲ့မယ်ဆိုရင် ကျင့်ကြံသူလေး အနည်းငယ်က ဒီကမ္ဘာကြီးကို စကြာဝဠာကျင့်ကြံမှုခေတ်ဆီ ဦးတည်သွားနိုင်ပါ့မလား.. ကမ္ဘာကြီးရဲ့ ၉၉%က ပုံမှန်လူတွေဖြစ်ပြီး ၁%က ကျင့်ကြံသူတွေ ဖြစ်မယ်ဆိုရင် အဲဒီ ၁%က ၉၉% ကို အချိန်နဲ့အမျှ ကျော်လွှားနိုင်မလားဆိုတာ ငါအရမ်းသိချင်မိတယ်”

ဝမ်မင်က ပြောလိုက်သည်။

တစ်ဖက်တွင်မူ မိန်းကလေးပိုင်ချောင်းသည် ရုတ်တရက်ရယ်မောလိုက်သည်။

ဤကဲ့သို့သော ကမ္ဘာကြီးမျိုး သူမ ယခင်က မစဉ်းစားခဲ့ဖူးပေ။

သူမ ဖန်တီးချင်သည့်(Cultivation Emulator)ဂိမ်းသည် ကျင့်ကြံခြင်းကမ္ဘာတစ်ခုကို ဖန်တီးရာ၌ ကစားသမားများအား မြင့်မားသော လွတ်လပ်ခွင့်ကိုပေးမည့်(Sandbox simulation cultivator) ဖြစ်သည်။

ဝမ်မင်ပြောသည့် အခြေအနေမျိုးနှင့် ကမ္ဘာကြီးသာဆိုလျှင် ကျင့်ကြံသူများက ကမ္ဘာကြီးကို လွှမ်းမိုးသွားမည်ဟု မည်သူက အတပ် ပြောနိုင်ပါမည်နည်း။

ဝမ်မင် အဆိုပြုသည့်အချက်က အလွန် စိတ်ဝင်စားဖို့ကောင်းသည်ဟု ပိုင်ချောင်း ထင်မိသည်။

“ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ကမ္ဘာတစ်ခုပဲ.. ဘာပဲဖြစ်ဖြစ် ကျွန်မတို့် စမ်းကြည့်လို့ရတာပေါ့.. ဒါဆို ဒီကမ္ဘာကြီးရဲ့စည်းမျဉ်းတွေကို ချမှတ်ရအောင်.. ဒီဂီမ်းက ငါ့ရဲ့အိပ်မက်ကမ္ဘာလို့ သတ်မှတ်လို့ရမှာ အသေချာပဲ”

ဝမ်မင်က ရယ်မောလိုက်သည်။

"ကျင့်ကြံသူနဲ့ သာမန်လူ အချိုးအစား ယောက်ျားနဲ့မိန်းမအချိုးအစား ကနဦးကမ္ဘာ့လူဦး‌ရေ အစရှိသဖြင့် ကမ္ဘာအတိုင်းအတာ စည်းမျဉ်းတွေကို အစကတည်းက သတ်မှတ်ရမယ်.. အခြေခံစည်းမျဉ်းတွေကို သတ်မှတ်ပြီးတာနဲ့ ဂိမ်းကိုတရားဝင်စတင်မှာ ဖြစ်တယ်”

ပထမဦးစွာ ညွှန်ကြားချက်ကို လက်ခံရရှိပြီးနောက်တွင် သူတော်စင် အင်မော်တယ်ကျမ်းသည် သရုပ်ပြမှုကို ချက်ချင်း စတင်ခဲ့သည်။

ကမ္ဘာ၏ ကန့်သတ်စည်းမျဉ်းများကို စနစ်တကျ ချမှတ်ပြီးနောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းသည် လူတိုင်းကိုပြသလိုက်သည်။

ကမ္ဘာ = အကျိုးမဖြစ်ထွန်းသော ကျင့်ကြံခြင်းကမ္ဘာ

ကမ္ဘာ့သက်တမ်း = ၄.၈ဘီလီယံနှစ်

ပုံမှန်လူ/ကျင့်ကြံသူအချိုး = ၉၉/၁

ယဉ်ကျေးမှု = ခေတ်မီ

ပညာရေးအဆင့် = မသင်မနေရပညာရေး ၉နှစ်

ကမ္ဘာ့ပုံစံ =ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှု

စွမ်းအားအညွှန်းကိန်း = ၁၂၃၁

သူတော်စင်အင်မော်တယ်ကျမ်း “အခုကနေစပြီး စိတ်ကြိုက်ဇာတ်ကောင်ကို ဒီဇိုင်းထုတ်နိုင်ပြီ.. သူတို့က ဒီကမ္ဘာမှာ မွေးဖွားလာမှာ မှန်ပေမဲ့ သူတို့ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ပြီး ကမ္ဘာကြီးအပေါ် သက်ရောက်မှု ဘယ်လောက်ရှိလဲ ဆိုတာကတော့ ကမ္ဘာထဲကို ရောက်တာနဲ့ သူတို့ဘယ်လိုအသုံးချမလဲ ဆိုတဲ့အပေါ်ပဲ မူတည်တယ်”

ထို့နောက်တွင် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်သည့် ဇယားများသည် လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။

ဤအရာများသည် လွတ်လပ်စွာ ပြောင်းလဲနိုင်သော အခြေခံစွမ်းရည်များ ဖြစ်သည်။

ထို့အပြင် ဇာတ်ကောင်၏ အသွင်အပြင်ကိုလည်း ပြုပြင်နိုင်သေးသည်။

ရုတ်တရက်ကြည့်လျှင် ပိုင်ချောင်း၏ ဇာတ်ကောင်သည် ကျင့်ခယ်နှင့် ဆင်တူသော်လည်း မိန်းကလေးကတော့ မိန်းကလေးဖြစ်နေဆဲပင်။

ကျင့်ခယ်ရဲ့မိန်းမဗားရှင်း..

“မိန်းကလေးပိုင်ချောင်းက ကျင့်ခယ်ကို အရမ်းသဘောကျတဲ့ပုံပဲ.. သူတို့က တကယ်ပဲ တူတယ်နော်”

ကျိုးရီက ပိုင်ချောင်းကို ချီးကျူးလိုက်သည်။

“ဒါပေမဲ့ မိန်းကလေးပိုင်ချောင်း.. မင်းက ကျင့်ခယ်နဲ့တူတယ်ဆိုပေမဲ့ တကယ်တော့ ဒီဇာတ်ကောင်က မင်းနဲ့ ကျင့်ခယ်ရဲ့ကလေးနဲ့ ပိုတူနေတယ်”

ထိုစကားကြောင့် ပိုင်ချောင်းက ချက်ချင်းပင် ရှက်သွားခဲ့သည်။

“ငါက ဘယ်သူနဲ့ ကလေးယူရမှာလဲ”

သူမက သွားများကို အံကြိတ်လိုက်ပြီး ဇာတ်ကောင်၏ ဆံပင်များကို ပိုရှည်အောင် ပြုပြင်လိုက်ကာ ဦးခေါင်းထိပ်တွင် ဆံပင် အမောက်တစ်ခုပါ ထည့်လိုက်သည်။

“ငါ့ဇာတ်ကောင်က သူနဲ့ မတူစေရဘူး.. ငါနဲ့ပဲတူအောင် ဖန်တီးမယ်”

ထို့နောက်တွင် ပိုင်ချောင်း၏ ဇာတ်ကောင်ပရိုဖိုင်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဇာတ်ကောင်အမည် = ပိုင်ကဲ

လိင် = မ

ဉာဏ်ရည်တိုးတက်မှုအချက် = 8/10

ခံနိုင်ရည်တိုးတက်မှုအချက် = 8/10

ကာကွယ်ရေးတိုးတက်မှုအချက် = 8/10

ခွန်အားကြီးထွားမှုအချက် = 8/10

ကိုယ်လုံးကိုယ်ပေါက်ကြီးထွားမှုအချက် = 10/10

ပုံပန်းသဏ္ဍာန်တိုးတက်မှုအချက် = 10/10

ကောင်းသောတန်ဖိုး = 10/10

ဆိုးရွားသောတန်ဖိုး = 0/10

ကိုယ်ရည်ကိုယ်သွေး = တဇွတ်ထိုး

“ဘာကြောင့်အားလုံးက 8 ဖြစ်နေပြီး အသွင်အပြင်နဲ့ကိုယ်လုံးကိုယ်ပေါက်က 10 ဖြစ်နေရတာလဲ”

ထွင်ထျန်းဟာက မေးလိုက်သည်။

“ငါက ဇာတ်ကောင်ကို ငါနဲ့တူအောင် လုပ်မယ်လို့ ပြောထားပြီးသားဆိုတော့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ငါ့လိုပဲဖြစ်ရမှာပေါ့.. ကျန်တဲ့အပိုင်းတွေမှာလည်း ငါကအသန်မာဆုံးပဲလေ.. ကမ္ဘာပေါ်မှာ ငါ့ထက် သန်မာတဲ့မိန်းကလေး ဘယ်နည်းနဲ့မှမရှိနိုင်ဘူး”

လူတိုင်း “……….”

“ဆရာလေးလင်း.. မင်းရဲ့ဇာတ်ကောင်ကရော ဘယ်လိုပုံစံမျိုးလဲ”

ဝမ်လင်းက ဇယားကို ကြည့်လိုက်သည်။

သူ၏စိတ်ထဲတွင် အကြံတစ်ခုရှိနေပြီ ဖြစ်၏။

ထို့နောက်တွင် သူ၏ ကိုယ်ပိုင်ဇာတ်ကောင်ကို စတင်ဖန်တီးတော့သည်။

ဇာတ်ကောင်အမည် = ချင်ကျုံ

အပိုင်း(၉၀၉) ပြီး၏

All Chapters