← Chapters

ကမ္ဘာဦးချီ၏ စစ်မှန်သောမျက်နှာ

Vol. 35 Ch. 515

ကမ္ဘာဦးချီ၏ စစ်မှန်သောမျက်နှာ

Vol. 35 Ch. 515

ရည်မှန်းချက်က ကောင်းသော်လည်း တစ်ခါတစ်ရံတွင်အောင်မြင်ဖို့ ခက်ခဲလေ့ရှိသည်။

ညီအစ်ကိုနှစ်ဦးက စိတ်ဓာတ်ချင်း တူညီကြသည်ဟု ထွင်ထျန်းဟာ ထင်မြင်မိသည်။

တစ်ဦးက ကမ္ဘာဦးချီ၏ ဖွဲ့စည်းပုံကို သေချာစွာ လေ့လာချင်ခဲ့သည်။

တစ်ဦးက ကမ္ဘာဦးချီကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေသည်။

ထိုအယူအဆနှစ်ခုတွင် တူညီ​သော အရာမှာ ဖြည့်ဆည်းရန်လွယ်ကူမည် မဟုတ်ခြင်းပင်။

ဝမ်မင်က သူ၏ သိုလှောင်လက်စွပ်ထဲသို့ စိတ်ဝိညာဉ် စွမ်းအင်အတုဖြင့် အသက်သွင်းလိုက်ပြီး အကဲဖြတ်မှုရလဒ် အစီအရင်ခံစာကို ထုတ်ယူလိုက်သည်။

သူက မိတ္တူနှစ်စောင် ရိုက်ထားခဲ့ပြီး တစ်စောင်ကို ဝမ်လင်းထံ ပေးလိုက်သည်။

ထွင်ထျန်းဟာက ဝမ်လင်း၏ စားပွဲခုံပေါ်သို့ ခုန်တက်ကာ အစီအရင်ခံစာကို ဝမ်လင်းနှင့်အတူ ကြည့်လိုက်သည်။

ဝမ်လင်းက လျစ်လျူမရှုခဲ့ဘဲ ထွင်ထျန်းဟာ အမွှေးများ ကျွတ်နေသလားဟု တစ်ခါတည်း စစ်ဆေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မေမေဝမ်၏ နားလည်မှုလွဲမှားခြင်းက ကြီးမားလွန်းသောကြောင့်ပင်။

မေမေဝမ်က စရိတ်စကကို စီစစ်သုံးစွဲတတ်သော အိမ်ရှင်မတစ်ဦး ဖြစ်သည်။

သို့သော် နားလည်မှု လွဲသွားပြီးနောက်တွင် မေမေဝမ်သည် စူပါမားကတ်ကို သွား၍ တစ်ရှူးတစ်ထုပ်လောက် အနည်းဆုံး ဝယ်ယူလိမ့်မည်ဟု ဝမ်လင်း ခံစားမိသည်။

"အဲဒါကဘာလဲ.. ကုတ်လား.. ငါတော့ နားမလည်ဘူး"

ထွင်ထျန်းဟာက အကဲဖြတ်မှုရလဒ် အစီအရင်ခံစာကို နားမလည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။

သူတစ်ခုတည်းသော နားလည်နိုင်သည့် အချက်မှာ ယင်းကမြေပုံတစ်ခုကဲ့သို့ အသွင်သဏ္ဍန် ရှိနေခြင်းပင်။

ထိုထက်အရေးကြီးသည်မှာ မြေပုံပေါ်တွင် ဒေတာ ကိုဩဒိနိတ်အမှတ်များအပြင် လတ္တီတွဒ် လောင်တီတွဒ် လိုင်းများကိုပါ မှတ်သားထားခြင်း ဖြစ်သည်။

ထွင်ထျန်းဟာက နက္ခတဗေဒနှင့် ပထဝီဝင်ကို မပြောနှင့်၊ ဘာသာစကားကိုပင် အပြည့်အဝ နားမလည်သေးပေ။

၎င်းအနေဖြင့် လူ့ယဥ်ကျေးမှု နှင့် ထိတွေ့သည်မှာ လအနည်းငယ်သာ ရှိသေးသည်။

ပွင့်လင်းစွာပြောရလျှင် သင်ယူစရာ အများအပြား ကျန်ရှိနေသေး၏။

"တည်နေရာပြ ကိုဩဒိနတ် အမှတ်တွေပဲ.. မင်းက ဘယ်နားလည်ပါ့မလဲ.. မြေပုံမှန်း သိနေရင်တောင် လုံလောက်နေပါပြီ"

"တည်နေရာတွေကို အခြေခံ တွက်ချက်ပြီး ကိုဩဒိနိတ်တွေကို ဖြည့်စွက်ထားခဲ့တယ်.. သုံးခါလောက် ငါကိုယ်တိုင် စစ်ကြည့်ပြီးပြီ.. ဘာမှတော့ အမှားအယွင်းမရှိဘူး"

ဝမ်မင်က ရှင်းပြလိုက်သည်။

ကုဒ်များက စုတ်ပြတ်သတ်နေသော တာအိုဝတ်စုံပေါ်ရှိ ကြွင်းကျန်ရစ်သော ဓားချီကို ခြေရာခံ၍ စက်မှ ထုတ်ပေးသည့် နေရာလွတ် တည်နေရာရလဒ်များ ဖြစ်သည်။

သို့သော်လည်း တိကျသော ကိုဩဒိနိတ်များ ရရှိရန်အတွက် ခွဲခြမ်းစိတ်ဖြာရန် လိုအပ်နေပါသေးသည်။

သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီတွင် ဟွာရှို့နိုင်ငံကို ဆင်းသက်ခဲ့သည့် ကမ္ဘာခြားဂိတ်တံခါးနှင့် ပတ်သက်ပြီး အချက်အလက် များစွာ ရှိခဲ့သည်။

"အခုဆို ကမ္ဘာခြားဂိတ်ကနေ ထွက်လာနိုင်တဲ့ ကျင့်ကြံသူတွေလည်း အများအပြား ရှိလာခဲ့ပြီ.. သူတို့ရဲ့အကောင့်တွေကို ငါစစ်ဆေးပြီးပြီ.. ဒီရလဒ်တွေအပြင် နတ်ဆိုးကမ္ဘာမှာ ပျံ့နှံ့နေတဲ့ မြေပုံတွေကို စုပေါင်းပြီး အနီးစပ်ဆုံး အဖြေထုတ်ခဲ့တယ်"

ဝမ်မင်က မေးစေ့ကို ပွတ်သပ်၍ ပြောခဲ့သည်။

"ဒီကိုဩဒိနိတ် အမှတ်တွေက တကယ်တော့ ကမ္ဘာခြားဂိတ်ပေါက်ရဲ့ တည်နေရာအတွက်ပဲ.. ဒါပေမဲ့နတ်ဆိုးကမ္ဘာထဲမှာတော့ မဟုတ်ဘူး.. နေရာလွတ် အကဲဖြတ်စက်ရဲ့ ခြေရာခံမှုအရဆိုရင် အမှားအယွင်းက ၁၀%အောက်ပဲ ရှိတယ်.. ငါသေချာလေ့လာခဲ့ပြီးပြီ.. အဲဒါက နတ်ဆိုးကမ္ဘာ လုံးဝမဟုတ်ဘူး"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာ နှင့် ဝမ်လင်းတို့၏ မျက်လုံးများက တောက်ပသွားခဲ့ကြသည်။

ဝမ်လင်းက မြေပုံကို စူးစူးစိုက်စိုက်ကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။

ဖန်းကွမ်း၏ ကောက်ချက်က လုံးဝမှန်ကန်သည်မှာ ထင်ရှားနေသည်။

ကမ္ဘာခြားဂိတ်တံခါးသည် နေရာလွတ် တည်နေရာနှင့် သေချာပေါက် ချိတ်ဆက်မှု ရှိရပေမည်။

ဤသို့ဆိုလျှင် မြေပုံပေါ်တွင် ကိုဩဒိနိတ်အမှတ်များ အဘယ်ကြောင့် များပြားစွာ တည်ရှိနေရသလဲ ဆိုသည်ကို ရှင်းလင်းသွားပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နေရာလွတ်များက တစ်နေရာတည်းကို ဦးတည်သွားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

ကြည့်ရသည်မှာ အင်မော်တယ်ကျန်းရွမ်က နေရာလွတ် အတုအများအပြားကို ဖန်တီးထားပုံရသည်။

ထိုသို့ တွေးမိပြီးနောက်တွင် ဤအကဲဖြတ်မှုရလဒ်မှ ညွှန်ပြနေသောနေရာသည် အင်မော်တယ်ရတနာစံအိမ်၏ တည်နေရာဟု ဝမ်လင်း ခံစားမိခဲ့သည်။

သို့သော် သေချာအောင် သူကိုယ်တိုင် သွားရောက်စစ်ဆေးရပေမည်။

ထွင်ထျန်းဟာကမူ ထိုသို့ သွားရောက်စစ်ဆေးရန် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့သည်။

ယခုအချိန်တွင် လူသားကမ္ဘာမှ နတ်ဆိုးကမ္ဘာသို့ သွားရန် တစ်ခုတည်းသော နည်းလမ်းမှာ ကမ္ဘာခြား ဂိတ်ပေါက်မှသာ ဖြစ်သည်။

ဆရာလေးလင်းက မည်မျှပင် စွမ်းဆောင်နိုင်စွမ်းရှိပါစေ၊ ကမ္ဘာ့ဖီဆန် မှော်ရတနာအဆင့် တည်နေရာ ရွှေ့ပြောင်းသော အစီအရင်ကို ချက်ချင်း ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာခြားဂိတ်၏ ဖွဲ့စည်းပုံသည် စိတ်ဝိညာဉ် ဖိနှိပ်ခြင်းလက်စွပ်ထက် ပိုရှုပ်ထွေး၏။

လက်စွပ်က သေးငယ်သောကြောင့် သန့်စင်ရန် လွယ်ကူသော်လည်း ကမ္ဘာခြားဂိတ်မှာမူ ကြီးမားသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

ဖန်းကွမ်းက အင်မော်တယ်ကျန်းရွမ်၏ ကမ္ဘာခြားဂိတ်ပေါက် အသေးစိတ်ပုံစံငယ်ကို ယခင်က မြင်ဖူးခဲ့သည်။

ထွင်ထျန်းဟာ အနေဖြင့် သူ၏ လက်ရှိကျင့်ကြံမှုနှုန်းဖြင့် လက်နက်များကို သန့်စင်နိုင်သော်လည်း ၎င်း၏ တစ်သက်တာတွင် ဤမျှ ကြောက်စရာကောင်းသည့် အရာမျိုးကို ဘယ်သောအခါမှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ကြောင်း ခံစားခဲ့ရသည်။

ကမ္ဘာ့ဖီဆန်မှော်ရတနာကို သန့်စင်ခြင်းသည် လူတစ်ဦး၏ ကျင့်ကြံခြင်း အဆင့်ပေါ်တွင်သာ မူတည်သည် မဟုတ်ပေ။

ကမ္ဘာဖီဆန် မှော်ရတနာကို ဖန်တီးခြင်းသည် အများအားဖြင့် ကံကောင်းခြင်းနှင့်လည်း သက်ဆိုင်သည်။

လွန်ခဲ့သည့်နှစ်လက လူသား ကျင့်ကြံသူများ၏ ဘာသာစကားကို လေ့လာနေစဥ် ထွင်ထျန်းဟာသည် ကံကောင်းခြင်းနှင့် သက်ဆိုင်သည့် စာတမ်းတစ်စောင်ကို မြင်တွေ့ခဲ့ရသည်။

အနန္တတန်ခိုးရှင် အများစုအနေဖြင့် အထွတ်အထိပ် နယ်ပယ်အဆင့်သို့ ရောက်ရှိနေရခြင်း အကြောင်းအရင်းမှာ ၎င်းတို့၏ ကံတရားက ကောင်းမွန်နေသောကြောင့် ဖြစ်သည်။

ထွင်ထျန်းဟာ ခန့်မှန်းမိသလောက် အင်မော်တယ်ကျန်းရွမ်သည် တကယ့်မွန်းစတား တစ်ကောင်ပင်။

"ဒီအပေါ်မှာကုဒ်တွေ အများကြီးရှိတယ်.. ဒါပေမဲ့ အများစုကတော့ နေရာလွတ် ကိုဩဒိနိတ်ကုဒ်တွေပါ"

ဝမ်မင်က သေချာ ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ကိုဩဒိနိတ်အမှတ်တွေ မပါဝင်တဲ့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ကုဒ်တစ်ခုကို ငါရှာတွေ့ထားတယ်.. အဲဒါကအချက်အလက် တစ်ခုပဲ"

"???"

ဝမ်လင်းက စိတ်ဝင်စားသွားခဲ့သည်။

ထွင်ထျန်းဟာ" ဘယ်လိုအချက်အလက်မျိုးလဲ"

ဝမ်မင် ပြုံးလိုက်သည်။

"နေရာလွတ်စက်က ဓားချီကို ခြေရာခံနိုင်တဲ့ အပြင် ပတ်ဝန်းကျင်ကိုပါ စကင်ဖတ်နိုင်တယ်လေ.. သူက ကုဒ်တွေထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းအင်ပုံစံတစ်ခုကို ရှာတွေ့ခဲ့တယ်"

ထိုစကားကို ကြားသည်နှင့် ဝမ်လင်းက ဝမ်မင်ပြောချင်သည့်အရာကို သဘောပေါက်သွားသည်။

ဝမ်မင် "နေရာလွတ် အကဲဖြတ်စက်ရဲ့ စကင်ဖတ်ချက် အရဆိုရင် ဒီစွမ်းအင်ပုံစံကုဒ်ရဲ့ ဖွဲ့စည်းပုံက ကမ္ဘာဦးချီနဲ့ အရမ်းဆင်တူနေတယ်လို့ ငါသိလိုက်ရတယ်"

"ဒါကဖြစ်နိုင်လို့လား"

ထွင်ထျန်းဟာ အံ့ဩသွားသည်။

"အဲဒီနေရာမှာ ဆရာလေးလင်းရဲ့ ကမ္ဘာဦးချီမျိုး ဘယ်လိုလုပ်ရှိနေနိုင်မှာလဲ"

"အဲဒီစွမ်းအင်ပုံစံက ကမ္ဘာဦးချီနဲ့ ယှဥ်ကြည့်လို့ မရသေးဘူးဆိုပေမဲ့ ၇၀%တော့ တူညီမှုရှိမယ်လို့ ငါထင်တယ်.. အကယ်၍သာ အဲဒီမှာ ကမ္ဘာဦးချီ ရှိမယ်ဆိုရင် ဖြစ်နိုင်ချေနှစ်ခုရှိတယ်.. ပထမအချက်ကို ပြောရရင် ကမ္ဘာဦးချီက လင်းလင်း တစ်ဦးတည်းမှာ ရှိနိုင်တဲ့အရာ မဟုတ်ဘူး.. ဒါကြောင့် ဒုတိယအချက်က ပိုပြီး ဖြစ်နိုင်ချေများတယ်.. ကျင့်ကြံသူက နယ်ပယ်အဆင့်တစ်ခုကို ရောက်လာတဲ့အခါ ဝိညာဉ် စွမ်းအင်အရင်းအမြစ်က ပြောင်းလဲသွားပြီး ကမ္ဘာဦးချီကို ခန္ဓာကိုယ်ကနေ စတင်ထုတ်လုပ်လာတာ.ဖြစ်မယ်"

ထိုရှင်းပြချက်က ဝမ်လင်း နှင့် ထွင်ထျန်းဟာ နှစ်ယောက်စလုံးကို မှင်တက်သွားစေခဲ့သည်။

"ခန္ဓာကိုယ်က ကမ္ဘာဦးချီကို သူ့အလိုလို ထုတ်ပေးနိုင်တာလား"

ထွင်ထျန်းဟာက ထိုစကားကို သံသယဖြစ်နေခဲ့သည်။

ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်သည် ပတ်ဝန်းကျင်မှ ဝိညာဥ်ချီစွမ်းအင်ကို စုပ်ယူပြီးနောက် ၎င်းတို့၏ ဒန်တျန်(ချီပင်လယ်)တွင် သိမ်းဆည်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"အဆင့်တစ်ခုကို ရောက်ပြီးပြီ ဆိုရင် ကျင့်ကြံသူတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ စွမ်းအင်တွေကို ဆွဲထုတ်နိုင်စွမ်း ရှိလာတယ်.. ဝိညာဥ် စွမ်းအင်ကို အားကိုးဖို့ မလိုအပ်တော့ဘူး.. ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကနေ စွမ်းအင်ကိုအလိုအလျောက် ထုတ်လုပ်လာတာပဲ"

ထိုစကားကိုကြားလျှင် ဝမ်လင်း နှင့် ထွင်ထျန်းဟာတို့၏ မျက်လုံးထောင့်များက ကူကယ်ရာမဲ့စွာ လှုပ်ယမ်းသွားကြသည်။

"ဆဲလ်ကနေ စွမ်းအင်ထုတ်လုပ်တယ်လား"

အပိုင်း(၅၁၅) ပြီး၏

All Chapters