← Chapters

စူပါခွန်အားကိုယ်ခံပညာခန်းမ

Vol. 64 Ch. 949

စူပါခွန်အားကိုယ်ခံပညာခန်းမ

Vol. 64 Ch. 949

ခန္ဓာကိုယ်နည်းစနစ်များ ကျင့်ကြံရာတွင် အခြေခံအုတ်မြစ်သည် အလွန်ပင် အရေးကြီးသည်။

ဖေဖေချန်းတွင် သစ်ပင်များကို ပွတ်သပ်၍ ကျင့်ကြံရသည့် ထူးခြားသော နည်းစနစ်တစ်ခုရှိသည်။

ယင်းမှာ ကြမ်းတမ်းသော သစ်ပင်အခေါက်ပေါ်ကနေလက်ဖဝါးကို လျင်မြန်စွာ ပွတ်တိုက်ခြင်း ဖြစ်သည်။

ဤသည်က လက်နှစ်ဖက်စလုံးကို ခွန်အားများ ရရှိစေသည်။

ထိုသို့ ကြမ်းတမ်းသော ကျင့်ကြံမှုမျိုးကို မပြောနှင့်၊ အခြေခံနည်းစနစ်ဖြစ်သည့် မြင်းထိုင်ပုံစံ ထိုင်ခြင်းကပင် ကျင့်ကြံသူ၏ ဒန်တျန်ထဲသို့ ဝိညာဉ်ချီပမာဏ အနည်းငယ် ရောက်ရှိသွားစေရန်အတွက် ကူညီပေးနိုင်သည်။

ထိုသို့လုပ်ဆောင်လျှင် ဝိညာဉ်ချီသည် ခန္ဓာကိုယ်အတွင်း သူ့ဘာသာသူ လည်ပတ်နိုင်မည်ဖြစ်သည်။

ယင်းက ဖြည့်စွက်ဆေးဝါးများကိုပင် မလိုအပ်ဘဲ ခန္ဓာကိုယ်တည်ဆောက်ခြင်းအဆင့်မှ ချီသိပ်သည်းခြင်း အဆင့်သို့ရောက်ရှိရန် နှစ်အနည်းငယ်သာ ကြာမြင့်မည့် စနစ်ဖြစ်သည်။

ယနေ့ခေတ်တွင် ရွှေအမြုတေအဆင့်အောက်မှ ကျင့်ကြံသူများကို ကူညီရန်အတွက် ဈေးကွက်တွင် ဆေးဝါး အမြောက်အမြား ရှိနေပြီ ဖြစ်သည်။

ချန်းမိသားစုသည် ထိုဆေးဝါးများကို လုံးဝ မတတ်နိုင်သည့် မိသားစု မဟုတ်ပေ။

သို့သော် အဆုံးသတ်တွင် ထိုဖြည့်စွက်ဆေးများကို သောက်သုံးသော ကလေးများ၏ အခြေခံအုတ်မြစ်သည် မှန်မှန်ကန်ကန် ကျင့်ကြံ၍ တိုးတက်လာသူများ ကဲ့သို့ ခိုင်မာမှုမရှိချေ။

ဖြည့်စွက်ဆေးဝါးများကို မှီခိုနေရသော ကလေးများသည် တိုက်ပွဲတွင် ရေရှည်မတိုက်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သိထားရမည် ဖြစ်သည်။

၎င်းတို့က တိုက်ပွဲစပြီး မကြာမီပင် ပင်ပန်းလာမည် ဖြစ်၏။

တကယ်တမ်းတွင် ဤသည်မှာ မှော်အတတ်၌ လူပိုများလာရသည့် အကြောင်းအရင်း ဖြစ်သည်။

ခန္ဓာကိုယ်နည်းစနစ်များသည် စွမ်းအင်ကို အလွန်အကျွံ သုံးစွဲရသည်။

ထို့ကြောင့် ထိုနည်းစနစ်ကို ကျင့်ကြံသော ကလေးများသည် ဖြည့်စွက်စာသုံးသော ကလေးများနှင့် ရင်ဆိုင်ရလျှင် လက်သီးချက် အနည်းငယ်ဖြင့်ပင် ရှုံးနိမ့်သွားမည် ဖြစ်၏။

ယင်းအတွက်ကြောင့် ခေတ်မီ မူကြိုပညာရေးတွင် ဆိုးရွားသော ယူဆချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

အချို့သော ကလေးများ၏အမြင်တွင် ခန္ဓာကိုယ်နည်းစနစ်များသည် ခေတ်နောက်ကျနေပြီ ဖြစ်၏။

၎င်းတို့က မီးလုံးများ နှင့် ရေဗုံးများဖြင့် တိုက်ခိုက်နိုင်သူများကိုသာ စစ်မှန်သော ကျင့်ကြံသူများ အဖြစ် မှတ်ယူထားခဲ့ကြသည်။

“အဖေ.. ကျွန်တော်မလုပ်နိုင်တော့ဘူး”

လေ့ကျင့်ရေး၏ ပထမလအတွင်း ချန်းချောင်သည်သေလုမတတ် ခံစားခဲ့ရသည်။

သူ၏လက်ဖဝါးများက သစ်ခေါက်များနှင့် ပွတ်တိုက်နေရသဖြင့် သွေးများထွက်နေသည်။

ချန်းချောင်၏ နီမြန်းနေသော သွေးစက်အချို့သည် နှင်းဖုံးနေသော မြေပြင်ပေါ်သို့ကျဆင်းသွားပြီး နှင်းစက်များ အတွင်းသို့ တဖြည်းဖြည်း အရည်ပျော်ဝင်သွားခဲ့သည်။

“ငါ့သား.. သစ်ပင်အိုကြီးရဲ့ အမြစ်တွယ်တဲ့ပုံစံက ဘာအဓိပ္ပါယ်လဲ ဆိုတာ မင်းသိလား”

“အုတ်မြစ်ကို ခိုင်ခိုင်မာမာချရမယ် ဆိုတဲ့ အဓိပ္ပါယ်ကို ပြောချင်တာလားအဖေ”

သုံးနှစ်သားအရွယ် ချန်းချောင်က မေးလိုက်သည်။

“မဟုတ်ဘူး.. ငါပြောချင်တာက မင်းဒုက္ခရောက်တဲ့အခါမှာ မင်းဘယ်တော့မှ မကြောက်ရဘူး”

ဖေဖေချန်း “အားထည့်ပြီးဆက်လုပ်”

ချန်းချောင် “……….”

“လာပါ.. သစ်ပင်ကို မြေပေါ်ကို လှဲချနိုင်တဲ့အထိ ဆက်ပွတ်လိုက်ပါဦး”

ဖေဖေချန်းက ချန်းချောင်ကို တိုက်တွန်းလိုက်သည်။

ချန်းချောင်က ဗောဓိပင်မှ သစ်ခေါက်ကို လက်ဖဝါးဖြင့် ပွတ်သပ်ရင်း ငိုကြွေးလုမတတ် နာကျင်နေခဲ့ရသည်။

ဖေဖေချန်းက သူ့နောက်မှနေ ညွှန်ကြားပေးနေခဲ့သည်။

“၁ ၂ ၃ ၄ ၅ ၆ ၇ ၈… ၈ ၇ ၆ ၅…ဆက်လုပ်ထား…ထပ်လုပ်ပါ”

ချန်းချောင် “……..….”

ဝမ်လင်း “…..…….”

ထိုကဲ့သို့ကြိုးစားမှုကြောင့် အသက်သုံးနှစ်အရွယ် ချန်းချောင်သည် လေးနှစ်သား အရွယ်တွင် သံမဏိ သဲလက်ဝါး နည်းစနစ်၏ လေးနက်သော သဘောတရားကို နားလည်လာခဲ့သည်။

ချန်းချောင်၏ ကလေးဘဝက စိတ်ဝင်စားစရာ ဖြစ်ရပ်မျိုး သိပ်မရှိပေ။

သို့သော်လည်း ချန်းချောင်သည် ငယ်ရွယ်စဉ်အခါတွင် အလွန်တရာ အကျိုးဖြစ်ထွန်းခဲ့သည်။

ကျင့်ကြံခြင်းလောကရှိ ကလေးငယ်များသည် ငယ်ရွယ်စဉ်ကတည်းကပင် ဉာဏ်အလင်း ရရှိခဲ့ကြသည်။

ချန်းချောင်ကမူ သုံးနှစ်သားအရွယ်ကပင် သူ၏စွမ်းရည်က မနိမ့်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက ချန်းချောင်၏ ထိုမှတ်ဉာဏ်ကို ကြည့်ပြီးနောက်တွင် မှတ်ဉာဏ်ပင်လယ်ထဲရှိ ငွေမှင်ရောင် မှတ်ဉာဏ် အပိုင်းအစကို လှမ်းယူလိုက်သည်။

ထိုမှတ်ဉာဏ်အပိုင်းအစက မနှစ်မြို့ဖွယ် မှတ်ဉာဏ်တစ်ခုဟု ဆိုလိုသည့် နက်မှောင်သော အပိုင်းအစတစ်ခု ဖြစ်သည်။

၎င်းအပိုင်းအစသည် အခြားအပိုင်းအစ အများစုကဲ့သို့ ရောင်စုံ ဖြစ်မနေခဲ့ပေ။

ဝမ်လင်းက သူ့လက်ထဲမှ အပိုင်းအစကို ကိုင်ထားပြီးနောက်တွင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ချန်းချောင်၏ မှတ်ဉာဏ်ကမ္ဘာကို ပိုမိုနီးနီးကပ်ကပ် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဤသို့ဖြင့် ချန်းချောင်၏ မှတ်ဉာဏ်ကမ္ဘာတွင် ဝမ်ရှောင်လင်း ဟူသည့် လေးနှစ်အရွယ် မိန်းကလေးတစ်ယောက် ပေါ်ပေါက်လာသည်။

ဤမိန်းကလေးမှာ ဘုရင်မျက်လုံးနှင့် မဟာမှတ်ဉာဏ် တာအိုတို့ ပေါင်းစပ်ခြင်းမှ ဖန်တီးထားသည့် အသွင်ကူးပြောင်းမှု ဖြစ်ပြီး ဝမ်လင်းက သူ၏ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရန် အသုံးပြုခဲ့ခြင်းဖြစ်၏။

ထိုသို့ဖြင့် ချန်းချောင်၏ မှတ်ဉာဏ်အတွင်း၌ ဝမ်လင်းကနေ ပြောင်းလဲထားသည့် ဝမ်ရှောင်လင်းက တည်ရှိနေခဲ့သည်။

ဝမ်ရှောင်လင်းသည် ချန်းချောင်၏ မှတ်ဉာဏ်မှ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။

မှတ်ဉာဏ်ကမ္ဘာ၏ အစီအစဉ်ကို မထိခိုက်စေရန်အတွက် ဘုရင်မျက်လုံးသည် ဝမ်လင်းအား ထိုမိန်းကလေး၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲပေးခဲ့သည်။

ဤသည်က ဝမ်လင်းကို ချန်းချောင်အား ပိုမိုနီးကပ်စွာ ကြည့်ရှုနိုင်ရန် ကူညီပေးခဲ့သည်။

ငွေမှင်ရောင် မှတ်ဉာဏ်အပိုင်းအစများသည် လူတစ်ဦး၏ ဘဝတွင် ကြီးမားသော ပြောင်းလဲမှုများနှင့် ဖြစ်ရပ်များကို ကိုယ်စားပြုသည်။

ဝမ်လင်းက ဝမ်ရှောင်လင်းအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် ကလေးမလေး တစ်ယောက်၏ မျက်လုံးများဖြင့် ကမ္ဘာကြီးကို ကြည့်ရှုလေ့လာခဲ့သည်။

သူ၏မျက်လုံးရှေ့မှ မြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ပို၍ ကျယ်ပြန့်လာခဲ့သည်။

ဝမ်လင်းက အသိစိတ်ဝင်လာသောအခါ ပန်းခြံထဲတွင် ကလေးများစွာ ဝိုင်းရံခံထားရသည်ကို တွေ့လိုက်ရသည်။

“မင်းရဲ့အမေက ဒီနားမှာ အမှိုက်လာလာကောက်တဲ့ အမှိုက်ကောက်တဲ့ မိန်းမကြီး မဟုတ်လား.. မင်းရဲ့အမေက ဖန်ကွဲစတွေကို စုဆောင်းဖို့အတွက် ငါတို့အိမ်ကို နေ့တိုင်းလာခဲ့တယ်.. သူက နံစော်ပြီး ညစ်ပတ်နေတာပဲ.. အရမ်းလည်း ရွံဖို့ကောင်းတယ်”

ထိုစကားကို ပြောလိုက်သူက ဝမ်လင်းကို လူရာမသွင်းချင်သည့် ဖက်တီးတစ်ယောက် ဖြစ်သည်။

ချန်းချောင်၏ မှတ်ဉာဏ်ထဲမှ မိန်းကလေးသည် ထိုဖက်တီးကိုသိနေသည်။

ယခုဝမ်လင်းက ထိုမိန်းကလေး ဖြစ်လာ၍ သူမ၏မှတ်ဉာဏ်များကို ဝေမျှခဲ့သည်။

ဤဖက်တီး၏အမည်မှာ တိုက်ဂါးလျန့်ဖြစ်ပြီး ၎င်း၏မိသားစုသည် အလွန်ပင်ချမ်းသာသည်။

ဖက်တီး၏ဖခင်က ချန်းချောင်ဖခင်၏ စီးပွားပြိုင်ဘက် ဖြစ်ပြီး မျှခြေမှော်ခန်းမဟု ခေါ်သော မှော်ပညာစင်တာကို ကလေးများအတွက် ဖွင့်လှစ်ထားသည်။

ဤရပ်ကွက်တွင် နာမည်ကျော်သော ကျောင်းများမှာ ချန်းချောင်တို့ မိသားစု၏ စူပါခွန်အားသိုင်းခန်းမနှင့် လျန့်မိသားစု၏ မျှခြေမှော်ခန်းမတို့ ဖြစ်ကြသည်။

သို့သော် မကြာသေးမီနှစ်များကစ၍ မျှခြေမှော်ခန်းမသည် တစ်နေ့ထက်တစ်နေ့ တိုးတက် အောင်မြင်လာခဲ့သည်။

ထိုအတွက်ကြောင့် ချန်းမိသားစု၏ စူပါခွန်အား သိုင်းခန်းမသည် ပိတ်သိမ်းလုနီးပါးပင် ဖြစ်ခဲ့ရသည်။

ဖက်တီးက သူ့ကို နှိမ့်ချ၍ ပြောဆိုဆက်ဆံနေသော်လည်း ဝမ်လင်းက ဘာစကားမှ ပြန်မပြောခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်လင်းက ဆွံ့အသောကလေးမ ဖြစ်နေသောကြောင့်ပင်။

သူမ၏ ကလေးဘဝမှတ်ဉာဏ်များကို ဝေမျှထား၍ သူမ၏ အကြောက်တရားကို ဝမ်လင်းက ကောင်းစွာ ခံစားနိုင်ခဲ့သည်။

ဤသည်က ဝမ်လင်းကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

“အပြောင်းအလဲ လုပ်လိုက်ရမလား”

ဝမ်လင်းက ချီတုံချတုံဖြစ်ကာ တွေဝေနေခဲ့သည်။

သူက မှတ်ဉာဏ်၏ ကမ္ဘာ့စည်းမျဥ်းကို ပြောင်းလဲပစ်ပြီး မှတ်ဉာဏ်ကို ပြောင်းလဲပစ်နိုင်သည်။

လောလောဆယ်တွင်မူ သူက စိတ်ရှည်ရန် ဆုံးဖြတ်ခဲ့ပြီး ဘာဆက်ဖြစ်လာမလဲ ဆိုသည်ကို စောင့်မျှော်နေခဲ့သည်။

လူတိုင်းသည် ၎င်းတို့၏ဘဝတွင် ငွေမှင်ရောင် မှတ်ဉာဏ် အပိုင်းအစမျိုး ရှိကြသည်။

ယင်းမှာ ၎င်းတို့ခံရမည့် ဘေးဆိုးများကို ကိုယ်စားပြုသည်။

ဤဘေးဆိုးများကို ဖြတ်သန်းရခြင်းသည် ၎င်းတို့၏ကံကြမ္မာပင် ဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်သောအရာ ဖြစ်သည်။

ဥပမာအားဖြင့် ဝမ်လင်း အသက်၆နှစ်အရွယ်တွင် ခေါက်ဆွဲခြောက်ကြွပ်ကြော်ဆိုင်သည် ထွင်ထျန်းဟာ၏ ကောင်းကင်ပေါ်မှ ပြုတ်ကျလာမှုကြောင့် တစ်စစီကြေမွ ပျက်စီးသွားခဲ့သည်။

မှတ်ဉာဏ်ကို အတင်းအကျပ် ပြောင်းလဲလိုက်လျှင် ချန်းချောင်သည် အနာဂတ်တွင် ပိုဆိုးသည့်ဒုက္ခကို ရင်ဆိုင်ရနိုင်မှန်း ဝမ်လင်းက သိထားခဲ့သည်။

ထိုအချိန်မှာပင် ဝမ်လင်း၏နားထဲသို့ ရင်းနှီးသော အသံတစ်ခုက ရောက်ရှိလာခဲ့သည်။

ထိုအသံပိုင်ရှင်မှာ ချန်းချောင် ဖြစ်သည်။

“ကောင်မလေးကို လွှတ်လိုက်စမ်း”

ချန်းချောင်က ဝမ်လင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လက်ပိုက်ကာ ကြိမ်းမောင်းလိုက်သည်။

ဝမ်လင်းက ယခုအခါတွင် မိန်းကလေး၏ မှတ်ဉာဏ်များနှင့် လိုက်လျောညီထွေ ရှိနေခဲ့၏။

ထိုအချိန်က ချန်းချောင်၏ပုံသဏ္ဍာန်သည် ကောင်းကင်မှဆင်းသက်လာသော သူရဲကောင်းတစ်ဦးဟုပင် ထင်ရသည်။

“ညီလေးလျန့်.. သူက ချန်းမိသားစုက ချန်းချောင်ပဲ”

တိုက်ဂါးလျန့်သည် ဤနေရာသို့ မျှခြေမှော်ခန်းမမှ ကျောင်းသားအဖွဲ့ဝင်များဖြစ်သည့် လက်ပါးစေနှစ်ဦးနှင့် အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မျှခြေ မှော်ခန်းမတွင် တိုက်ဂါးလျန့်၏ လက်ပါးစေအဖြစ် ခံယူခဲ့လျှင် သင်တန်းလျှော့ကြေးများ ရရှိနိုင်သည်။

လူတစ်ဦးစီသည် အများဆုံး ၄၀%အထိ လျှော့ဈေးရရှိမည် ဖြစ်၏။

မျှခြေမှော်ခန်းမ၏ အဖွဲ့ဝင် စာရင်းသွင်းမှုသည် ဤနှစ်ပိုင်းတွင် မကြုံစဖူး မြင့်တက်လာခဲ့သည်။

မိဘများက ပိုက်ဆံချွေတာရန် အတွက် သူတို့၏ သားသမီးများကို တိုက်ဂါးလျန့်နားသို့ တမင်တကာ ချဉ်းကပ်ခိုင်းထားရာ တိုက်ဂါးလျန့်အနေဖြင့် လက်ပါးစေ အများအပြား ရှိနေခဲ့သည်။

“ချန်းချောင် ဆိုတာသူလား.. ဒီကောင်က စူပါခွန်အားသိုင်းခန်းမက မဟုတ်လား.. အဲဒီ သိုင်းခန်းမက ဒိတ်အောက်နေတဲ့ခန္ဓာကိုယ် နည်းစနစ်တွေကို သင်ပြပေးတဲ့ သိုင်းခန်းမ မဟုတ်လား”

တိုက်ဂါးလျန့်က ဟားတိုက်လိုက်သည်။

ထို့နောက် သူ၏ လက်ဖဝါးကိုဖွင့်လိုက်ရာ မီးလုံးကြီးတစ်ခုက လက်ပေါ်၌ ခုန်ပေါက်လာသည်။

“မင်းရဲ့ခန္ဓာကိုယ်နည်းစနစ်ကပဲ အားကောင်းသလား.. ဒါမှမဟုတ် ငါ့ရဲ့ မီးလုံးတွေကပဲ ပိုမိုအားကောင်းသလား ဆိုတာ စမ်းသပ်ကြည့်လိုက်ရအောင်”

ထိုစကားကိုကြားလျှင် ချန်းချောင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး တိုက်ဂါးလျန့်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။

“လေအိုးဖက်တီး.. မင်းကို ငါ့ရဲ့လက်ဝါးသိုင်းနဲ့ ဖျက်ဆီးပြမယ်”

“ဟားဟား.. မင်းကိုယ်မင်း ဗုဒ္ဓလက်ဝါးသိုင်းတတ်တယ်များထင်နေလား.. မင်းက အခုမှ အသက်လေးနှစ်ပဲ ရှိသေးတာ.. ငါ့ကို ဘယ်လိုလုပ်တိုက်နိုင်မှာလဲ”

တိုက်ဂါးလျန့်က ကျယ်လောင်စွာရယ်မော၍ ခနဲ့လိုက်သည်။

ထို့နောက်တွင် ချန်းချောင်သည် စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ဂါးလျန့်၏ ခြေထောက်ကို သူ၏လက်ဝါးဖြင့် လျင်မြန်စွာ ရိုက်ချလိုက်သည်။

“ငါက ဗုဒ္ဓလက်ဝါးသိုင်းကို မတတ်ပေမဲ့ သံမဏိသဲလက်ဝါးသိုင်းကိုတော့ တတ်ထားတယ်”

ချန်းချောင်က သူ၏လက်ကို ရုတ်သိမ်းလိုက်သည်။

တိုက်ဂါးလျန့်က နာကျင်စွာအော်ဟစ်လိုက်ပြီး တဆတ်ဆတ် တုန်ယင်နေသော သူ၏ခြေထောက်ကို ဆုပ်ကိုင်ထားလိုက်သည်။

သို့ရာတွင် သူက မီးဘောလုံးမှော်အတတ်ကို ရုတ်သိမ်းရန် မေ့သွားခဲ့ရာ သူ၏ခြေထောက်တွင် မီးဘောလုံးက ပေါက်ကွဲသွားခဲ့သည်။

ထိုနေ့တွင် ချန်းချောင်သည် သူ၏ခန္ဓာကိုယ်နည်းစနစ်ဖြင့် မိန်းကလေးတစ်ဦးကို ကယ်တင်ခဲ့သည်။

ထိုအခါက သူသည် လေးနှစ်အရွယ်သာ ရှိသေး၏။

အပိုင်း(၉၄၉) ပြီး၏

All Chapters