← Chapters

ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်

Vol. 23 Ch. 340

ခမ်းနားသော အင်မော်တယ် ဗုဒ္ဓဘာသာ ပိဋိကတ်တိုက်

Vol. 23 Ch. 340

ကျိုက်ယန် နှင့် အချိန်ဖြုန်းသည်က တစ္ဆေသရဲ နောက်ကလိုက်နေသလို ခံစားရစေသည်။

နောက်တစ်နည်းပြောရလျှင် ကျိုက်ယန်က တစ္ဆေသရဲထက် ပိုဆိုး၏။

ယခုမူ ဝမ်လင်းက အကြည့်ဖြင့် သတိပေးထား၍ အပေါ်ထပ်သို့ လိုက်မလာတော့ပေ။

တကယ်တမ်းတွင် နောက်ဆုံးအကြိမ် ဝမ်မိသားစု အိမ်ငယ်လေးမှ ထွက်ခွာလာပြီးနောက် ဝမ်မင်က ဤပြဿနာကို ဥက္ကဌချီ နှင့် ပုဂ္ဂိုလ်ရေးအရ ပြောခဲ့သည်။

အကယ်၍ ဥက္ကဌချီ၏ ညွှန်ကြားချက်ကြောင့်သာ မဟုတ်လျှင် ကျိုက်ယန်က ဝမ်မင် သွားသည့် နေရာတိုင်းကို မျက်စိနောက်ဖွယ်ကောင်းအောင် လိုက်နေနိုင်ဖွယ် ရှိသည်။

ဒုတိယထပ်ရှိ အခန်းထဲကို ရောက်သည်နှင့် ဝမ်မင်က ကုတင်ပေါ် လှဲချလိုက်သည်။

သူတကယ်ကို လုံးလုံးလျားလျား ကြေကွဲသွားသလို ခံစားနေရ၏။

ပြဿနာအရှိဆုံးမှာ ကျိုက်ယန်က သူ့အကြောင်း ဥက္ကဌချီထံ ဝမ်မင် တိုင်ကြားမည်ကို လုံးဝ မကြောက်ခြင်းပင်။

အိမ်ငယ်လေးထဲသို့ ဝင်လာပြီးနောက် ကျိုက်ယန်၏ သဘောထားမှာ ထင်ရှားသည်။

သူဘယ်လောက်ပဲ ဥက္ကဌချီကို အထွန့်တက်ပါစေ၊ ဥက္ကဌချီက သူ့ကိုယ်ပိုင် စိတ်ဆန္ဒဖြင့် ကျိုက်ယန်ကို မထုတ်ပယ်ရဲပေ။

ဝမ်မင်က တိုင်ကြားရုံသာ တတ်နိုင်ခဲ့သည်။

ယင်းမှာ "နတ်ကို ဖိတ်ခေါ်ရန် လွယ်ကူသော်လည်း ပြန်ပို့ဖို့ ခက်ခဲသည်" ဟူသောစကားလိုပင်။

ဟုတ်ပါသည်။ ဤကိစ္စတွင် ရှုပ်ထွေးသည့် အချက်အလက် အများအပြား ပါ၀င်၏။

၎င်းတို့ထဲမှ တစ်ခုမှာ ဝမ်မင်က နိုင်ငံတော်၏ အကာအကွယ်အောက်တွင် ရှိသင့်သူ တစ်ဦး ဖြစ်သောကြောင့် သီအိုရီအရ သူ့ကို ကာကွယ်ရန် စီစဉ်သူတိုင်းကို ငြင်းပယ်၍ မရပေ။

သုတေသီတစ်ဦး အနေဖြင့် သူက နေ့စဥ် သုတေသနလုပ်နေသည့်တိုင် ကျိုက်ယန်၏ "ကာကွယ်မှု" မှ မလွတ်ကင်းနိုင်ပေ။

တစ်ချိန်လုံး ငေးကြည့်ခံနေရသည့် ခံစားချက်က တကယ်ကို နာကျင်လွန်းလှသည်။

"လင်းလင်း ငါသေချင်တယ်ကွာ"

ဝမ်မင်က ကုတင်ပေါ်ကနေ ငြီးတွားလိုက်သည်။

"ဒီကောင်က ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့က လာတယ်ဆိုတာ မင်းသိလား"

ဤနာမည်ကိုကြားလျှင် ဝမ်လင်း၏ အမူအရာက အံ့အားသင့်သွားသည်။

အမှတ် 60 အထက်တန်းကျောင်း၏ ကျောင်းစောင့်ဖြစ်သည့် အဖိုးကြီးလီနှင့် တွေ့ဆုံပြီးကတည်းက အမျိုးသား အထူးတိုက်ခိုက်ရေး တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံအကြောင်းများကို သူစတင်လေ့လာခဲ့၏။

ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့သည် ဤအထူးတပ်ဖွဲ့အားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီး အထူးတပ်ဖွဲ့များစွာကို တိုက်ရိုက် တရားစီရင်ပိုင်ခွင့် ရှိသည့် ခေါင်းဆောင်၏ ဌာနခွဲတစ်ခု ဖြစ်သည်။

ခမ်းနားသော အင်မော်တယ် အထူးတပ်ဖွဲ့နှင့် နှိုင်းယှဉ်လျှင် အဖိုးကြီးလီ၏ ကြယ်ခုနစ်ပွင့်အထူးတပ်ဖွဲ့မှာ အကိုင်းအခက်မျှသာ ဖြစ်သည်။

ထိုအဖွဲ့မှ ထွက်လာသူတိုင်းက စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ပြီး သာမန် မဟုတ်သည်မှာ သေချာသည်။

"အခုသူ့ကို ဥက္ကဌချီက လွယ်လွယ်နဲ့ မထုတ်နိုင်ရတဲ့ အကြောင်းရင်းကို မင်းသိပြီ မဟုတ်လား"

ဝမ်မင်က ဝမ်လင်းကို ကြည့်ပြီး ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်သည်။

"ဒါ့အပြင် ဒီကောင့်မှာ ထူးခြားတဲ့ လက္ခဏာတစ်ခုရှိတယ်.."

ဝမ်လင်း "....?....."

"ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့ရဲ့ နေရာမှာ ဗုဒ္ဓကျမ်းစာတွေကို စုစည်းထားတဲ့ ဟွာရှို့ နိုင်ငံတစ်ဝန်းလုံးရဲ့ အကြီးမားဆုံးပိဋိကတ်တိုက်ရှိတယ်.. အဲဒီမှာ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းခဲ့တဲ့ လျှို့ဝှက်ကိုယ်ခံပညာ လက်ရေးမူတွေအများကြီးရှိတယ်.. အဲဒီအချိန်က ကျမ်းစာကို 24နာရီလုံး ကာကွယ်ဖို့အတွက် နိုင်ငံက အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်.. အဲဒါက ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့ရဲ့ အစပဲ"

ဝမ်မင်က ဆက်ပြောလိုက်သည်။

"ရှောင်လင်ဂိုဏ်းက တံမြက်စည်းလှည်းတဲ့ အဆင့်မြင့် ဘုန်းကြီးကို သိတယ်မလား"

"..........."

ဝမ်လင်း ခေါင်းညိတ်လိုက်သည်။

"ဒီလူရဲ့ လက္ခဏာက အဲဒီဘုန်းကြီးနဲ့ တူတယ်.. ဘာလို့လည်းဆိုတော့ သူကလည်း တံမြက်လှည်း ကိုယ်တော်လို ပိဋိကတ်တိုက်မှူး ဖြစ်နေလို့ပဲ"

"အိုး တကယ်ပဲ.. ဥက္ကဌချီက ဒီငကြောင်ကို ဘယ်လိုများ ခေါ်လာတာပါလိမ့်"

ဝမ်လင်း "..........."

......................

ဝမ်မင်က ပွင့်လင်းစွာ ရင်ဖွင့်နေရခြင်းမှာ ဤကာလအတွင်း ကျိုက်ယန်၏ မဆုတ်မနစ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဝမ်မင်က သူ၏ နာကျင်မှုကို မဖြေဖျောက်မီ အပေါ်ထပ်တွင် နာရီဝက်ကြာအောင် အချိန်ယူခဲ့ရသည်။

သို့သော်မှ နှလုံးသားထဲက တင်းမာနေသော မကျေမနပ်မှုများကို မဖြေဖျောက်နိုင်ခဲ့ပေ။

ဝမ်လင်း၏ အိပ်ခန်းထဲတွင် အသံလုံ အတားအဆီးတစ်ခု ရှိနေကြောင်း သူသိထားတာကြောင့် ကျိုက်ယန် ကြားမည်ကို သူ လုံးဝ မစိုးရိမ်ခဲ့ပေ။

အရင်က သူ့နောက်ကို မည်သူမှ မလိုက်ခဲ့စဥ်က တော်တော်လေး လွတ်လပ်ခဲ့၏။

ယခုမူ ကျိုက်ယန်က သူနှင့်အတူ အမြဲရှိနေခဲ့သည်။

ကျိုက်ယန်က သူ့ဘာသာ သူ့ဖုန်းမက်ဆေ့ခ်ျကို ခဏခဏ စစ်ကြည့်နေသည်ကပင် ဝမ်မင်၏ အာရုံကို တကယ် အနှောင့်အယှက် ဖြစ်စေသည်။

ထိုသို့ မကျေနပ်ချက်တွေ အားလုံးကို ပြောနေသည့် ဝမ်မင်တွင် ကိုယ်ပိုင်စိတ်ဆန္ဒ တစ်ခု ရှိနေမှန်း ဝမ်လင်းသိသည်။

ဆိုရလျှင် ဝမ်မင်က ကျိုက်ယန်ကို မမောင်းထုတ်နိုင်တော့ဘဲ အပြည့်အဝ အသုံးချလိုနေ၏။

ကျိုက်ယန်တွင် ဝမ်မင်ကို ကာကွယ်ခြင်းအပြင် အသုံးချနိုင်သည့် အလားအလာကောင်းများ ရှိသည်။

တစ်နည်းအားဖြင့် ဝမ်မင်က ကျိုက်ယန်၏ ဦးနှောက်သည် သူ၏ အစွမ်းထက်ဆုံး ဦးနှောက်ကို ရှုံးနိမ့်စေမည့် ရှားပါးပစ္စည်းကောင်း တစ်ခုဟု တွေးထင်ခဲ့သည်။

ကျိုက်ယန်က နှစ်ပေါင်းရာနှင့်ချီ ပိဋိကတ်တိုက်မှူး လုပ်ခဲ့၍ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ယခုအခါတွင် သက်ရှိပိဋိကတ်တိုက်သဖွယ် ဖြစ်နေသည် မဟုတ်ပါလော။

ဝမ်မင် "လင်း.. ကျိုက်ယန် ခေါင်းထဲမှာ ဗဟုသုတ အမြောက်အမြား ရှိမှာပဲ.. ငါ့ကို ကျင့်ကြံဖို့ ကူညီပေးနိုင်တဲ့ မှတ်တမ်းတွေ ရှိနိုင်မယ်လို့ မင်းထင်လား"

ဝမ်လင်း၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။

"............."

[ဒီကောင် ဘယ်လိုလုပ်ပြီး အရူးလို တွေးနေတာလဲ]

ဝမ်မင်က ငယ်စဉ်ကတည်းကပင် သူ၏ ကိုယ်လုံးကိုယ်ပေါက်ကြောင့် မလေ့ကျင့်နိုင်ခဲ့ပေ။

သူ့အနေဖြင့် ကျင့်ကြံဖို့ စိတ်အားထက်သန်လျှင်ပင် ဘာမှမတတ်နိုင် ဖြစ်နေသည်။

ဝမ်လင်းက 'သာတူညီမျှ လဲလှယ်ခြင်း စွမ်းရည်' ပါ၀င်သည့် တားမြစ်နည်းလမ်း တစ်ခုကို သိသည်။

သို့သော်လည်း ဝမ်မင်၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုမှာ သူ့ဦးနှောက်ဖြစ်သည်။

ကျင့်ကြံရန် အခွင့်အရေးအတွက် ဦးနှောက်နှင့် လဲလှယ်ပေးလိုက်လျှင် ဤအရာသည် လုံးဝ မိုက်မဲသော လဲလှယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

လူတစ်ယောက်တွင် ဦးနှောက်ပင် မရှိဘဲ မည်သို့ ကျင့်ကြံမှု လုပ်နိုင်မည်နည်း။

"ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့ရဲ့ ပိဋိကတ်တိုက်ထဲမှာ မင်းအရင်က မကြားဖူး.. မမြင်ဖူးတဲ့အရာတွေ အများကြီးရှိတယ်.. ဘယ်သူသိနိုင်မှာလဲ မင်းရဲ့အော်ရာကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ်တစ်ခုတောင် ရှိချင်ရှိနိုင်တယ်..ရှိခဲ့ရင်တော့ မင်းတာအိုအဆောင်လက်ဖွဲ့ကို ထပ်သုံးစရာ မလိုတော့ဘူး"

ဝမ်မင်က မေးစေ့ကို ပွတ်သပ်ပြီး ဝမ်လင်းကို လေးလေးနက်နက် ကြည့်လိုက်သည် ။

"လင်း.. ကျိုက်ယန်ကို ဘယ်လိုလုပ်သင့်လဲ.. သူ့ဦးနှောက်ကို လေ့လာဖို့ သူ့ခေါင်းကို ဖြတ်ပစ်လိုက်ရမလား"

ဝမ်လင်း "............"

[ဒီလို ကြောက်စရာကောင်းတဲ့ အတွေးကို ဒီကမ္ဘာပေါ်မှာ ဒီကောင်ကလွဲပြီး ဘယ်သူကများ လေးလေးနက်နက် စဉ်းစားမှာလဲ]

ဝမ်လင်းက ဝမ်မင်၏ စိတ်ကူးယဉ်ဆန်သော စိတ်ကူးကို လျစ်လျူရှုပြီး ကောင်းကင်မျက်လုံးကို တိုက်ရိုက်ဖွင့်ကာ ဝမ်မင်အား ပေးရန်အတွက် သူ၏ ရူပါရုံနယ်ပယ်ထဲမှ ကောင်းကင်သတ္တုဓားကို ထုတ်ယူလိုက်သည်။

ဝမ်မင်က ခေါင်းညိတ်လိုက်သည်။

ဤဓားကို မြင်လိုက်သည်နှင့် သူ့လာရင်းကိစ္စကို သတိပြန်ရသွားသည်။

"ဒီဓားကို ငါပြန်ယူသွားပြီး လေ့လာလိုက်မယ်"

ဝမ်မင်က ဓားကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ ခေါင်းညိတ်လိုက်တယ်။

ဤလက်စွပ်အား ဝိညာဉ်စွမ်းအင်ဖြင့် အားဖြည့်ထားခြင်း မဟုတ်လျှင် ဝိညာဉ်စွမ်းအင်မရှိသော ဝမ်မင်က သိုလှောင်ခန်းကို လုံးဝ လည်ပတ်နိုင်မည် မဟုတ်ပေ။

လက်စွပ်ထဲရှိ ဝိညာဉ်စွမ်းအင် ကုန်သွားခဲ့၍ အားအပြည့်ပြန်သွင်းလျှင် တစ်ပတ်ခန့်အထိ ကြာနိုင်သည်။

ယင်းက မှော်ရတနာများကို သုတေသနပြုပြီး အနက်ရောင်နည်းပညာဖြင့် ပေါင်းစပ်ကာ တီထွင် ဖန်တီးခဲ့သည့် ဝမ်မင်၏ အထူး ဖန်တီးမှု ဖြစ်သည်။

"အင်း ဟုတ်သားပဲ လင်း.. ငါမင်းကိုပေးစရာရှိတယ်"

ပြောပြောဆိုဆို သူက သိုလှောင်လက်စွပ်မှ လက်ဖဝါးအရွယ်ရှိ ကြက်ဥအရွယ် အရာဝတ္ထုတစ်ခုကို ထုတ်ယူပြီး ဝမ်လင်းအား ပေးလိုက်သည်။

"မင်းမသိလောက်ပေမဲ့ ဒါက အဒေါ်ရဲ့ အချိန်ဆေးတောင့်ပဲ.. မင်းမမွေးခင်က အဒေါ်ရဲ့ ဝတ္ထုမူကြမ်း အားလုံးကို ဒီဆေးတောင့်ထဲမှာ ထည့်ထားတယ်.. အဲဒီအချိန်က ဦးလေးနဲ့ အဒေါ်တို့က ငါ့ကို စာမူတွေ သိမ်းဆည်းပေးဖို့ တောင်းဆိုတဲ့အတွက် ငါက စာမူတွေကို ငါ့ရဲ့ ဓာတ်ခွဲခန်းဆီ ယူသွားပြီး အချိန်ဆေးတောင့်ထဲ ထည့်သိမ်းခဲ့တယ်"

ဤအထိ ပြောပြီးသည့်နောက် ဝမ်မင်၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင် ပေါ်လာသည်။

"ဒါပေမယ့် အဲဒီတုန်းက မတော်တဆမှုလေး တစ်ခုတော့ ရှိခဲ့တယ်.."

"....?...."

ဝမ်လင်းက ဆေးတောင့်ကို လက်ထဲတွင် ကိုင်ထားရင်း မျက်နှာပေါ်တွင် အံ့ဩသော အမူအရာ ပေါ်လာသည်။

"အဲဒီတုန်းက ဗိုလ်ချုပ်ရီက အတိတ်ကိုပြန်သွားပြီး ကွာဖီရဲ့စိတ်ဝိညာဥ်မှာ ထောက်လှမ်းရေးချစ်ပ်ပြားကို ထည့်ဖို့ ကြံစည်ခဲ့တယ်.. ဒါပေမယ့် အဲဒီမတိုင်ခင်မှာ အကြီးအကဲတွေက တခြားအရာတစ်ခုခုနဲ့ အရင်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်"

ဝမ်လင်း "............"

ထိုစကားကို ပြောပြီးနောက် ဝမ်မင်က မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်သည်။

"အဲဒီနောက်မှာတော့ ငါတောင် မသိလိုက်ဘဲ ဘယ်လူမိုက်က အချိန်ဆေးတောင့်ကို အတိတ်ကို ပို့လိုက်တာလည်း မသိဘူး.. ဒီဆေးတောင့်က မကြာသေးခင်ကမှ ဒီကို ပြန်ရောက်လာခဲ့တာ"

ဝမ်လင်း "............"

ဝမ်မင် "အခုတော့ မင်းပဲ ဆက်လက် ထိန်းသိမ်းထားတာ ပိုကောင်းမယ်လို့ ငါထင်တယ်"

ဝမ်လင်း "............."

ဝမ်မင်က အချိန်ဆေးတောင့် ပျောက်ကွယ်သွားသည့် အချိန်တစ်လျှောက်လုံး ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

ယခု ဝမ်လင်း၏လက်ထဲသို့ ပြန်အပ်နိုင်သောအခါမှ သူ သက်ပြင်းချနိုင်ခဲ့သည်။

"အင်း ဒီဆေးထောင့်ထဲမှာ အဒေါ် ကလောင်နာမည်အသစ်နဲ့ မထုတ်ဝေရသေးတဲ့ စာမူကို ထည့်ထားတယ်"

"မင်းစိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့.. အရမ်းဖတ်ကောင်းသောပဲ"

ဝမ်မင်က ကုတင်ပေါ်တွင် ထိုင်ကာ ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

"ဒါ့အပြင် အဒေါ်ရဲ့ ကလောင်နာမည်အသစ်က အရမ်းလန်းတယ်"

"ကလောင်နာမည်ကဘာလဲ"

ဝမ်လင်းက မေးလိုက်သည်။

ဝမ်မင် "မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်"

ဝမ်လင်း "............"

All Chapters