← Chapters

စကားလုံးသည် ဥပဒေသဖြစ်သည်

Vol. 62 Ch. 919

စကားလုံးသည် ဥပဒေသဖြစ်သည်

Vol. 62 Ch. 919

ဘားထဲရှိမွန်းစတားများစွာက ကြောက်လန့်သွားသောကြောင့် ဘားထဲတွင် ရှုပ်ရှက်ခက်နေခဲ့သည်။

ဤကဲ့သို့ ကြောက်စရာကောင်းသော မွန်းစတားတစ်ကောင်ကို သူတို့တစ်ခါမှ မတွေ့ဖူးပေ။

အနီရောက်ကြွက်သားကြီးများရှိပြီး မိစ္ဆာဘုရင်များကဲ့သို့ ဦးချိုများ ပါရှိသော မွန်းစတားမှာ မည်သူနည်း။

ထိုမွန်းစတားက အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်ပြီး ဘားတန်ဒါကိုပင် သတ်ပစ်ခဲ့သည်။

ဘားထဲရှိ မွန်းစတားများစွာက အံ့ဩထိတ်လန့်သွားကြသည်။

အချို့ကခေါင်းနောက်တွင် လက်ချိတ်၍ မြေပြင်ပေါ် လှဲနေကြပြီး အချို့က တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ကာ ဘားထဲမှ အလျင်အမြန်ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။

မွန်းစတားများ ပြေးထွက်လာသည့် အရှိန်အဟုန်သည် ၎င်းတို့၏နားစည်ကိုပင် တုန်ခါသွားစေခဲ့သည်။

“ဂိမ်းရဲ့အသံစနစ်က သောက်ရမ်းကောင်းတာပဲ.. လက်တွေ့ကျလွန်းတဲ့ တုန့်ပြန်မှုတွေကိုတောင်မှ ပေးနိုင်တယ်”

ထွက်ပြေးသွားသော မွန်းစတားများကိုကြည့်ပြီး ချန်းချောင်က သက်ပြင်းချလိုက်သည်။

“အား”

ထို့နောက် ချန်းချောင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

အကြောင်းအရင်းမှာ သူ၏ နောက်ကျောကို လေဆာရောင်ခြည်က ထိသွားသောကြောင့် ဖြစ်၏။

သို့သော် ဝမ်လင်း၏ အကာအကွယ် အလင်းရောင်ကြောင့် လေဆာရောင်ခြည်က ချန်းချောင်၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

စင်စစ် ချန်းချောင်၏ နာကျင်မှုသည် နဖူးတောက် ခံရသလောက်သာ ရှိသည်။

ချန်းချောင်က နောက်သို့လှည့်ကြည့်လိုက်ရာ ကြောက်လန့်သောမျက်နှာပေးဖြင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော စားပွဲထိုးကို တွေ့လိုက်ရလျှင် ကော်လာကို ဆွဲကိုင်လိုက်သည်။

“ဟားဟား.. ဒီနေရာမှာရှိတဲ့ NPCတွေက တကယ်ကြီး ပြန်လည် တိုက်ခိုက်နိုင်တယ်ဟ”

ပုတ်သင်စားပွဲထိုး၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။

ကော်ဟောက်နှင့် မြေပဲလေးတို့က ချန်းချောင်၏အနားသို့ တိုးကပ်လာသည်။

ကော်ဟောက်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီလိုဂိမ်းမျိုးကို ဖန်တီးဖို့က အကုန်အကျ အရမ်းများမယ်ဆိုတာ သေချာတယ်.. ဂိမ်းထဲက NPCရဲ့ ထိတ်လန့်တဲ့ အမူအရာကတောင် အရမ်းကို အသက်ဝင်နေတာပဲ ကြည့်တော့”

ထိုခဏတွင် ချန်းချောင်သည် ပုတ်သင်စားပွဲထိုးကို သေနက်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

ယင်းအချိန်မှာပင် ဘား၏အပြင်ဘက်မှ ဥဩဆွဲသံများ ထွက်ပေါ်လာ၏။

ထိုအသံကိုကြားလျှင် ချန်းချောင်က ဝမ်းသာသွားခဲ့သည်။

“စိတ်မပူနဲ့တော့.. ငါတို့တွေ ဇာတ်ကွက်ကို အစပျိုးနိုင်ခဲ့ပြီ.. သီအိုရီအရဆို အစောင့်တွေရဲ့ ဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် တစ်စုံတစ်ယောက် ပေါ်လာဖို့ လိုအပ်နေတယ်”

ချန်းချောင်၏ စကားဆုံးသည်နှင့် မျက်နှာကျက်တွင် အပေါက်ကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ထိုအပေါက်ကနေ ဆင်းသက်လာခဲ့သည်။

“ကြည့်လေ.. ငါမပြောဘူးလား”

ချန်းချောင်က ရယ်မောလိုက်သည်။

ဝမ်လင်း၊ ဖန့်ရှင်းနှင့် ပိုင်ချောင်း “……….”

“ဘာလုပ်နေတာလဲ.. သွားကြစို့”

လူရွှင်တော်မျက်နှာဖုံး စွပ်ထားသည့် ထိုအမျိုးသားကသူ၏လက်ကို ဝှေ့ရမ်းလိုက်ရာ ပြိုးပြိုးပြက်ပြက်တောက်ပသော ခရမ်းရောင် နေရာလွတ် ဥမင်လှိုဏ်ခေါင်းတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

သို့ရာတွင် ယင်းမှာ မှော်အတတ်တစ်ခု မဟုတ်ပေ။

ဝမ်လင်းက ထိုအမျိုးသား၏ လက်တွင် စွပ်ထားသော ကျောက်စိမ်းလက်စွပ်ကို သတိထားမိခဲ့သည်။

ဆိုရလျှင် ခရမ်းရောင် နေရာလွတ် ဥမင်လှိုဏ်ခေါင်းသည် ကျောက်စိမ်းလက်စွပ် အတွင်း ပါဝင်သောစွမ်းအားဖြင့် ဖွင့်ထားခြင်း ဖြစ်သည်။

ထိုစွမ်းအားက ဝိညာဉ်ချီ သို့မဟုတ် ကမ္ဘာဦးချီ မဟုတ်ဘဲ အမည်မသိ စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်သည်။

“ဒါတွေက ဘာတွေလဲ.. မွန်းစတားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဂြိုဟ်ကရော ဘာဂြိုဟ်လဲ”

ဤမေးခွန်းများ၏ အဖြေကို များမကြာမီတွင် သိလာပေလိမ့်မည်။

ခေါင်းပေါ်တွင် မှိတ်တုတ်မှိတ်တုတ်မီးများ ပါသော လိပ်ပြာအစောင့်တပ်ဖွဲ့ကြီး ဘားသို့ ရောက်မလာမီတွင် ဝမ်လင်းတို့အဖွဲ့သည် ရုတ်ချည်း ရောက်လာသော အနက်ရောင်ဝတ်စုံဝတ်လူ၏ အကူအညီဖြင့် လျှို့ဝှက်ဆန်းကြယ်သော အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဝမ်လင်းက ဂြိုဟ်တစ်ခုလုံးကို သူ၏ ဘုရင်မျက်လုံးဖြင့် စစ်ဆေးခဲ့ပြီးပြီ ဖြစ်၍ ဤနေရာက မည်သည့်နေရာဖြစ်သည်ကို ကောင်းစွာ သိရှိထားသည်။

“နောက်ဆုံးတော့ မင်းတို့တွေ ရောက်လာခဲ့ပြီကိုး”

ထိုလူက မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်သည်။

၎င်းက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မျက်လုံးထောင့်တွင် တြိဂံပုံသဏ္ဍာန် မှဲ့တစ်ခု ရှိသည်။

အနက်ရောင်ဝတ်ရုံကို ချွတ်လိုက်ပြီးနောက်တွင် ထိုလူ၏ ကိုယ်ပေါ်၌ အနက်ရောင် အားကစားအင်္ကျီနှင့် အနက်ရောင်အားကစား ဘောင်းဘီရှည် ထင်ရှားစွာ ထွက်ပေါ်လာသည်။

ထိုခဏတွင် ထိုလူ၏ ညာဘက်ရင်ဘတ်ပေါ်မှာ သင်္ကေတတစ်ခုက ဝမ်လင်း၏ အာရုံကို ဖမ်းစားခဲ့သည်။

ယင်းမှာ ဟွာရှို့၏ကျင့်ကြံခြင်းနှင့် မှော်ရတနာ သုတေသနဌာန၏ တံဆိပ် ဖြစ်သည်။

သူ၏ဝမ်းကွဲအစ်ကိုဖြစ်သည့် ဝမ်မင်တွင်လည်း ထိုကဲ့သို့တံဆိပ် ရှိသည်မဟုတ်လော။

ဝမ်လင်းတစ်ယောက်တည်း သာမက အခြားသူများလည်း ထိုအမှတ်သင်္ကေတကို သတိထားမိကြသည်။

ဈေးကွက်တွင် ဖြန့်ချီထားသော မှော်ရတနာ အများအပြားသည် သုတေသနဌာနမှ မူပိုင်ခွင့်တင်၍ ထုတ်ထားသော ထုတ်ကုန်များ ဖြစ်သောကြောင့် ကျောင်းသားများအနေဖြင့် ဤသင်္ကေတကို ရင်းနှီးနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။

“ကြည့်လေ ဝမ်လင်း.. ငါမပြောဘူးလား.. ငါတို့တွေက ဇာတ်ကွက်ကို အစပျိုးနိုင်ခဲ့ပြီ”

ချန်းချောင်က သူ့ဘေးနားရှိ ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်သည်။

ဝမ်လင်း “……….”

“ခင်ဗျားဘယ်သူလဲ”

ဖန့်ရှင်းက သူတို့ရှေ့မှ လူကို စိုက်ကြည့်၍ မေးလိုက်သည်။

“မင်းတို့လိုပဲ ငါက ဟွာရှို့လူမျိုးတစ်ယောက်ပါ.. ငါ့နာမည်ကကော်ဖျင်လို့ ခေါ်တယ်”

ထို့နောက်တွင် သူက ကော်ဟောက်ကို လှမ်းကြည့်လိုက်သည်။

“သူက ငါ့ရဲ့တူပဲ”

လူတိုင်း “……….”

ကော်ဟောက်က အံ့ဩသွားခဲ့သည်။

သူ၏ အစွမ်းထက်သောဦးလေးက ဤပုံရိပ်ယောင်ဂိမ်းတွင် သူ့ကိုယ်သူ NPC တစ်ဦးအဖြစ် ထည့်သွင်းထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကော်ဖျင် “မင်းက ငါ့ရဲ့တူအရင်း မဟုတ်ပေမဲ့လည်း.. မင်းအဖေက ငါ့ရဲ့ သွေးဝေးအစ်ကိုကြီး တစ်ယောက်ပါ”

“ဒါနဲ့ ကျွန်တော်တို့ အခုဘယ်လိုဆက်လုပ်ကြမလဲ ဦးလေး”

ကော်ဟောက်က ချက်ချင်းပင် မေးလိုက်သည်။

“ဒီကမ္ဘာမြေကြီးပေါ်မှာ ဘာတွေဖြစ်နေတာလဲ”

ဖန့်ရှင်းကပါ မေးခွန်းထုတ်လိုက်သည်။

“မင်းတို့က အခု နတ်ဘုရားနယ်မြေထက် ကျော်လွန်တဲ့နေရာမှာရှိတဲ့ နတ်တာအိုကြယ်လို့ခေါ်တဲ့ ဂြိုဟ်တစ်ခုပေါ်ကို ရောက်နေတယ်”

ကော်ဖျင်က ထိုစကားကိုပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူက အတိတ်ကို ပြန်သတိရနေပုံရသည်။

သူက သူ့နာရီမှကလစ်ကို နှိပ်လိုက်သည်နှင့် အတက်အကျကိုပြသော ဒေတာဇယား တစ်ခုသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့တဲ့၆နှစ်ခန့်က ကမ္ဘာခြားဂိတ်တံခါးဆီက နတ်ဆိုးကမ္ဘာရဲ့ စွမ်းအင်အတက်အကျတွေကို ခြေရာခံရင်း ငါတို့တွေက ပုံမှန်မဟုတ်တဲ့ စွမ်းအင်သဲလွန်စကို တွေ့ရှိခဲ့တယ်.. ဒီပုံမှန်မဟုတ်တဲ့ ထူးခြားတဲ့စွမ်းအင်က ဝိညာဉ်ချီထက် ပိုမိုအားကောင်းတယ်. ကမ္ဘာပေါ်မှာရှိတဲ့ ဝိညာဉ်ချီက ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ငါတို့တွေက ဒီထူးခြားတဲ့စွမ်းအင်အရင်းအမြစ်ကို စတင် စူးစမ်းလေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်”

ထို့နောက်တွင် ကော်ဖျင်သည် နာရီမှခလုပ်တစ်ခုကို နှိပ်လိုက်ရာ လေထဲတွင် ပုံဖော်ထားသောပုံရိပ်သည် စကြာဝဠာမြေပုံအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဒီနေရာက ငါတို့ရဲ့ကမ္ဘာမြေပဲ”

ကော်ဖျင်က မှင်စက်၏အရွယ်အစားထက် မပိုသည့် အပြာရောင်ဂြိုဟ်တစ်လုံးကို ညွှန်ပြလိုက်သည်။

ထို့နောက်တွင် သူ့အကြည့်က အခြားတစ်နေရာသို့ ရောက်သွားသည်။

“ငါတို့က အနီရောင်စက်ဝိုင်းနဲ့ အမှတ်အသားပြုထားတဲ့ အလယ်က ဧရိယာကို အတွင်းနယ်မြေလို့ခေါ်တယ်.. လိမ္မော်ရောင်စက်ဝိုင်းကတော့ နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်မှာရှိတဲ့ ကိုးဆကြယ်(ဝါ) နတ်ဘုရားနယ်မြေ တည်ရှိတဲ့နေရာ ဖြစ်တယ်”

“နတ်ဘုရားနယ်မြေလား”

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက မျက်ခုံးပင့်လိုက်ကြသည်။

ဤအခေါ်အဝေါ်ကို ၎င်းတို့၏ ပြဌာန်းစာအုပ်တွင် တွေ့ခဲ့ဖူးသည်။

ကောလာဟလအရ ဤနေရာသည် မဟာတာအိုကို နားလည်သော အနန္တတန်ခိုးရှင်များ စုစည်းနေကြသည့်နေရာ ဖြစ်သည်။

“ဒီစကြာဝဠာထဲမှာ နတ်ဘုရားနယ်မြေက အမှန်တကယ်တည်ရှိတယ်”

ကော်ဖျင်၏လေသံက အမှန်တကယ်ပင် လေးနက်နေသည်။

သို့သော် ချန်းချောင်နှင့် အခြားသူများက စိတ်ထဲက‌နေ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ကြသည်။

သူတို့အမြင်တွင် ဤသည်က ဂိမ်း၏ ဆက်တင်ချထားသည့် ပုံပြင်တစ်ခုဟုသာ ခံစားကြရသည်။

သူတို့က ပြဌာန်းစာအုပ်များတွင် နတ်ဘုရားနယ်မြေ ဟူသော ကောလာဟလများကို ကြားသိခဲ့ရသော်လည်း ထိုနေရာက လုံးဝမရှိဟု ဆရာများ ပြောသည်ကို ကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်ဆယ်ဦး မည်မျှ အားကောင်းသနည်း။

နိုင်ငံ့ခေါင်းဆောင် မည်မျှ စွမ်းအားကြီးသနည်း။

၎င်းတို့က အလွန်သန်မာသော်လည်း နတ်ဘုရားနယ်မြေသို့သွားရောက်သည်ကို မကြားဖူးပေ။

ချန်းချောင်နှင့် အခြားသူများက ထိုသို့ တွေးနေသော်လည်း NPCကို အနှောင့်အယှက်မပေးကြပေ။

ထိုလူက ဂိမ်း၏အစီအစဉ်အရ ပေါ်လာသည်ကို သူတို့သိသည်။

ယခုအချိန်သည် NPC စကားပြောသည်ကို နှောင့်ယှက်ရန်အချိန်မဟုတ်ပေ။

သူတို့က ဂိမ်းကိုရှင်းလင်းရန်အတွက် သဲလွန်စရရန် ငြိမ်သက်စွာ နားထောင်နေခဲ့ကြသည်။

မြေပုံကိုကြည့်ရင်း ကော်ဖျင်က ဆက်ပြောလိုက်သည်။

“အခု မင်းတို့ကြည့်နေတဲ့ နေရာကတော့ လိမ္မော်ရောင်စက်ဝိုင်းအပြင်ဘက်မှာရှိပြီး နတ်ဘုရားနယ်မြေကို ကျော်လွန်တဲ့နေရာဖြစ်တဲ့ နတ်တာအိုကြယ် တည်ရှိတဲ့နေရာပဲ.. ဒီပုံမှန်မဟုတ်တဲ့ စွမ်းအင်က ကမ္ဘာကနေ အလင်းနှစ် သန်းသုံးဆယ်ကွာဝေးတဲ့နေရာက ဖြစ်တယ်လို့ ငါတို့တွေ ဆုံးဖြတ်နိုင်ခဲ့တယ်.. ဒါကြောင့်ပဲ သုတေသနအဖွဲ့အစည်းက အာကာသယာဉ် တစ်စီးကို ဖန်တီးခဲ့ပြီး ဒီထူးခြားတဲ့ စွမ်းအင်အရင်းအမြစ်ကို သဲလွန်စ ရှာခိုင်းခဲ့တယ်”

“အလင်းနှစ် သန်းသုံးဆယ်လား.. အဲဒီလောက်နှစ်တွေအတွက် အာကာသယာဉ်ရဲ့ စွမ်းအင်လောင်စာ ပြဿနာကို ဘယ်လိုဖြေရှင်းခဲ့လဲ”

“ငါတို့နိုင်ငံရဲ့ နောက်ဆုံးပေါ် သိပ္ပံနည်းပညာနဲ့ဆိုရင် အလင်းနှစ်တစ်သောင်းကို အရှိန်အပြည့်နဲ့ ပျံသန်းဖို့အတွက် တစ်နာရီပဲကြာတယ်.. ဒါပေမဲ့ ပြဿနာက လောင်စာပြဿနာပဲ.. ဒီလောက် အချိန်ကြာကြာပျံသန်းဖို့ အတွက် ငါတို့မှာ လောင်စာအလုံအလောက် မရှိဘူး”

ကော်ဖျင်က ပြန်ဖြေလိုက်သည်။

“အဲဒါကို ဘယ်လိုဖြေရှင်းခဲ့တာလဲ”

“ငါတို့ရဲ့ သိပ္ပံပညာရှင် ဝမ်မင်းက အဲဒီအတွက် အဖြေတစ်ခုကို ရှာတွေ့ခဲ့တယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကော်ဖျင်သည် လေထုထဲတွင် နောက်ထပ် ပုံတစ်ပုံကို ပြသလိုက်သည်။

“ဒီရုပ်ပုံထဲက ဆံပင်နဲ့ ဆင်တူတဲ့ အနက်ရောင်ကြိုးက စွမ်းအားမြင့်ဝိညာဉ်စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြိုးတစ်ချောင်းပဲ.. ဒီစွမ်းအင်ကြိုး တစ်ချောင်းက အာကာသယာဉ်တစ်စီးကို အလင်းနှစ် တစ်သန်း အကွာအဝေးထိ မောင်းနှင်နိုင်တယ်.. ဒီဟာကို ပညာရှင်ဝမ်မင်က ဘယ်လိုတီထွင်ခဲ့လဲတော့ ငါလည်းမသိဘူး.. ငါ့မှာလည်း အပိုကြိုးတစ်ချောင်းပဲ ရှိတော့တယ်”

“……….”

ကမ္ဘာမြေကနေ ဖန်တီးထားတဲ့ ငါ့ရဲ့ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေက နတ်တာအိုကြယ်ရဲ့ ထူးခြားတဲ့စွမ်းအင်နဲ့ မကိုက်ညီတဲ့အတွက် အသုံးပြုလို့မရဘူး.. ဒါကြောင့် ဓာတ်ခွဲခန်းမှာ လက်ရှိအသုံးပြုနေတဲ့ စွမ်းအင်က ဆံပင်နဲ့တူတဲ့ ဒီအနက်ရောင်ကြိုးမျှင်ပဲ.. မကြာခင် ကုန်ဆုံးတော့မှာမို့ နောက်ထပ် အသစ်တစ်ခုကို အစားထိုးရဦးမယ်”

“……….”

ဝမ်လင်း၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားသည်။

“ဆံပင်နဲ့တူတယ်တဲ့လား.. ချီးကို ဆံပင်နဲ့တူပါလား”

သူက ဤအနက်ရောင်ကြိုးမျှင်၏ ဇစ်မြစ်ကို ကောင်းစွာသိသည်။

အဘယ်ကြောင့်ဆိုသော် ဤအနက်ရောင်ကြိုးမျှင်သည် သူ့ဆံပင် ဖြစ်သောကြောင့်ပင်။

အပိုင်း(၉၁၉) ပြီး၏

All Chapters