မီးရှို့တာကလွဲလို့ငါဘာမှမတတ်ဘူး
Vol. 51 Ch. 763
ဝင်ပေါက်က ငွေရောင်လေး၏ သူတော်စင်သားရဲသွေးကိုအတည်ပြုပြီးနောက်တွင် လူတိုင်းသည် သားရဲဘုရင်၏ သင်္ချိုင်းအတွင်းသို့ စုပ်ယူခံလိုက်ရသည်။
သေချာသောတစ်ခုမှာ ဤအရာက အက်ကွဲကြောင်းတစ်ခု သို့မဟုတ် ကမ္ဘာငယ်လေးတစ်ခုတွင် နေရာလွတ် ချဲ့ထွင်စွမ်းရည်ကို အသုံးပြုထားခြင်း ဖြစ်သည်။
ဆိုရလျှင် ချင်သစ်ပင်ရှိ အက်ကွဲကြောင်းသည် သားရဲဘုရင်၏ သင်္ချိုင်းဝင်ပေါက်များထဲမှ တစ်ခုသာဖြစ်သည်။
သားရဲဘုရင်၏ သင်္ချိုင်းတည်နေရာ အတိအကျနှင့်ပတ်သက်၍ ဤသည်က လျှို့ဝှက်ဆန်းကြယ်သော အချက်ဖြစ်သည်။
နေရာလွတ် လှိုဏ်ခေါင်းအတွင်း ဖြတ်သန်းသွားလာနေစဉ် ဝမ်မင်က သားရဲဘုရင်၏ သင်္ချိုင်းတည်နေရာသည် မိစ္ဆာချိုင့်ဝှမ်းတွင် မရှိလောက်ဟု သံသယ ရှိလာခဲ့သည်။
မိစ္ဆာတောင်ကြား တစ်ခုလုံးသည် မိစ္ဆာဘုရင် တည်ထောင်ထားသည့် အဖုံးတစ်ခုသာ ဖြစ်နိုင်သည်။
ဝမ်မင်နှင့် အခြားသူများက နေရာလွတ် လှိုဏ်ခေါင်းကနေ သင်္ချိုင်း၏ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့ကြသည်။
“နာလိုက်တာ”
ဖက်တီးလောက မြေပြင်မှကုန်းထလိုက်ပြီး ခေါင်းကို ပွတ်သပ်လိုက်သည်။
သူက အစောပိုင်းတွင် ဦးခေါင်းဖြင့် ပြုတ်ကျ၍ မြေပြင်ပေါ်တွင် အပေါက် ဖြစ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဝမ်မင် အနည်းငယ် အေးစက် သွားခဲ့ရသည်။
သူသာ စက်ရုပ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်မထားခဲ့လျှင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ကျိုးပြတ်သွားလိမ့်မည် ဖြစ်သည်။
ယခု သူဝတ်ဆင်ထားသော ဝမ်လင်း1ဝတ်စုံသည် ဆွဲငင်အားကို ဆန့်ကျင်ပြီး တုန်ခါမှုများကို စုပ်ယူနိုင်စွမ်း အားကောင်းသည်။
အစောပိုင်းက လဲကျသွားသော်လည်း နာကျင်မှုကို သိပ်မခံစားခဲ့ရပေ။
သူ့ညီလေး အနားမှာ မရှိလျှင်ပင် သူ့ညီလေး၏ စွမ်းဆောင်ရည်နှင့်တူအောင် ပြုလုပ်ထားသည့် ဤစက်ရုပ်လက်များကို အားကိုးနိုင်ပါသေးသည်။
ထိုအကြောင်းကို တွေးမိပြီး ဝမ်မင်က မထင်မှတ်ဘဲ စိတ်လှုပ်ရှားသွားကာ ရုတ်တရက် မျက်နှာ နီမြန်းသွားခဲ့သည်။
“ဆရာဝမ်.. ဆရာဝမ်ရဲ့ စက်ရုပ်ချပ်ဝတ်တန်ဆာက အရောင်လည်း ပြောင်းနိုင်တယ်လား”
ဖတ်တီးလောက စက်ရုပ်ချပ်ဝတ်တန်ဆာ အနီရောင်သို့ပြောင်းလဲသွားသဖြင့် အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
“……….”
“ချီးပဲ”
ဝမ်မင်က ဝတ်ဆင်သူ၏ စိတ်ခံစားချက်ကိုလိုက်၍ အရောင်ပြောင်းနိုင်သော လုပ်ဆောင်ချက်ကို ဝမ်လင်း1ထံတွင် ထည့်သွင်းထားသည်ကို မေ့နေခဲ့ခြင်း ဖြစ်၏။
ဝမ်မင်က စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိအောင် အတတ်နိုင်ဆုံး လုပ်ဆောင်လိုက်ရာ စက်ရုပ်ချပ်ဝတ်တန်ဆာက မူလအတိုင်း ငွေရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ဤလုပ်ဆောင်ချက်က မလိုအပ်ကြောင်း ဝမ်မင်ရုတ်တရက်ခံစားလိုက်ရသည်။
ခံစားချက်များကို ထုတ်ပြသည်က မိုက်မဲလွန်းသည် မဟုတ်ပါလော။
သူက သောက်တလွဲ တွေးတတ်ကြောင်း လူအများက သိသွားခဲ့လျှင်…
“ပြင်ရမယ်”
ဤအချက်ကို ဝမ်မင်က စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။
သူတို့လူစုက ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။
သူတို့၏ အရှေ့ဆယ်မီတာလောက်တွင် အောက်ခြေကို မသိရသည့် ချောက်နက်ကြီးတစ်ခု ရှိနေခဲ့သည်။
ချောက်နှုတ်ခမ်းက အလွန်ကျယ်ဝန်းပြီး အဆုံးမရှိပေ။
“မဟာကမ္ဘာကြီးလား”
ကျိုးရီက ချောက်နှုတ်ခမ်းတွင် ဝပ်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
သူက မဟာကမ္ဘာကြီး၏ အော်ရာကို ခံစားမိလိုက်သည်။
ကမ္ဘာငယ်လေး တစ်ခုနှင့်ယှဉ်လျှင် မဟာကမ္ဘာတစ်ခုကိုထူထောင်ရန်မှာ အရင်းအမြစ် များစွာ လိုအပ်သည်။
ကမ္ဘာငယ်လေးတစ်ခုကို မှော်ရတနာ တစ်ခုထဲတွင် သိမ်းဆည်းထားနိုင်သော်လည်း မဟာကမ္ဘာကြီးကိုမူ ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။
ဆိုရလျှင် မဟာကမ္ဘာတစ်ခု၏ နေရာလွတ်သည် ကမ္ဘာငယ်လေးတစ်ထောင်၏ နေရာလွတ်နှင့် ညီမျှသည်။
နေရာလွတ်က အတိုင်းအဆမဲ့ ကျယ်ပြောလှသောကြောင့် ပထမအဆင့် အာကာပြင်မှော်ရတနာက လွဲပြီး သာမန် မှော်ရတနာတစ်ခုက ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းမရှိပေ။
“ဒါက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာတစ်ခုပဲ”
“ဒါက ဘာမှမဟုတ်ပါဘူး.. ငါတောင်မှ မဟာကမ္ဘာနှစ်ခုကို မျိုချနိုင်စွမ်းရှိတယ်”
ဝူကျီက ပြောလိုက်သည်။
သားရဲဘုရင်က မဟာကမ္ဘာကြီးကို ဖန်တီးနိုင်ခဲ့သည်မှု အံ့ဩစရာမဟုတ်ပေ။
အကြောင်းရင်းမှာ ဝူကျီကပင် ကမ္ဘာကြီးနှစ်ခုကို မျိုချနိုင်သောကြောင့် ဖြစ်သည်။
ဤသည်က မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည်ဟု ဆိုရမည်။
သူတော်စင်သားရဲ အရေခွံ၄၉ခုဖြင့် ပြုလုပ်ထားသော ပထမအဆင့် အာကာပြင် မှော်ရတနာတစ်ခုသည် မျှော်လင့်ထားသည့်အတိုင်းပင် စွမ်းအားကြီးသည်ဟုသာ ဆိုနိုင်တော့သည်။
“ဒီကမ္ဘာကြီးကို ခွဲခြမ်းစိတ်ဖြာနိုင်မလား”
ကျိုးရီက ဝူကျီကို မေးလိုက်သည်။
“ရပါတယ်.. ဒါက မဟာကမ္ဘာတစ်ခုပဲလေ.. ဝူကျီရဲ့ အာရုံခံဘောင်ထဲမှာပဲ ရှိနေပါသေးတယ်”
ထို့နောက် ဝူကျီက မျက်လုံးကို မှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။
ခဏအကြာတွင် မှင်နှင့်တူသော အနက်ရောင်အလင်းတန်းသည် သူမ၏ လက်ဖဝါးတွင် ကြာပန်းကဲ့သို့ ပွင့်လာခဲ့ပြီး လေထဲသို့ ပျံတက်လာခဲ့သည်။
၎င်းက လေထဲတွင် စီးဆင်းသွားပြီး လေနှင့်အတူ ရောနှောကာ အဆုံးသတ်တွင် ခမ်းနားသောမြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။
အဆုံးသတ်တွင် ဤမြင်ကွင်းမှာ မြင်သူတိုင်းကို အံ့အားသင့်စေမည့် သင်္ချိုင်းမြေပုံတစ်ခုပင် ဖြစ်၏။
“မြေပုံရဲ့ ထင်ရှားတဲ့အစိတ်အပိုင်းက ဒီကမ္ဘာကြီးရဲ့ ချောက်နက်ကြီးပဲ”
ဝူချီ၏ စကားကိုကြားလျှင် အားလုံးက အံ့အားသင့်သွားကြသည်။
သူတို့မျက်စိရှေ့တွင် ရှိနေသည့် ချောက်နက်ကြီးက အမှန်တကယ်ပင် အစီအရင်တစ်ခု ဖြစ်နေခဲ့သည်။
သူတော်စင်သားရဲဘုရင်က ဤကမ္ဘာကြီးကို ဖန်တီးသောအခါတွင် မြေကြီးကို ခွဲထုတ်ကာ တွင်းနက်ကြီးတစ်ခု ပြုလုပ်ခဲ့ပြီး အစီအရင်တစ်ခု ခင်းကျင်းခဲ့သည်။
ဝူကျီက ချောက်နက်ကြီးကို အသုံးပြု၍ တည်ဆောက်ထားသည့် အစီအရင်တစ်ခု၏ ရင်သက်ရှုမောဖွယ် မြေပုံတစ်ခုကို ဖော်ပြပေးလိုက်သည်။
ဤအရာက လုံးဝ လက်ရာမြောက်သော အစီအရင်ခင်းကျင်းမှုတစ်ခု ဖြစ်သည်။
ငွေရောင်လေး အပါအဝင် ဤနေရာရှိ လူတိုင်းက မှင်တက်သွားခဲ့ကြသည်။
ဝူကျီ၏ ခွဲခြမ်းစိတ်ဖြာခြင်းကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် ဤတံခါးပေါက်ကို ဘယ်သောအခါမှ သတိပြုမိလိမ့်မည်မဟုတ်ပေ။
“သားရဲဘုရင်က အစီအရင် တည်ဆောက်ဖို့ ဒီချောက်နက်ကြီးကို အသုံးပြုခဲ့တာက ဘာရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်မလဲ”
ကျိုးရီက မျက်လုံးကျဉ်းမြောင်းစွာဖြင့် သူ့ရှေ့မှ ချောက်နက်ကြီးကို စိုက်ကြည့်နေခဲ့သည်။
သူ၏ကျင့်ကြံမှုအဆင့်က အနည်းငယ် နိမ့်ပါးနေသောကြောင့် ဤချောက်နက်ကြီးထဲမှ အံ့ဖွယ်အော်ရာ အတက်အကျများကို သူ နားမလည်နိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူဘေးနားရှိ ဖက်တီးလော၊ ငွေရောင်လေးနှင့် ဝူကျီ တို့သည် တစ်စုံတစ်ရာကို မြင်တွေ့ခဲရပုံရပြီး လုံးဝကို စိတ်လှုပ်ရှားနေခဲ့သည်။
“အဲဒါများဖြစ်နေမလား”
ဝမ်မင်က ရုတ်တရက် တုန်လှုပ်သွားပြီး မျက်လုံးများပင် ပြူးကျယ်သွားသည်။
“ဒါကဒဏ္ဍာရီလာ နိုင်ငံတစ်ဝှမ်း အသွင်ကူးပြောင်းမှု အစီအရင် ဖြစ်နေမလား “
ငွေရောင်လေး “……….”
ကျိုးရီ “……….”
ဖက်တီးလော “……….”
ဝူချီ “……….”
ဝမ်မင် “စဉ်းစားကြည့်လေ.. သူတော်စင်သားရဲတွေက ရုတ်တရက် သုတ်သင်ခံလိုက်ရတာကြောင့် သားရဲဘုရင်က ဒီအဆုံးသတ်ကို လက်မခံလိုတာက သဘာဝကျတယ်.. ဒါကကြောင့် သူက ဒီယန္တရားကို တမင်အသုံးချပြီး သူတော်စင်သားရဲတွေ အားလုံး အသက်ပြန်ရှင်လာမယ့်နေ့ အတွက် သင်္ချိုင်းအတွင်းမှာ ဒီအစီအရင်ကို တပ်ဆင်ခဲ့တာပဲ”
“တကယ်လား”
ဝမ်မင်၏စကားကြောင့်ငွေရောင်လေးက မှင်တက်သွားသည်။
“တကယ်ဖြစ်နိုင်တယ်.. ဒါပေမဲ့ ငါတို့မှာ သက်သေတော့ မရှိဘူး.. လောလောဆယ်မှာ သားရဲဘုရင် အသက်ရှင်နေသေးလား ဆိုတာတောင် အတည်မပြုနိုင်သေးဘူး”
“ဒါပေမဲ့ သားရဲဘုရင်က ဒီလောက်လွယ်လွယ်လေးနဲ့ သေမယ်လို့တော့ ငါမထင်ဘူး”
ဝမ်မင်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် ၎င်းတို့၏နောက်မှ အဘိုးအို တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မင်းတို့အားလုံး သင်္ချိုင်းထဲကို ဖောက်ဝင်လာတယ် ဆိုတော့ သေခြင်းတရားကို ရှာဖွေနေတာလား”
ဤလူက အာကာပြင် ဥမင်လှိုဏ်ခေါင်းထဲသို့ လူတိုင်းဝင်ရောက်ခဲ့ပြီး နောက်တွင် ပေါ်ထွက်လာခဲ့သော အဘိုးအိုဖြစ်သည်။
ထိုအဘိုးအိုက အရပ်မရှည်ဘဲ လူပုလေးလို ဖြစ်နေသည်။
သူက ထူးခြားသောအမှုန်များဖြင့် ဖုံးအုပ်ထားသည့် ထူထဲသော ရွှေအိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏ ဦးခေါင်းကိုလည်း ချင်သစ်ပင်၏ ထူးခြားသောရွှေရောင်စိန်ပုံစံ အရွက်များဖြင့် ဖုံးအုပ်ထားသည်။
အဘိုးအိုက အကောင်သေးသေးလေးမျှသာ ဖြစ်သော်လည်း အလွန် ကြောက်စရာကောင်းသော အော်ရာကို ပေးစွမ်းနေသည်။
သူက ပေါ့ပေါ့တန်တန်သာ ပြောနေသော်လည်း သူ၏အော်ရာကို ထုတ်လွှတ်ထားခဲ့သည်။
“ချင်သစ်ပင်ရဲ့ အပင်စောင့်မှင်စာပါလား”
ငွေရောင်လေးက အဘိုးအိုကို မှတ်မိနေခဲ့သည်။
ဤသည်မှာ ချင်သစ်ပင် (ဝါ) အင်ပါယာသစ်ပင်၏ မှင်စာဖြစ်သည်။
ထိုမှင်စာက နတ်ဆိုးမျိုးနွယ်စုနှင့် မသက်ဆိုင်ပေ။
မှင်စားများက နတ်ဆိုးချီကိုအသုံးပြုသော်လည်း သူတို့ရှေ့ရှိမှင်စာသည် စစ်မှန်သော ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားသောကြောင့် ၎င်းအား အထူးဝိညာဉ်သားရဲ အဖြစ်သာ သတ်မှတ်သင့်ပေသည်။
“မင်းက ဘယ်သူလဲ”
ဝမ်မင်က အဘိုးအိုကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ငါက ဒီသင်္ချိုင်းရဲ့ သင်္ချိုင်းစောင့်ပဲ”
အဘိုးအိုက ပြန်ဖြေလိုက်သည်။
“မင်းတို့က တားမြစ်နယ်မြေထဲကို ဝင်လာခဲ့တယ်.. သူတော်စင်သားရဲတွေက လွဲပြီး ဒီနေရာမှာ ဘယ်သူမှ အသက်ရှင်ကျန်ခွင့်မရှိဘူး”
“ညှိနှိုင်းလို့ မရတော့ဘူးလား”
ကျိုးရီက မေးခွန်းထုတ်လိုက်သည်။
“ငါတို့ ဘယ်သူ့ကိုမှ စော်ကားဖို့ မရည်ရွယ်ပါဘူး”
အဘိုးအိုက မျက်လုံးများ ကျဉ်းမြောင်းစွာဖြင့် ပြောလိုက်သည်။
“မရဘူး”
ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့တွေ တိုက်ခိုက်ကြတာပေါ့”
ထိုသို့ပြောပြီးနောက်တွင် ကျိုးရီသည် လက်စွပ်အတွင်းမှ အဖြူရောင်မီးတောက် တစ်ခုကို ထုတ်ဖော်လိုက်သည်။
“မီးလျှံ.. သန့်စင်ခြင်းမီးလျှံပါလား.. ရွှေအမြုတေအဆင့် ကျင့်ကြံသူလေး တစ်ယောက်က ဒီလိုအံ့ဩဖွယ်ကောင်းတဲ့အရာကို ဘယ်လိုလုပ် လက်ထဲမှာ ကိုင်ဆောင်နိုင်တာလဲ”
အဘိုးအိုက ချက်ချင်းပင် ချွေးများရွှဲစိုသွားခဲ့သည်။
ထို့နောက်တွင် သူထုတ်လွှတ်ထားသည့် ဝိညာဉ်ရေးဖိအားကို ရုတ်သိမ်းလိုက်သည်။
ကျိုးရီက သန့်စင်ခြင်းမီးလျှံကို ဆုပ်ကိုင်ထားဆဲ ဖြစ်၏။
“လာလေ တိုက်ကြရအောင်.. မီးရှို့တာကလွဲရင် ငါက ဘာမှတတ်တာမဟုတ်ဘူး”
ဝမ်မင်၊ ဖက်တီးလော၊ ငွေရောင်လေးနှင့် ဝူချီ “……….”
“လူငယ်သူရဲကောင်းလေး စိတ်ချပါ.. မီးကို အရင်ငြိမ်းလိုက်ပါနော်.. တကယ်တော့ ငါက သင်္ချိုင်းစောင့် မဟုတ်ပါဘူး.. ငါကသင်္ချိုင်းရဲ့ လမ်းပြတစ်ယောက်ပါ”
ထိုခဏမှာပင် အဘိုးအို၏မျက်လုံးများသည် အနှိုင်းမဲ့ရိုးသားသွားခဲ့သည်။
အပိုင်း(၇၆၃) ပြီး၏