← Chapters

ဗိုလ်ချုပ်ဆယ်ယောက်

Vol. 37 Ch. 543

ဗိုလ်ချုပ်ဆယ်ယောက်

Vol. 37 Ch. 543

ဖေဖေဝမ် ဝက်ဘ်ဆိုက်တွင် စာရေးဆရာဂုရုကြီး ဖြစ်သည်။

အွန်လိုင်းစာရေးဆရာ အသိုင်းအဝိုင်းတွင် ဝမ်စစ်ထူဟူသောကလောင်အမည်ကို မသိသူမရှိပေ။

တကယ်တမ်းတွင် လစဥ်မဲပေးပွဲကို ယှဉ်ပြိုင်ရသည်မှာ စာရေးဆရာများအတွက် သာမန်ကိစ္စတစ်ခုပင်။

စာရေးဆရာတစ်ယောက် အနေဖြင့် မဲရဖို့ခက်လေလေ ပရိတ်သက်များကို လှုံ့ဆော်မှုအားကောင်းလေလေ ဖြစ်သည်။

ဖေဖေဝမ်၏ အမြင်တွင် စာရေးဆရာ ဝက်ဂုတ်သာစွပ်ပြုတ်၏ ဗျူဟာသည် အလွန်ပင် စမတ်ကျသည်။

သူတို့နှစ်ယောက်လုံးက ပရိသတ် အများအပြားကို ရရှိသည့် ထိပ်တန်းစာရေးဆရာများ ဖြစ်သည်။

ဤအဖြစ်အပျက်ပြီးနောက်တွင် သူတို့၏ကျော်ကြားမှုက ယခုထက် ပိုတိုးလာလိမ့်မည်သာ။

၎င်းတို့က ဤလစဥ်မဲပေးပွဲတွင် ဖေဖေဝမ်ကို မဲအရေအတွက်အပြတ်အသတ်ဖြင့် အသာစီးရနေခဲ့သည်။

ထိုသို့ဖြစ်လာစေရန် ၎င်းတို့အတွက် လှုံ့ဆော်ပေးသော လူငယ်အချို့ ရှိခဲ့သည်။

ပရိတ်သတ်များသည် စာရေးဆရာများကို နှစ်သက်လျှင် ကိုယ်တိုင်က ခေါက်ဆွဲပြုတ်စားရင်းနှင့်ပင် စိတ်အားထက်သန်စွာ လက်ဆောင်များ ပေးအပ်ကြလေ့ ရှိသည်။

ထို့ကြောင့် လစဥ်မဲများကို ယှဉ်ပြိုင်ရန် အတွက် အပိုဝင်ငွေမရှိသောစာဖတ်သူများသည် တရားဝင် စာရင်းပေးသွင်းရုံမျှဖြင့် စာရေးဆရာများကို အကြီးမားဆုံး ထောက်ပံ့မှု ဖြစ်နေပြီ ဖြစ်သည်။

ဖေဖေဝမ်ကမူ သူ၏စာဖတ်သူများထံမှ လစဥ်မဲများ သို့မဟုတ် ဆုလာ်များကို တက်ကြွစွာ တောင်းဆိုခြင်းမရှိပေ။

သို့တိုင် ဖေဖေဝမ်သည် လစဥ် စာရင်းဇယား အမျိုးအစားအားလုံးတွင် နံပါတ်တစ် နေရာ၌ရှိနေဆဲပင်။

"အဆင်သင့်ဖြစ်ရင် ပြောလို့ရပြီအစ်ကိုဝမ်.. ငါအဆင်သင့် ဖြစ်နေပြီ"

လဲ့မုန့်မုန့်က ဖေဖေဝမ်၏ စာရေးဆရာအကောင့်ကို ဝင်ရောက်ထားပြီး စာတင်ရန် အဆင်သင့် ဖြစ်နေသည်။

"ခေါင်းစဥ်က.. ငတိလေးတွေအတွက် တင်းပုကိုငါဘာလို့ လိုအပ်မှာလဲ"

"အဲဒီအတိုင်းရေးရမှာလား"

"ဟုတ်တယ်"

ဖေဖေဝမ်က ခေါင်းညိမ့်လိုက်သည်။

"ငါထပ်ပြောမယ်.. သေချာလိုက်ရေး.. ဝမ်စစ်ထူရဲ့လမ်းကြောင်းက ပိတ်ဆို့ခံနေရတယ်.. လက်ရှိ ရေတွက်နေတဲ့ လစဥ်မဲစာရင်းမှာ ငါက တတိယနေရာမှာပဲ ရှိနေပြီး ကွာဟချက် ကြီးမားနေတယ်.. ဒါက စစ်မှန်တဲ့အကျပ်အတည်း ကာလတစ်ခုပဲ.. ဒါပေမဲ့ ငါဝမ်စစ်ထူက ပရိတ်သတ်ဆီကနေ မဲကို အတင်းအကျပ်တောင်းမှာ မဟုတ်ပါဘူ.. စာဖတ်သူတွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကိုကျေးဇူးဆပ်ချင်ပါတယ်.. သန်းခေါင်ယံ အချိန်ရောက်ရင် မဲအရေအတွက်တွေ ပိုတိုးလာနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဒီစာအုပ်ထွက်တာ နှစ်လပဲရှိသေးတယ် ဆိုပေမဲ့ ဒီနှစ်ရဲ့နှစ်ပတ်လည် စာရင်းမှာ တတိယနေရာနေရာအတွက် တိုက်ပွဲဝင်ဖို့ ငါရည်ရွယ်ထားတယ်.. ငါက ပေါက်ကရတွေ ပြောနေတယ်လို့ မင်းတို့ယူဆနိုင်ပေမဲ့ ငါဝမ်စစ်ထူက တောင်ဘက်တံတိုင်းကို ဖြိုမယ်လို့ ကြွေးကြော်ရင် နောက်ကို လုံးဝပြန်လှည့်တတ်တဲ့သူ မဟုတ်ဘူး.. နောက်ဆုံးအချိန်ကျရင် ငါ့ရဲ့တင်းပုက ငါ့ကိုပိတ်ဆို့ထားတဲ့ အရာမှန်သမျှကို ရှင်းပစ်လိမ့်မယ်"

လဲ့မုန့်မုန့် ".........."

စာကို သေချာစီစစ်ပြီးနောက်တွင် လဲ့မုန့်မုန့်က ပို့မည့်ခလုတ်ကိုနှိပ်လိုက်ပြီး သက်ပြင်းရှည်ချလိုက်သည်။

"ငါတို့တကယ်ပဲ လိုက်မီနိုင်ပါ့မလား"

မဲအရေအတွက် ကွာဟချက်က ပိုမိုကျယ်ပြန့်လာသည်ကို ကြည့်ရင်း လဲ့မုန့်မုန့်က သံသယဖြစ်နေသည်။

ဖေဖေဝမ်၏ ယခင်စာအုပ်ဖြစ်သည့် နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္ထုသည် အခြားသူများကို လစဥ်တိုင်းလိုလို ချေမှုန်းနိုင်ခဲ့သည်။

မဲရေတွက်မှုတွင် ကြီးမားစွာကွာဟမှုသည် သူ့အတွက် အမှန်တကယ်ပင် ပထမဆုံးအကြိမ်ဖြစ်သည်။

ယင်းက ဖေဖေဝမ်အတွက် မထင်မှတ်ထားသည့် ကိစ္စလေးတစ်ခုသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဝက်ဂုတ်သားစွပ်ပြုတ် နှင့် ဝက်ခြေထောက်စွပ်ပြုတ်တို့က ကိုင်တွယ်ရခက်သည်မှာ အမှန်ပင်။

သို့သော် ကံမကောင်းစွာဖြင့် သူတို့က ဖေဖေဝမ်ကိုလျှော့တွက်မိကြသည်။

ဖေဖေဝမ်၏ အမာခံပရိတ်သတ်အဖွဲ့တွင် ထိပ်တန်းအဆင့်ဘော့စ်တစ်ဦး ရှိနေသည် မဟုတ်ပါလား။

ဤကဲ့သို့ မဲကွာဟမှု ကြီးကြီးမားမား ရှိသောအခါမျိုးတွင် ဖေဖေဝမ်သည် ထိုမိတ်ဆွေဆီသို့ သီးသန့်မက်ဆေ့ချ် ပေးပို့ရန်သာ လိုအပ်သည်။

တစ်ချိန်တည်းမှာပင် ကျင့်ဟွာမြို့လယ်ရှိ ဟွာရှို့ မဟာမိတ်အဆောက်အဦးဖြစ်သည့် ခမ်းနားသော စတုဂံပုံအဆောက်အဦးတစ်ခုတွင်...

ဟွာရှို့မဟာမိတ်၏ အမည်အပြည့်အစုံမှာ ဟွာရှို့မဟာမိတ်ကျင့်ကြံသူ အဖွဲ့အစည်း ဖြစ်သည်။

ဟွာရှို့မဟာမိတ်အဖွဲ့တွင် ဟွာရှို့နိုင်ငံ၏ အလင်းအဖွဲ့အစည်းအားလုံး ပါဝင်နေသည်။

မကြာသေးမီက လူကြိုက်များသော သူတော်စင်များအဖွဲ့အစည်းအပါအဝင် ကျင့်ကြံခြင်းဂိုဏ်များ အားလုံးသည် ဟွာရှို့မဟာမိတ်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။

ထိုအဖွဲ့က ထူးချွန်သော ကျင့်ကြံသူအများအပြားကို စုဆောင်းနေကြောင်း လူသိများသည်။

ယနေ့ညတွင် ဟွာရှို့မဟာမိတ်အဖွဲ့၏ အပေါ်ဆုံးထပ်ရှိ ထိပ်တန်း အစည်းအဝေးခန်းမတွင် နိုင်ငံတည်ထောင်သူဗိုလ်ချုပ်ဆယ်ဦးသည် ထိပ်တန်းအဆင့် အစည်းအဝေးတစ်ခုအတွက် အတူတကွ စုဝေးကြမည် ဖြစ်သည်။

ဗိုလ်ချုပ်ရီ ခေါ် ရီကျန့်ချွမ်၊ ဗိုက်ချုပ်ကျန်း ခေါ် ကျန်းလဲ့တို့သည် တစ်ချိန်တည်း ရောက်ရှိလာကြပြီး အောက်ထပ်သို့ အတူတကွ ရောက်လာသည်။

အထူးကိုယ်ရံတော် ဝတ်စုံဝတ်ထားသော ခပ်တောင့်တောင့်အမျိုးသားတစ်ဦးက ပင်မဝင်ပေါက်တွင် သူတို့နှစ်ဦးကို ဟန့်တားလိုက်သည်။

"စီနီယာအကြီးအကဲတွေ ပူးပေါင်းဆောင်ရွက်ပေးပါ.. ဒါက စံလုပ်ထုံးလုပ်နည်း ပါပဲ"

"ကောင်းပြီရဲဘော်.. ဆက်လုပ်"

ဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ်ကျန်းက ခေါင်းငြိမ့်လိုက်သည်။

ဟွာရှို့မဟာမိတ်၏ အဆောက်အဦး တစ်ခုလုံးတွင် ဤလူထွားကြီးကဲ့သို့ အထူးကိုယ်ရံတော်များကို အများအပြားတွေ့နိုင်သည်။

ဤလူများက ခမ်းနားသော အင်မော်တယ်တပ်ဖွဲ့မှ ဖြစ်ပြီး ထိပ်တန်းအဆင့် ခေါင်းဆောင်များ ဖြစ်သည်။

ဤအဖွဲ့က လီငါးဆယ် ပတ်လည်ဧရိယာကို ရှင်းလင်းထားခဲ့သည်။

ထိုဧရိယာအတွင်းရှိ လမ်းများအားလုံးကို ပိတ်ထားပြီး လုံခြုံရေးအဖွဲ့များနှင့် ဝန်ထမ်းများမှ လွဲ၍ မည်သူမှ ဖြတ်သန်းခွင့်မရှိချေ။

ခပ်တောင့်တောင့် အမျိုးသား၏ လက်ထဲတွင် ကြေးမုံမှန်တစ်ချပ်ကို ကိုင်ထားသည်။

သူက ရီကျန့်ချွမ်နှင့် ကျန်းလဲ့တို့၏ မျက်နှာများကို ထိုမှန်ဖြင့် စစ်ဆေးလိုက်သည်။

ထိုမှန်က မှော်ရတနာတစ်ခုဖြစ်ပြီး အတုနှင့်အစစ်ကို ခွဲခြားသိမြင်နိုင်သည်။

ဗိုလ်ချုပ်ရီနှင့် ဗိုလ်ချုပ်ကျန်းတို့၏ အထောက်အထားများကို စစ်ဆေးပြီးနောက်တွင် အနီးအနားရှိ အထူးတပ်ဖွဲ့ဝင်များက ၎င်းတို့အား အလေးပြုလိုက်ကြသည်။

"အကြီးအကဲတို့.. ကျေးဇူးပြုပြီး ဝင်လို့ရပါပြီ.. အကြီးအကဲ တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်"

"နိုင်ငံခေါင်းဆောင် ရောက်လာပြီလား"

လေ့ကျင့်ခန်းဝတ်စုံများ ဝတ်ဆင်ထားသော ဗိုလ်ချုပ်ရီသည် ခါတိုင်းကဲ့သို့ပင် လေထဲတွင် လွင့်မျောရင်း မေးလိုက်သည်။

အထူးကိုယ်ရံတော်က တလေးတစား ပြန်​ဖြေလိုက်သည်။

"ရောက်နေပါပြီ စီနီယာကြီး.. လွန်ခဲ့တဲ့နာရီဝက်ကပဲ နိုင်ငံခေါင်းဆောင် ရောက်လာပါတယ်"

ဗိုလ်ချုပ်ရီက အနည်းငယ် ခေါင်းဆတ်ပြလိုက်ပြီး ဘာမှပြန်မပြောတော့ဘဲ ဗိုလ်ချုပ်ကျန်းနှင့် အတူ အပေါ်ထပ်ရှိ အစည်းအဝေး ခန်းမသို့ တိုက်ရိုက် အမြန်သွားလိုက်သည်။

ခန်းမသို့ရောက်သည့်အခါတွင် အစည်းအဝေးကို တက်ရောက်မည့်သူ အားလုံး ရောက်နေကြပြီမှန်း သူတို့တွေ့လိုက်ရသည်။

သူတို့က ရင်းနှီးပြီးသား မျက်နှာများကို တွေ့လိုက်ရသည်။

ခန္ဓာကိုယ်သူတော်စင် ဝန်ကြီးရှီး(အမျိုးသားကာကွယ်ရေးဝန်ကြီး) ၎င်းက သံမဏိခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု လူသိများသည်။

တစ်ချိန်က ရှီးမင်တိုက်ပွဲတွင် နတ်ဆိုးခုနှစ်ပါးကို ရွှပ်ရွှပ်ချွံချွံ တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။

ဉာဏ်ပညာသူတော်စင်ဥက္ကဌချီ (သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီဥက္ကဌ)

၎င်းက စစ်မြေပြင်တွင် ဗျူဟာများနှင့် အစီအရင်များ ဖွဲ့စည်းခြင်းကို တာဝန်ယူခဲ့သူ ဖြစ်သည်။

စိတ်ဝိညာဉ်သူတော်စင် စွန်းတာခန်း (အတွင်းရေးမှူးစွန်း)

လက်ရှိကျောင်းပေါင်း တစ်သောင်းမဟာမိတ်အဖွဲ့ကို တာဝန်ယူနေသူဖြစ်ပြီး ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေး ဌာနခွဲအားလုံး၏ တိုက်ရိုက် ခေါင်းဆောင်ကြီးလည်းဖြစ်သည်။

သူက သက်ရှိအားလုံး၏ အသံကို ကြားနိုင်စွမ်းရှိသည်။

လက်နက်သူတော်စင်ဝန်ကြီးခယ့်..

သူက နိုင်ငံတဝှမ်းလုံးတွင် ထောက်လှန်းရေးကို တာဝန်ယူထားပြီး တစ်နှစ်ပတ်လုံး ခရီးသွားနေတတ်သည်။

သူ၏ လှုပ်ရှားမှုများက လျှို့ဝှက်ဆန်းကြယ်သည်။

သူ့တွင် အလွန်ကောင်းမွန်သော ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်များ ရှိသည်။

ဆေးဘက်ဆိုင်ရာသူတော်စင် ဥက္ကဌလော့ (အထွေထွေစစ်ဆေးရုံဥက္ကဌ)

သူမက အစွမ်းထက် ပြန်လည်ရှင်သန်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဦးခေါင်းတစ်လုံးပဲ ကျန်လျှင်ပင် အသက်ပြန်ရှင်နိုင်သည်။

ဓားသူတော်စင်ဗိုလ်ချုပ်ရီ၊ စစ်ပွဲသူတော်စင် ဗိုလ်ချုပ်ကျန်းလဲ့နှင့် ရှေ့ဆုံးမှာထိုင်နေသည့် နိုင်ငံခေါင်းဆောင် အပါအဝင် အားလုံးက လေးလေးနက်နက် တွေးတောရင်း ခေါင်းငုံ့ထားကြသည်။

ကျန်ရှိသည့် ဗိုလ်ချုပ်နှစ်ယောက် ပေါ် လာခဲ့လျှင် နိုင်ငံစတင်တည်ထောင်သည့် ဗိုလ်ချုပ်ဆယ်ယောက်လုံး စုံသွားပြီဟု ဆိုနိုင်ပေသည်။

ယခုအချိန်ထိ ရောက်မလာသေးသည့် ဗိုလ်ချုပ်နှစ်ယောက်သည် အင်အားအရ တစ်ယောက်က ပထမနေရာတွင်ရှိပြီး ကျန်တစ်ယောက်က ဒုတိယနေရာတွင် ရှိသည်။

တစ်ဦးမှာ လက်ရှိ ဟွာရှို့၏ အကြီးဆုံး စမတ်ထုတ်ကုန်များကိုထုတ်လုပ်သူ ဖြစ်သည့် နိုင်ငံပိုင်စီးပွားရေး ဟွာရှင်း၏ ဘုတ်အဖွဲ့ဥက္ကဌလည်း ဖြစ်သည့် ဗိုလ်ချုပ်ပိုင် (ဝါ) ပိုင်ရှင်းဖြစ်သည်။

၎င်းကို ပေါက်ကွဲခြင်းသူတော်စင်ဟု နာမည်ပြောင်ပေးထားကြပြီး ပေါက်ကွဲမှုများကို ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်သည်။

ဗိုလ်ချုပ်ပိုင်က အလုံးစုံတိုက်ခိုက်ရေး အင်အားအရ အားလုံးထဲတွင် ပထမအဆင့် ဖြစ်သည်။

ကျန်တစ်ယောက်မှာ စည်းချက်၏ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး တူရိယာများ တီးခတ်ခြင်းဖြင့် တိုက်ခိုက်ရေးဆန္ဒကို လှုံ့ဆော်ပေးနိုင်သည့် အရေပြားသူတော်စင် ဝန်ကြီးခူ ဖြစ်သည်။

All Chapters