ဝမ်ကျန်း၏အထူးစွမ်းရည်
Vol. 78 Ch. 1164
အပိုင်း ၈၀၂ နှင့် ၈၀၃တွင် ၀မ်ကျန်းသည် ဒဏ်ရာရရှိပြီးနောက် အိပ်မက်ဆိုးတစ်ခုမက်ခဲ့ကာ သူ၏ငယ်ဘ၀သို့ပြန်လည် ရောက်ရှိသွားခဲ့ရသည်။
သူက ငယ်စဥ်ကတည်းပင် အရိုက်အနှက်ခံကာ လေ့ကျင့်ခဲ့ရသည်။
သူ့မိဘများသည် သူ့ကို ရိုက်နှက်ချိန်တွင် သူ့ကို ရိုက်နှက်ရန်ပစ္စည်းကို ရွေးချယ်ခိုင်းစေသည်အထိ ၀မ်ကျန်း၏ အတွေ့အကြုံများသည် ဒဏ္ဍာရီဆန်နေခဲ့သည်။
အရိုက်နှက်ခံရမှ တိုးတက်လာသည့် အထူးခန္ဓာကိုယ်ကြောင့် မိဘများသည် ၀မ်ကျန်း၏ ခန္ဓာကိုယ်ကို ပစ္စည်းကိရိယာမျိုးစုံဖြင့် ရိုက်နှက်စေခဲ့သည်။
ဥပမာ ကိုကာကိုလာ ပုလင်းလောက် ထူထဲသည့် နတ်ကြာပွတ်၊ ချွန်ထက်တဲ့ဆူး ၃၆၀၀၀ ပါ၀င်သည့် ဥက္ကာခဲတူ၊ ဘုရင်အဆင့် သံမဏိဖြင့် ပြုလုပ်ထားသည့် ဦးခေါင်းခွဲ ကျောက်တုံး စသည်တို့ဖြစ်သည်။
၀မ်ကျန်းသည် ထိုကိရိယာများအောက်မှာပင် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အသက်ရှင် ရပ်တည်နိုင်ခဲ့၏။
ဆိုရလျှင် သူ၏ငယ်ဘ၀သည် ဖိအားများနှင့် ယဥ်ပါး၍ ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင်မူ ၀မ်ကျန်းသည် အမှန်တရားတစ်ခုကို သိရှိခဲ့သည်။
ယင်းမှာ စစ်သည်တစ်ယောက်ဖြစ်ရန် ပါရမီဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် အသားဒိုင်းအဖြစ် ရှေ့တန်းတွင် အသုံး၀င်လိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် ၀မ်ကျန်းသည် သူ၏ခန္ဓာကိုယ်ကို အသုံးချကာ ရန်သူ၏ အာရုံကို ဆွဲဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုခဏတွင် ချန်းချောင်တို့ သုံးယောက်သည် ၀မ်ကျန်းကို သူရဲကောင်းဆန်လွန်းသည်ဟု ခံစားခဲ့ရသည်။
၀မ်ကျန်းက သူ၏လက်မောင်းပေါ်မှ အသက်ကယ် ရွှေရောင် အဆောင်လက်ဖွဲ့ကို ဖယ်ရှားလိုက်ပြီး နန်ယန်ရှို့ကို ပေးလိုက်သည်။
"ဒါကိုယူလိုက်ပါ"
"မင်းရဲ့ ရွှေရောင်အဆောင်လက်ဖွဲ့ကို ငါ့ဆီပေးနေတာလား"
နန်ယန်ရှို့က မယုံကြည်နိုင်သလို ခံစားခဲ့ရ၏။
ယုတ္တိဗေဒအရ ၀မ်ကျန်းသာ တစ်ယောက်ယောက်ကို ပေးချင်သည်ဆိုလျှင် ချန်းချောင်ကိုသာ ပေးသင့်ပေသည်။
ချန်းချောင်သည် အမှတ်၆၀ အထက်တန်းကျောင်းမှ အတန်းဖော်ဖြစ်ပြီး နန်ယန်ရှို့လို အပြင်လူမဟုတ်ပေ။
သူတို့က မဟာမိတ်များ ဖြစ်နေလျှင်ပင် အလွန် အရေးကြီးသည့် အသက်ကယ် ရွှေရောင်အဆောင်လက်ဖွဲ့ကို သူ့ကိုပေးသည်မှာ အဓိပ္ပါယ်မရှိချေ။
ထို့ကြောင့် နန်ယန်ရှို့က ငြင်းဆိုလိုက်သည်။
"မင်းဒါကို ငါ့ကိုပေးလိုက်ရင် မင်းရော ဘယ်လိုလုပ်မှာလဲ.. ဒါမရှိရင် အရမ်း အန္တရာယ်များလွန်းတယ်"
"စိတ်မပူပါနဲ့.. သူတို့ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး "
၀မ်ကျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
"ငါမင်းကို ယုံကြည်မှုရှိလို့ အဆောင်လက်ဖွဲ့ပေးတာပါ.. တစ်ခုခု အမှားအယွင်း ဖြစ်သွားရင် ငါ့ကိုချန်ထားခဲ့ပြီး ချန်းချောင်နဲ့ လေးလုံးတို့ကို ခေါ်ပြီး အမြန်ဆုံး ထွက်ပြေးပါ"
၀မ်ကျန်း၏ ယုံကြည်မှုသည် နန်ယန်ရှို့ကို အလွန်တရာ ခံစားစေခဲ့သည်။
သူက နောက်ထပ် မငြင်းဆန်တော့ပဲ ရွှေရောင် အဆောင်လက်ဖွဲ့ကို ယူရန် လက်ကို ဆန့်တန်းလိုက်သည်။
နန်ယန်ရှို့က တာ၀န်သိပြီး ယုံကြည်စိတ်ချရသော လူတစ်ဦးမှန်း ၀မ်ကျန်းသည် အစောကတည်းကပင် သဘောပေါက်ခဲ့သည်။
သူက အထက်ဘုံဖြစ်သည့် နတ်ဘုရားနယ်မြေမှ ထိပ်တန်း ကျင့်ကြသူတစ်ယောက် ဖြစ်ရာ တစ်စုံတစ်ယောက်၏ စိတ်နှလုံးကို မမြင်နိုင်စရာ အကြောင်းမရှိပေ။
တိကျစွာပြောရလျှင် ဤသည်မှာ ၀မ်ကျန်း၏ အထူးစွမ်းရည် တစ်ခုလည်း ဖြစ်၏။
သူက အကြမ်းဖက်မှုမျိုးစုံနှင့် ကြီးပြင်းလာခဲ့ရသောကြောင့် နတ်ဆိုးဆန်သည့် အထူးအာရုံခံစားနိုင်စွမ်း ရှိသည်။
ထိုအထူးစွမ်းရည်မှာ လူတစ်ယောက်၏ နှလုံးသားထဲမှ စာတမ်းများကို သိရှိနိုင်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် နန်ယန်ရှို့ကို ကြည့်လိုက်လျှင် ၀မ်ကျန်းသည် [သမာဓိ၊ ဆုံးဖြတ်ချက်၊ ဥာဏ်ရည်ထက်မြက်မှု၊ ယုံကြည်စိတ်ချရမှု] စာတန်းများကို မြင်ခဲ့ရသည်။
လျူချင်းရီတွင်မူ ၀မ်ကျန်းသည် [အကြမ်းဖက်မှု၊ ကြင်နာမှု၊ ဆွဲဆောင်မှု] စာတန်းများကို မြင်ခဲ့ရ၏။
ကူရွှင်းကျစ်နှင့် ပတ်သက်၍မူ စာတန်း အနည်းငယ်သာ မြင်နိုင်ခဲ့သည်။
[အရင်းအမြစ်ကြွယ်၀မှု၊ စည်းကမ်းထိန်းသိမ်းသူ]
ကူရွှင်းကျစ်ကြောင့် သူ၏ အင်အားအချို့ကို ကောင်းကင်တာအိုက ဖိနှိပ်ထားဆဲဖြစ်၍ ၀မ်ကျန်းသည် စာတန်းများကို ယခင်ကလိုတော့ အပြည့်အ၀ မမြင်နိုင်ခဲ့ပေ။
ပုံမှန်အားဖြင့် သူသည် လူတစ်ယောက်၏ နှလုံးသားထဲမှ စာတန်းများကို အနည်းဆုံး ၄ခုအထိ မြင်နိုင်စွမ်းရှိသည်။
တစ်ခါတရံတွင် သူသည် ၁၀ခု သို့မဟုတ် အခု ၂၀ အထိ ပို၍ မြင်နိုင်သည်။
ဟုတ်ပါသည်၊ သူ၏အထူးစွမ်းရည်ဖြင့် မထောက်လှမ်းနိုင်သည့် လူများလည်း ရှိသည်။
ဥပမာအားဖြင့် ၀မ်လင်းဖြစ်၏။
၀မ်ကျန်းက ၀မ်လင်း၏ နှလုံးသားထဲမှ စာတန်းကို စစ်ဆေးလိုက်သောအခါ ယခုလိုမျိုး ဖြစ်နေသည်ကို အမှတ်ရမိသည်။
[ . . . ]
နန်ယန်ရှို့နှင့် တိုက်ခိုက်ရေး နည်းဗျူဟာများကို ဆွေးနွေးပြီးသောအခါတွင် ၀မ်ကျန်းသည် အန္တရာယ်ကို ဂရုမစိုက်ဘဲ ရိုးရှင်းစွာပင် ရှေ့သို့ တက်သွားခဲ့သည်။
အခြေခံအဆင့်တွင်ရှိသည့် ကောင်းထျန်းမင်က သူ၏ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်မှန်း ၀မ်ကျန်း သိသော်လည်း လူအများရှေ့တွင် သူသည် တိုက်ခိုက်ရန်ထက် ရှောင်တိမ်းခြင်းများကို ဦးစားပေးသွားမည် ဖြစ်၏။
သို့မဟုတ်လျှင် သူ၏ အစွမ်းအစကို သံသယ၀င်သွားပေလိမ့်မည် မဟုတ်လော။
တစ်ဖက်မှလူသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်၍ တိုက်ခိုက်မှုက မည်မျှ မြန်ဆန်နိုင်ပါမည်နည်း။
ထို့ကြောင့် ၀မ်ကျန်းသည် အချိန်မီ တုန့်ပြန်နိုင်မည်ဟု သေချာနေခဲ့သည်။
ထို့အပြင် ထိခိုက်မှုရှိခဲ့လျှင်ပင် သူ့အနေဖြင့် ခြင်ကိုက်ခံရသည်ထက် ပို၍နာကျင်မည် မဟုတ်ပေ။
နတ်ကြာပွတ်နှင့် အရိုက်ခံရစဥ်ကပင် တစ်ခါလေးတောင် သူ မအော်ခဲ့ချေ။
သူက နောက်ထပ် လေးလီလောက် လျှောက်လာပြီးနောက်တွင် မြူခိုးတောင်ထွတ်၏ တောင်ခြေနှင့် တစ်လီအောက်သာ ဝေးသည့်နေရာသို့ ရောက်ရှိလာခဲ့သည်။
သူက တောင်ခြေတွင် ထင်ရှားစွာ ရှိနေသဖြင့် တောင်ထိပ်ပေါ်ရှိ ကျောင်းသားများသည် သဘာ၀အတိုင်းပင် သတိထားမိခဲ့သည်။
၎င်းတို့က ၀မ်ကျန်းကို ချွန်ထက်သော မြှားများဖြင့် တောင်ထိပ်ကနေ ပစ်ခတ်ခဲ့၏။
ဤအခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ရှေ့တွင် သူ၏ အမြင်အာရုံသည် အလွန်ပင် အလုပ်လုပ်ခဲ့သည်။
ထို့ကြောင့် မြှားများ သူ့ဆီ ပျံသန်းလာချိန်တွင် ၎င်းတို့၏ အမြန်နှုန်းသည် တစ်ထောင်ပုံတစ်ပုံ အထိ နှေးကွေးသွားသလို သူခံစားခဲ့ရသည်။
သူက ဘေးသို့ အသာအယာ ရွှေ့လိုက်ရာ မြှားများကို လုံး၀ ရှောင်တိမ်းနိုင်ခဲ့သည်။
စင်စစ် သူ၏ ရှောင်တိမ်းပုံ အနေအထားသည် ၀မ်လင်းနှင့် အနည်းငယ် ဆင်တူ၏။
အကြောင်းရင်းမှာ ၀မ်ကျန်းသည် ၀မ်လင်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို မကြာခဏ ပြန်လည် သုံးသပ်ကာ ၀မ်လင်း၏ လှုပ်ရှားမှုများကို ပုံတူ ကူးချခဲ့ခြင်းကြောင့် ဖြစ်သည်။
ကံဆိုးစွာဖြင့် ၀မ်လင်း၏ လှုပ်ရှားမှုကို မည်မျှပင် ကူးချပါစေ၊ လှုပ်ရှားမှု၏ အနှစ်သာရကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် တောင်ထိပ်တွင် ရှိနေသည့် ကောင်းထျန်းမင်သည် တောင်ခြေရှိ လှုပ်ရှားမှုများကို သတိပြုမိလိုက်သည်။
"ခေါင်းဆောင်ကောင်း.. အမှတ်၆၀ အထက်တန်းကျောင်းက လူတစ်ယောက်ကို တွေ့ရှိထားတယ်"
ကြယ်ပွင့်အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်သည် ခံစားချက်မဲ့သော မျက်နှာအမူအရာဖြင့် ရှေ့တိုးကာ ပြောလိုက်သည်။
စင်စစ် ကြယ်ပွင့်အထက်တန်းကျောင်း တစ်ကျောင်းလုံးသည် ကောင်းထျန်းမင်၏ ဗိုင်းရပ်ရုပ်သေး အစီအရင်အောက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး လူဆယ်ယောက်ပါ အဖွဲ့သည် လက်ရှိတွင် ကောင်းထျန်းမင်၏ ထိန်းချုပ်မှုအောက်၌ ရှိနေခဲ့သည်။
ကောင်းထျန်းမင်အတွက်မူ ဤလူများသည် သူ၏ အသုံးချခံ ကိရိယာများထက် မပိုပေ။
သူက တောင်ခြေမှာရှိသည့် ၀မ်ကျန်းကို လေးနက်စွာ ကြည့်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနေခဲ့သည်။
ထို့နောက် သူက အိတ်ကပ်ထဲကနေ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်ကာ အဝေးမှမြင်နေရသည့် ရုပ်သွင်နှင့် တိုက်ဆိုင်စစ်ဆေးပြီးနောက် ၀မ်ကျန်း အစစ်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
သိပ်မကြာသည့် အချိန်က တစ်စုံတစ်ယောက်သည်
ကောင်းထျန်းမင်ကို ရှာဖွေကာ ဓာတ်ပုံတစ်ပုံ ပေးပို့ခဲ့သည်။
ထိုဓာတ်ပုံအတွင်းမှ လူများအားလုံးသည် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများဖြစ်သည့် ၀မ်ကျန်း၊ လျူချင်းရီ၊ ကူရွှင်းကျစ်၊ ကျန်းရွမ်နှင့် ဖန့်ရှင်းတို့ ဖြစ်သည်။
ကောင်းထျန်းမင်က ၎င်းတို့၏ နောက်ခံအကြောင်းကို မသိပေ။
သို့သော် ဓာတ်ပုံကို ပေးပို့ခဲ့သော လူသည် ဓာတ်ပုံထဲမှ
လူများကို ပြိုင်ပွဲအတွင်း တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။
စင်စစ် ၀မ်ကျန်းတို့ ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် ကြိုးစားဖို့ ဆိုသည်မှာ အပြောလွယ်သလောက် အကောင်အထည်ဖော်ရန် အလွန်ခက်သည်။
ကောင်းထျန်းမင်၏ မူလစွမ်းရည်ဖြင့်သာ ဆိုလျှင် ထိုသို့ လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ထိုလူက ကောင်းထျန်းမင်ကို အေးခဲထားသည့် ဖက်ထုပ် ကျွေးခဲ့၏။
ကောင်းထျန်းမင်သည် ဖက်ထုပ်ကိုကြည့်ပြီး သူ့မျက်လုံးကိုပင် မယုံနိုင် ဖြစ်နေခဲ့သည်။
"ဒါကဘာလဲ"
"ဒါက မင်းရဲ့ခွန်အားကို မြန်မြန်ဆန်ဆန်နဲ့ မြှင့်တင်ပေးနိုင်တဲ့အရာပဲ"
အဖြူရောင်၀တ်စုံ ၀တ်ထားသည့် လျှို့၀ှက်ဆန်းကြယ်လူက ပြန်ဖြေလိုက်သည်။
"ဒါက ဖက်ထုပ် မဟုတ်လား"
"ဒါက သာမန်ဖက်ထုပ် မဟုတ်ဘူး...ကမ္ဘာကြီးမှာ ဒီလိုဖက်ထုပ်တွေ ထပ်မရှိတော့ဘူး.. ဒီဖက်ထုပ်က ဖက်ထုပ်လက်ကျန်တွေထဲက အစအနလေးတွေကို ပြန်လည် ပြုပြင်ထားတဲ့ဗားရှင်းပဲ.. ဖက်ထုပ်ကို စားပြီးတာနဲ့ မင်းက ကမ္ဘာကြီးရဲ့ထိပ်ဆုံးကို ရောက်ရှိသွားလိမ့်မယ်"
ကောင်းထျန်းမင်က ဖက်ထုပ်ကို မစားသုံးခင် သူ့ရှေ့မှလူသည် စိတ်ရောဂါသည် ဖြစ်နိုင်သည်ဟု ထင်နေခဲ့သည်။
ထိုလူ၏ စကားလုံးများက အလွန်ပေါက်ကရ ဆန်နေသော်လည်း ကောင်းထျန်းမင်သည် မိစ္ဆာဆန်သည့် စွမ်းအင်တစ်ခုက သူ့လက်များကို ထိန်းချုပ်လိုက်သကဲ့သို့ ဖက်ထုပ်ကို အလိုအလျောက် ဆွဲယူမိကာ ပါးစပ်ထဲသို့ ထည့်လိုက်မိသည်။
ထိုအချိန်တွင် ၀မ်ကျန်းသည် သူရင်ဆိုင်နေရသည့် လူက သာမန် အခြေခံ တည်ထောင်ခြင်းအဆင့် မဟုတ်မှန်း မသိခဲ့ပေ။
ကောင်းထျန်းမင်သည် သူ၏ စွမ်းရည်ကို စမ်းသပ်နေချိန်တွင် ဖုံးကွယ်ထားခဲ့၏။
သူက အရိပ်တာအို၏ အစွမ်းကို ရရှိခဲ့ပြီး ဖက်ထုပ်ပေးပို့သည့် လျှို့၀ှက်ဆန်းကြယ်သောလူ၏ လမ်းညွှန်မှုအောက်တွင် အရိပ်စွမ်းအား ထိန်းချုပ်နည်းကို သင်ယူခဲ့ရသည်။
သူက သူ၏စွမ်းရည်ကို အပြည့်အ၀ဖိနှိပ်ရန်အတွက် သူ၏ အရိပ်ကို ရုပ်သိမ်းထားခဲ့သော်လည်း ယခုအချိန်အခါသည်သူ၏ အရိပ်ကို လွှတ်ပေးရမည့် အချိန်အခါပင် ဖြစ်၏။
ကောင်းထျန်းမင်က သူ့ကိုယ်သူ အလွန် သန်မာလှမှန်း ကောင်းစွာသိသော်လည်း ပြိုင်ဘက်တစ်ယောက်နှင့် စမ်းသပ်ဖို့ လိုအပ်နေပါသေး၏။
မည်သို့ပင်ဖြစ်စေ သူက တစ်ဖက်လူကို အပြင်းအထန် ဒဏ်ရာရအောင်သာ လုပ်မည်ဖြစ်ပြီး သေလောက်သည် အထိ ရိုက်နှက်မည် မဟုတ်ပေ။
ဤသည်မှာ ကောင်းထျန်းမင်၏ ရည်ရွယ်ချက် ဖြစ်သည်။
ထို့နောက်တွင် သူသည် သူ၏အရိပ်ကို လွှတ်ထုတ်လိုက်သည်။
၀မ်ကျန်းသည် ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် ဆံပင်များပင် ထောင်ထသွားခဲ့သည်။
ထိုအခိုက်တွင် သူက သေခြင်းတရား၏ အငွေ့အသက်ကိုပင် ခံစားခဲ့ရ၏။
အပိုင်း(၁၁၆၄) ပြီး၏