← Chapters

ဝမ်လင်း အကဲခတ်ခြင်း

Vol. 73 Ch. 1087

ဝမ်လင်း အကဲခတ်ခြင်း

Vol. 73 Ch. 1087

ဤညသည် သူ့အတွက် အိပ်ရေးမ၀သော ညတစ်ည ဖြစ်ခဲ့သည်။

စင်ဂယ်ကျိန်စာကို သက်ရောက်မှုကို အစပြုလိုက်တိုင်းတွင် ၀မ်လင်းသည် ချို့ယွင်းချက်အသစ်များ ရှိလာမည်ကို အမြဲလိုလို စိုးရိမ်ခဲ့ရသည်။

အခြားတစ်ဖက်တွင်မူ စွန်းရုံသည် သူမ၏ ကျယ်၀န်းသော ကုတင်ပေါ်တွင် လဲလျောင်းရင်း သူမ၏၀န်ခံမှုကို နောင်တရနေခဲ့သည်။

သူမက ဖွင့်ပြောရန်အတွက် သတ္တိကို စုစည်းခဲ့သော်

လည်း သူမပါးစပ်က အခြား စကားတစ်ခွန်းကိုသာ ပြောမိခဲ့သည်။

ကံကောင်းစွာဖြင့် အနီးအနားတွင် မည်သူမှ မရှိခဲ့ပေ။

သို့မဟုတ်လျှင် အလွန်ပင် ရှက်စရာကောင်းနေလိမ့်မည်။

စွန်းရုံက သူမ၏ မျက်နှာကို ခေါင်းအုံးထဲတွင် မြှုပ်ထားလိုက်ပြီး သူမ၏ ခြေတံရှည်လေးဖြင့် ကုတင်ကို အကြိမ်ကြိမ် ကန်လိုက်သည်။

နို၀င်ဘာလ ၅ရက်နေ့သည် အမှတ်(၆၀)အထက်

တန်းကျောင်း၏ ဒုတိယရက်မြောက်နေ့ ဖြစ်သည်။

ဤနေ့တွင် တတိယနှစ်ကျောင်းသားများက မျက်နှာကျက်ကနေ စာသင်ကြားနေသည်ကို နှောင့်ယှက်သော သတင်းများသည် အတန်းထဲတွင် ပျံ့နှံ့နေခဲ့သည်။

သို့သော် လူအများသည် ၄င်းတို့ကို စိတ်ထဲကနေ ချီးကျူးခဲ့ကြသည်။

[မင်းတို့ လုပ်တာ သိပ်ကောင်းတယ်]

၀မ်လင်း"........"

အပေါက်ဖြစ်သွားသော မျက်နှာကျက်ကို ညတွင်းချင်းပင် ကျောင်းက ပြုပြင်ထားခဲ့ပြီးပြီ ဖြစ်၏။

စွန်းရုံနှင့် ဝမ်လင်းတို့က စာလေ့လာရာတွင် အနှောင့်အယှက် ၀င်ခဲ့သော်လည်း ဆရာမဖန်က သူမ၏ အစီအစဥ်ကို ရပ်တန့်မည် မဟုတ်သည်မှာ ထင်ရှား၏။

ထို့ကြောင် ၀မ်လင်းသည် နောက်ထပ်တစ်ကြိမ် စာမေးပွဲတွင် ပျမ်းမျှအမှတ်ကို ထိန်းထားရမည့်အစား အမှတ်အနည်းငယ် မြှင့်တင်သင့်သလားဟုပင် တွေးနေမိသည်။

ဤနည်းအားဖြင့် ဆရာမဖန်၏ အစီအစဥ်သည် အခြားသူ တစ်ဦးနှင့် ဆက်လက် လုပ်ဆောင်နိုင်ပြီး သူကိုယ်တိုင်ကလည်း စိတ်အနှောင့်အယှက် ဖြစ်မှုတွေကနေ လွတ်မြောက်နိုင်မည် မဟုတ်ပါလော။

ယင်းကား နောက်ထပ် ကံမကောင်းသော လူမိုက်များအတွက်မူ အခွင့်အလမ်းကောင်း ဖြစ်၏။

မနက်ခင်းသည် ရှေးဟောင်းစာအုပ်ကြီး၏ သမိုင်းစာသင်ချိန်ဖြစ်သည်။

နွေရာသီအားလပ်ရက်တွင် ခွဲခွာရပြီးနောက် ကျောင်းသားများသည် ရှေးဟောင်းစာအုပ်ကြီးကို လွမ်းဆွတ် ခဲ့ကြသည်။

ရင်းနှီးသော ရုပ်သွင်က စာသင်ခန်းထဲသို့ ၀င်ရောက်လာသည့်အခါတွင် လူတိုင်း၏ မျက်လုံးများသည် ရှေးဟောင်းစာအုပ်ကြီး၏ ကိုယ်ပေါ်သို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

"ဆရာ၀မ်က ပေါင်ချိန် နည်းနည်းကျသွားတယ်လို့ ငါ ဘာလို့ ခံစားမိရတာလဲ"

ကျောင်းသားများက ရှေးဟောင်းစာအုပ်ကြီး၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို တိတ်တဆိတ် စစ်ဆေးခဲ့ပြီးနောက် ပိုမို ပိန်သွားသည်အား တွေ့ရှိလိုက်ရသည့်အတွက် အံ့သြနေခဲ့သည်။

"ဆရာ၀မ်က နွေရာသီအားလပ်ရက်မှာ စေတနာ၀န်ထမ်းအဖြစ် စာသင်ပေးနေတယ်လို့ ငါကြားမိတယ်"

အဆုံးသတ်တွင် ရှေးဟောင်းစာအုပ်ကြီး၏ သတင်းကို ကြားသိထားသူ တစ်ယောက်က ပြောလိုက်သည်။

"ဒါဆို ကျောင်းပိတ်ရက်မှာ ဆရာ၀မ်က စေတနာ့၀န်ထမ်း လုပ်နေတာပေါ့.."

"အင်း ဟုတ်တယ် အဲဒီနေရာက တော်တော်လေး ဆင်းရဲတဲ့နေရာလို့ကြားမိတယ်.. အဲဒီနေရာမှာ စာသင်ကြားဖို့အတွက် ငါတို့မြို့ကနေ စေတနာ့၀န်ထမ်း ဆရာ၊ဆရာမတွေကို စုစည်းပြီး နှစ်စဥ် စေလွှတ်ပေးလေ့ ရှိတယ်. ဆရာ၀မ်က အဲ့ဒီနေရာမှာ တစ်လခွဲလောက် လုပ်အားပေးခဲ့တယ်လို့ ငါကြားမိတယ်"

ထိုကျောင်းသားက သူသိထားသမျှကို ပြောပြခဲ့သည်။

"စေတနာ့၀န်ထမ်း သင်ကြားရေးအပြင် ကျေးလက်ဒေသတွေမှာ ရှာမတွေ့နိုင်တဲ့ သင်ကြားရေးစာအုပ်တွေနဲ့ ၀ိညာဥ်ဓားတွေလို ကျောင်းသုံးပစ္စည်းတွေကို ၀ယ်ဖို့အတွက် ရန်ပုံငွေလည်း စုဆောင်းထားတယ်"

အတန်းဖော်၏ စကားကို ကြားလျှင် လူတိုင်းက သူတို့၏ နှလုံးသားထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ဟွာရှို့နိုင်ငံကို စတင်တည်ထောင်ချိန်မှစ၍ ကြွယ်၀ပြီး အားကောင်းသည့် နိုင်ငံအဖြစ် အမြဲ မှတ်ယူထားသော်လည်း ဆင်းရဲသော ဒေသအချို့၏ ပထ၀ီ၀င်ဆိုင်ရာ အားနည်းချက်များကြောင့် ဖွံ့ဖြိုးတိုးတတ်မှုကို အညီအမျှ ဖြန့်ကျက်နိုင်ခြင်း မရှိသေးပေ။

ဆိုရလျှင် အမိနိုင်ငံက ကြီးပွားချမ်းသာနေသော်လည်း ချမ်းသာသူနှင့် ဆင်းရဲသူများ အကြားတွင် ကွာဟချက် ရှိနေဆဲဖြစ်ကြောင်း ၀န်ခံရပေမည်။

"အားလုံး.."

စတိတ်စင်ပေါ်တွင် ရပ်နေသော ရှေးဟောင်းစာအုပ်ကြီးက ပြောလိုက်သည်။

စေတနာ့၀န်ထမ်းအဖြစ် သင်ကြားရေးမှ ပြန်လာပြီးသည့် နောက်ပိုင်းတွင် သူ၏နှလုံးသားသည် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

လုပ်အားပေးကာလ တစ်လခွဲသည် အလွန် တိုတောင်းသော ကာလဖြစ်သော်လည်း ကျေးလက်တောရွာ၏ ဆင်းရဲမွဲတေမှုကို တွေ့ကြုံခံစားရန် ရှေးဟောင်းစာအုပ်ကြီးအတွက် လုံလောက်ပေသည်။

"လွန်ခဲ့တဲ့ တစ်လခွဲလောက်က အနောက်ပင်လယ်ခရိုင်မှာ ရှိတဲ့ အနောက်ပင်လယ်ရွာကို စေတနာ့၀န်ထမ်းအဖြစ် သင်ကြားပို့ချဖို့အတွက် ဆရာသွားခဲ့တာ အားလုံးလည်း သိပြီးကြမယ် ထင်ပါတယ်.. ဒီစေတနာ့၀န်ထမ်း သင်ကြားရေး လုပ်ဆောင်ချက်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စ

တင်ခဲ့တဲ့ ပရောဂျက် တစ်ခု ဖြစ်တယ်.. ဒါက ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ကနေ စတင်ခဲ့တဲ့ အစီအစဥ်တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်.. တကယ်တော့ ဒီသင်ကြားရေးက ဆောင်းရာသီနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာပဲ လုပ်ဆောင်တာတော့ မဟုတ်ဘူး"

"တိုးတက်နေတဲ့ မြို့ပေါ်မှာ ရှိတဲ့ စာသင်​ကျောင်းတွေက နေရာအသီးသီးမှာ စေတနာ့၀န်ထမ်း သင်ကြားမှုကို ပြုလုပ်ဖို့အတွက် သူတို့ရဲ့ ဆရာတွေကို အလှည့်ကျ စနစ်နဲ့ စီစဥ်ပေးကြတယ်.. ပြောရရင် ဒီစေတနာ့၀န်ထမ်း သင်ကြားရေးက ငါတို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသော ဒေသတွေမှာ ရှိတဲ့ ပညာရေးအဆင့်ကို များစွာ တိုးတက်စေခဲ့ပြီး ဆင်းရဲတဲ့ဒေသတွေက ကလေးငယ်တွေအတွက် ကြီးမားတဲ့ အကူအညီ တစ်ခုလည်း ဖြစ်စေခဲ့တယ်.. ဒါပေမဲ့ ဒီဒေသတွေရဲ့ မြေပြင်အနေအထားက အရမ်းကြမ်းတမ်းတယ်.. ဒါကြောင့် စေတနာ့၀န်ထမ်းအဖြစ်လုပ်ကိုင်မဲ့ဆရာတွေက အနိမ့်ဆုံး ရွှေအမြူတေ အဆင့် ကျင့်ကြံသူ ဖြစ်မှပဲ အဆင်ပြေလိမ့်မယ် ဒါမှမဟုတ်ရင်တော့ အရမ်း အန္တရာယ်များလွန်းတယ်"

"မြေအောက်မှာရှိတဲ့ ၀ိညာဥ် သွေးပြန်ကြောရဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ သဘောသဘာ၀ကြောင့် ဒီဒေသတွေမှာ ရှိတဲ့ ဒေသခံတွေက ကြမ်းတမ်းတဲ့ အခြေအနေတွေကို ကြံ့ကြံခံနေကြရတယ်"

"သူတို့က မြို့ကြီး တစ်မြို့မြို့ကို မပြောင်းကြဘူးလား"

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

"သူတို့က အဲ့ဒီနေရာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့အတွက် သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်တွေက ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်နေခဲ့ပြီ.. ဒါပေမဲ့ အပြင်လူတွေကျတော့ ပတ်၀န်းကျင် အသစ်နဲ့ အလွယ်တကူ လိုက်လျောညီထွေ မဖြစ်နိုင်တာကြောင့် အဲဒီနေရာမှာ အချိန်အတော်ကြာ နေထိုင်ဖို့တော့ မလွယ်ကူဘူး.. အကယ်၍ စေတနာ့၀န်ထမ်းဆရာတွေက အဲဒီဒေသမှာ အချိန်အတော်ကြာ သင်ကြားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေးအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မှာ ဖြစ်တယ်.. ဒါကြောင့်ပဲ စေတနာ့၀န်ထမ်းအဖြစ် လုပ်ကိုင်မဲ့ ဆရာတွေကို အလှည့်ကျစနစ် အသုံးပြုနေရတာပဲ"

"ဒီထူးခြားတဲ့ ပထ၀ီ၀င် အနေအထားကြောင့် ဒေသခံတွေကလည်း အပြင်ကို အလွယ်တကူ မတိုးချဲ့နိုင်သလို ပြင်ပလူတွေကလည်း ဒီဒေသမှာ အခြေချပြီး စီးပွားရေးခြေကုပ်ယူဖို့ မဖြစ်နိုင်တဲ့အတွက် ဒေသရဲ့ စီးပွားရေးက အချိန်နဲ့အမျှ နောက်ကျ ကျန်နေရစ်ခဲ့တယ်.. ပြောရရင် အနောက်ပင်လယ်ရွာက မြေမျက်နှာသွင်ပြင် အတော်လေး ကြမ်းတမ်းတယ်.. ဒါပေမဲ့လည်း ဒီမြေအောက် ၀ိညာဥ်ရဲ့ သွေးကြောကို နေရာပြောင်းလဲဖို့က မဖြစ်နိုင်ဘူးလေ.. ဒါကြောင့် ဆင်းရဲတဲ့ဒေသတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက်ဆိုရင် တခြားနည်းလမ်းတွေနဲ့ပဲ ဖြစ်နိုင်လိမ့်မယ်"

"ဥပမာ အက်စစ်အချဥ်ဓာတ်ကို ထိန်းထားနိုင်တဲ့ ဒုံးကျည်တွေကို အချိန်ကာလတစ်ခုထိ ကောင်းကင်ပေါ်မှာ ပစ်လွှတ်တာမျိုး၊ နောက်ထပ်ဥပမာ တစ်ခုက မြေအောက်သွေးပြန်ကြောတွေရဲ့ အက်စစ်ဓာတ်သဘာ၀ကို အသုံးပြုပီး အက်စစ်ရဲ့ ဓာတ်တွေကို စွမ်းအင်အရင်းအမြစ် အဖြစ် ပြောင်းလဲဖို့ပဲ.. ငါသွားခဲ့တဲ့ အနောက်ပင်လယ်ရွာက ရွာသားတွေကတော့ အမှိုက်တွေကို မြေဆွေး လုပ်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်ကြတယ်.. သူတို့တွေရဲ့ အိမ်အားလုံးမှာ ၀ိညာဥ်ရေး သွေးပြန်ကြောဆီကို ဖြောင့်တန်းစွာ စီးဆင်းနေတဲ့ အမှိုက်ပုံးတစ်ခုစီ ရှိတယ်.. နေ့စဥ်အိမ်သုံးအမှိုက်တွေကို ဒီအမှိုက်ပုံးထဲ စွန့်ပစ်လိုက်တာနဲ့ အက်ဆစ်ဓာတ်တွေ များတဲ့ ၀ိညာဥ်ရေး သွေးပြန်ကြောတွေက ချက်ချင်းပဲ အမှိုက်တွေကို ဖြိုခွဲပစ်လိုက်တယ်.. တနည်းအားဖြင့် ဒါက သဘာ၀ပတ်၀န်းကျင်ကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်"

"ဆရာက အတော်လေး ကြိုးကြိုးစားစား လုပ်အားပေးခဲ့တဲ့ပုံပဲ.. ကိုယ်အလေးချိန် အတော်လေး ကျသွားတယ်"

တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် အဓိကပြသနာကို ထုတ်ဖော်ခဲ့သည်။

"တကယ်တော့ ငါ ကိုယ်အလေးချိန် ကျသွားတဲ့အဓိက အကြောင်းအရင်းက စေတနာ့၀န်ထမ်း လုပ်အားပေးတာကြောင့် မဟုတ်ပါဘူး.. အဲဒီနေရာမှာ သရေစာဆိုင်တွေ မရှိတာကြောင့်ပါ.. ပထမနေ့မှာကတည်းက ငါယူသွားခဲ့တဲ့ အစပ်ချောင်းတွေ အားလုံးက ကုန်သွားတယ်လေ"

ရှေးဟောင်းစာအုပ်ကြီးက သူ့ခံစားချက်များကို ဖွင့်ထုတ်လိုက်သည်။

လူတိုင်း"........"

ဤသမိုင်းအတန်းချိန်တွင် ရှေးဟောင်းစာအုပ်ကြီးသည် သူ၏ စေတနာ့၀န်ထမ်း အတွေ့အကြုံကို အသုံးပြု၍ မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပတ်သက်သည့်အကြောင်းအရာများကို သင်ကြားပေးခဲ့သည်။

မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများသည် အလွန် နက်နဲသော နေရာတွင် ၀ှက်ထားသော အထူးအရံစွမ်းအင် တမျိုး ဖြစ်သည်။

ကျင့်ကြံသူသည် တံခါးပိတ်ကျင့်ကြံကြသောအခါမျိုးတွင် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောထူထပ်သည့် နေရာများကို ရွေးချယ်ကြလေ့ရှိသည်။

မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများသည် အကြီး အသေးကို လိုက်၍ မတူညီသော ဂုဏ်ရည်များ ရှိ၏။

မြို့ကြီးပြကြီးများ အောက်ဘက်ရှိ မြေအောက်၀ိညာဥ်ရေးသွေးပြန်ကြောများတွင် ကြီးမားသောစွမ်းအင်များ ပါ၀င်သည်မှာ သေချာသလောက်ပင်။

အထူးသဖြင့် ကျင့်ဟွာမြို့၏ မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြော ဖြစ်သည်။

အတန်းချိန်ပြီးသောအခါတွင် ရှေးဟောင်းစာအုပ်ကြီးသည် ကျောင်းသားတစ်ဦးချင်းစီအား သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သည့် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများ၏ တည်နေရာ အားလုံးကို ရည်ညွှန်းထားသည့် စာရင်းအား ပေးခဲ့သည်။

ယင်းမှာ လစဥ်လာမည့် စာမေးပွဲအတွက် မသင်မနေရသင်ခန်းစာများ ဖြစ်သည်။

ထိုစာရင်းထဲရှိ ရာပေါင်း များစွာသော ၀ိညာဥ်ရေး သွေးပြန်ကြော များထဲမှ ၀ိညာဥ်ရေး သွေးပြန်ကြောဆယ်ခုကို ကျပန်းရွေးချယ်ပြီး စာမေးပွဲတွင် မေးမြန်းမည် ဖြစ်သည်။

ကျောင်းသားများက ၀ိညာဥ်ရေးသွေးပြန်ကြောများ၏ ဂုဏ်ရည်နှင့် ၄င်းတို့ ပေါ်ထွန်းလာသည့် သမိုင်း၀င်ကာလများကို မှန်ကန်စွာ ဖြေဆိုရမည် ဖြစ်၏။

၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပက်သက်သည့် အကိုးအကား စာရင်းများကို ထုတ်ပေးရာတွင် မြေပဲလေးကို အကူအညီပေးပြီး နောက်တွင် စွန်းရုံသည် ၀မ်လင်းရှိရာဘက်သို့ မလှည့်ကြည့်ပဲ မနေနိုင်ခဲ့ချေ။

သူမက မနေ့က ဖြစ်ရပ်အတွက် အနည်းငယ် ရှက်နေမိသည်။

၀မ်လင်းကို ကြည့်ရသည်မှာ သူမကို ဖုတ်လေသည့် ငပိရှိသည်ဟုပင် ထင်ပုံမရချေ။

သူမက ၀မ်လင်းကို တိတ်တဆိတ် ခိုးကြည့်နေမိသည်။

သို့သော် ၀မ်လင်းကလည်း သူမကို ခိုးကြည့်နေမည်ကို သူမ ထင်မိမည် မဟုတ်ချေ။

အပိုင်း(၁၀၈၇) ပြီး၏

All Chapters