← Chapters

ဝမ်လင်းမွေးဖွားသည့်ဖြစ်စဥ်

Vol. 74 Ch. 1100

ဝမ်လင်းမွေးဖွားသည့်ဖြစ်စဥ်

Vol. 74 Ch. 1100

သူမွေးဖွားစဥ် အခြေအနေနှင့် ပတ်သက်၍ ၀မ်လင်းသည် မေမေ၀မ်ထံမှ တစ်ကြိမ်ထက်မက ကြားဖူးခဲ့သည်။

သူမွေးစဥ်က သာမန်ကလေးများနှင့် ထူးမခြားနားဟု

မေမေ၀မ် ပြောခဲ့သော်လည်း ၀မ်လင်းက ထိုစကားကို

မယုံခဲ့ပေ။

ဤတစ်ခေါက်တွင်မူ မွေးဖွားစဥ်က ဗွီဒီယိုမှတ်တမ်း

ကြောင့် သူ့အနေဖြင့် အတိအကျသိရပြီ ဖြစ်သည်။

မြင်ကွင်းပုတီးစေ့သည် ထိုအချိန်က ဖေဖေ၀မ်ဘနှင့် မေမေ၀မ်၏ အနည်းငယ် နုပျိုသော အသွင်အပြင်ကို မှတ်တမ်းတင်ထားခဲ့သည်။

ဗွီဒီယိုထဲတွင် ဖေဖေ၀မ်နှင့် မေမေ၀မ်တို့သည် အလွန်ငယ်ရွယ်သေးပြီး မေမေ၀မ် ဆိုလျှင် မျက်လုံးထောင့်များမှာပင် အရေးအကြောင်းများစွာ မရှိသေးပေ။

တကယ်တမ်းတွင် အသက်သုံးဆယ် ဟူသောအရွယ်သည် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ၄င်းတို့၏ ဘ၀တွင် အဓိကအကျဆုံး အရွယ်ဖြစ်ပြီး ရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကြိုးကြိုးစားစား လုပ်ဆောင်နိုင်သော အရွယ်လည်း ဖြစ်သည်။

မြင်ကွင်းပုတီးစေ့၏ ပုံရိပ်ထဲတွင် ချွေးများဖြင့် ပြည့်နှက်နေသော မေမေ၀မ်ကို မြင်လိုက်ရလျှင် ၀မ်လင်း၏ နှလုံးသားသည် ရုတ်တရက် နာကျင်လာခဲ့သည်။

သဘာ၀အတိုင်း မီးဖွားမှုသည် ငရဲကျသည်နှင့် အလား

သဏ္ဍာန် တူသည်ဟု အဆိုရှိသည်။

သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတတ်လာသည်နှင့်အမျှ ကလေးမွေးဖွားရာတွင် ချောချောမွေ့မွေ့ ဖြစ်စေရန်အတွက် နည်းလမ်းအမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။

ယနေ့ခေတ်တွင် နာကျင်မှုကို သည်းမခံနိုင်သောမိခင်များသည် ဗိုက်ခွဲ၍ မွေးခြင်းကို ရွေးချယ်လာခဲ့ကြသည်။

ထို့ကြောင့် သဘာ၀အတိုင်း ကလေးမီးဖွားသော မေမေ၀မ်ကို သူရဲကောင်းတစ်ယောက်ဟုပင် ၀မ်လင်း မြင်မိခဲ့သည်။

ကလေးမွေးဖွားသည့် ဖြစ်စဥ် တစ်လျှောက်လုံးတွင် သူနာပြုများ၏ မေမေ၀မ်ကို အားပေးသည့် အသံများနှင့် မေမေ၀မ်၏ ကြိုးစားပမ်းစား အားထုတ်နေသည့် အသံများသည် စည်းချက်ညီညီ ထွက်ပေါ်နေခဲ့သည်။

ထို့နောက် မိနစ်အနည်းငယ်အကြာတွင် သူနာပြုတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"အိုး.. ထွက်လာပြီ..ကလေးထွက်လာပြီ"

သားဖွားသူနာပြုများသည် ကလေးမွေးဖွားသည့် အတွေ့အကြုံ များစွာ ရှိသောကြောင့် သာမန်အားဖြင့် တုန်လှုပ်လေ့ မရှိပေ။

သို့ရာတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ဘာဖြစ်လို့လဲ"

မေမေ၀မ်က အလွန်မောပန်းလွန်း၍ ချွေးများဖြင့် ဖုံးလွှမ်းနေခဲ့သော်လည်း ကလေးထွက်လာသည် ဟူသော အသံကို ကြားသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။

အချိန်အတော်ကြာ ၀မ်းချုပ်ပြီးနောက် အားရပါးရ ၀မ်းသွားရသည့် ခံစားမှုကဲ့သို့ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ၀န်ထုပ်၀န်ပိုးကလည်း သိသိသာသာပင် လျော့ကျသွားခဲ့၏။

သူမ ပတ်၀န်းကျင်ရှိ ဆရာ၀န်များနှင့် သူနာပြုများ၏ အံ့အားသင့်နေသော မျက်နှာများကို မြင်လိုက်ရလျှင် သူမသည် အခြေအနေကို ပိုမို၍ သိချင်လာခဲ့သည်။

"ကလေးက ယောကျ်ားလေးလား မိန်းကလေးလား"

"ယောကျာ်းလေးပါ"

သူနာပြုအမျိုးသမီးက မေမေ၀မ်၏ မေးခွန်းကို ပြန်ဖြေလိုက်ပြီး သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

"ဒါပေမဲ့ ကလေးက ဗိုက်ထဲကနေ သူ့ဘာသာသူ တွားသွားပြီး ထွက်လာခဲ့တယ်"

ထိုအချိန်က ၀မ်လင်းသည် သားဖွားဆေးရုံတွင် သူ့ဘာသာသူ မေမေ၀မ်၏ ၀မ်းထဲမှ တွားသွား ထွက်လာသည့် ဒဏ္ဍာရီကို သူပင် မသိလိုက်ဘဲ ချန်ထားရစ်ခဲ့သည်။

မေမေ၀မ်၏ ၀မ်းဗိုက်ထဲမှ သူ့ဘာသာသူ တွားသွား ထွက်လာသည်ကို သိလျှင် ထိုရလဒ်ကို ၀မ်လင်း အရမ်း အံ့သြနေမိသည်။

ခြုံ၍ပြောရလျှင် ဤသည်က ၀မ်နွမ်လေး မွေးဖွားလာသောအခါတွင် မည်ကဲ့သို့ မွေးဖွားလာနိုင်သည်ကို သိချင်စိတ်ပိုမို ဖြစ်ပေါ်စေခဲ့သည်။

အမွှေစိန်လေးက မည်သည့်နည်းလမ်းဖြင့် ဗိုက်ထဲမှ ထွက်လာမည်ကို မည်သူ သိနိုင်ပါအံ့နည်း။

၀မ်လင်းက အိမ်စာများကို မှင်စာနှစ်ကောင်ထံတွင် ထားခဲ့ကာ(Wechat)ပေါ်ရှိ ချက်ဂရုတွင် စတင် စနည်းနာခဲ့သည်။

ဆရာမဖန်က သူ့ကို ပြန်ခေါ်သွားပြီးနောက်ပိုင်းတွင် ချက်ဂရု၏ မက်ဆေ့ချ်များသည် ရပ်တန့်မသွားခဲ့ပေ။

တချို့က သူ့ကို ဂရုစိုက်ကြောင်း ပြသခဲ့ကြပြီး တချို့ကမူ ရှားမင် နှင့် ရန်ပွဲမှ ရလဒ်အတွက် ၀မ်လင်းကို စိုးရိမ်နေခဲ့ကြသည်။

ဤကိစ္စသည် တောမီးသဖွယ် ပျံ့နှံ့နေခဲ့၍ နောင်အခါတွင် သူ့အပေါ်ကြီးမားသော သက်ရောက်မှု ရှိလာနိုင်သည်ဟု တွေးမိခဲ့သည်။

ထို့အပြင် ဤကိစ္စက ပျံ့နှံ့နေပြီ ဖြစ်သောကြောင့် တစ်ဦးချင်းဆီ၏ မှတ်ဥာဏ်များကို လိုက်ဖျက်ပစ်ရန်မှာ လက်တွေ့မကျတော့ပေ။

တစ်ခါတရံတွင် ဗွီဒီယိုတစ်ခု၏ အွန်လိုင်းပတ်၀န်းကျင်တွင် အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်မှာ ခက်ခဲသည်။

ဆိုရလျှင် ၀ါကျတစ်ကြောင်း၏ အကျိုးသက်ရောက်မှုထက်ပင် ဗွီဒီယို တစ်ခု၏ အကျိုးသက်ရောက်မှုသည် အလွန်ပင် ကြီးမား၏။

ယင်းက မကြာသေးမီက ဖြစ်ပွားခဲ့သော MBA ပွဲစဥ်မှ အဖြစ်အပျက်တစ်ခု ကဲ့သို့ပင်။

အဖွဲ့မန်နေဂျာ တစ်ဦး၏ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲသံသည် MBAလောကတွင် မုန်တိုင်းတစ်ခုကို တိုက်ရိုက် ဖန်တီးခဲ့သည်။

ဤလူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဟု ၀မ်လင်း ထင်မြင်မိသည်။

ခြုံ၍ ပြောရလျှင် အသင်း၏ မန်နေဂျာသည် အသင်းတစ်ခုတွင် အကျိုးအမြတ်အရှိဆုံး သူများထဲမှ တစ်ဦး ဖြစ်သည်။

မြင့်မားသောလစာ၊ နိုင်ငံအသီးသီး၏ ယဥ်ကျေးမှုနှင့် လိုက်နာရမည့် စည်းမျဥ်းများကို နားလည်သဘောပေါက်ပြီး ပညာရေးဆိုင်ရာ အရည်အချင်း မြင့်မားသောသူသည် ထိုသို့ ပြောဆိုမှု၏ အကျိုးဆက်များကို မစဥ်းစားမိဘဲ မနေလောက်ပေ။

လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အကာအကွယ်တစ်ခု အဖြစ် အသုံးချကာ ကိုယ်ကျိုးစီးပွား အတွက် နယ်ပယ်တစ်ခုလုံးကို နွံထဲသို့ ဆွဲချလိုက်သည်မှာ အလွန်ပင် ကောက်ကျစ်သည်ဟု ၀မ်လင်း ထင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤလူသည် အလွန်ပင် အရှက်မရှိသူ ဖြစ်သည်ကိုတော့ သိထားရန် လိုအပ်ပေသည်။

ထိုMBA မန်နေဂျာ၏ အမည်မှာ မိုရေး ဖြစ်သည်။

ဟွာရှို့နိုင်ငံသည် MBA တံခါးကို ဖွင့်ရန်အတွက် ငွေကြေးများစွား သုံးစွဲခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ဆိုရှယ်လ် မီဒီယာပေါ်ရှိ ဆိုး၀ါးသော မှတ်ချက်တစ်ခုကြောင့် MBA တံခါးသည် ဟွာရှို့နိုင်ငံကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားခဲ့သည်။

ယနေ့ခေတ် ကမ္ဘာကြီးမှ လူသားများသည် MBA ပွဲစဥ်မရှိလျှင် မနေနိုင်သလို ဖြစ်နေသည်။

ထိုအစား အမျိုးသမီး ဘော်လီဘောပွဲ နှင့် စားပွဲတင် တင်းနစ်ပွဲများကို ကြည့်ရှုသည်က ပို၍ ပျော်စရာကောင်းသည်ဟု ၀မ်လင်း ထင်မြင်ခဲ့သည်။

၀မ်လင်းက အခြားသူများထံမှ မက်ဆေ့ချ်များကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။

Wechat တွင် တော်တော်များများသည် သူ့ကို အပ်ထားသော်လည်း အများစုမှာ သူ၏ မကြာသေးမီက ကျော်ကြားမှုကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် သူအနေဖြင့် ၄င်းတို့နှင့် ဆက်ဆံလိုစိတ် မရှိပေ။

သူ့ထံမှ မိတ်ဆွေဖွဲ့မှုကို ငြင်းခံရပြီးနောက်တွင် လူတချို့သည် သူ၏အမည်ကို ၄င်းတို့ စာရင်းများကနေ ဖျက်ပစ်ခဲ့ကြသည်။

၀မ်လင်းသည်(Wechat)ကို သူကောင်းစွာရင်းနှီးသော

လူများကို စာပြန်ရန်အတွက်သာ အသုံးပြုလေ့ရှိသည်။

ဥပမာအားဖြင့် ချန်းချောင်၊ကော်ဟောက် နှင့် မြေပဲလေးတို့ ဖြစ်သည်။

"အတန်းဖော်စွန်းရုံနဲ့ ကိစ္စကို မင်းဘယ်လိုလုပ်မှာလဲ ၀မ်လင်း"

ချန်းချောင်က ရယ်မော၍ မေးလိုက်သည်။

စာသင်နှစ်အစတွင် ချန်းချောင်ကိုယ်တိုင်က စွန်းရုံကို ပိုးပမ်းခဲ့သေးသော်လည်း နောက်ပိုင်းတွင် ပိုးပမ်းသည့်သူ များလွန်းသဖြင့် စွန့်လွှတ်ခဲ့သည်။

ပြိုင်ဘက်များလွန်းသဖြင့် အောင်ပွဲရရန် အခွင့်အလမ်းနည်းလွန်းသည်ဟု ခံစားမိသောကြောင့် ချန်းချောင်က ဘာမှဆက်လက် မလုပ်ဆောင်ခဲ့ပေ။

သူ့အမြင်အရ မှန်းဆ၍ မရနိုင်သည့် ရလဒ်တစ်ခုအတွက် အားသွန်ခွန်စိုက် လုပ်ရသည်မှာ အလွန်မိုက်မဲသော အပြုအမူ ဖြစ်သည်။

အကယ်၍ ထိုသို့လုပ်ဆောင်ရန် အချိန်ပိုရှိခဲ့လျှင်သူ၏ ကြွက်သားများကို တောင့်တင်းအောင် အားကစားရုံတွင် အသုံးချလိုက်သည်ကသာ ပို၍ကောင်းမွန်သည် မဟုတ်ပါလော။

"ငါမစဥ်းစားရသေးဘူး"

၀မ်လင်းက ပြန်ဖြေလိုက်သည်။

အနှေးနှင့်အမြန်ဆိုသလို ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းအား ရှာဖွေရမည်မှန်း သူကောင်းစွာသိသည်။

ရှားမင်က သူ့ကို လုံး၀ အလျှော့ပေးမည့်ပုံ မပေါ်ပေ။

စွန်းရုံအတွက်ကမူ ဤကောင်မလေးက ဘာတွေ တွေးနေမှန်း ၀မ်လင်း မသိသေးပေ။

ယခုအချိန်ထိ သူမက မည်သူ့ကိုမှ မတွေ့လိုဘဲ အိမ်ထဲတွင်သာ ပုန်းနေခဲ့သည်။

သောကြာနေ့၊နို၀င်ဘာလ ၇ ရက်။

ဟွာကောရေတံခွန်လုပ်ငန်းစုမှ ဇိမ်ခံကားတန်းရှည်ကြီးသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းရှေ့တွင် ရောက်ရှိနေခဲ့သည်။

တန်ဖိုးကြီး အသုံးအဆောင်များကို ခန္ဓာကိုယ်တွင် ဆင်မြန်းထားသော အဘိုးအိုတစ်ဦးသည် ကားထဲကနေ တုတ်ကောက်တစ်ချောင်းနှင့် အတူ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။

ထိုအဘိုးအို၏ အရှေ့ နှင့် အနောက် ပတ်ပတ်လည်တွင် သက်တော်စောင့်များက စုပြုံ၍ ရှိနေကြသည်။

ထိုအဘိုးအိုကို တွေ့လိုက်ရသူများသည် အဘိုးအို၏ ၀ိသေသလက္ခဏာကြောင့် အံ့သြသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအိုသည် ဟွာကော ရေတံခွန်လုပ်ငန်းစု၏ လက်ရှိ ဥက္ကဌကြီး စွန်းရိယွမ် ဖြစ်နေသောကြောင့်ပင်။

အပိုင်း(၁၁၀၀) ပြီး၏

All Chapters