အမှတ်၆၀အထက်တန်းကျောင်း၏ မဟာလက်နက်ကြီးများထဲမှ တစ်ခု
Vol. 51 Ch. 764
အဘိုးအို၏ အသက်ရှင်လိုသောဆန္ဒက အလွန်ပြင်းထန်သည်ဟု ကျိုးရီ ခံစားခဲ့ရသည်။
၎င်းက ဝူကျီနှင့် ယှဉ်လျှင် ပိုသန်မာသော သစ်ပင်မှင်စာ ဖြစ်သော်လည်း မီးကိုဘကြောက်သည်မှာ သေချာသည်။
ကျိုးရီက သန့်စင်ခြင်းမီးလျှံ၏ စွမ်းအားကို အတိအကျ မသိသော်လည်း ၎င်းမှာ သူ့ဆရာထံမှ ဖြစ်သောကြောင့် သာမန်မဟုတ်သည်မှာတော့ သေချာသည်။
ယခုအချိန်ထိ အဘိုးအို၏ မျက်လုံးများသည် အဖြူရောင်မီးလျှံများပေါ်တွင် ရှိနေဆဲ ဖြစ်သည်။
ဤကဲ့သို့ နတ်မီးတောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ လက်ထဲသို့ မည်သို့မည်ပုံ ရောက်ရှိနေသည်ကို အဘိုးအို နားမလည်နိုင်ပေ။
ဤသည်မှာ သန့်စင်ခြင်းမီးတောက်ပင် ဖြစ်သည်။
လွန်လွန်ကျူးကျူးဖော်ပြရလျှင် ဒဏ္ဍာရီအဆင့် လမီးတောက် ဖြစ်သည်။
၎င်းက လကြတ်ချိန်တွင် နေနှင့်လ ထပ်သောအခါ၌ လ၏အနားသတ်ကို ဝိုင်းရံထားသော သန့်စင်ခြင်းမီးလျှံလည်း ဖြစ်သည်။
ဤသည်က ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော နတ်မီးတောက်ဖြစ်၍ ၎င်းကိုစုဆောင်းရန်မှာ အလွန်ခက်ခဲသည်။
သူသိသလောက် သန့်စင်ခြင်း မီးလျှံကို လက်ဝယ် ရရှိထားသည့် တစ်ဉီးတည်သော ပုဂ္ဂိုလ်မှာ ပကတိအင်မော်တယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
၎င်း၏တာအိုအမည်မှာ အင်ပါယာယန်ယွဲ့ ဖြစ်သည်။
အင်ပါယာယန်ယွဲ့က တပည့်တစ်ယောက် မွေးခဲ့ပြီး လွန်ခဲ့သောနှစ်များက သူစုဆောင်းထားခဲ့သော သန့်စင်ခြင်းမီးလျှံကို ထိုတပည့်ထံ လက်ဆင့်ကမ်းပေးသည်ဟု ဆိုသည့်သီအိုရီတစ်ခု ထွက်ပေါ်ခဲ့သည်ကို အဘိုးအိုသိခဲ့သည်။
ထိုသတင်းသာ အမှန်တကယ်ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိလာမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးရင်း အဘိုးအိုက ကျိုးရီကို ကြည့်လိုက်သည်။
ဤလူငယ်လေးက အင်ပါယာယန်ယွဲ့၏ တပည့်တစ်ယောက်ဖြစ်နိုင်ပါသလော။
“ငါ့နာမည်က ချင်လန်.. ငါခုနက သခင်လေးကို မရိုမသေပြုမူမိပါတယ်”
အဘိုးအိုက လက်သီးဆုပ်၍ သူတို့လူစုကို ဂါရဝပြုလိုက်သည်။
သူက ဤနှစ်များတစ်လျှောက်တွင် သားရဲဘုရင်၏ သင်္ချိုင်းဂူကို စောင့်ကြပ်နေသော်လည်း ပြင်ပလောက၏ အရေးကိစ္စများကို သိရှိနေခဲ့သည်။
အကြောင်းရင်းမှာ အင်ပါယာသစ်ပင်၏ အမြစ်များက ရှည်လျားလွန်းသဖြင့် ပြင်ပကမ္ဘာ၏ ကောင်းကင်ယံကို ထိုးဖောက် ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။
ချင်လန် သတင်းရယူသည့် နည်းလမ်းမှာ ပြင်ပကမ္ဘာရှိ သစ်ပင်မှင်စာငယ်လေးများနှင့် ဆက်သွယ်ကာ သတင်းရယူသည့် နည်းလမ်း ဖြစ်သည်။
ဟွာရှို့မဟာမိတ်က သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေကို စူးစမ်းရန်အတွက် စီစဉ်နေသည်ကို အစောပိုင်းကတည်းက သူသိထားခဲ့ပြီး ဖြစ်၍ အနောက်ဘက်ဒေသရှိ အင်ပါယာ သစ်တောများကို အထူးသတိထား ဖုံးကွယ်ထားခဲ့သည်။
သို့တိုင် ဤအဖွဲ့က ရှာဖွေတွေ့ရှိသွားခဲ့သေးသည်။
ထိုအချိန်မှာပင် သူက ငွေရောင်လေး၏ တည်ရှိမှုကို အံ့အားသင့်သွားခဲ့သည်။
ကပ်ဘေးကြီးကနေ သူတော်စင် သားရဲတစ်ကောင်က လွတ်မြောက်နေလိမ့်မည်ဟု သူတစ်ခါမှမထင်ထားခဲ့ပေ။
ဟွာရှို့မဟာမိတ်အဖွဲ့သည် လက်ရှိအချိန်တွင် ဝမ်မင်ကို ဆက်လက် ရှာဖွေနေသည့်အပြင် နွေရာသီစခန်းကိုလည်း ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေခဲ့သည်။
ဝမ်မင်အနားတွင် မရှိသောကြောင့် ရှေးဟောင်းစာအုပ်ကြီးက ဝမ်လင်းတို့အဖွဲ့၏ ဦးဆောင်ဆရာအဖြစ် အစားထိုးခြင်း ခံခဲ့ရသည်။
ထို့ပြင် ကျိုက်ယန်ကလည်း ဝမ်မင် ပျောက်ဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေသေးသောကြောင့် သူမ၏ အဖွဲ့ကိုလည်း ရှေးဟောင်းစာအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ကြောင့် ရှေးဟောင်းစာအုပ်ကြီးသည် သူ၏ ကိုယ်ပိုင်အဖွဲ့အပါအဝင် ယခုအခါ၌ အုပ်စု၃စုကို ဦးဆောင်နေရသည်။
ယခုဆိုလျှင် ဝမ်မင် ပျောက်ဆုံးနေသည်မှာ ၁၂နာရီပင် ရှိနေပြီဖြစ်သည်။
အချိန်က မနက်၇နာရီ ထိုးသွားပြီ ဖြစ်သည်။
သက်တန့်မြက်သေတ္တာအတွင်း ဦးဆောင်ဆရာများ အသုံးပြုရန်အတွက် စာသင်ခန်းများလည်း ပါရှိသည်။
ရှေးဟောင်းစာအုပ်ကြီးက ယနေ့အတွက် သင်ခန်းစာအချိန်ဇယားကို ပြင်ဆင်ထားခဲ့သည်။
မနက်၈နာရီခွဲတွင် တရားဝင်အချိန်ဇယား စတင်ခဲ့သည်။
၎င်းက စိတ်ဝိညာဉ်အပင်များ အကြောင်း သင်ခန်းစာဖြစ်ပြီး တစ်နာရီခွဲ ကြာမြင့်မည် ဖြစ်သည်။
သင်ခန်းစာ၏ တိကျသော အကြောင်းအရင်းမှာ ယမန်နှစ်ကအခြေစိုက်စခန်းသို့ သွားရောက်လေ့လာခြင်းနှင့် ကွဲပြားသော အဆင့်မြင့် အစီအစဉ်တစ်ခု ဖြစ်သည်။
အဓိကအကြောင်းအရင်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အထက်တန်းကျောင်း ပြီးသည့်နောက်တွင် ကျောင်းသားများသည် ကောလိပ်မေဂျာ အတွက် တိုက်ပွဲဌာနကိုသာ နှစ်စဉ် ပိုမိုရွေးချယ်လာခြင်း တို့ကြောင့် ဖြစ်သည်။
ထိုကြောင့် ဟွာရှို့မဟာမိတ်အဖွဲ့သည် စိတ်ဝိညာဉ်အပင်များနှင့် ဆေးဘက်ဝင်အပင်များ သုတေသနကို ကျောင်းသားများစိတ်ပါဝင်စားမှု ရှိစေရန် နှိုးဆော်လိုသည့် မျှော်လင့်ချက်ဖြင့် ဤသင်ခန်းစာချိန်ကို အထူးတလည် ကျင်းပခဲ့ခြင်း ဖြစ်၏။
တက္ကသိုလ်တွင် ဆေးပညာဌာနသို့ ဝင်ရောက်သောအခါ ကျောင်းသားများသည် စိတ်ဝိညာဥ် အပင်များနှင့် ဆေးဘက်ဆိုင်ရာ အတတ်ပညာများကို သင်ယူနိုင်မည် ဖြစ်သည်။
သက်တန့်မြက် သေတ္တာအတွင်းရှိ စာသင်ခန်းထဲတွင် တစ်စုံတစ်ယောက်သည် ရှေးဟောင်းစာအုပ်ကြီးကိုမေးခွန်းထုတ်လိုက်သည်။
“ဆရာ ဒီအတန်းချိန်မှာ ကျွန်တော်တို့ကို ဘာတွေသင်ပေးမှာလဲ”
“ငါ့အနေနဲ့မင်းတို့ကို မနေ့က သင်ခန်းစာကို အခြေခံပြီး စိတ်ဝိညာဉ်အပင်တွေ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာကို အတိအကျ နားလည်စေချင်တယ်”
ရှေးဟောင်းစာအုပ်ကြီးက ပြောလိုက်သည်။
ပြောင်းလဲမှုဆိုသည်မှာ နည်းပညာဆိုင်ရာ အသုံးအနှုန်းဖြစ်သည်။
အကြမ်းဖျင်းပြောရလျှင် အချို့သော စိတ်ဝိညာဉ်အပင်များသည် သီးခြားအခြေအနေများ အောက်တွင် ပြောင်းလဲသွားပုံနှင့် သက်ဆိုင်သည်။
ဥပမာအားဖြင့် အချို့သော စိတ်ဝိညာဉ်အပင်များသည် ခြောက်သွေ့သော အခိုက်တွင် အဆိပ်မရှိသော်လည်း မိုးသို့မဟုတ် နှင်းများနှင့် ထိတွေ့လိုက်သောအခါတွင် အလွန်အဆိပ်ပြင်းလာခဲ့သည်။
အချို့သော အခြေအနေများအောက်တွင် အဆိပ်ရှိသော စိတ်ဝိညာဉ်အပင်များသည် အဆိပ်မရှိသော မျိုးစိတ်များ အဖြစ်သို့ ပြောင်းလဲနိုင်သော သက်ရောက်မှုများလည်း ရှိသည်။
သို့သော်လည်း အပင်များ၏ ဗီဇပြောင်းလဲမှုများကို ကိုယ်တိုင်စမ်းသပ်ရန် လိုအပ်ပေသည်။
နှစ်စဉ်နှစ်တိုင်းတွင် ဟွာရှို့နိုင်ငံ၏ သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီတွင် စမ်းသပ်မှုများကို လုပ်ဆောင်ရန်အတွက် အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးထားသည့်ကျင့်ကြံသူအုပ်စုကို အထူးစုဆောင်းခဲ့သည်။
ဤအလုပ်ကို ရှန်းလုံဟုခေါ်ပြီး အကန့်အသတ်ရှိသော လစာမြင့်မားသည့် အလုပ်အကိုင်တစ်ခုလည်း ဖြစ်သည်။
ထိုအလုပ်က တစ်နှစ်လျှင်၂၄နာရီသာ အလုပ်လုပ်ရသော်လည်း ထိုကာလအတွင်း ရရှိသောဝင်ငွေသည် ကျင့်ဟွာမြို့တွင် အကွက်အကွင်းကျသော နေရာ၌ အိမ်တစ်လုံးကို ဝယ်ရန် လုံလောက်ပေသည်။
ဤအလုပ်က အလွန်မြင့်မားသော အရည်အချင်းများလိုအပ်၍ လျှောက်ထားသူများကို အစိုးရမှ တင်းကျပ်စွာ စီစစ်ခဲ့သည်။
ဗီဇပြောင်းလဲမှုများအကြောင်း လေ့လာရန်မှာ Grade 1 အတန်းများ အတွက် အနည်းငယ် စောနေသေးသည်။
ထိုသင်ခန်းစာသည် Grade 3ကျောင်းသားများသာ သင်ယူရမည့်သင်ခန်းစာ ဖြစ်သည်။
သို့သော် ဤနွေရာသီစခန်းသွင်းမှုက ရှားရှားပါးပါး ဖြစ်၍ ကျောင်းများက တစ်သက်တွင် တစ်ကြိမ်သာ ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံလိုကြပေ။
ဝမ်လင်းအတွက်မူ ဤသင်ခန်းစာက ဆေးဝါးဌာနအတွက် ကြိုတင်ပရိုမိုးရှင်း ဆင်းသကဲ့သို့ ခံစားနေရသည်။
“ဒီမနက်ခင်းမှာ စိတ်ဝိညာဉ်အပင်တွေကို တစ်နာရီခွဲကြာ လေ့လာလိုက်မယ် ဆိုရင်တော့ စိတ်ဝိညာဉ်အပင်တွေ ဘယ်လိုပြောင်းလဲသွားတယ် ဆိုတာ မင်းတို့ နားလည်သွားလိမ့်မယ်.. မွန်းတည့်ချိန်ရောက်ရင် ဗီဇပြောင်းပြီးသား စိတ်ဝိညာဉ်အပင်အချို့ကို မင်းတို့ကို ငါပေးမယ်.. အဲဒီအပင်တွေထဲမှာ အချို့ကတော့ အဆိပ်ရှိပေမဲ့ အချို့က မရှိဘူး.. မင်းတို့က မင်းတို့သင်ယူထားတဲ့ စိတ်ဝိညာဉ်အပင်တွေရဲ့ အချက်အလက်တွေကို အခြေခံပြီး အပင်တွေကို ချက်ပြုတ်ရလိမ့်မယ်”
ရှေးဟောင်းစာအုပ်ကြီးက ပြောလိုက်သည်။
“ပြီးရင်ကျွန်တော်တို့ ကိုယ်တိုင်စားရမှာလား”
“ဟုတ်တယ်.. မင်းတို့စားရမယ်”
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဒါပေမဲ့ ကျောင်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့နဲ့ ကျောင်းသားတွေကြား ခင်မင်ရင်းနှီးမှု တိုးတက်လာဖို့အတွက် အကြွင်းအကျန် အထက်တန်းကျောင်းက ငါတို့ရဲ့အစားအစာတွေကို မြည်းစမ်းမှာဖြစ်ပြီး ငါတို့က သူတို့ရဲ့အစားစာတွေကို မြည်းစမ်းမှာဖြစ်တယ်”
“……….”
“စားစရာတွေ ဖလှယ်ပြီး မြည်းကြမှာပေါ့ “
လူတိုင်းက သဘောပေါက်သွားခဲ့သည်။
“စကားမဆက်ပြောရဦးမယ်.. မင်းတို့တွေ အလေးအနက်ထားပြီးလုပ်ပါ.. ဒီချက်ပြုတ်တာကို ရမှတ်အဖြစ် ထည့်သွင်းသွားမှာဖြစ်တယ်”
“……….”
“စည်းမျဉ်းတွေကိုတော့ ဒီအတိုင်း သတ်မှတ်ထားတယ်.. ချက်ပြုတ်ပြီးတာနဲ့ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေက အရသာကို မြည်းစမ်းဖို့အတွက် ပန်းကန်တွေကို ဖလှယ်ရမယ်.. ဟင်းလျာတွေကို အခြေအနေပေါ် မူတည်ပြီး ခွဲခြမ်းစိတ်ဖြာဖို့လိုအပ်တယ်.. တိတိကျကျ ခွဲခြမ်းစိတ်ဖြာနိုင်ရင် ၅မှတ်ရရှိမှာ ဖြစ်ပြီး မမှန်ကန်ရင် ၅မှတ် ဆုံးရှုံးမှာဖြစ်တယ်.. အခြေခံအချက်အနေနဲ့ကတော့ အဆိပ်ကြောင့် ကျရှုံးသွားတဲ့ ကျောင်းသားအတွက် ၅မှတ်ရလိမ့်မယ်.. အနိမ့်ဆုံးရမှတ်က သုည ဖြစ်ပြီး အမြင့်ဆုံးရမှတ်က ၂၀၀ ဖြစ်တယ်”
“……….”
သူ၏စကားဆုံးသည့်နောက်တွင် အားလုံးက တိတ်ဆိတ်သွားကြသည်။
တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ဆရာ.. ကျွန်တော်တို့ တစ်ယောက်ယောက်ကို အဆိပ်ခပ်လိုက်တာက မသေလောက်ဘူး မဟုတ်လား”
ရှေးဟောင်းစာအုပ်ကြီး “ချက်ပြုတ်ဖို့အတွက် စိတ်ဝိညာဉ်အပင်တွေကို ဂရုတစိုက် ရွေးချယ်ဖို့လိုတာပေါ့.. တချို့အပင်တွေက အရမ်းကို အဆိပ်ပြင်းလွန်းတယ်.. အဆိပ်ပြင်းလွန်းရင်တော့ တစ်ခါထဲ နစ်မျောသွားမှာဖြစ်ပြီး ချီးပေါက်တွေကနေ အဆိပ်တွေကို စွန့်ထုတ်ရလိမ့်မယ်.. မင်းတို့တွေရဲ့ကြံခိုင်မှုပေါ်မူတည်ပြီး တချို့ကျောင်းသားတွေကတော့ အနည်းဆုံး ၃ရက်အထိ မေ့မျောနိုင်တယ်.. အကယ်၍ မင်းတို့က ကံဆိုးလွန်းလို့ အဆိပ်သင့်ပြီး လဲကျသွားရင်တောင် မင်းတို့ရဲ့နွေရာသီစခန်းသွင်း အစီအရင်ခံစာမှာ အပ်ဒိတ်လုပ်ဖို့ မမေ့ပါနဲ့.. အစီအရင်ခံစာထဲမှာ မင်းတို့ အဆိပ်သင့်ရတဲ့ အကြောင်းကိုထည့်ရေးရင်လည်း အမှတ်ပိုရနိုင်တယ်.. ကုန်ကုန်ပြောရရင် ငါတို့ဆရာတွေက မင်းတို့ထင်သလို နတ်ဆိုးတွေ မဟုတ်ပါဘူး”
“……….”
ရှေးဟောင်းစာအုပ်ကြီး “ဒါနဲ့ ဟင်းချက်တဲ့အခါမှာ ပြင်ပအကူအညီရယူဖို့ အခွင့်အရေးတစ်ခု ရှိတယ်.. အကူအညီတောင်းဖို့အတွက် ဆရာ ဒါမှမဟုတ် မိဘတစ်ဦးကို ခေါ်လို့ရတယ်”
ထိုစကားကိုကြားလျှင် ချန်းချောင်က ချက်ချင်းပင် ပျော်ရွှင်သွားခဲ့သည်။
“အမေကျွမ့်ရှိလို့ တော်ပါသေးတယ်.. အမေကျွမ့်ရဲ့ ဖုန်းနံပါတ်က ဘာများလဲ”
အပိုင်း(၇၆၄) ပြီး၏