← Chapters

ညှိနှိုင်းရမှာလား

Vol. 52 Ch. 768

ညှိနှိုင်းရမှာလား

Vol. 52 Ch. 768

ညသရဲဝိညာဥ်အင်ပါယာ၏ နှလုံးသားသည် မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေ၏။

ဤသည်က ဖန်တီးခြင်း နည်းစနစ် မဟုတ်ဘဲ ပုံစံဆင်တူသည့် အခြား နည်းစနစ် တစ်ခုမှန်း သူကောင်းကောင်းသိသည်။

သို့သော် ဥက္ကဌပိုင်၏ နှုတ်ကနေ ထိုပညာရပ်ကို ပြောင်းပြန်ဝင်ရိုးစွန်း နည်းစနစ် ဖြစ်သည်ဟု သိရှိလိုက်ရသော အခါတွင် သူက သူ့အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

အကြောင်းရင်းမှာ ပြောင်းပြန်ဝင်ရိုးစွန်း နည်းစနစ်သည် ကောင်းကင်တာအို ထဲတွင် မပါဝင်သောကြောင့် ဖြစ်သည်။

ဤနည်းစနစ်က အလွန်ရှားပါးသော နည်းစနစ် ဖြစ်ပြီး အခြေအနေတစ်ခုကို လှည့်ပတ်ကာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သော စွမ်းအား ပါရှိသည်။

ဥက္ကဌပိုင်က လှောင်ပြောင်လိုက်သည်။

“ညသရဲဝိညာဥ်အင်ပါယာ.. မင်းက တကယ်တော့ ငတုံးပဲ"

"ဒီကမ္ဘာမှာ အဖိုးအခ မပေးရဘဲ အမြန်ကုသဖို့ နည်းလမ်းရှိတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား.. ဖန်တီးခြင်း နည်းစနစ်လို့ ခေါ်တာက တကယ်တော့ လူတိုင်းကို လှည့်စားထားတဲ့ ကာဗာတစ်ခုပဲ.. ပိုင်မျိုးနွယ်စု ဘိုးဘေးတွေက ဒီနည်းစနစ်ကို ရရှိတဲ့အခါမှာ ဖန်တီးခြင်း နည်းစနစ်လို့ အမည်ပေးပြီး အဆင့်မြင့် ဆေးပညာပုံစံမျိုး ဖန်တီးခဲ့တာပဲ"

"ဒါဆို မင်းက ငါ့ကို အစကတည်းက အစီအစဥ် ချထားခဲ့တာပေါ့.."

ပိုင်ကျဲက ဤမျှအထိ အကြံကြီးလိမ့်မည်ဟု ညသရဲဝိညာဥ်အင်ပါယာ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဥက္ကဌပိုင်က သူ့လက်ချောင်းများကို ပွတ်သပ်လိုက်သည်။

"အဲဒီတုန်းက ငါတို့ ပိုင်မျိုးနွယ်စု သုတ်သင်ခံရတဲ့ အချိန်မှာ ငါ့အဖေက နောက်ဆုံးစကားအနေနဲ့ ပြောပြခဲ့တာပဲ.. မင်းရဲ့အကူအညီနဲ့ ပိုင်မျိုးနွယ်စုရဲ့ ထိပ်ဆုံးကို ငါ တက်နိုင်သွားတာ အမှန်ပဲ.. ဒါပေမယ့် ဖန်တီးခြင်း နည်းစနစ် ပေါက်ကြားမှာကို တားဆီးဖို့ မင်းက ငါ့မျိုးနွယ်စု တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်"

“အဲဒီအချိန်တုန်းက မင်းကိုယ်တိုင် လက်ခံခဲ့တာပဲလေ”

ညသရဲဝိညာဥ်အင်ပါယာက အံကြိတ်၍ ပြောလိုက်သည်။

"ငါက မင်းအမိန့်ကို လက်ခံလိုက်ရုံပဲ.. ငါ့မျိုးနွယ်စုကို သုတ်သင်ဖို့နဲ့ ပတ်သက်ပြီး ငါ့ဆီ အကြံ တစ်ခုတစ်လေတောင် တောင်းဖူးလို့လား"

ညသရဲဝိညာဥ်အင်ပါယာက အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

သူက ဥက္ကဌပိုင် နောက်ဆက်တွဲ ဆောင်ရွက်မည့် အရာများကိုအနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့သည်။

ယခုအခါတွင် ဥက္ကဌပိုင်သည် အမုန်းတရားများ ဖုံးလွှမ်းနေသဖြင့် ဘာမှမမြင်နိုင်တော့ပေ။

သူက စည်းပြင်ပတာအို စွမ်းအားဖြင့် ခန္ဓာကိုယ်အသစ် တစ်ခုကို ရရှိပြီး သေမင်းခံတွင်းဝမှ ပြန်လာသောကြောင့် လက်စားချေမှုကို စွန့်လွှတ်နိုင်မည် မဟုတ်ပေ။

ဥက္ကဌပိုင် အနေဖြင့် ဆယ်ကျော်သက်အရွယ်နှင့် တူသော လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူကို နောက်တစ်ကြိမ် လက်စားချေနိုင်ဖွယ် ရှိကြောင်း ညသရဲဝိညာဥ်အင်ပါယာ ခန့်မှန်းမိခဲ့သည်။

"မင်းမှာ ငါ့ခန္ဓာကိုယ်ရှိရင်တောင် မင်းသူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး"

ညသရဲဝိညာဥ်အင်ပါယာက သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါစေတနာနဲ့ သတိပေးလိုက်မယ်.. သူ့မှာ ကောင်းကင်တာအို တစ်ထောင်ကျော်ရှိတယ်.. ငါတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး"

ဥက္ကဌပိုင်က ပြုံးလိုက်သည်။

“ဒါပေမယ့် စည်းပြင်ပတာအိုက ပြောင်းပြန်ဝင်ရိုးစွန်း တစ်ခုထဲ မဟုတ်ဘူးလေ"

ဥက္ကဌပိုင်က သူ၏လက်စားချေခြင်း အစီအစဥ်ကို ရေးဆွဲထားပြီးပြီ ဖြစ်သည်။

သူက စည်းပြင်ပတာအိုကို ပို၍ စုဆောင်းကာ ကောင်းကင်တာအိုနှင့် ရင်ဆိုင်ရန် အသုံးပြုမည် ဖြစ်၏။

သို့သော် ဥက္ကဌပိုင်က သူမည်သို့သော ပြိုင်ဘက်မျိုးနှင့်ရင်ဆိုင်နေရမှန်း မသိခဲ့ပေ။

ဝမ်လင်းက ကောင်းကင်တာအို စွမ်းအားကိုသာ တစ်ချိန်လုံး ပြသနေခဲ့သည်။

ယင်းက စည်းပြင်ပတာအိုကို နားမလည်ဟု မဆိုလိုပေ။

….............

သားရဲဘုရင်၏ သင်္ချိုင်းတွင် ဝမ်လင်း နှင့် အခြားသူများသည် ကယ်တင်ရေး အစီအစဉ်ကို အစီအစဥ်တကျ အကောင်အထည် ဖော်ခဲ့ကြသည်။

"ဝါယာကြိုးကို ချိတ်ဆက်လိုက်"

ဝမ်မင်က အလွန်ရိုးရှင်းသော ညွှန်ကြားချက်ကို ပေးခဲ့ပြီးနောက်တွင် သားရဲဘုရင်၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ရန်အတွက် သူ၏ နောက်ကျောကနေ အလွန်ရှည်လျားသော ဝါယာကြိုးတစ်ခု ထွက်ပေါ်လာသည်။

ဤဝါယာကြိုးက မှတ်ဉာဏ်များကို ထုတ်ယူရန် အသုံးပြုသည့် အာရုံကြောချိတ်ဆက် ကိရိယာတစ်မျိုးဖြစ်ပြီး အိပ်မက် စူးစမ်းခြင်းကို အထူးပြုသည့် လုပ်ဆောင်ချက် ပါရှိသည်။

ဝမ်မင် လုပ်ဆောင်ပြီးနောက်တွင် ချင်လန်က လူတိုင်း၏ စိတ်ကို ချိတ်ဆက်ရန် မှော်ပညာကို အသုံးပြုရန် ပြင်လိုက်သည်။

ငွေရောင်လေးက ဖြစ်ပျက်နေသည့် အရာများကို နားမလည်သော်လည်း အလွန်အံ့သြဖွယ်ကောင်းသည်ဟု ခံစားမိသည်။

“ချိတ်ဆက်မှုက ဖွင့်တော့မယ်.. အားလုံး အသင့်ပြင်ပါ”

ချင်လန်၏ သစ်ပင်အမြစ်များက လူတိုင်း၏ ခြေကျင်းဝတ်များကို ရစ်ပတ်ထားပြီးပြီ ဖြစ်သည်။

စက္ကန့်ပိုင်းမျှ အကြာတွင် သူတို့ရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။

သူတို့က ချက်ချင်းပဲ အတွင်းထဲသို့ ရောက်ရှိသွားသည်။

ဂိမ်းဇာတ်လမ်းက စက်ရုပ်ဒန်နီယယ်၊ မယ်ဒူဆာနှင့် ကော်နာတို့ သုံးဦးကို အဓိကထား၍ တည်ဆောက်ထားသည်။

ဂိမ်းတစ်ခုလုံးတွင် အဓိက ဇာတ်လမ်းသုံးခုကို ရောနှောထားသည်။

ဇာတ်လမ်းသုံးပုဒ်၏ အဓိက ဇာတ်ကောင် သုံးဦးစလုံး အဆုံးအထိ ရှင်သန်နေမှသာလျှင် ကျေနပ်ဖွယ်ကောင်းသော ဇာတ်သိမ်းမှုဟု ယူဆနိုင်မည် ဖြစ်သည်။

သားရဲဘုရင်ကြီး လိုချင်သည့် ပြီးပြည့်စုံသော အဆုံးသတ်မှာ သူတို့သုံးယောက် အသက်ရှင်ကျန်ခဲ့ရုံသာမက ဂိမ်းလောကထဲရှိ လူသားများသည် စက်ရုပ်များကို ဉာဏ်ရည်ထက်မြက်သော သက်ရှိပုံစံသစ် အဖြစ် အသိအမှတ်ပြုရန် ဖြစ်သည်။

“အရင်က အချက်အလက်တွေကို လေ့လာကြည့်တော့ ဒီပြီးပြည့်စုံတဲ့ အဆုံးသတ်ကို ရရှိဖို့ အခွင့်အလမ်းက နှစ်ရာခိုင်နှုန်းပဲ ရှိတယ်”

ငွေရောင်လေးက သူ့နှုတ်ခမ်းကို ဖိကိုက်ရင်း ပြောလိုက်သည်။

ဤသည်က ဖြစ်နိုင်ချေ အလွန်နည်းပါးသည်။

ငွေရောင်လေးက ဤဂိမ်းအကြောင်းကို သိသော်လည်းကိုယ်တိုင် မကစားခဲ့ဖူးပေ။

သူက ဂိမ်း၏ ဇာတ်လမ်း အကျဉ်းချုပ်ကိုသာ ဖတ်ဖူးသည်။

သူတို့က နှစ်ရာခိုင်နှုန်းသာရှိသည့် ပြီးပြည့်စုံသော အဆုံးသတ်ကို အောင်မြင်နိုင်မနိုင် မသေချာသော်လည်း ကြိုးစားကြည့်ရမည်သာ။

သို့သော် သူတို့ ဂိမ်းထဲကို ဝင်ပြီးနောက်တွင် စနစ်ထံမှ သတိပေးချက်များကို ထူးထူးခြားခြား မရရှိခဲ့ပေ။

ဝမ်မင် နောက်ကို လိုက်ကာ အားလုံးက အိမ်ခေါင်မိုး ပေါ်သို့ တက်ခဲ့ကြသည်။

ဤဇာတ်လမ်းတွင် ဒန်နီယယ်အမည်ရှိ အိမ်ဖော် အမျိုးသား စက်ရုပ်သည် ပိုင်ရှင် မိန်းကလေးကို ပြန်ပေးဆွဲခဲ့သည်။

ပိုင်ရှင် မိန်းကလေး၏ အမည်မှာ မယ်ဒူဆာ ဖြစ်ပြီး ယန်တီဟု ခေါ်သော အွန်လိုင်းတွင် တွေ့ဖူးသည့် လူငယ်လေးနှင့် ချစ်ကြိုက်သွားခဲ့သည်။

မယ်ဒူဆာနှင့် ယန်တီတို့၏ အချစ်ဇာတ်လမ်းမှာ ဒန်နီယယ်၏ နှလုံးသားကို ပြောင်းလဲသွားစေခဲ့သည်။

ထိုနေ့တွင် ဒန်နီယယ်သည် သူ့အား လျစ်လျူရှုကာ ယန်တီ နှင့် ပျော်ရွှင်စွာ စကားပြောနေသည့် မယ်ဒူဆာကို မြင်လျှင် မမျှော်လင့်ဘဲ ဒေါသဖြစ်သွားခဲ့သည်။

ထို့နောက် သူက နတ်ဓားတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မယ်ဒူဆာကို ပြန်ပေးဆွဲကာ အိမ်ခေါင်မိုးပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

စက်ရုပ်များကို ဖန်တီးသည့် အ​မြှေးပါးထိန်းချုပ်မှုဘဝ ကုမ္ပဏီသည် ရဲစက်ရုပ် ကော်နာကို ဒန်နီယယ်နှင့် ညှိနှိုင်းရန် အတွက် စေလွှတ်ခဲ့သည်။

ဝမ်မင် နှင့် အခြားသူများက စေ့စပ်ညှိနှိုင်းမှုဖြင့် ဒန်နီယယ်လက်ထဲမှ ဓားစာခံ မိန်းကလေးအား ကယ်ဆယ်ရမည် ဖြစ်သည်။

ဝမ်မင် "အခြေအနေကို ရှင်းပြပါရစေ.. အခုအချိန်မှာ သားရဲဘုရင်ကြီး လုပ်ဆောင်နေတဲ့ ဇာတ်ကောင်ရဲ့ ရှု့ထောင့်ကို ငါတို့ မမြင်ရသေးပါဘူး.. သားရဲဘုရင်က ဘယ်လိုရွေးချယ်မှုတွေ လုပ်မယ်ဆိုတာ ငါတို့ မသိတာကြောင့် ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီး ဂိမ်းဖြေရှင်းနိုင်အောင် သူ့ကို ကူညီပေးရမယ်.. ဒီအတွက် ဂိမ်းထဲက NPC တွေ နေရာမှာ ငါတို့တွေ လူစားဝင်မယ်"

"ဒါက အလုပ်ဖြစ်လောက်တယ်"

တခြားသူများက ခေါင်းညိတ်လိုက်သည်။

ထိုအချိန်မှာပင် ဇာတ်အိမ်က သားရဲဘုရင်ကြီး ရွေးချယ်ရမည့်နေရာအထိ ရောက်ရှိသွားခဲ့သည်။

စက်ရုပ်ဒန်နီယယ်က သားရဲဘုရင်ကြီး လုပ်ဆောင်နေသော ဇာတ်ကောင် ကော်နာအား“နောက်ဆုတ်စမ်း.. နောက်ဆုတ်လို့ပြောနေတာ မကြားဘူးလား.. ပြောတဲ့အတိုင်း မလုပ်ရင် ကောင်မလေးကို သတ်ပစ်လိုက်မယ်"

ထိုအချိန်တွင် ဒန်နီယယ်နှင့် ဆက်ဆံရန် ရွေးချယ်စရာများ သားရဲဘုရင်ကြီး၏ ဆက်သွယ်ရေးစနစ်တွင် ပေါ်လာသည်။

"ဒန်နီယယ် စိတ်လျှော့ပါ △"

“ဒန်နီယယ် မင်းအတင့်ရဲလှချည်လား □ ”

“ဒန်နီယယ် ငါတောင်းပန်ပါတယ် ○”

"ဒန်နီယယ် ကိုယ်ချင်းစာပေးပါ × "

….............

လူတိုင်း အံ့အားသင့်လောက်အောင်ပင် သားရဲဘုရင်ကြီးသည် “□” ကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။

ထို့ကြောင့် ရွေးချယ်မှုနှင့်အညီ၊ သားရဲဘုရင်ကြီး၏ ဇာတ်ကောင် ကော်နာသည် ဒန်နီယယ်ကို ဆဲဆိုခဲ့သည်။

"ဘာလို့ငါ့ကို ကြည့်နေတာလဲ.. မင်းဆက်ကြည့်နေရင် ငါမင်းကို မသတ်လောက်ဘူးလို့ မင်းထင်နေလား"

ကော်နာ၏ စကားကြောင့် ဒန်နီယယ်က ရုတ်တရက် စိတ်ဓာတ်ကျလာပြီး ပြိုကွဲလုနီးနီး ဖြစ်နေခဲ့သည်။

"ငါထင်ခဲ့တာက တစ်နေ့ကျရင် မယ်ဒူဆာ နဲ့ ငါ အတူတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ပဲ.. ဒါပေမယ့် သူ့နှလုံးသားထဲမှာတော့ ယန်တီပဲရှိတယ်”

ရွေးချယ်စရာများ ထပ်မံ ပေါ်လာသည်။

"ဒန်နီယယ် စိတ်လျှော့ပါ △"

“အမှန်တရားကို ရင်ဆိုင်ဖို့ ဒန်နီယယ်ကို ပြောပါ □”

“ဒန်နီယယ်ကို ဂရုစိုက်ပါ ○”

“ဒန်နီယယ်ကို တံတွေးထွေးပါ × ”

…...........

ထင်ထားသည့်အတိုင်းပင်၊ သားရဲဘုရင်ကြီးသည် “×” ကိုသာ ရွေးချယ်ခဲ့သည်။

ကော်နာ "ဟက်.. မင်းက စက်ရုပ် ဖြစ်ပြီး မိန်းကလေးတစ်ယောက်နဲ့ တကယ်ကြီး ပျော်ချင်နေတာလား.. မင်းကို စက်ရုံက မထုတ်ခင် ဒစ်မတပ်ပေးလိုက်ဘူး ဆိုတာ မင်းမသိဘူးလား"

လူတိုင်း "…........"

ငွေရောင်လေး အစောပိုင်းက ခန့်မှန်းထားသည့် အတိုင်းပင်၊သားရဲဘုရင်ကြီးသည် ဂိမ်းကို အစကတည်းက အနိုင်ကစားရန် အစီအစဉ် မရှိခဲ့ပေ။

သူသည် ရိုးရှင်းသော ရွေးချယ်မှုများကိုပင် ဆန့်ကျင်ဘက် ရွေးချယ်နေပြီး ဂိမ်းကို ဖြေရှင်းရန် တမင်တကာ မိမိကိုယ်ကို တားဆီးနေခဲ့သည်။

ဝမ်မင် သက်ပြင်းချလိုက်သည်။

"ဘယ်သူ့မှာ အကြံဉာဏ်ကောင်းတွေ ရှိလဲ"

ဖက်တီးလောက စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။

"ငါ့ကို ဓားစာခံ မိန်းကလေးနေရာထားလိုက်.. ငါလည်း မိန်းမ အဝတ်အစား မ၀တ်ရတာ အတော်ကြာပြီလေ"

လူတိုင်း "........…"

ဖက်တီးလော နှင့် ဓမ္မရာဂျာ တို့သည် နောက်ဆုံးအကြိမ်က အင်မော်တယ်စံအိမ်သို့ ဖောက်ထွင်း ဝင်ရောက်ရာ၌ အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ခဲ့သည်ကို ကျိုးရီ နှင့် ငွေရောင်လေး သတိရမိသည်။

သေချာသည်မှာ သင်က အမျိုးသမီး အင်္ကျီကို တစ်ကြိမ်ဝတ်ဖူးလျှင် နောက်ထပ် အကြိမ်ပေါင်းများစွာ ဝတ်ရန် အပန်းမကြီးတော့ပေ။

All Chapters