← Chapters

မိဘများကော်မတီ အတွက် လုပ်ဆောင်ခြင်း

Vol. 22 Ch. 320

မိဘများကော်မတီ အတွက် လုပ်ဆောင်ခြင်း

Vol. 22 Ch. 320

အမှန်အတိုင်း သုံးသပ်ရလျှင် လူသားများသည် အကြောင်းရင်းမသိရသည့် ကိစ္စရပ်များကို နက်ရှိုင်းစွာ ကြောက်ရွံ့ကြသည်။

ဝမ်လင်း၏ အမြင်အရ ရွှေကုံးဂိုဏ်း အဖြစ်အပျက်ကို လူအများ အာရုံစိုက်လာရသည့် အကြောင်းရင်းမှာ စုန့်ဟိုင်မြို့တစ်ဝှမ်းရှိ ကျင့်ကြံခြင်းရဲများ စုဆောင်းထားသည့် သဲလွန်စများကြောင့် ဖြစ်သည်။

သာမန်အားဖြင့် လူထုအနေဖြင့် ဤအမှောင်အင်အားစု အကြောင်း ဘာမျှမသိနိုင်ပေ။

အထင်ရှားဆုံး အကြောင်းအရင်းမှာ ပျောက်ဆုံးနေသည့် ကျောင်းသား ၁၂ ဦးကို ယခုအချိန်အထိ သတင်းမရရှိသေးခြင်းပင်။

ထို့ကြောင့် ရွှေကုံးဂိုဏ်းသည် လူထုကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

လက်ရှိအခြေအနေက ဆိုးရွားနေသောကြောင့် မိဘများစွာသည် အမိမြေ၏ ပန်းပွင့်လေးများကို ကာကွယ်ရန် အတွက် မိဘများ ကော်မတီတစ်ရပ်ကိုပင် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြ၏။

ကျောင်းသားများကို အိမ်ပြန်ပို့ရန် ကာကွယ်ရေး အဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

ယင်းက အကြံကောင်းတစ်ခု ဖြစ်၏။

ထို့နောက် နေ့လည်ပိုင်းတွင် ကျောင်းသားများသည် WeChat တွင် ပျံ့နှံ့နေသော စခရင်ရှော့ပုံများကို တွေ့လိုက်ကြသည်။

..........................

"WeChat က စခရင်ရှော့ ဓာတ်ပုံတွေကို မြင်ပြီးပြီလား"

ကော်ဟောက်က အတန်းပြီးသည်နှင့် ရုတ်တရက် ပြောလိုက်သည်။

"ဘယ်လို စခရင်ရှော့တွေလဲ.. ကြည့်ကြည့်ရအောင်"

လူအနည်းငယ်က ၎င်းတို့၏ နာရီများကို ထုတ်ယူ၍ကြည့်လိုက်ကြသည်။

အဆုံးသတ်တွင် WeChat ၌ ရှိသောအရာကို မြင်လိုက်သောအခါ သူတို့၏ အမူအရာများက ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။

ဝမ်လင်းက သူ့နာရီကို အသုံးပြုရတာ ပျင်းရိသဖြင့် အဝေးကနေ ချန်းချောင် ကြည့်နေသည့် စခရင်ရှော့ ဓာတ်ပုံများကို တိုက်ရိုက် လှမ်းကြည့်လိုက်သည်။

ထိုစခရင်ရှော့များမှာ ယခုအကြိမ် မိဘများ ကော်မတီဥက္ကဋ္ဌရာထူးအတွက် အရွေးခံနေသည့် ကိုယ်စားလှယ်လောင်းများ၏ စကားများကို စခရင်ရှော့ ရိုက်ထားသည့်ပုံများ ဖြစ်သည်။

ပထမဆုံး စခရင်ရှော့ ဓာတ်ပုံ-

နံပါတ် 7.. ထန်ကျစ်ချွင်၏မိခင်

"အားလုံးပဲမင်္ဂလာပါ.. ကျမက နံပါတ် 7 ထန်ကျစ်ချွင်ရဲ့ မိခင်ဖြစ်ပါတယ်.. လက်ရှိမှာတော့ နိုင်ငံတကာမှာ ကျော်ကြားနေတဲ့ ကျင့်ကြံခြင်း စားသောက်ဆိုင်ဖြစ်တဲ့ Kikkaro စားသောက်ဆိုင်မှာ HR ဒါရိုက်တာ ရာထူးကို တာဝန်ယူထားပါတယ်.. တကယ်တမ်းပြောရရင် ကျမက စားသောက်ဆိုင်ရဲ့ မန်နေဂျာလည်း ဖြစ်ပါတယ်.. ဒီမတိုင်ခင်က ထိပ်တန်းစားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်မှာ နှစ်သုံးဆယ်ကျော် တာဝန်ယူခဲ့ဖူးပါတယ်.. ကျမတို့ဆိုင်ရဲ့ အထူးဟင်းလျာကအုတ်ဂူက မြက်ရယ်.. ပင်လယ်ရေညှိရယ်ကို ဝက်ဂုတ်သားနဲ့ စွပ်ပြုတ်လို ပေါင်းထားတဲ့ ဟင်းလျာပါ.. အရမ်းခံတွင်းမြိန်စေပါတယ်... ဒါက ကျမတို့ စားသောက်ဆိုင်ရဲ့ အထူးသီးသန့်ဟင်းလျာလည်းဖြစ်ပြီး စကားပြောတဲ့ ဝက်ခြေထောက်လို့ အမည်ပေးထားပါတယ်.. အဖွဲ့ဝင် မိဘများ.. အချိန်ရရင် လာရောက်ပြီး အခမဲ့ စမ်းသပ် သုံးဆောင်ကြည့်လို့ရပါတယ်.. ဒါ့အပြင် ကျမက ပြောဆို ဆက်ဆံရေးလည်း ကောင်းတယ်ဆိုတာ သက်သေပြချင်ပါတယ်.. ကော်မတီဥက္ကဌ အတွက် အရွေးခံဖို့ ငါတို့ရဲ့ ထန်ထန်လေးကို ကိုယ်စားပြုခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်.. မင်းတို့တွေ ငါ့ကို မဲပေးမယ်လို့ မျှော်လင့်ပါတယ်"

လူတိုင်း "............"

ဝမ်လင်းက ဤစခရင်ရှော့ကို စိုက်ကြည့်နေသည်။

"............."

ဒုတိယ စခရင်ရှော့ ဓာတ်ပုံ

နံပါတ် 26 ရှန့်ဟူရှန်း၏ဖခင်

"ကျွန်တော်က နံပါတ် 26 ရှန့်ဟူရှန်းရဲ့ အဖေပါ.. ကော်မတီဥက္ကဌ ရာထူးအတွက် ဒီကို ရောက်လာရခြင်း ဖြစ်ပါတယ်.. ကျွန်တော့် ဇနီး နဲ့ ကျွန်တော်က နွားနက် ရတနာမြို့တော်မှာ ရှိတဲ့ နွားနက် တက္ကသိုလ်ကနေ Ph.D ဘွဲ့ကို ရခဲ့တာပါ.. ဒီတက္ကသိုလ်က နတ်ဆိုးအိုဟန် ရဲ့ နေအိမ်ဟောင်းလည်း ဖြစ်ပါတယ်.. နတ်ဆိုးအိုဟန်ရဲ့ အမွေခံ တပည့် ဟန်မိန်မိန် က တည်ထောင်ထားတာပါ.. ဒါကြောင့် သူ့ရဲ့ နောက်ခံအကြောင်းက သိပ်ပြီး ပြောနေစရာမလိုဘူးလို့ ယုံကြည်ပါတယ်.. လက်ရှိမှာ ကျွန်တော်တို့ ဇနီးမောင်နှံက စုန့်ဟိုင်မြို့မှာ ပညာရေးဆိုင်ရာ လုပ်ငန်းတစ်ခု ထောင်ထားပါတယ်..ဒီလုပ်ငန်းကနေ တစ်လကို နှစ်ဘီလီယံအထက် ဝင်ငွေရှိပါတယ်.. အထူးသဖြင့် ကလေးတွေအတွက် တတ်နိုင်သလောက် လုပ်ပေးချင်ပါတယ်.. မင်းတို့တွေ ငါ့ကိုမဲပေးရင် ငါတို့ရဲ့ ပညာရေးအဖွဲ့အစည်းမှာ ငါ့နာမည်ကို သုံးပြီး ဒစ်စကောင့် ရနိုင်ပါတယ်.. မင်းတို့ရဲ့ ကလေးတွေ စာမေးပွဲ ကျတဲ့အခါ ငါတို့ရဲ့ကုစားရေးသင်တန်းတွေမှာ ကိုးဆယ်ရာခိုင်နှုန်း လျှော့စျေးနဲ့ တက်လို့ရအောင် ဒစ်စကောင့်ပေးပါ့မယ်"

လူတိုင်း ".............."

ဝမ်လင်း "............."

ထို့နောက် တတိယမြောက် စခရင်ရှော့ ဓာတ်ပုံ-

နံပါတ် 17 လျန့်ဟွေဟွမ်၏ မိခင်

"တက်ရောက်လာကြသော မိဘများ.. ငါက နံပါတ် 17 လျန့်ဟွေဟွမ်ရဲ့ အမေပါ.. ငါက မီနိုင်ငံရဲ့ မာရှန်း သိပ္ပံကျင့်ကြံခြင်းအကယ်ဒမီကနေ အင်ဂျင်နီယာဘွဲ့ကို ရရှိထားပါတယ်.. လက်ရှိမှာတော့ စုန့်ဟိုင်မြို့ရဲ့ ပေတု ကျင့်ကြံရေး ပန်းချီပြခန်းမှာ ဘဏ္ဍာရေးမှူး တာဝန်ကို ထမ်းဆောင်နေပါတယ်.. ခင်ပွန်းကတော့ ကုမ္ပဏီရဲ့ CEO ပါ.. မိဘများကော်မတီ အတွက် ဥက္ကဌအဖြစ် အရွေးလာခံရတဲ့ အကြောင်းရင်းက ဒီလိုပါ.. ကျမက ကျမကလေးရဲ့ သူငယ်တန်း၊ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေမှာ မိဘများ ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်.. ကလေးတွေနဲ့ ပတ်သက်ရင်အချိန်မရွေး ဖုန်းခေါ်ဆိုနိုင်ပါတယ်.. ကလေးတွေ အတွက် စိတ်ရင်းမှန်နဲ့ အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်.. ကျမက ရွှေအမြူတေအဆင့်သာ ရှိပေမဲ့လည်း ကလေးတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ကျမရဲ့ ရွှေအမြူတေကို အချိန်အရွေး အပျက်စီးခံနိုင်ဖို့ အဆင်သင့် ရှိပါတယ်..ကျမကိုမဲပေးကြပါ.. ကျေးဇူးတင်ပါတယ်"

လူတိုင်း "............"

ဝမ်လင်း "............"

စတုတ္ထနှင့် နောက်ဆုံး စခရင်ရှော့ပုံသည် ပွဲရှာမှု အရှိဆုံးပုံလည်းဖြစ်သည်။

နံပါတ် 13 လင်းကျီဟွာ၏ မိခင်

"အားလုံးပဲမင်္ဂလာပါ.. ကျမက နံပါတ် 13 လင်းကျီဟွာရဲ့ အမေပါ.. ဟာဖူး ကျင့်ကြံရေး တက္ကသိုလ်ကနေ မဟာဘွဲ့နဲ့ ဘွဲ့ရခဲ့တာပါ.. လက်ရှိမှာတော့ စုန့်ဟိုင်မြို့ရဲ့ ချမ်းသော် ရှေးဟောင်းပစ္စည်း ကုမ္မဏီမှာ အလုပ်လုပ်နေပါတယ်.. ကျမက အချက်အလက် အများအပြားကို ရှာဖွေလေ့လာခဲ့သူပါ.. ကျင့်ကြံခြင်း အသိုင်းအဝန်းရဲ့ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ မှော်ရတနာတွေနဲ့ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်တွေကို ကိုင်တွယ်နေပါတယ်.. ကျီဟွာရဲ့ အဖေက အစုရှယ်ယာ ကုမ္ပဏီတစ်ခုရဲ့ CEO ပါ.. ကျမက ဥက္ကဌနေရာအတွက် လာတာ မဟုတ်ပါဘူး.. မိဘများကော်မတီမှာ ဘယ်ရာထူးကိုမှ မထမ်းဆောင်ဘူးလို့ သတိပေးချင်တာပါ.. ဒီထက်ရှင်းအောင်ပြောရရင် မင်းတို့ရဲ့ ကလေးတွေ ငါတို့ ကျီဟွာကို အနိုင်ကျင့်ဝံ့ရင် မင်းတို့ရဲ့ ရှယ်ယာတွေ ပျက်သွားအောင် သူ့အဖေကို ငါလုပ်ခိုင်းလိုက်မယ်.. အဲဒီထဲမှာ ဟွာကောရေတံခွန် လုပ်ငန်းစုလည်းပါတယ်"

စွန်းရုံ "............"

ဝမ်လင်း "............."

မိဘများကိုယ်တိုင်က မိဘများ ကော်မတီကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင်လိုကြသည်။

မိဘအများစုတွင် ရည်ရွယ်ချက်ကောင်းများ ရှိသော်လည်း လင်းကျီဟွာ၏ အမေလို ပြောင်းပြန် ဖြစ်ရပ်များလည်း ရှိသည်။

WeChat နှင့် QQ များတွင် ပျံ့နှံ့သွားခဲ့သော ဤပုံများသည် ကျောင်းသားများကို အံ့အားသင့်ဖွယ် အာမေဋိတ်များ ဖြစ်ပေါ်စေသည်။

လုံးဝ အရှက်ကင်းမဲ့သူတွေသာ ယခုလိုမျိုး ပြောနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အမှတ် ၆၀ အထက်တန်းကျောင်း၏ မိဘများသည် ပိုမိုသဟဇာတ ရှိလာကြသည်။

မိဘများကော်မတီကို စတင်ဖွဲ့စည်းသောအခါတွင် အများစုကစိတ်မပါခဲ့ကြချေ။

အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသား ကာကွယ်ရေး အဖွဲ့သည် ၎င်းတို့၏ အစွမ်းအစဖြင့် အစွမ်းကုန် လုပ်ဆောင်မည် ဖြစ်ကြောင်း မိဘတိုင်း၏ လက်ကိုင်ဖုန်းသို့ သတင်းပို့ခဲ့သည်။

သားသမီးများကို အကြိုအပို့လုပ်ရန် အချိန်မရှိသော မိဘများအတွက် သဘောတူညီချက် လက်မှတ် ရေးထိုးရန်သာ လိုအပ်သည်။

အဆိုပါ အဖွဲ့မှ ကျောင်းသားများကို လိုက်ပို့ရန် ရွှေအမြူတေအဆင့်ကျင့်ကြံသူ နှစ်ဦးကို စေလွှတ်ပေးမည် ဖြစ်သည်။

ဤဝန်ဆောင်မှုသည် WeChat တွင် နေ့လည်ခင်းက ပျံ့နှံ့သွားသော စခရင်ရှော့ ဓာတ်ပုံများထက်ပင် ပိုမို အကျိုးရှိသည်။

ဤအရာသည် စစ်မှန်သော ခွန်အား၏ ရောင်ပြန်ဟပ်မှုဖြစ်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

လူတစ်ယောက်က ပို၍ အားကောင်းလေလေ ပို၍ သိုသိုသိပ်သိပ် နေရလေလေ ဖြစ်သည်။

ထို့ကြောင့် ကျောင်းဆင်းချိန် မွန်းလွဲပိုင်းတွင် ဝမ်လင်းက ချက်ချင်း မထွက်ခွာနိုင်ခဲ့ပေ။

နေ့ခင်းဘက်တွင် ဆရာမဖန်က ကလေးတွေကို ကိုယ်တိုင်လာခေါ်ရန် ကျောင်းသားမိဘများကို ဖုန်းဆက်ခဲ့၏။

ဆရာမဖန်က အတန်းချိန်အတွင်း ကျောင်းသားများအား ယာယီ ကိုယ်ပိုင်နံပါတ်များကို ဖြန့်ဝေပေးခဲ့သည်။

အစီအစဥ်အရ ကျောင်းသားများနှင့် ဆရာများက ကျောင်းအားကစားရုံတွင် စောင့်ခဲ့ရသည်။

ကျောင်းအားကစားရုံ အပြင်ဘက်မှာ ရပ်နေသည့် ဆရာများမှာ နောက်ဆုံး ကျောင်းသားနှင့် မိဘ ထွက်ခွာသွားသည့်တိုင်အောင် တစ်ယောက်မှ အလုပ်ဆင်းခွင့်မရှိပေ။

ကျောင်းတွင် ကျောင်းသားများ၏ ဘေးကင်းရေးသည်သာ အမြဲတမ်း ထိပ်တန်း ဦးစားပေး ဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး အထက်တန်းကျောင်းမှ ဆရာများက အနည်းငယ် မကျေနပ်ကြပေ။

မိဘတိုင်းတွင် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများပို့ထားသည့် နံပါတ်များ ရှိကြသည်။

ထိုနံပါတ်များဖြင့် ကလေးများကို လာရောက် ခေါ်ဆောင်ရမည်ဖြစ်၏။

ဤသို့ နံပါတ်ဖြင့် သတ်မှတ်ထားသည့် နောက်ထပ် အရေးကြီးသောအကြောင်းရင်း တစ်ခုလည်း ရှိပါသေးသည်။

ယင်းမှာ မိဘများအဖြစ် အသွင်ယူထားသော ရာဇ၀တ်ကောင်များ၏ အထောက်အထားကို စီစစ်ရန်ဖြစ်သည်။

အစီအစဥ်အရ ကျောင်းဂိတ်တံခါးသို့ မိဘများ ရောက်လာသည်နှင့် ဆရာများက အချက်အလက်များကို စစ်ဆေးမည်ဖြစ်သည်။

ထို့နောက် အသံလွှင့်ခန်းနှင့် ဆက်သွယ်ကာ အားကစားခန်းမသို့ ကြေငြာချက်တစ်ခု ထုတ်လွှင့်မည် ဖြစ်၏။

"ပုံမှန်အခန်း1က ကျောင်းသား နံပါတ် 18.. မင်းအဖေ ရောက်လာပြီ.. မင်းကို အိမ်ပြန်ခေါ်ဖို့ ဂိတ်ရှေ့မှာ လူတစ်စု ရှိနေတယ်"

အားကစားရုံထဲတွင် အသံလွှင့်သံ ထွက်ပေါ်လာသည်။

အားကစားရုံထဲ၌ ဆူဆူညံညံ အော်ဟစ်သံများ ချက်ခြင်း ထွက်ပေါ်လာ၏။

နံပါတ်အခေါ်ခံရသော ကျောင်းသားက မျက်နှာနီရဲကာ မတ်တတ်ထရပ်လိုက်ပြီး ထွက်ပေါက်ဆီသို့ ခေါင်းငုံ့၍ ဦးတည်သွားခဲ့သည်။

သူက အကြောင်းတစ်ခုခုကြောင့် ရှက်နေမိသည်။

ဝမ်လင်း ဘေးတွင်ထိုင်နေသော ကော်ဟောက်က ထို ကျောင်းသားကို တွေ့သောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။

"သူ့နာမည်က ဖန်စု.. သူ့အဖေက ထိပ်တန်း သက်တော်စောင့် အေဂျင်စီ ကုမ္ပဏီကို ထောင်ထားတယ်.. သူက အတန်းထဲမှာ အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့ပေမဲ့ ဒီအဖြစ်အပျက်တွေ ပြီးရင်တော့ အားလုံးက သခင်လေး တစ်ယောက် ဖြစ်တယ်ဆိုတာ သိသွားကြမှာပဲ"

ဝမ်လင်း "............"

"ပုံမှန်အခန်း 2 က ကျောင်းသား နံပါတ် 7.. မင်းအဖေနဲ့ အပေါင်းအပါတွေက မီးဖိုချောင်သုံးဓားတွေ ကိုင်ထားပြီး ကျောင်းဂိတ်ဝမှာ ရောက်နေပြီ"

ထို့နောက် မြန်မြန်ဆန်ဆန်ပဲ နောက်ထပ် ထုတ်လွှင့်မှုတစ်ခု ထွက်ပေါ်လာသည်။

"ကျောင်းသား နံပါတ် 8.. ကျောင်းသား နံပါတ် 7နဲ့ အတူတူ လိုက်သွားပါ"

ခပ်ပိန်ပိန် ချာတိတ်လေးက လူအုပ်ထဲမှ ထွက်လာခဲ့သည်။

သူက ကော်ဟောက် တစ်ခါက ပြောဖူးသည့် မီးဖိုချောင်သုံးဓားဂိုဏ်းမှ ခေါင်းဆောင်၏ သားဖြစ်သူ ကျန်းပိုင် ဖြစ်သည်။

ကျန်းပိုင် မတ်တပ်ထရပ်လိုက်ပြီး နောက်တွင် သူ့ဘေးမှာ ထိုင်နေသည့် ကောင်မလေးက ဒုတိယ အသံလွှင့်တာကို ကြားပြီး ကျန်းပိုင် နောက်သို့ လိုက်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ဝမ်လင်း အံ့သြနေသည်ကို မြင်လျှင် ကော်ဟောက်က ရယ်လိုက်သည်။

"ဒီကောင်မလေးနာမည်က ကျန်းယန်.. သူက ကျန်းပိုင်နဲ့တစ်ခန်းထဲပဲ"

ထိုစကားကို ကြားလျှင် ချန်းချောင်က မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

"အဲဒီစော်က ကျန်းပိုင်ရဲ့ ညီမလား"

"သူတို့က မောင်နှမအရင်းတွေ မဟုတ်ပါဘူး"

ကော်ဟောက်က ခေါင်းခါယမ်းပြီး ဆက်ပြောလိုက်သည်။

"ကျန်းယန်ရဲ့အဖေက မီးဖိုချောင်သုံးဓားဂိုဏ်းချုပ်ရဲ့ ဒုတိယညီနောင်ပါ"

ဝမ်လင်း "........."

All Chapters