← Chapters

ထွင်ထျန်းဟာ သံသယလွန်ကဲခြင်း

Vol. 36 Ch. 530

ထွင်ထျန်းဟာ သံသယလွန်ကဲခြင်း

Vol. 36 Ch. 530

ဗုံးပစ်စီနီယာအင်မော်တယ် နေထိုင်သည့် ဝမ်ရှန်း ဥယျာဉ်အိမ်ရာသည် ချမ်းသာသောသူများနှင့် ဂုဏ်သိက္ခာကြီးမားသူများ နေထိုင်သည့် အိမ်ယာတစ်ခု ဖြစ်သည်။

သူ၏ဇိမ်ခံအိမ်က ဘန်ဂလိုဇုံတွင် ရှိပြီး အိမ်စျေးနှုန်းမှာ အံ့မခန်းဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က အစပိုင်းတွင် တစ်ယောက်တည်းနေရသည်ကို ပိုမို နှစ်သက်ခဲ့သည်။

သို့သော် တစ်ယောက်တည်း အချိန်အတော်ကြာအောင် နေထိုင်ခဲ့ပြီးသည့် နောက်တွင် အထီးကျန်ဆန်မှုကို တစ်ခါတစ်ရံတွင် ရှောင်လွှဲ၍မရဘဲ ခံစားခဲ့ရသည်။

ထို့ကြောင့် ငွေရောင်လေး ရောက်ရှိလာမှုသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဘဝအတွက် လိုအပ်သည့် ဟင်းခတ်မွေးကြိုင်အချို့ကို ထည့်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေးမှ ထွင်ထားဟာ ထွက်လာပြီး တစ်နာရီခန့်အကြာတွင် ဝမ်ရှန်း ဥယျာဉ်အိမ်ရာ၏ အရှေ့၌ အစိမ်းရောင်ဖျော့ဖျော့ ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ထွင်ထျန်းဟာ အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နေအိမ်သို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

ယခင်က အကြိမ်ပေါင်းများစွာ လမ်းသလားခဲ့ဖူး၍ ထွင်ထျန်းဟာက လမ်းပျောက်ခြင်းမျိုးတော့ မရှိခဲ့ပေ။

ထွင်ထျန်းဟာက စုန့်ဟိုင်​မြို့၌ လမ်းပျောက်ခဲ့လျှင်ပင် ကျိုးရီကို ဖုန်းခေါ်ဆိုနိုင်ပေသည်။

ထိုအခါ ကျိုးရီက ဌာနမှ တစ်စုံတစ်ယောက်ကို ထွင်ထျန်းဟာအား လမ်းပြပေးရန် အတွက် ချက်ချင်း စေလွှတ်ပေးမည် ဖြစ်သည်။

သို့သော် ဤသည်က နောက်ဆုံး အားကိုးရာသာ ဖြစ်သည်။

တကယ်တမ်း ဤရက်ပိုင်းတွင် ကျိုးရီသည် အတော်လေးအလုပ်ရှုပ်နေခဲ့သည်။

ကျိုးရီက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကြောင့် အကြီးအကျယ်စိတ်ပူပန်နေရသည်ဟုပင် ဆိုနိုင်သည်။

ထိုအပြင် စုန့်ဟိုင်အကျဉ်းထောင်သို့ ပို့ဆောင်ထားသည့်သူများ၏ သက်သေ အထောက်အထားများကိုလည်း အကဲဖြတ်နေရဆဲ ဖြစ်သည်။

၎င်းတို့ကို စီရင်ချက်မချရသေးပေ။

စီရင်ချက်ချရန် အနည်းဆုံး၆လခန့် ကြာမြင့်မည် ဖြစ်သည်။

သို့သော် ထိုခြောက်လအတွင်း ကျိုးရီက ဘာမှမလုပ်ဟု မဆိုလိုပေ။

သူက ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များတွင် ပါဝင်သူ ဖြစ်ရုံသာမက ညွှန်ချုပ်တယောက်လည်း ဖြစ်သောကြောင့် လုပ်ငန်းစဉ်၏ ကဏ္ဍအားလုံးကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုရမည် ဖြစ်သည်။

ကျိုးရီက လက်မှတ်ထိုးခြင်း၊ တံဆိပ်တုံးထုခြင်း၊ စာရင်းစစ်ခြင်း စသည့် လုပ်ငန်းစဉ်များကို တစ်ကြိမ်ပြီး တစ်ကြိမ် လုပ်ဆောင်နေခဲ့ရသည်။

တကယ်တမ်းတွင် ကျိုးရီ အနေဖြင့် ဝမ်လင်း၏တပည့် ဖြစ်လာသည်မှာ မကြာသေးသော်လည်း ဤကဲ့သို့ ဖိအားအလုံးစုံကိုခံနိုင်ရည်ရှိရန်မှာ အမှန်တကယ် မလွယ်ကူပေ။

ဝမ်လင်းက ဩဂုတ်လ ၁ရက်နေ့၊ တပ်မတော်နေ့တွင် ကျရောက်မည့် ဝမ်မင်၏ မွေးနေ့အတွက် လက်ဆောင်ကို ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။

တကယ်တော့ သူက ကျိုးရီအတွက်လည်း လက်ဆောင်ပေးရန်စိတ်ကူးထားခဲ့သည်။

ဤသည်က သူ့တပည့်အတွက် ဆရာတစ်ယောက် အနေဖြင့် ပထမဆုံး လက်ဆောင်မှုပင် ယူဆနိုင်ပေ၏။

..............

ထွင်ထျန်းဟာက ဝမ်ရှန်းဥယျာဉ်အိမ်ယာ၏ ဝင်ပေါက်ရှေ့ လမ်းမကြီး တစ်ဖက်တွင် ခဏမျှ စောင့်ဆိုင်းနေခဲ့သည်။

သူက သူ့ကို လာရောက်ခေါ်ဆောင်ရန် ငွေရောင်လေးထံ မက်ဆေ့ချ် ပို့ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် ၁၀မိနစ်ကြာသည့် အထိ မည်သူမှ လာရောက် မခေါ်ဆိုခဲ့ပေ။

"ဒီကောင်က မက်ဆေ့ခ်ျကို မဖတ်ဘူးလား"

"ထားလိုက်ပါ.. နည်းလမ်းဟောင်းကိုပဲ အသုံးပြုရတာပေါ့"

ထွင်ထျန်းဟာက ရှေးခေတ်နည်းလမ်း အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ဘေးဘီကို အကဲခတ်လိုက်ပြီးနောက် နံရံဆီသို့ ခုန်တက်လိုက်သည်။

သို့သော် ဝမ်ရှန်း ဥယျာဉ်အိမ်ရာ၏ လုံခြုံရေး အစီအမံများက ကောင်းမွန်လွန်းလှသည်။

ထွင်ထျန်းဟာက ခုန်လိုက်သည်နှင့် ဖန်အမိုးခုံးကဲ့သို့ ဖောက်ထွင်းမြင်ရသော အတားအဆီးတစ်ခုကို အမှန်တကယ် တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့သည်။

သူက ဖန်အမိုးခုံးကို ရိုက်လိုက်သောအခါ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။

ဖန်အမိုးခုံးက အပ်ရာပင် မဖြစ်ပေါ်ခဲ့ပေ။

ဤအမိုးခုံး၏ မာကျောမှုက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့် တိုက်ခိုက်မှုကိုပင် အလွယ်တကူ ခံနိုင်ရည် ရှိလောက်သည်။

အဆုံးသတ်တွင် ဤသည်မှာ အဆင့်မြင့် ဇိမ်ခံအိမ်ရာတစ်ခု ဖြစ်ပြီး

လုံခြုံရေး အစီအမံများမှာ လေတိုး၍ပင် မပေါက်ပေ။

နံရံပတ်ပတ်လည်ကို အတားအဆီးများက ကာရံထားကြောင်း သူသိလိုက်ရသည်။

ဆိုရလျှင် ငှက်တစ်ကောင်တောင် ဖြတ်ပျံနိုင်မည် မဟုတ်ပေ။

နံရံကျူးကျော်သည့် အစီအစဉ်က မအောင်မြင်သဖြင့် ထွင်ထျန်းဟာက ဖုန်းကိုထုတ်ကာ ဆက်လိုက်ပြန်သည်။

ဤတစ်ခေါက်လည်း ငွေရောင်လေးက ပြန်မဖြေသည်ကို တွေ့ရလျှင် သူ ချက်ချင်းပင် စိတ်ပျက်သွားခဲ့သည်။

သူ့အနေဖြင့် ပင်မဂိတ်ပေါက် ဆီသို့ လျှောက်လှမ်းရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။

ထွင်ထျန်းဟာက စိတ်ထဲမှ သက်ပြင်းချရင်း ပင်မဝင်ပေါက် ဆီသို့လျှောက်လာခဲ့သည်။

သို့သော် ဂိတ်တံခါးဝသို့ ရောက်သည်နှင့် အစောင့်များက ထူးခြားသော အကြည့်ဖြင့် သူ့အား ကြည့်နေကြသည်ကို ရုတ်တရက် သတိထားမိခဲ့သည်။

"ဒါ.. ဟိုခွေးလား"

"ဟုတ်မယ်ထင်တယ်"

အစောင့်နှစ်ယောက်က အသံတိုးတိုးဖြင့် ပြောနေကြသည်ကို ထွင်ထျန်းဟာက အလွန်ရှင်းလင်းစွာပင် ကြားလိုက်ရသည်။

ထိုခဏတွင် ထွင်ထျန်းဟာ၏ စိတ်ထဲ၌ ဝိညာဉ်သားရဲများကို ပြန်ပေးဆွဲခြင်း မပြုမီ အိမ်မွေးတိရစ္ဆာန် မုဆိုးများက ရင်းနှီးသောလူများအဖြစ် ဟန်ဆောင်ခဲ့သော သတင်းများ ပြည့်နှက်လာခဲ့သည်။

ဥပမာအားဖြင့် လူနေရပ်ကွက် တစ်ခုအတွင်း လုံခြုံရေးအ‌စောင့် အဖြစ် ဟန်ဆောင်ကာ ရပ်ကွက်အတွင်း လှည့်လည်သွားလာနေသော ဝိညာဉ်သားရဲများကို ဖမ်းဆီးသည့် အိမ်မွေးတိရစ္ဆာန်မုဆိုးများ ဖြစ်သည်။

"ဒါက နတ်ဆိုးမုဆိုများ အဖွဲ့အစည်းရဲ့ လက်စားချေတဲ့ အစီအစဉ်တစ်ခုလား"

ထိုလုံခြုံရေး အစောင့်များ၏ အကြည့်များကို လှမ်းမြင်သည့်အခိုက်တွင် ထွင်ထျန်းဟာက ချက်ချင်းပင် သတိကပ်သွားခဲ့သည်။

ဤအစောင့်အုပ်စုက သူ့ကို ချောင်းမြောင်းနေသည်မှာ ထင်ရှားနေသည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် ထွင်ထျန်းဟာက ထွက်ပြေးရန်ချက်ချင်းဆိုသလို စဉ်းစားခဲ့သည်။

"ဒီနတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက လမ်းပေါ်မှာ မဖမ်းဘူးလို့ အာမခံချက် မရှိတာကြောင့် ဒီအတိုင်း ထွက်ပြေးနေလည်း အသုံးဝင်မှာမဟုတ်ဘူး အသိဆီက အကူညီတောင်းမှ ဖြစ်မယ်"

ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်က ဤအိမ်ရာထဲတွင် ရှိသည်။

ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်ကို ဦးစွာ ရှာဖွေမည်ဟုဆုံးဖြတ်လိုက်သည်။

ထိုသို့ တွေးလိုက်ပြီးနောက် ထွင်ထျန်းဟာက ချက်ချင်းပင် သူ၏ လက်ကို မြှောက်၍ လုံခြုံရေးအစောင့်များကို ကောင်းကင်သို့ ညွှန်ပြလိုက်သည်။

"ကြည့်စမ်း.. ဟိုမှာအပြာရောင်လမင်း"

ထိုစကားလုံးများက မှော်ဆန်လွန်းသော ဆွဲဆောင်ချက် ရှိနေလားသူ မသိသော်လည်း လုံခြုံရေးအစောင့်များက သူညွှန်ပြသည်ကိုချက်ချင်း ကြည့်မိလိုက်ကြသည်။

ဤသည်က စစ်မှန်သည့် လှည့်ကွက်တစ်ခုဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

နောက်ဆုံးအကြိမ်က ရင်ဆိုင်ခဲ့သည့် အရိုးနဂါးအဖွဲ့ကိုလည်း ဤနည်းလမ်းကိုပင် အသုံးပြုခဲ့သေးသည် မဟုတ်ပါလော။

လုံခြုံရေးအစောင့်များက ခေါင်းကို ကောင်းကင်ဆီသို့ မော့ကြည့်လိုက်သည့် အခိုက်တွင် ထွင်ထျန်းဟာက ဇိမ်ခံအိမ်ရာထဲသို့ ပြေးဝင်သွားခဲ့သည်။

အ‌စောင့်တွေက ခေါင်းပြန်လှည့်လိုက်သော အချိန်တွင် သီချင်းတစ်ပုဒ်၏ စာသားကို ရုတ်တရက် သတိရသွားခဲ့သည်။

"ကြိုတင်မျှော်မှန်းထားပေမယ့်လည်း နှလုံးရပ်မတတ်ဖြစ်ခဲ့ရတယ်.. ဒီတွေ့ဆုံမှုက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်လဲ.. ကောင်းကင်ထက်မှာ အဖြူရောင်တိမ်တိုက်တွေကို မြင်ခဲ့ရတယ်.. အစိမ်းရောင်အလင်းကတော့ မိုးကုတ်စက်ဝိုင်း တစ်ခုလုံးကို ဖြန့်ကျက်လွှမ်းမိုးထားဆဲ"

ထွင်ထျန်းဟာက အလွန်ပင် မြန်ဆန်သည်။

အ‌စောင့်များ၏ မျက်စိရှေ့မှာပင် သူက အစိမ်းရောင် အလင်းတန်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။

"ဂဒေါက်"

လုံခြုံရေးအကြီးအကဲက အစောင့်နှစ်ယောက်၏ ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။

"ဘာတွေငေးနေတာ​လဲ.. မြန်မြန်ပြေးလိုက်တော့လေ.. မင်းတို့က ခွေးကြောက်နေတာလား"

........

ထွင်ထျန်းဟာက သူ့နောက်ကနေ လုံခြုံရေးအစောင့် တစ်ဖွဲ့ ကားတစီးနှင့် လိုက်လာသည်ကို သတိပြုမိခဲ့သည်။

ထိုကားပေါ်တွင် အစောင့်ငါးဦး ပါရှိသည်။

ထိုကား၏ နောက်တွင် ပြိုင်ကားတစီးပါ လိုက်လာခဲ့သည်။

ဤသည်က ထွင်ထျန်းဟာကို အံ့အားသင့်စေခဲ့သည်။

"နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက သူ့ကို ဖမ်းဆီးရန်အတွက် အရင်းမြစ်တွေကို တွန့်ဆုတ်ခြင်းမရှိဘဲ အကုန်ကျခံနေတာလား"

သို့ရာတွင် ထွင်ထျန်းဟာသည် ဤအုပ်စုက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း မဟုတ်ဘဲ အခြားအဖွဲ့တခုမှ အိမ်မွေးတိရစ္ဆာန်မုဆိုးများ ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သည်။

ဝိညာဉ်သားရဲ တရားမဝင် ရောင်းဝယ်ဖော်ကားမှုကို လက်ရှိအချိန်တွင် အပြင်းအထန် နှိမ်နင်းနေချိန် ဖြစ်သောကြောင့် ဤလူများသည် အတော်လေး အတင့်ရဲသည်ဟုသာ ဆိုနိုင်တော့သည်။

၎င်းတို့က နေ့ခင်းကြောင်တောင် အိမ်ယာထဲတွင် ခွေးတစ်ကောင်ကို ပြောင်ပြောင်တင်းတင်း လိုက်ဖမ်းနေခဲ့သည်။

"ဇိမ်ခံအိမ်ရဲ့ လုံခြုံရေးကဘာလဲ"

"လုံခြုံရေးအစောင့်တွေက အတုမှန်းမသိတဲ့ အထိ စီမံခန့်ခွဲမှုညံ့ဖျင်းနေတာလား"

ထွင်ထျန်းဟာက ပြေးရင်း သူ့နောက်ကို လိုက်လာနေသည့် လူများကို တစ်ချက် ကြည့်လိုက်သည်။

ယုတ္တိဗေဒအရ ပြောရလျှင် ဝိညာဉ်သားရဲများကို ဖမ်းဆီးရာတွင်အိမ်မွေးတိရစ္ဆာန်မုဆိုးများသည် ဆူညံသံကို အတတ်နိုင်ဆုံး နည်းအောင် လုပ်ကြသည်။

သို့သော် ဤအဖွဲ့ကမူ သူတို့ ဘာလုပ်နေသည်ကို လူအများ မသိမှာကြောက်နေသကဲ့သို့ အလွန်ပင် ကျယ်လောင်နေသည်။

ထွင်ထျန်းဟာက အကြောင်းတစ်ခုခုကြောင့် မူမမှန်သလို ခံစားနေရသည်

သူ ပြေးလာသည်နှင့်အမျှ သူ့နောက်သို့ လိုက်လာသည့် လူအရေအတွက်က ပိုမို၍ များပြားလာသည်ကို သတိပြုမိခဲ့သည်။

အဆုံးသတ်တွင် ထွင်ထျန်းဟာက သည်းမခံနိုင်တော့ဘဲ ရပ်တန့်လိုက်ပြီး ၎င်းတို့ဘက် လှည့်ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းတို့ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ"

ထွင်ထျန်းဟာ ရပ်တန့်လိုက်သောအခါ လုံခြုံရေးအစောင့်များကလည်း ရပ်တန့်လိုက်ကြသည်။

အားလုံးက စိတ်ထဲတွင် တညီတညွတ်တည်း ညည်းညူလိုက်ကြသည်

"လခွမ်း နောက်ဆုံးတော့ရပ်သွားပြီလားဟ.. ဒီခွေးက တကယ်ပြေးနိုင်တာပဲ"

ထိုခဏတွင် လုံခြုံရေးအဖွဲ့ခေါင်းဆောင်က ထွင်ထျန်းဟာ အရှေ့တွင်ရပ်ကာ အလေးပြုလိုက်သည်။

"မစ္စတာခွေး မင်းက စီနီယာအင်မော်တယ် ဖိတ်ထားတဲ့သူလား"

ထွင်ထျန်းဟာက ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင် လုံခြုံရေးခေါင်းဆောင်ကာ သူတို့ကားနောက်မှ ပြိုင်ကား၏ တံခါးကို ဖွင့်ပေးလိုက်သည်။

"ငါတို့က မင်းကိုကြိုဆိုဖို့ စီနီယာအင်မော်တယ် လွှတ်ထားတဲ့သူတွေပါ"

ထွင်ထျန်းဟာ"..........."

All Chapters