← Chapters

အနှစ်တစ်ထောင်သက်တမ်းရှိ ဟာသ တစ်ခု

Vol. 16 Ch. 234

အနှစ်တစ်ထောင်သက်တမ်းရှိ ဟာသ တစ်ခု

Vol. 16 Ch. 234

နှစ်ပေါင်းတစ်ထောင်အတွင်း တုနှိုင်းမရသည့် ပြိုင်ဆိုင်မှုတစ်ခုဟု သမိုင်းစာအုပ်တွေ၌ မှတ်တမ်းတင်ခဲ့ရသော်လည်း ယခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

ကွာဖီက ဒြပ်စင်ငါးပါး အစီအရင်တွင် ပိတ်မိနေခဲ့သည်။

ထိုခဏ၌ ဤကမ္ဘာငယ်လေးရှိ မြို့လယ်ခေါင်တွင် ရောင်စုံအခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေသည်။

အတွင်းရေးမှူး တာခန်း၊ ကျိုးရီ၊ ကျောင်းအုပ်ကြီး ခြောက်ဦးအပြင် အဆောက်အအုံများတွင် ပုန်းအောင်းနေသည့် ကျောင်းသားများ အားလုံးမှာ ဤတိုက်ပွဲ၏ သက်သေများပင် ဖြစ်သည်။

ဟုတ်ပါသည်.. အတွင်းရေးမှူး တာခန်းနှင့် ကျောင်းအုပ်ကြီး ခြောက်ဦးစလုံးက ဤနှစ်ယောက်ကြားရှိ ရန်စကို ကောင်းစွာ သိထားတာကြောင့် ဝင်ရောက် စွက်ဖက်ဖို့ ရွေးချယ်ကြမည် မဟုတ်ချေ။

ဤထိပ်တိုက်ရင်ဆိုင်မှုမှာ ဝမ်လင်း စိတ်ကူးထားသည်ထက်ပင် ပိုမို ရိုးရှင်းသည်။

ဗိုလ်ချုပ်ရီ၏ လက်ဖဝါးတွင် အလင်းအားနည်းသော ဓားအလင်းတန်းတစ်ခု ပေါ်လာသည်ကို အဝေးကနေ မြင်နေရသည်။

ဤသည်မှာ ဗိုလ်ချုပ်ရီကို ကျော်ကြားစေခဲ့သည့် ဓားလက်ဝါးပင် ဖြစ်သည်။

ကွာဖီနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်စဥ်က ဤဓားလက်ဝါးဖြင့်ပင် ဝမ်မင် တီထွင်ခဲ့သော စောင့်ကြည့်ရေး ချစ်ပ်ပြားကို ကွာဖီ၏ စိတ်ဝိညာဥ်၌ ချန်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

"အဘိုးကြီး ရီ.. မင်းရဲ့ ဓားလက်ဝါးက ငါ့ကို တကယ်ပဲ အနိုင်ရမယ်လို့ ထင်လား "

ကွာဖီက လှောင်ပြောင်လိုက်သည်။

ဤအခြေအနေထိ ရောက်လာမှတော့ သူဘာကို ကြောက်နေရတော့မည်နည်း။

ကွာဖီ၏ လက်ထဲတွင် အနီရောင်အခိုးအငွေ့နှင့် ခရမ်းရောင် တိမ်တိုက် တစ်ခု ပေါ်လာသည်။

ထို့နောက်တွင် ၎င်းတို့က ခရမ်း နှင့် အနက်ရောင် မှော်စက်ဝန်းများအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

ဖျက်ဆီးခြင်းစက်လုံး..

ဤသည်မှာ မိစ္ဆာအင်ပါယာ ကွာဖီကို ကျော်ကြားစေခဲ့သည့် နည်းစနစ် ဖြစ်သည်။

သူတို့၏ နည်းစနစ် နှစ်ခုစလုံးက ကောင်းကင်တစ်ခုလုံးကို ပြိုးပြိုးပြက်ပြက် ဖြစ်စေနိုင်သည့် အထူး အကျိုးသက်ရောက်မှုများ ပါရှိသော မဟာနည်းစနစ်မျိုး မဟုတ်ပေ။

ထိုအစား ဤနည်းစနစ်က အချိန်မရွေး တိုက်ခိုက်နိုင်ပြီး ခုခံမှု နှင့်တိုက်ခိုက်မှုကို တစ်ပြိုင်နက်ထဲ အသုံးပြုနိုင်သည်။

တကယ်တမ်းတွင် ဓားလက်ဝါး နှင့် ပျက်စီးခြင်း စက်ဝန်း တို့မှာ သဘောတရား အလွန်တူညီသည်။

၎င်းတို့က အထူးနည်းစနစ်မျိုး မဟုတ်သော်လည်း အလင်းရောင် အနည်းငယ်သာ ထွက်ပေါ်သည့် ပြင်းထန်သော အဖျက်စွမ်းအားကို ဖန်တီးနိုင်သော အမျိုးအစား ဖြစ်သည်။

သို့ရာတွင် ဤရိုးရှင်းသော နည်းစနစ်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မသင်ယူနိုင်ခဲ့ပေ။

အကြောင်းရင်းမှာ ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်ရန် အလွန်သိမ်မွေ့သော လှုပ်ရှားမှု နှင့် စိတ်အာရုံစူးစိုက်မှု လိုအပ်သောကြောင့် ဖြစ်သည်။

ဤအချိန်တွင် သူတို့တစ်ဦးစီက သူတို့၏နာမည်ကျော် နည်းစနစ်များကို ကိုင်စွဲ၍ တိုက်ခိုက်နေကြသည်။

သို့ရာတွင် ဤတိုက်ပွဲ၏ ရလဒ်က ဆုံးဖြတ်ပြီးသားပင်။

ကွာဖီက အထွတ်အထိပ် ခွန်အားကို ပြန်မရသေးသည့်အပြင် ဒြပ်စင်ငါးပါး အစီအရင်၏ ထိန်းချုပ်ခံထားရမှုကြောင့် အမှန်တကယ်ပင် အကန့်အသတ်များ ရှိနေသည်။

ဗိုလ်ချုပ်ရီအနေဖြင့် သူ၏ ခွန်အား အလုံးစုံကို အသုံးချဖို့ လုံးဝ မလိုအပ်ခဲ့ပေ။

ဤအခြေအနေတွင် သူ၏ ခွန်အားတစ်ဝက်လောက်ကပင် ကွာဖီကို ဖိနှိပ်ရန် လုံလောက်နေပြီ ဖြစ်သည်။

သူတို့၏ နည်းစနစ်တွေကို ဖော်ထုတ်ပြီးနောက် ၎င်းတို့က တစ်ယောက်ကို တစ်ယောက် ခဏလောက် မျက်လုံးချင်းဆိုင် ကြည့်လိုက်ကြသည်။

တစ်မိနစ်အကြာတွင် ဗိုလ်ချုပ်ရီက ဦးစွာ တိုက်ခိုက်လိုက်သည်။

သူ၏ ဓားလက်ဝါးက လေထဲကို ဖြတ်သန်းသွားသည်။

ချက်ချင်းပင် ကောင်းကင်ကြီးက ပြောင်းလဲသွားပြီး မမြင်နိုင်သော လှိုင်းလုံးကြီးများက ကမ္ဘာငယ်လေးကို လှည့်ပတ်ကာ ကမ္ဘာငယ်လေး၏ အဆုံးအထိ ပျံ့နှံ့သွားသည်။

လေ့ကျင့်ခန်း အဝတ်အစား ဝတ်ထားသည့် အဖြူရောင်အရိပ်က သူ့ ကျင့်ကြံခြင်း နယ်ပယ်နှင့် တစ်တန်းတည်းရှိသည့် ကွာဖီကို အဘက်ဘက်မှ ပိတ်ဆို့ထားခဲ့သည်။

ယခင်က မရေမတွက်နိုင်သော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် သူတို့နှစ်ဦးစလုံးမှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်မှုပုံစံကို နားလည်မှုတွင် အဆင့်တစ်ခု ရှိခဲ့သည်။

ကွာဖီက သူ့လက်ကို မြှောက်ကာ ခဲရာခဲဆစ် ခုခံလိုက်သည်။

ဓားလက်ဝါးက ဖျက်ဆီးခြင်းစက်လုံး နှင့် တိုက်မိပြီး ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။

ထိုထိပ်တိုက်တွေ့ဆုံမှုမှ ပြင်းထန်လှသော တုန်ခါမှုက ကွာဖီကို တိုက်ရိုက် သွေးအန်စေခဲ့သည်။

အဆုံးသတ်တွင် သူက ဤတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း သူ၏ နှစ်ရှစ်ရာ ကျင့်ကြံမှု စွမ်းအားကို စတေးခဲ့ရ၏။

ဓားလက်ဝါး၏ စွမ်းအားလှိုင်းက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာသော လျှပ်စစ်စီးကြောင်းတစ်ခုနှင့် တူပြီး သူ့လက်ချောင်းများကို တုန်ခါသွားစေသည်။

သူက ဒူးတွေတုန်နေသော်လည်း အံကြိတ်ကာ မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားလိုက်၏။

"ဝေါ့..."

ကွာဖီ၏ ပါးစပ်ကနေ နီရဲသော သွေးများ စီးကျလာသည်။

ကွာဖီက ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို ယူထားသော်လည်း ဤအခိုက်အတန့်တွင် ကွာဖီ၏ အတိတ်မှရုပ်ကို လူတိုင်းက မြင်နိုင်လိုက် သကဲ့သို့ပင်။

သူက အမြဲတမ်း ဘယ်တော့မှ အရှုံးမပေးသောသူ ဖြစ်သည်။

မည်မျှပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါစေ.. သူဘယ်တော့မှ လဲကျမည် မဟုတ်ချေ။

အနှစ်တစ်ထောင်အကြာ၌ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့သောအခါ ကွာဖီက တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ဗိုလ်ချုပ်ရီက စွမ်းအားများကို ရုတ်သိမ်းလိုက်ပြီး ကွာဖီထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

"မင်းသာ အရင်တုန်းက အပြစ်ရှိကြောင်း စောစောဝန်ခံခဲ့ရင် မင်းရဲ့ ဂုဏ်အယူရဆုံး တပည့် အင်မော်တယ် ရှဲဖီက လေဖန်းဘုရားကျောင်း အောက်မှာ ကွပ်မျက်မခံရခင် ဆယ်နှစ်လောက် မိုးကြိုးပစ်ခံရမှာ မဟုတ်ဘူး"

"ငါအရှင်ကိုယ်တိုင်က သူ့ကို ရှာချင်နေတာ.. အဲဒီ အပြစ်က ဘယ်မှာလဲ"

ကွာဖီက ဖားဖိုကြီးကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်နေသော သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း လှောင်ပြောင်လိုက်သည်။

"ရှင်ပြန်ထမြောက်ခြင်း ဆိုတာ ကောင်းကင်ဥပဒေသတွေနဲ့ ဆန့်ကျင်ဘက်ပဲ"

ဗိုလ်ချုပ်ရီက မျက်လုံးကို မှိတ်ထားသည်။

"ရှင်ပြန်ထမြောက်ခြင်း နည်းလမ်းက ဒီကမ္ဘာမှာ မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ်"

"ဟုတ်ပါတယ်.. ငါအရှင်သခင် သိပါတယ်"

ကွာဖီ "အဲဒါကြောင့် ငါအရှင်ကိုယ်တိုင် သူ လူဝင်စားတာကို ရှာတွေ့ဖို့ မျှော်လင့်နေတာပေါ့.. ဟွာရှို့ အမျိုးသားနန်းတော်ရဲ့ အချိန်စက်ဝန်းက လူဝင်စားတာကို ရှာတွေ့နိုင်တယ်လို့ ငါကြားခဲ့ဖူးတယ်"

ထိုစကားကို ကြားလျှင် ဗိုလ်ချုပ်ရီက လန့်သွားသည်။

"ဒါဆို နန်းတော်ကို ကျူးကျော်ဖို့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မင်းစုဝေးခဲ့တဲ့ ကွာဖီ စစ်တပ်က ပုန်ကန်ဖို့ မဟုတ်ဘဲ ဒီအချိန်စက်ဝန်းကြောင့်လား"

"ပုန်ကန်တာလား.. ဟမ့်.. ဒါက ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး"

ကွာဖီက မချိပြုံး ပြုံးလိုက်သည်။

"အချိန်စက်ဝန်းက ငါ့ရဲ့ ရည်ရွယ်ချက် အမှန်ပဲ.. အဲဒီတုန်းက သူက မြန်မြန်ဆန်ဆန် မှိန်ဖျော့နေပြီ.. ငါအရှင်ကိုယ်တိုင်က သူ့အတွက်၊ အရာရာတိုင်းအတွက် တိုက်ပွဲဝင်ခဲ့တယ်.. ဒါပေမယ့် ကံမကောင်းစွာပဲ နန်းတော်က အလွတ်ကြီး ဖြစ်နေပြီး ငါ့အတွက် ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ သိလိုက်ရတယ်"

"............"

မိစ္ဆာအင်ပါယာ ကွာဖီ၏ မှတ်ချက်များက ကမ္ဘာငယ်လေးအတွင်းနှင့် အပြင်ဘက်ရှိ လူများကို တိတ်ဆိတ်သွားစေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ဗိုလ်ချုပ်ရီက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

"ဒါဆို ဒါတွေအကုန်လုံးကို မင်းမိန်းမအတွက် လုပ်ခဲ့တာလား"

"အဲဒီလို မဟုတ်ရင် ဘာရှိသေးလို့လဲ"

ကွာဖီက သူ့မျက်လုံးများကို မှိတ်ထားသည်။

ကမ္ဘာငယ်လေး၏ အပြင်ဘက်ရှိ ကျောင်းအုပ်ကြီးများနှင့် အတွင်းရေးမှူး တာခန်းတို့၏ မျက်နှာများက ကူကယ်ရာမဲ့နေသည်။

ဤမိစ္ဆာကောင်က မထင်မှတ်ဘဲ အချစ်ရူးတစ်ယောက် ဖြစ်နေသည် မဟုတ်လော။

သူ့ရှေ့မှ ဗိုလ်ချုပ်ရီ၏ အမူအရာကို မြင်လိုက်ရသောအခါ ကွာဖီက ချက်ချင်းပင် ပြောလိုက်သည်။

"အချိန်စက်ဝန်းက မရှိဘူးလို့တော့ မပြောနဲ့နော်"

"မဟုတ်ပါဘူး.. စိတ်မပူပါနဲ့.. အဲဒါက အမှန်တကယ် ရှိပါတယ်.."

ဗိုလ်ချုပ်ရီ၏ ပါးစပ်ထောင့်များက ဖြည်းညင်းစွာ လှုပ်ရှားသွားသည်။

"ငါပြောချင်တာက... ဒါက တားမြစ်ထားတဲ့ ရှေးဟောင်းပစ္စည်း ဖြစ်ပေမယ့်လည်း အထူးကိစ္စရပ် တစ်ခုအနေနဲ့ အစီရင်ခံစာကို တင်ပြရင်တော့ အသုံးပြုဖို့အတွက် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းနိုင်ပါတယ်"

ကွာဖီ "............"

ဝမ်လင်း "............."

"ဟုတ်တယ်.. လုပ်ငန်းစဉ်ကတော့ အရမ်းရှုပ်ထွေးတယ်..."

ဗိုလ်ချုပ်ရီ "မင်းရဲ့ အထွတ်အထိပ်ရောက်ချိန်ကာလက ကျင့်ကြံမှု နယ်ပယ်နဲ့ တိုင်းပြည်အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့မှသာ စီမံခန့်ခွဲရေးလုပ်ငန်းစဥ်ကို ဖြတ်သန်းနိုင်လိမ့်မယ်"

ကွာဖီ "..........."

အခင်းဖြစ်နေရာက ငြိမ်သက်သွားခဲ့သည်။

အနှစ်တစ်ထောင်ကြာ စွဲစွဲမြဲမြဲ လှုပ်ရှားလာပြီးနောက် ကွာဖီက တစ်ချိန်လုံး သူ့ခြေထောက်သူ ရိုက်ချိုးမိခဲ့ပုံရ၏။

ကွာဖီက ခါးခါးသီးသီး ရယ်မောလိုက်ပြီး ကံကြမ္မာ၏ ကျီစယ်ခြင်းကို ခံရသည့် ခံစားချက်ကို ညည်းတွားလိုက်သည်။

ဗိုလ်ချုပ်ရီက သူ့ကိုကြည့်ကာ စာနာစိတ်ဖြင့် ပြောလိုက်သည်။

"မင်း ငါနဲ့လိုက်လာပြီး ရုံးတင်စစ်ဆေးခံဖို့ သဘောတူရင် အခုချက်ချင်း ဒူးထောက်လိုက်ပါ.. အဲဒါဆို ငါက မင်းကိုယ်စား သူမရဲ့ လူဝင်စားတာကို ရှာပေးမယ်"

"တောင်းပန်ပါတယ်"

ကွာဖီက တောက်ပသော မျက်ဝန်းများဖြင့် ဗိုလ်ချုပ်ရီကို စိုက်ကြည့်လိုက်သည်။

သူက ဒူးမထောက်ပေ။

သို့သော် တောင်းပန်စကားကိုမူ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

All Chapters