ကောင်းမွန်စွာ လေ့လာခြင်း
Vol. 33 Ch. 486
ဤအင်တာနက်ဘား၏ သူဌေးယဲ့က ဂိမ်းနယ်ပယ်ထဲမှ လူတစ်ယောက်မှန်း ထင်ရှားနေသည်။
သူ့မိသားစုက အင်တာနက် ဘားပေါင်း တစ်ထောင်ကျော်ကို ပိုင်ဆိုင်သောကြောင့် အလွန်သြဇာကြီးမည်မှာ သေချာ၏။
ဟွာရှို့နိုင်ငံက အလွန်ပင် ကျယ်ဝန်းပြီး နဂါးများ ကျားများ ခိုအောင်းနေသည်ဟုပင် ဆိုနိုင်သည်။
ဝေ့ကျစ် နှင့် ထွင်ထျန်းဟာတို့က တစ်ယောက် နှင့် တစ်ယောက် ဘေးချင်း ကပ်ထိုင်ကာ ၎င်းတို့၏ ကွန်ပျူတာများကို ဖွင့်လိုက်သည်။
ဤသီးသန့် ဂိမ်းအခန်းသည် လူငါးဦးအတွက် သာမန်အခန်းဖြစ်ပြီး အကြီးဆုံးအခန်းသည် လူဆယ်ဦး ဝင်ဆံ့သည်။
သို့သော် သီးသန့်အခန်း အားလုံး၏ အပြင်အဆင်ကမူ ကွဲပြားမှု များစွာမရှိပေ။
ယင်းအချိန်တွင် ထွင်ထျန်းဟာသည် သီးသန့်ခန်းတွင် ကိုယ်ပိုင် ရေချိုးခန်းပါရှိကြောင်း သတိပြုမိခဲ့သည်။
ယင်းမှာ ဖောက်သည်များအတွက် အတော်လေး အဆင်ပြေစေသည်။
ကွန်ပြူတာဘေးရှိ ဝန်ဆောင်မှု ဖုန်းခလုတ် အပြင် အခန်းထဲတွင် ကိုယ်တိုင်ယူစနစ်ဖြင့် သုံးဆောင်ရန် အချိုရည်စင် တစ်ခုနှင့် သရေစာစင် တစ်ခုလည်း ထားပေးထားသည်။
တစ်ခုခုဝယ်လိုလျှင် ငွေပေးချေရန် ကုဒ်ကို တိုက်ရိုက် စကင်န်ဖတ်လိုက်ရုံပင်။
သို့သော် အချိုရည်စင်များ နှင့် အဆာပြေစင်များသည် ယခုအခါတွင် ဗလာဖြစ်နေပြီး အလှပြရုံ သက်သက်သာ ဖြစ်လာသည်။
ပထမတစ်ချက်မှာ သူဌေးယဲ့က ဤအင်တာနက်ဘားကို ဝယ်လိုက်ချိန်တွင် အရာအားလုံး အဆင်သင့် မဖြစ်သေး၍ ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ၎င်းက လက်ရှိတွင် ငွေကြေးအနည်းငယ် ပြတ်လပ်နေသောကြောင့် ဖြစ်၏။
သူဌေးယဲ့က သူ့အလုပ်ကိုကူညီရန် ဝန်ထမ်းပင် မငှားနိုင်သေးပေ။
သူက ပျင်းရိသူတစ်ဦး ဖြစ်၍ လိုအပ်သည့် အဆာပြေမုန့်နှင့် အချိုရည်များကို နေ့စဉ်စာရင်းလုပ်ပြီး ချက်ချင်း ဖြည့်တင်းရန် တစ်စုံတစ်ဦးကို အထူး တာဝန်ပေးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
သူဌေးယဲ့အနေဖြင့် သီးသန့်ခန်း အများအပြားကို စောင့်ကြည့်နေရ၍ အလွန်ပင်ပန်းမည်ဟု ထွင်ထျန်းဟာ မှန်းဆမိသည်။
လက်ရှိတွင် သူဌေးယဲ့က သူတို့နှစ်ယောက် ကွန်ပျူတာဖွင့်သည်ကို စောင့်ဆိုင်းပေးနေသည်။
ဘာပြဿနာမှ မရှိသည်ကို အတည်ပြုပြီး နောက်တွင် လက်ထဲမှ စီးကရက်ကို ပြာခွက်ထဲ၌ ပြာချွေလိုက်ပြီး လေဝင်လေထွက် ခလုတ်ကို နှိပ်လိုက်သည်။
"မင်းတို့နှစ်ယောက် ဆေးလိပ် မသောက်တတ်ဘူး မဟုတ်လား"
ဝေ့ကျစ် "မသောက်တတ်ပါဘူး..."
သူဌေးယဲ့ ခေါင်းညိတ်လိုက်သည်။
"အဲဒါကောင်းတယ်.. ဒီအင်တာနက်ဘား တစ်ခုလုံးမှာ ဆေးလိပ်သောက်ခွင့် ပေးမထားလို့လေ"
ထွင်ထျန်းဟာ "ဒါဆို မင်းက ဘာလို့ ဆေးလိပ်သောက်နေတာလဲ..."
သူဌေးယဲ့ "ငါက သူဌေးဆိုတော့ ငါကြိုက်ရာငါလုပ်လို့ရတယ်လေ"
ဝေ့ကျစ်နှင့်ထွင်ထျန်းဟာ "..........."
"ဒါပေမယ့် စည်းကမ်း မလိုက်နာတဲ့ လူတချို့တော့ ရှိကောင်းရှိနိုင်ပါတယ်.. ဒါကြောင့် ဒီမီးခိုးငွေ့ လေဝင်လေထွက် စနစ်ကို အထူးဒီဇိုင်းထုတ်ပြီး တပ်ဆင်ခဲ့တာပေါ့"
စကားပြောနေရင်း သူဌေးယဲ့က သူ၏ သိုလှောင်အိတ်မှ ရေသန့်ပုလင်း နှစ်ပုလင်းကို ထုတ်ကာ ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်တို့ကို ပစ်ပေးလိုက်သည်။
"ပိုက်ဆံကြပ်နေတော့ လောလောဆယ် ဒါပဲ ပေးစရာရှိတယ်"
"ကျေးဇူးတင်ပါတယ် သူဌေးယဲ့.. သူဌေးယဲ့ရော မကစားဘူးလား"
ဝေ့ကျစ်က မေးလိုက်သည်။
"ဂိမ်းအားလုံးက အခြေခံအားဖြင့် သိပ်မကွာပါဘူး.. ကြာလာတော့ ဆော့ရတာ ငြီးငွေ့လာပါပြီ.. ဘေးက ဧည့်ခန်းမှာ သွားအိပ်လိုက်ဦးမယ်"
သူဌေးယဲ့က ပျင်းကြောဆန့်ကာ သမ်းလိုက်သည်။
“ကွန်ပြူတာမှာ ပြဿနာရှိရင် ငါ့ကို ဖုန်းဆက်လိုက်.. အဆင်ပြေပြေ ပြီးသွားရင် နှစ်ယောက်သား အချိန်မရွေး ထွက်သွားနိုင်ပါတယ်.. ငါ့အတွက် တံခါးကို သေချာ ပိတ်ခဲ့ပေးဖို့တော့ မမေ့နဲ့"
ထို့နောက်တွင် သူဌေးယဲ့က ဧည့်ခန်းသို့ ထွက်သွားခဲ့သည်။
ထွင်ထျန်းဟာ "ဒီသူဌေးယဲ့က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ"
"အဟုတ်ပဲ"
ဝေ့ကျစ်က ခေါင်းညိတ်လိုက်သည်။
"ဒီသူဌေးယဲ့ရဲ့ စိတ်နေစိတ်ထားက ဒဏ္ဍာရီထဲက လူတစ်ချို့နဲ့ ဆင်တူတယ်လို့ ခံစားမိပေမယ့် တစ်ချိန်တည်းမှာပဲ အနည်းငယ် ကွဲပြားနေခဲ့တယ်"
ကွန်ပြူတာ ဖွင့်ပြီးနောက်တွင် ထွင်ထျန်းဟာ ပထမဆုံး လုပ်ရမည့် အရာမှာ ဂိမ်းချက်ဂရုထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။
ဖန်းကွမ်းကမူ သူ၏ ပရိသတ်များနှင့်အတူ ရောက်ရှိနေပြီ ဖြစ်သည်။
ထွင်ထျန်းဟာ နှင့် ဖန်းကွမ်း အပါအဝင် လောလောဆယ် လူငါးဦး ရှိသည်။
အခြားသူများမှာ ဖန်းကွမ်း၏ နံပါတ်တစ် ပရိတ်သတ် 'နှစ်ညအိပ်သုံးရက် မွမ်းမံပြီးပြီ'၊ ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ID 'ကောင်းကောင်းလေ့လာ'တို့ ဖြစ်သည်။
ထွင်ထျန်းဟာက မျက်ခုံးပင့်လိုက်သည်။
"စီနီယာအင်မော်တယ် မင်းလည်း ကစားပွဲထဲ ပါမလို့လား"
"ဟုတ်တယ် ညီနောင်ခွေး.. ငါအပျင်းပြေ ခဏလောက် ကစားမလားလို့ပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ဖန်သားပြင်ရှေ့မှ ပြန်ဖြေသည်။
ဝမ်လင်းက လွန်ခဲ့သော စက္ကန့်သုံးဆယ်ခန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်သို့ တည်နေရာ ရွှေ့ပြောင်း၍ ရောက်ရှိလာခဲ့သည်။
ဤ ID"ကောင်းကောင်းလေ့လာ" အကောင့်သည် အမှန်တကယ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အကောင့် တစ်ခု ဖြစ်သည်။
ကျင့်ကြံခြင်း ဖိုရမ်ကို မတည်ထောင်မီတွင် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန်အတွက် အခြား စကားပြောခန်း ဂရုများကို စိမ့်ဝင်သည့် အခါမျိုးတွင် သူက ဤအကောင့်ကို အသုံးပြုခဲ့သည်။
ထို့ကြောင့် ဤအကောင့်ကို သူသုံးခဲ့သည်မှာ အတော်ကြာခဲ့ပြီဟု ဆိုရမည်။
၎င်းက အဆင့်မြင့် အကောင့်တစ်ခုလည်း ဖြစ်၏။
ဟုတ်ပါသည်၊ ဤအကောင့်နာမည်သည် ယခင်က "ကောင်းကောင်းလေ့လာ" မဟုတ်ပေ။
ဝမ်လင်းက အကောင့်ကို ငှားပြီးနောက်မှ နာမည်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက ကဏ္ဍတိုင်းတွင် အလွန်ထူးချွန်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားမိသည်။
ထွင်ထျန်းဟာက ဤအကောင့်ကို အသုံးပြုနေသူနှင့် ပတ်သက်၍ လုံးဝမသိရှိသည့် အတွက် အလွန် သနားစရာပင်။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက QQ တွင် အော့ဖ်လိုင်း ဖြစ်နေ၍ အင်တာနက်ပေါ်တွင် ရှိနေမည်ဟု ထွင်ထျန်းဟာ ထင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထို့အပြင် ဝမ်လင်းက ကပ်စေးနည်း ဖြစ်သောကြောင့် သူ၏ အကောင့်အဆင့်သည် လူအများစုထက် သေချာပေါက် နိမ့်ကျမည် ဖြစ်သည်။
ထို့ကြောင့် ဤအကောင့်၏ အဆင့်အတန်းကို မြင်သောအခါတွင် အကောင့်အသုံးပြုသူက ဝမ်လင်း ဖြစ်နိုင်ခြေ လုံးဝမရှိဟု ထွင်ထျန်းဟာ ချက်ချင်း ယူဆခဲ့သည်။
အကောင့်နာမည်ကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း ထွင်ထျန်းဟာ မေးလိုက်သည်။
"စီနီယာအင်မော်တယ်.. ဒီစီနီယာက ဘယ်သူလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်
"ဒီတစ်ခါက နှစ်ယောက်တွဲ ကစားရမှာဆိုတော့ ငါ့ သူငယ်ချင်းတစ်ယောက်ကို လှမ်းခေါ်လိုက်တာလေ.. ဒီသူငယ်ချင်းက ချက်ဂရုမှာ မရှိလို့ မင်းသူ့ကို မသိလောက်ဘူး.."
"အင်း"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
သူ့အနေဖြင့် သံသယ လုံးဝမဝင်ခဲ့ပေ။
"ငါ့သခင်လေးက ဂိမ်းမှမဆော့တာလေ"
".............."
ဤစာကြောင်းကို ဖတ်ရင်း ဖန်းကွမ်း နှင့် ဗုံးပစ်စီနီယာအင်မော်တယ် တို့က ကူကယ်ရာမဲ့စွာ ရင်တုန်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"ညီနောင်ခွေး မင်းဘာလို့ ဂိမ်းဆော့ဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာလဲ"
တကယ်တမ်းတွင် ဝမ်လင်းတင် မကဘဲ ဖန်းကွမ်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး စိတ်ပူခဲ့ကြသည်။
လွန်ခဲ့သော တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်က ဆိုလျှင် ထွင်ထျန်းဟာသည် ၎င်း၏ ပျင်းရိသော အကျင့်ဖြင့် ဤအရာများကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။
ဤမေးခွန်းကို မြင်သောအခါ ထွင်ထျန်းဟာက မေးခွန်း၏ ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့သည်။
ဂိမ်းမဆော့သည့်သူက ရုတ်တရက် ဂိမ်းထဆော့နေ၍ ၎င်းတို့အတွက် ထူးဆန်းနေမည်မှာ သေချာနေသည် မဟုတ်ပါလော။
အကြောင်းရင်းမှာ အမွေဆက်ခံ အစီအရင်မှ ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုမှာ မျှော်လင့်ထားသည်ထက် ပိုမို များပြားလာသည်နှင့် များစွာသက်ဆိုင်နေသည်။
အရေးအကြီးဆုံးမှာ ထွင်ထျန်းဟာသည် ဖားပြုပ်မျိုးနွယ်စု၏ ပြဿနာကို သူ့ဘာသာသူ ဖြေရှင်းရန် မထွက်ခွာမီ အမွေဆက်ခံ အစီအရင်၏ ဓားတာအိုစွမ်းအား အလုံးစုံကို ချေဖျက်လိုနေခြင်းကြောင့် ဖြစ်သည်။
အစပိုင်းတွင် ထွင်ထျန်းဟာသည် တိုက်ရိုက် ထုတ်လွှင့်မှုများကို ကြည့်ရှုခြင်းဖြင့် စိတ်ဖိစီးမှုကို သက်သာစေရန် နည်းလမ်းရှာခဲ့သည်။
ထိုအချိန်အတွင်း ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ဖြင့် လိုင်းပေါ်တွင် ထင်ရှားလာခဲ့သည်။
ပုံမှန်အားဖြင့် အခြားတစ်ယောက် ဂိမ်းဆော့ပြသည်ကို ကြည့်မိလျှင် တစ်ခါတလေ ကိုယ်တိုင်ဆော့ရန် ဆန္ဒပြင်းပြလာတတ်၏။
ယင်းမှာ ထွင်ထျန်းဟာ ဂိမ်းကစားဖို့ ရွေးချယ်ခဲ့သည့် ဒုတိယ အကြောင်းပြချက် ဖြစ်သည်။
ထွင်ထျန်းဟာ "အင်း.. မကြာသေးခင်က နည်းစနစ်တစ်ခုကို ကျင့်ကြံခဲ့ပြီးနောက်မှာ ဖိအားတွေ ခံစားခဲ့ရတယ်"
ထွင်ထျန်းဟာ၏အဖြေက အမှားအယွင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာသည် ဓားတာအိုစွမ်းအားကို စုပ်ယူရန် အစွမ်းကုန် ကြိုးစားနေကြောင်း မကြာခင်ကမှ ဝမ်လင်း သိရှိထားခြင်းကြောင့် ဖြစ်သည်။
ဤအခြေအနေတွင် ဂိမ်းကစားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေရန် အလွန်ကောင်းမွန်သော နည်းလမ်းဖြစ်သည် မဟုတ်လော။
သို့သော် သူ၏ခွေးက ကြီးမားသောကိစ္စ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားမိနေဆဲပင်။
ယင်းအချိန်မှာပင် ထွင်ထျန်းဟာက ပြောလိုက်သည်။
"ငါ့သူငယ်ချင်းကို ဖိတ်လိုက်ဦးမယ်"
ဖန်းကွမ်း "အင်း ဖိတ်လိုက်တော့လေ"
ထွင်ထျန်းဟာက ဝေ့ကျစ်ကို ဖိတ်ခေါ်တော့မည် ဆဲဆဲတွင် ရုတ်တရက် အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို တွေးမိပြီး မက်ဆေ့ချ် ပို့လိုက်သည်။
"ခဏနေဦး ငါ့မှာ အရေးတကြီး တောင်းဆိုစရာ တစ်ခုရှိတယ်"
ဗုံးပစ်စီနီယာအင်မော်တယ်နှင့်ဖန်းကွမ်း "..???..."
ထွင်ထျန်းဟာ "ငါ ဂိမ်းဆော့ဖို့ ထွက်လာတာ ငါ့သခင်လေးကို မပြောပြနဲ့နော် ညီနောင်တို့"
ဝမ်လင်း "............."
'The King's Avatar' တွင် ယဲ့ရှို့သည် ဂိမ်းကစားရာတွင်ကျွမ်းကျင်သော ဇာတ်ကောင် ဖြစ်သည်။