← Chapters

မမျှော်လင့်ထားသောဧည့်သည်

Vol. 2 Ch. 25

မမျှော်လင့်ထားသောဧည့်သည်

Vol. 2 Ch. 25

ဝမ်လင်းက လေးရက်တာ ကျင်းပမည့် ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲအတွက် သူယူဆောင်လာရမည့် ပစ္စည်း စာရင်းအတိုင်း အထုပ်အပိုး ပြင်ဆင်တော့သည်။

အခြေခံ ကျောင်းသုံးပစ္စည်းများနှင့် အဝတ်အစားများ အပြင် ဓားပျံလဲလှယ် လှုပ်ရှားမှုအတွက် ဝိညာဉ်ဓားတစ်ချောင်းကိုလည်း တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်၏။

ထိုစာရင်းတွင် နောက်ဆုံးစာကြောင်းကို ပိုပြီး သိသာ ထင်ရှားအောင် စာလုံးကြီးကြီးဖြင့် ရေးသားထားသည်။

"ကျောင်းယူနီဖောင်းကို ဝတ်ဆင်လာရမည်"

ဝမ်လင်းက ကျောင်းဝတ်စုံကို လှောင်ပြောင်ရန် ခွန်အားမရှိတော့ပေ။

အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းဝတ်စုံကလည်း သူတို့ကျောင်းထက် ပိုမို ကောင်းမွန်လိမ့်မည်ဟု မယုံပေ။

ယခု လေးရက်တာ ကျောင်းအတွေ့အကြုံ ဖလှယ်ပွဲတွင် သူ့ကို တခြားသူ သတိမပြုမိအောင် နေထိုင်ရပေမည်။

ဤသည်မှာ သူ၏ တစ်ခုတည်းသော စိုးရိမ်မှုလည်း ဖြစ်သည်။

အဖွဲ့ကို ဦးဆောင်မည့် ဝါရင့်ဆရာသမား ဝမ်နှင့် အခြားလက်ရွေးစင် ကျောင်းသား လေးဦးသည် သူအလွန် သတိထားရမည့် သူ့ပတ်ဝန်းကျင်မှ လူများ ဖြစ်သည်။

သူက မိဘ အသိပေး အကြောင်းကြားစာကို ကြည့်၍ သက်ပြင်းကို လေးကန်စွာ ချလိုက်သည်။

မည်သို့ပင်ဆိုစေ ဤကိစ္စက ကိုင်တွယ်ရ လွယ်ကူမည်မဟုတ်၍ အထူးဂရုစိုက်ဖို့ လိုအပ်ပေသည်။

အသေးအဖွဲ့ အပြုအမူလေး တစ်ခုကပင် တခြားသူများ၏ အာရုံစိုက်မှု နှင့် သံသယကို ပို၍ ဆွဲဆောင်သွားနိုင်သည် မဟုတ်ပါလား။

မိဘများ သဘောတူလက်မှတ်ထိုးရန် လိုအပ်သည့် အကြောင်းကြားစာတွင် သတိထားရမည့် အချက်တချို့ ရှိနေသည်။

ဝမ်လင်းက ညနေစောင်းအချိန်တွင် အိမ်ပြန်ရောက်လာသောအခါ အကြောင်းကြားစာ တစ်စောင်ကို ဖေဖေဝမ်ထံ ချက်ချင်း ပစ်ပေးလိုက်သည်။

ဖေဖေဝမ်က ချက်ချင်းပင် သူ့အိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်ကာ သူ့နာမည်ကို ခက်သွက်သွက် ရေးထိုးလိုက်သည်။

"အဖေ မဖတ်တော့ဘူးလား"

ဝမ်လင်း အရမ်းကို အံ့သြသွားသည်။

ပုံမှန်အားဖြင့် ဖေဖေဝမ်က နံနက်ခင်း သတင်းစာများထက်ကျောင်းအသိပေးစာများကို ပို၍ အလေးအနက်ထား ဖတ်ရှုလေ့ ရှိ၏။

"ဒါဟာ ကျောင်းဝင်းပြင်ပ လှုပ်ရှားမှုတစ်ခုပဲလေ.. ဒီစာထဲမှာ ပါတာတွေ အားလုံးက ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့ သတိထားရမယ့် အချက်တွေပဲ.. ဖတ်စရာ ဘာမှ မရှိပါဘူး.. မင်းကို အနိုင်တိုက်နိုင်တဲ့သူရော ရှိသေးလို့လား"

ဖေဖေဝမ်က ပြောဆိုလိုက်သည်။

သူက အနက်ရောင် မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး စားပွဲခုံပေါ်မှ ညနေခင်း သတင်းစာကို ကောက်ယူလိုက်၏။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းတို့ ကျောင်းမှာ အရိပ်လုပ်ကြံသူတွေ အသတ်ခံရတဲ့ သတင်းက တောမီးလို ပျံ့နှံ့သွားခဲ့တယ်.. အဆိုးရွားဆုံး သေဆုံးခဲ့တဲ့သူ တစ်ယောက်ဆို ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေအားလုံး အပိုင်းပိုင်း ကျိုးသွားပြီး ရွှေအမြုအတေ ပင်ရင်းလည်း ပျက်စီးသွားတယ်လို့ ငါကြားတယ်.. အဲဒါက မင်းရဲ့ လက်ချက်ပါလို့ ငါ့ကို မပြောတော့ဘူးလား"

ဝမ်လင်း သူ့ကို ဘာမှ ပြန်မပြော၍ ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။

"ဒီတစ်ခေါက် အဖြစ်အပျက်က ပုံမှန် မဟုတ်တဲ့ အခြေအနေပဲ.. နောက်တစ်ခါဆို နည်းနည်း သတိထားပါ သား"

ဝမ်လင်းက သူ့လက်ကို လေထဲ မြှောက်လိုက်ပြီး

"သူက ကျွန်တော့်ကို အရင်တိုက်ခိုက်ခဲ့တာလေ.. ကျွန်တော်က လုံးဝ ပြန်မတိုက်ခိုက်ခဲ့ပါဘူး"

ဟု ပြောလိုက်သည်။

ဖေဖေဝမ်က သတင်းစာကို အောက်ချထားလိုက်ပြီး သက်ပြင်းချကာ ဝမ်လင်းကို လေးနက်စွာ ပြောဆိုသည်။

"သူကိုယ်တိုင်က ကိုယ့်သေတွင်း ကိုယ်တူးသွားပေမဲ့လည်း အခုကစပြီး မင်းကိုယ်မင်း ထိန်းချုပ်ရမယ်"

"မင်းဒုက္ခပေးလိုက်လို့ မှုခင်းရဲတွေက ခန္ဓာကိုယ် အပိုင်းအစတွေကို တစ်ခုချင်း လိုက်ကောက်ပြီး ရုပ်လုံးပေါ်အောင် ပြန်ဖော်ရတော့မယ်"

"ထားလိုက်ပါ.. လင်းလင်းလေး အတွက် စွမ်းအင် ထိန်းချုပ်ရတာ အရမ်း ခက်ခဲနေမှာပဲလေ.. တန်ပြန် သက်ရောက်တဲ့ စွမ်းအင်သာ မရှိခဲ့ရင် အခုလို အနေအထားတောင် ကျန်ခဲ့ပါ့မလား"

မေမေဝမ်က ငါးစွပ်ပြုတ်ခွက်ကို ကိုင်ဆောင်လာပြီး မီးဖိုချောင် အပြင်ဘက်သို့ ထွက်လာသည်။

"ရှင်တို့နှစ်ယောက်စလုံး ညစာစားဖို့ အဆင်သင့်ပဲလား"

ဝမ်လင်းက ငါးစွပ်ပြုတ် ဟင်းရည်ကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေမိသည်။

"ပင်လယ်စာဟင်းချိုလား"

ဟင်းချိုက သိပ် အရသာ မရှိသော်လည်း ထူးထူးခြားခြား ဈေးကြီးနေခြင်းကို ဝမ်လင်း မှတ်မိနေသည်။

မေမေဝမ်က ဧည့်သည် မရှိလျှင် ဤကဲ့သို့ စျေးကြီးသောဟင်းချိုကို တစ်ရာသီတွင် တစ်ကြိမ်သာ ချက်ပေလိမ့်မည်။

ဝမ်လင်းက ဘာမှပြန်မပြောသော်လည်း သူ့မျက်နှာ အမူအရာကို ကြည့်ရုံဖြင့် မေမေဝမ် သဘောပေါက်လိုက်သည်။

"မင်အာ ဒီနေ့လာလည်မယ်.. သူ့ကို ညစာစားဖို့ အမေ ဖိတ်ထားတယ်.. ဒါပေမဲ့ အရေးတကြီး ကိစ္စပေါ်လာလို့ သူ ချက်ချင်း ပြန်သွားခဲ့တယ်.. ဒီပင်လယ်စာဟင်းချိုကို ၈နာရီလောက် ကြာအောင် ချက်ခဲ့ရတာ နှမြောစရာပဲ.. မင်အာ မရှိတော့ဘူး ဆိုတော့ ဒီနေ့ ညစာကို ရှင်တို့သားအဖတွေ အားရပါးရ ပိုစားလို့ရပြီ"

ဝမ်လင်း ".........."

စိတ်အနှောင့်အယှက် ပေးသောသူ ရောက်လာခဲ့သည်လော။

မင်အာ ဆိုသည်မှာ ဝမ်လင်း၏ တစ်ဝမ်းကွဲ ညီအစ်ကို ဝမ်မင် ဖြစ်သည်။

ဝမ်မင်က ဝမ်လင်း နှင့် ခြားနားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူတို့နှစ်ဦးစလုံးတွင် မွေးရာပါ စွမ်းရည်များက တုနှိုင်းမရအောင် အညီအမျှ ရှိကြ၏။

ဝမ်မင်က အသက်၂၂ အရွယ်တည်းက သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီကျောင်း၏ အသက်အငယ်ဆုံး အဖွဲ့ဝင်လည်း ဖြစ်သည်။

ဝမ်မင်က အသက် ငယ်ရွယ်သေးသော်လည်း အလွန် ထူးချွန်လွန်း၍သာ ထိုအဖွဲ့အစည်းက ခြွင်းချက်အနေဖြင့် ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်၏။

ယနေ့အချိန်အထိ ဝမ်မင်၏ ဖြစ်တည်မှုကို လူသိရှင်ကြား ချမပြဘဲ နိုင်ငံတော် လျှို့ဝှက်ချက် အဖြစ် ထားရှိကာ တိတ်တဆိတ် တာဝန် ထမ်းဆောင်စေခဲ့သည်။

ဟွားရှို့နိုင်ငံ၏ စစ်တပ်အင်အားစု အတွက် ဝမ်မင်၏ ဦးနှောက်က ကောင်းကင် လက်နက်များထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။

ဤအချက်ကို သက်သေ သာဓကပြရလျှင် ဝမ်လင်း၏ လက်မောင်းပေါ်မှ တာအိုအဆောင် အစီအရင်ကို သာဓက အနေဖြင့် ပြရမည်သာ။

ထို တာအိုအစီအရင်ကို ဝမ်လင်းက ရှေးဟောင်းကျမ်းစာများကို ကိုးကားပြီး ရေးဆွဲထားသော်လည်း ဝမ်မင်က သူဖန်တီးထားသော အနက်ရောင် သိပ္ပံနည်းပညာဖြင့် ပေါင်းစပ်ပေးခဲ့သည်။

ဆိုရလျှင် တာအိုအဆောင်က ဟွားရှို့နိုင်ငံ၏ အတိုးတက်ဆုံး သိပ္ပံပညာ နှင့် ကျင့်ကြံရေး အခြေခံ စည်မျဉ်းများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဤသိပ္ပံနည်းကျ ဖန်တီးမှုဖြင့် ပေါင်းစပ်ထားသောကြောင့် ဝမ်လင်း၏ တာအိုအဆောင် အစီအရင်က ပိုမို အားကောင်းလာခဲ့ပြီး ဝမ်လင်း၏ အရှိန်အဝါကို ထိန်းချုပ်နိုင်ခဲ့သည်။

ဝမ်လင်းက သူ့ဖြစ်တည်မှုကို ဖုံးကွယ်ထားနိုင်သော အကြောင်းအရင်းမှာ ဝမ်မင်၏ အကူအညီကြောင့် ဖြစ်၏။

သို့သော် ဝမ်လင်းက သူ့ဝမ်းကွဲအစ်ကို အပေါ် အလွန်ကောင်းမွန်သော ထင်မြင်ချက် မရှိခဲ့ပေ။

ဝမ်မင်က အတော်လေး ခေါင်းမာပြီး ခံနိုင်ရည် မြင့်မားသူ တစ်ယောက် ဖြစ်သည်။

သူ့ကိုယ်သူ ကျရှုံးအောင် ဘယ်တော့မှ ခွင့်မပြုခဲ့ချေ။

ဝမ်လင်းက ခြောက်နှစ်သား အရွယ်ကတည်းက ပျံသန်းနိုင်ခဲ့ပြီး ဆယ့်နှစ်နှစ်သား အရွယ်တွင် ဝမ်မင်ကို ပါးရိုက်ခဲ့ဖူးသည်။

ဝမ်မင်က ထိုအဖြစ်အပျက်ကို အမြဲနှလုံးသွင်းခဲ့ပြီး အခွင့်အရေးရတိုင်း ဝမ်လင်းကို အမြဲစိန်ခေါ်ခဲ့၏။

သို့တိုင် ဝမ်လင်းကို တစ်ကြိမ်မှ အနိုင်မရခဲ့ချေ။

ထိုသို့ စိန်ခေါ်သည့် ကာလများ အတွင်း ဝမ်လင်း၏ လက်မောင်းပေါ်တွင် ရေထိုးထားသော တာအိုအစီအရင်ကို အဆက်မပြတ် အဆင့်မြှင့်တင်ပေးခဲ့ပြီး ဝမ်လင်း၏ စွမ်းအားများကို ကန့်သတ်ထားခဲ့သည်။

ထိုသို့ ပြုလုပ်သည့်တိုင် အဆုံးသတ်တွင် ရှုံးနိမ့်သူမှာ ဝမ်မင် ဖြစ်နေဆဲပင်။

အသေးအမွှား ကတောက်ကဆ ဖြစ်တိုင်း စိန်ခေါ်တတ်သော ဝမ်မင်ကြောင့် ထိုအမည်ကို ကြားတိုင်း ဝမ်လင်း စိတ်ရှုပ်ရသည်။

ဝမ်မင်က ဤကဲ့သို့ ကလေးဆန်သော အပြုအမူများကို မည်သည့်အချိန်မှ ရပ်တန့်မလည်း သူမသိပေ။

မည်သို့ပင်ဖြစ်စေ ဝမ်မင်က ဝမ်လင်းကို စေတနာထား၍ တာအိုအဆောင် အစီအရင် အဆင့်မြှင့်တင်ရန် အချိန်ရှိခိုက် ကြိုးစားနေခဲ့သည်။

ထို့ကြောင့် ဝမ်လင်း၏ မိဘများက ကလေးအချင်းချင်း ကတောက်ကဆ ဖြစ်လေ့ရှိသည့် အသေးအမွှားကိစ္စ များထဲတွင် ဝင်မပါခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့မိဘနှစ်ပါးကို ငေးစိုက်ကြည့်လိုက်သည်။

"အမေတို့ တွေးတာ မှန်တယ်.. သူက အချိန်တွေ အရမ်းပေါနေလို့ ကျွန်တော့်အတွက် စိတ်ပူဖို့ အချိန်ရတာပေါ့"

ဖေဖေဝမ်က မေမေဝမ်ကို အပြစ်တင်ဟန် ကြည့်လိုက်သည်။

"မင်အာ အိမ်လာလည်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူးလေ.. အိမ်မှာ အိပ်ဖို့ မခေါ်ထားလိုက်ဘူးလား.. ဒီကလေး အိမ်လာမလည်တာလည်း ကြာပြီ မဟုတ်လား"

"မင်အာက အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်လေ.. သူ့ကို အိမ်မှာနေဖို့ ဖျောင်းဖျလို့ ရပါ့မလား"

မေမေဝမ်က အနည်းငယ် နောင်တရဟန်ဖြင့် ပြောလိုက်သည်။

"နောက်တစ်ခေါက် အိမ်လာလည်ရင် တစ်ညတည်းဖို့ ပြောလိုက်ပါ့မယ်.. လင်းလင်းနဲ့ အတူတူ အိပ်ခိုင်းလိုက်မယ်လေ.. ဘာပဲဖြစ်ဖြစ် သူတို့က နှလုံးသားချင်းနီးစပ်တဲ့ ညီအစ်ကိုတွေပဲ"

".........."

ဝမ်လင်းက အမှန်တကယ်ပင် ထအော်ချင်လာသည်။

သို့သော်လည်း ဖေဖေဝမ်က ပြဿနာကို ရုတ်ခြည်း သဘောပေါက်သွားသည်။

"အိုး မဟုတ်ဘူး.. မဖြစ်သေးဘူး.. လင်းလင်းနဲ့ အတူတူ အိပ်ခိုင်းလို့ မဖြစ်ဘူး.. ငါတို့ လင်းလင်းလေးက အိပ်နေရင်း ထယောင်ပြီး မင်အာကို ဆောင့်ကန်မိမှဖြင့် မင်အာ အသက်ထွက်သွားရင် ငါတို့ ဘယ်လို ဖြေရှင်းကြမလဲ"

"..........."

"နှစ်ယောက်စလုံး တော်သင့်ပြီ"

ဝမ်မောင်နှံနှစ်ဦး ရောက်တတ်ရာရာ လျောက်ပြောပြီးနောက် ဖေဖေဝမ်က လိုရင်းကို အဓိကထား ပြောတော့သည်။

"မင်အာ အိမ်လာလည်ရတဲ့ အကြောင်းအရင်းကို သိလား.. သူက ဘာလို့ ထူးထူးခြားခြား အိမ်လာလည်တာလဲ"

မေမေဝမ်က ချက်ချင်း သူ့ခေါင်းသူ လက်ဖြင့် ခပ်ဖွဖွ ရိုက်လိုက်သည်။

တကယ် ပြဿနာရပ်ကို သူမ မေ့လျော့နေခဲ့သည်။

မေမေဝမ်က ဝမ်လင်းကို ကြည့်ပြီး မေးမြန်းလိုက်သည်။

"လင်းလင်းလေး.. မင်းရဲ့ တာအို မန္တန်က ဘယ်နှစ်နှစ်လောက် ကြာကြာခံဦးမှာလဲ"

ဝမ်လင်းက လွန်ခဲ့သည့် တစ်နှစ်ခွဲနီးပါးက မန္တန် ပြောင်းလဲခဲ့ခြင်းကို အမှတ်ရသွားသည်။

သူ့လက်ချောင်းလေးများဖြင့် ရေတွက်လိုက်ပြီး နောက်တွင် မန္တန်၏ သက်တမ်းက အနည်းဆုံး ၃ရက်မှ အများဆုံး ငါးရက်သာ ကျန်ရစ်တော့ကြောင်း သိလိုက်သည်။

ထို့နောက် မန္တန်၏ ဝိညာဉ်စွမ်းအား အလုံးစုံ ကုန်ဆုံးသွားလိမ့်မည်။

ထိုအချိန်တွင် သူ၏ အရှိန်အဝါက လူအများရှေ့၌ ထင်သာမြင်သာ ဖြစ်သွားနိုင်သည်။

ထိုအတိုင်းသာ ဖြစ်ခဲ့လျှင် ဘာဆက်ဖြစ်နိုင်မလည်း ဝမ်လင်း ကိုယ်တိုင် အသေအချာ မသိခဲ့ပေ။

"မင်းမှာ အချိန်က သုံးရက်ကနေ ငါးရက်ပဲ ကျန်တော့တယ်မဟုတ်လား.. မွမ်းမံထားတဲ့ တာအိုအဆောင်ကို ဒီတစ်ပတ်အတွင်း တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးလိမ့်မယ်လို့ မင်အာက မှာသွားခဲ့တယ်"

မေမေဝမ်က ရုတ်တရက် အနည်းငယ် စိုးရိမ်သွားသည်။

ဝမ်လင်း၏ အရှိန်အဝါကို မထိန်းချုပ်နိုင်ခဲ့သည့် နောက်ဆုံးအကြိမ်က ဆိုလျှင် လျှပ်စီးကြောင်းကြောင့် စတားမြို့ တစ်မြို့လုံး ၁၀ရက်ကြာ မီးပျက်ခဲ့ဖူးသည်။

"လောလောဆယ်တော့ ဘာပြဿနာမှ မဖြစ်သေးပါဘူး"

ဖေဖေဝမ်က မေမေဝမ်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

"မင်းတကယ် စိုးရိမ်ရင် ကျင်းခယ့်ကို လင်းလင်းနဲ့ အတူတူ ထည့်ပေးလိုက်လေ"

ကျင်းခယ့် ဆိုသည်မှာ ဖေဖေဝမ် ဝယ်ပေးသော ဒုတိယမြောက်ဓား ဖြစ်သည်။

ဝမ်လင်း တစ်နှစ်သား အရွယ်ခန့်တွင် ပထမဦးဆုံး ဝယ်ပေးသော မှော်ဓားကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် ရရှိလာသောဓား ဆိုလည်းမမှားပေ။

ဤဓားက ဝမ်လင်း ငယ်စဥ်ကတည်းက စာချုပ်ချုပ်ဆိုထားသည့် ပထမဆုံး ဓားဝိညာဉ် ဖြစ်သည်။

ဤဝိညာဥ်ဓားကို အနည်းငယ် ထူးခြားသော ပစ္စည်းများဖြင့် ဖန်တီးထားခဲ့သည်။

ဆိုရလျှင် ထိုဓားက ရွှေ၊ ငွေ၊ ကြေး၊ သံများဖြင့် ဖွဲ့စည်းထား ခြင်း မဟုတ်ဘဲ သစ်သားနှင့် ဖန်တီးထားသော ဓားသေးသေးလေး တစ်လက်သာ ဖြစ်၏။

All Chapters