← Chapters

ဆမ်ဆောင်း အစီအရင်အလံ

Vol. 3 Ch. 31

ဆမ်ဆောင်း အစီအရင်အလံ

Vol. 3 Ch. 31

လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်အောက်တွင် ဝမ်လင်းက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ရဲရင့်သောအပြုအမူဖြင့် သောက်ချလိုက်သည်။

ဝမ်လင်းက သူ့ကိုယ်သူ ယုံကြည်မှုရှိ၍ လက်ဖက်ရည် တစ်စက်မျှပင် မချန်ထားခဲ့ပေ။

ထိုအစား အလွန်ရွံရှာ နံစော်ဖွယ် ကောင်းသည့် လေချဥ်ကို အချိန်အတော်ကြာ တက်လိုက်ခြင်းဖြင့် ထျန်းကျင်းဇီတို့ အဖွဲ့ကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ဝမ်လင်းက လူပုံအလယ်တွင် သူရဲကောင်း လုပ်ချင်သော ရည်ရွယ်ချက် မရှိခဲ့ပေ။

ထျန်းကျင်းဇီတို့ ယခုလိုမျိုး လှည့်စားနေခြင်းက အလဟဿ အချိန်ဖြုန်းနေသည်ဟု သူ ခံစားမိခဲ့သည်။

အသေးအဖွဲ ကိစ္စမျိုးတွင် အချိန် ဖြုန်းတီးခြင်းက နှမြောစရာကောင်းလွန်းသည် မဟုတ်လော။

ထိုသို့ အချိန်ဖြုန်းမည့် အစား ဝမ်လင်းက စာလေ့လာခြင်းဖြင့်သာ အချိန်ကုန်ချင်သည်။

အဓိက အကြောင်းအရင်းမှာ အချိန်အတော်ကြာအောင် ဘတ်စ်ကား စီးလာရ၍ သူ ပင်ပန်းနေသည်။

တကယ်တမ်းတွင် ဝမ်လင်းအတွက် အမှတ် ၆၀ အထက်တန်းကျောင်းမှ အမှတ်၅၉ အထက်တန်းကျောင်းသို့ သွားရန် စက္ကန့်ပိုင်းမျှသာ ကြာမြင့်၏။

ထို့ကြောင့် ဝမ်လင်းက အများသုံး ပို့ဆောင်ရေးယာဥ်များကို အသုံးမပြုခြင်း ဖြစ်သည်။

"ကျောင်းသား ဝမ်လင်း.. အဆင်ပြေရဲ့လား"

ဆရာ ဝမ်က ဝမ်လင်း၏ သစ်သားဓားကို မြင်ကတည်းက အံ့သြတုန်လှုပ်ခဲ့ရသည်။

ထိုသို့သော ခံစားချက်ကို ဝမ်လင်းက ဒုတိယ အကြိမ်မြောက် ထပ်မံ ပေးစွမ်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ချန်းချောင် နှင့် ကော်ဟောက်တို့က မျက်လုံးအပြူးသား ဖြစ်နေ၏။

ကြက်တူရွေးလေးပင် လန့်ဖျပ်လွန်း၍ အမွေးအတောင် နှစ်ခုကျွတ်ကျသွားရသည်။

အဆ၂၀၀ ပြင်းအား ရှိသည့် အသီးအရွက် ဖျော်ရည်ကို လူသားတစ်ယောက်က မည်ကဲ့သို့ ခံနိုင်ရည် ရှိနေရသနည်း။

"အွန်း ကျနော်က သောက်လေ့သောက်ထ ရှိတော့ အဆင်ပြေပါတယ်"

ဝမ်လင်းက တည်ငြိမ်သော အမူအရာဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး သူ့အတွက် ဘာမှမဟုတ် သကဲ့သို့ စကားလုံး အနည်းငယ်ဖြင့် ဖြေရှင်းလိုက်၏။

သူယခင်က ခန္ဓာကိုယ် အားဖြည့်ဆေးများ ဖော်စပ်ရန် ရှေးခေတ် နည်းစနစ်များ အသုံးပြုခဲ့ဖူးသည်ကိုပင် ရုတ်တရက် သတိရမိသွားသည်။

သူဖျော်စပ်ခဲ့သည့် အသီးအရွက်ဖျော်ရည်မှာ ဤဖျော်ရည်ထက် ပို၍ ဆိုးဝါးသော အရသာ ရှိသည်။

ရှေးအခါက လူသားများသည် ကျင့်ကြံမှု အနည်းငယ်လေး တိုးတက်ဖို့ အတွက်ပင် သေလောက်အောင် အနံ့အသက် ဆိုးဝါးသည့် အရည်များကို သောက်သုံးခဲ့ကြသည်။

ထိုအကြောင်းကို တွေးမိကာ ဝမ်လင်း သက်ပြင်းချလိုက်၏။

ယခုသောက်ရသော လက်ဖက်ရည် အရသာက အရမ်းကြီး မဆိုးရွားသေးပေ။

ဝမ်လင်းအတွက်မူ ဤလက်ဖက်ရည်က အနည်းငယ် ချိုသည်ဟုပင် ခံစားမိသည်။

"သောက်လေ့ သောက်ထ ရှိတယ်လား"

ဝမ်လင်း၏ တိုတောင်းသော စကားလုံးက သူ့ပတ်ဝန်းကျင်ရှိ လူအားလုံး၏ နှလုံးသားကို မုန်တိုင်းထန်စေသည်။

အသီးအရွက် ဖျော်ရည်က ဈေးကွက်ထဲတွင် ဈေးအပေါဆုံးဖြစ်ပြီး အခြေခံ လူတန်းစားများ၏ ကျင့်ကြံခြင်းကို အထောက်အပံံ့ဖြစ်အောင် ဟွာကောအုပ်စုက အထူးတလည် ဖန်တီး ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။

ဆင်းရဲသားများက သူတို့၏ ကလေးများကို အနာဂတ်တွင် တိုးတက်စေချင်သော ဆန္ဒ ရှိကြသည်။

ဆိုရလျှင် ဤထုတ်ကုန်က သူတို့အတွက် စိတ်ပျက်ဖွယ်ကောင်းသော ရွံံ့ဗွက်တောထဲတွင် ပေါက်ရောက်နေသည့် ကျူပင်လေးနှင့် အလားသဏ္ဍာန် တူသည်။

မိသားစုဝင် ထဲမှ တစ်စုံတစ်တစ်ယောက်က အခြေတည်အဆင့်ကို အောင်မြင်စွာ ရောက်နိုင်သရွေ့ ဟွာရှို့အစိုးရထံမှ အထူးထောက်ပံံ့မှုများကို ရရှိလိမ့်မည်။

ဤသည်မှာ ဆင်းရဲသော မိသားစုများ၏ ဘဝကို သိသာစွာ ပြောင်းလဲပေးနိုင်သော အခွင့်အရေးကြီး တစ်ခု ဆိုလည်းမမှားပေ။

စွန်းရုံက ဝမ်လင်းတို့ အိမ်သို့ ယခင်က ရောက်ဖူးသည်။

ဝမ်လင်းတို့အိမ်က စတားမြို့ အစွန်အဖျားရှိ ကျေးလက်နှင့်မြို့ပြ ရောစပ်နေသော နေရာတွင် တည်ရှိသည်။

သစ်သားဓားကို ဝမ်လင်းတစ်ယောက် ထုတ်မပြခင် အချိန်ထိ ဝမ်လင်းတို့ မိသားစုက ဤမျှ ဆင်းရဲလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

အသီးအရွက် ဖျော်ရည်ကို တစ်ကျိုက်တည်း မော့သောက်ပြလိုက်သည့် ဝမ်လင်း၏ ဟန်ပန်က သူမ မျက်လုံးထဲမှ မထွက်တော့ချေ။

ကျိကျိတက် ချမ်းသာသော ဒုတိယမျိုးဆက်၏ အသိစိတ်ရှိသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ဝမ်လင်း၏ ဘဝကို အသေအချာ စောင့်ရှောက်ပေးရန် လိုအပ်နေပြီဟု စွန်းရုံ ခံစားမိလိုက်သည်။

ဝမ်လင်းက မည်သို့သော လူစားမျိုးနည်း။

ငယ်စဥ်ကတည်းက အသီးအရွက် ဖျော်ရည်၏ အရသာကို ခံနိုင်ရည် ရှိအောင် တောင့်ခံခဲ့ပြီး အခြေတည်အဆင့်ထိ ရောက်အောင် တဆင့်ချင်း ကိုယ်ထူကိုယ်ထ ကြိုးစားလာခဲ့ပုံရသည်။

ထို့ကြောင့်လည်း ဆင်ခြေဖုံး ရပ်ကွက်လေးရှိ ကျောင်းမှ မြို့ထဲရှိ အထက်တန်းကျောင်းသို့ တက်ရောက်နိုင်ခဲ့ပုံ ရ၏။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားအုပ်စုက လုံးဝ အံ့အားသင့်သွားသည်။

.................

ဤ လက်ဖက်ရည်ကို အခြေပြု၍ ဝမ်လင်း ငယ်စဥ်က ကြုံတွေ့ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသော ဘဝကို တွေးမိကာ စွန်းရုံ နှင့် လင်းရှောင်ယု တို့က တင်းမခံနိုင်တော့ဘဲ မျက်ရည်များ ကူကယ်ရာမဲ့စွာ စီးကျလာသည်။

ယောက်ျားသားများ ဖြစ်ကြသော ချန်းချောင် နှင့် ကော်ဟောက်တို့ပင် ရင်ထဲ ထိရှကာ စိတ်လှုပ်ရှားသွားသည်။

"...........…"

ဝမ်လင်းသာ ယခုလိုမျိုး ဆက်လက် ကြိုးစားနေလျှင် အလျင်အမြန် တိုးတက်လာနိုင်ပြီး ကျောင်း၏ ထိပ်တန်း ကျောင်းသား ၁၀ဦး နေရာသို့ပင် ရောက်ရှိသွားနိုင်သည်။

ထျန်းကျင်းဇီတို့က စိတ်ပျက်ဖွယ်ကောင်းသော လက်ဖက်ရည်ကို ရင်းနှီးဖော်ရွေမှု အထိမ်းအမှတ် အဖြစ် သတ်မှတ်ကာ အမှတ်၅၉ အထက်တန်းကျောင်းသို့ အလည်ရောက်လာသော တခြား အထက်တန်းကျောင်းမှ ကျောင်းသားများကို အနိုင်ကျင့် လှည့်စားကြလေ့ ရှိသည်။

ဝမ်လင်း ကျေးဇူးဖြင့် ဤကိစ္စကို ဖြေရှင်းပြီးသော အခါတွင် စွန်းရုံတို့က ကျောင်းအချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲ၏ ရည်ရွယ်ချက် အမှန်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။

အတွေအကြုံဖလှယ်ပွဲ ဆိုသည်မှာ အမှတ်၅၉ အထက်တန်းကျောင်းက အလည်ရောက်လာသော ကျောင်းများကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ရန် စီစဥ်ထားခြင်း ဖြစ်နိုင်သည်။

သူတို့က တခြားကျောင်းများ၏ မျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်နိုင်သည်ဟု တလောကလုံးကို သက်သေပြလိုခြင်း ဖြစ်ပုံရ၏။

"အတန်းဖော် ဝမ်လင်း ငါတို့နဲ့အတူ ရှိနေတာ ငါတို့ ကံကောင်းသွားတာပဲ.. မဟုတ်ရင်တော့လား.. ငါတို့တွေ ပထမ အတားအဆီးကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး"

စွန်းရုံက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤတိုက်ပွဲက ခက်ခဲသော တိုက်ပွဲ ဖြစ်လာဖို့ များသည်။

မည်သို့ပင်ဖြစ်စေ သူမတို့ကပဲ အောင်နိုင်သူ ဖြစ်စေရမည်ဟု စိတ်ထဲကနေ သံဓိဌာန် ချထားလိုက်သည်။

သူမတို့က အမှတ်၆၀ အထက်တန်းကျောင်းကို ကိုယ်စားပြုထားသဖြင့် မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရပါစေ.. ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။

လင်းရှောင်ယုက ထျန်းကျင်းဇီတို့ အဖွဲ့ကို စိတ်ဆိုးမာန်ဆိုး တစ်ချက် ကြည့်လိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

"ငါတို့ အတန်းဖော် ဝမ်လင်းက နင်တို့ရဲ့ လက်ဖက်ရည်ကို သောက်ပြီးပြီဆိုတော့ ငါတို့ အထဲဝင်လို့ ရပြီလား"

"ဒါဆို ဒီတစ်ယောက် နာမည်က ဝမ်လင်းပေါ့"

ထျန်းကျင်းဇီက တည်ငြိမ်နေသော ဝမ်လင်းကို ကြည့်ပြီး အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။

သူ့စိတ်ထဲ ဝမ်လင်း၏ အမည်ကို ထပ်တလဲလဲ ရေရွတ်နေမိသည်။

သူ၏ စီစဥ်ထားသော နောက်ထပ် လှည့်ကွက်များတွင် ဝမ်လင်းကို ပိုသတိထားရတော့မည်ဟု မှတ်ချက်ချလိုက်သည်။

စက္ကန့်ပိုင်းအတွင်း ထျန်းကျင်းဇီက သူ့အစီအစဉ်များကို တွေးကြံလိုက်သည်။

သူ၏ အစီအစဉ်များတွင် "အထူးဧည့်ဝတ်ကျေပွန်ခြင်း" အစီအစဉ်လည်း ပါဝင်၏။

စိတ်ပျက်ဖွယ်ကောင်းသော ဤလက်ဖက်ရည်က သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

"အမှတ်၆၀ အထက်တန်းကျောင်းက လာတဲ့ အထူးဧည့်သည်တွေက အကြာကြီး ခရီးဆက်လာရတော့ ပင်ပန်းနေမှာပဲ.. ငါ့နောက်ကို လိုက်ခဲ့ပေးပါ.. ငါက မင်းတို့ကို အခုပဲ စာရင်းသွင်းပေးပါ့မယ်"

ထျန်းကျင်းဇီက အပြုံးတုကို မျက်နှာထက်တွင် ဆင်မြန်းလိုက်ရင်း အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများကို ဦးဆောင်၍ ခေါ်သွားလိုက်သည်။

ဝမ်လင်းက နောက်ဆုံးမှ လိုက်ပါလာသည်။

လမ်းတစ်လျောက်တွင် ထျန်းကျင်းဇီက သူတို့ ကျောင်းတွင် အသစ် တည်ဆောက်ထားသည့် စိတ်ဝိညာဉ် စုဆောင်းခြင်း ယန္တရားစက် အကြောင်းကို သူတို့လူစု နားမခံနိုင်လောက်သည် အထိ ကြွားလုံးထုတ်ခဲ့သည်။

"မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ.. ငါတို့ အမှတ်၅၉ အထက်တန်းကျောင်းရဲ့ သင်ကြားရေး အဆောက်အအုံကို ပြန်ပြုပြင်ခွင့်ရတာ ကျောင်းကြီးကြပ်ရေး အဖွဲ့က ဒါရိုက်တာအသစ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ.."

"ကျောင်းကြီးကြပ်ရေး အဖွဲ့ရဲ့ ဒါရိုက်တာ အသစ်လား"

ကော်ဟောက်က ပြုံးလိုက်သည်။

"ကြီးကြပ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်အသစ်က ခန္ဓာဗေဒ လေ့လာဆန်းစစ်တဲ့ ဌာနရဲ့ ဒါရိုက်တာ မဟုတ်လား.. အဲဒီဆေးရုံက ယီးထိပ်ဖြတ်ပေးတယ်လို့ ငါကြားဖူးတယ်"

"ခစ်.. ခစ်.. ခစ်"

ထိုစကားသံကို ကြားပြီးနောက် စွန်းရုံနှင့် လင်းရှောင်ယုတို့က ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ထျန်းကျင်းဇီတို့အဖွဲ့က စွန်းရုံတို့၏ လှောင်ရယ်သံကြောင့် နှုတ်ဆိတ်နေသည်။

"အမ်.. ငါ့အစီအစဥ်က အလုပ်မဖြစ်ဘူးလား..ဒီလူတွေက ငါတို့ကို မနာလိုဖြစ်ပြီး မုန်းတီးနေရမှာလေ.. ဒါက ဘယ်လိုတွေ ဖြစ်နေရတာလဲ"

"အဟမ်း ဟမ်း.. ကျောင်သားကော်.. စကားကို အထိန်းအကွပ်မရှိ မပြောစမ်းနဲ့.. စကားတစ်ခွန်းကို ပြောတော့မယ်ဆိုရင် နှစ်ကြိမ်လောက် ပြန်စဥ်းစားပါ"

ဆရာဝမ်က လည်ချောင်းရှင်းလိုက်ပြီး ဆုံးမလိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် ရယ်မောနေသည်။

လူငယ်များ၏ စောင်းချိတ် အရွဲ့တိုက်မှုများကို စောင့်ကြည့်ရခြင်းကို သူနှစ်သက်၏။

တကယ်တမ်း သူအနှစ်သက်ဆုံးအရာမှာ မိန်းကလေးနှစ်ဦး မြေကြီးပေါ်လုံးထွေး သတ်ပုတ်နေရသည်ကို စောင့်ကြည့်ရခြင်းပင်။

"ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် မှားသွားပါတယ်"

ကော်ဟောက်က ကြက်တူရွေးသခင်ဟူသော ဘွဲ့ထူးနှင့် လိုက်ဖက်ညီစွာပင် စကားကြွယ်သလို အရှက်ကင်းမဲ့သည်။

သူက အမှားကို ဝန်ခံလျှင်ပင် အနည်းငယ်မျှ နောင်တရမည် မဟုတ်ပေ။

"အင်း.. အမှားပြင်တာလောက် ကောင်းတဲ့ အပြုအမူ မရှိဘူး.. နောက်အခါကျရင် တခြားသူ စကားပြောနေရင် ဖြတ်မပြောနဲ့"

ဝါရင့်ဆရာသမား ဝမ်က ထျန်းကျင်းဇီကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ အတန်းသားထျန်း.. စောစောက ပြောနေတာကို ဆက်ပြောလေ"

ထျန်းကျင်းဇီ"............"

ဝါရင့်ဆရာသမား ဝမ်၏ စကားလုံးများက ထျန်းကျင်းဇီကို အရှိုက်ထိစေသည်။

သူ၏ ကြွားဝါမှုကို တာဝန်ခံဆရာပင် ဂရုစိုက်ပုံမရပေ။

ဤကျောင်း တစ်ကျောင်းလုံးက မျက်နှာပြောင်တိုက်ခြင်းကို ကျွမ်းကျင်ကြသည်လော။

ထျန်းကျင်းဇီက စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရင်း ဆက်ပြောလိုက်သည်။

"မင်းတို့အားလုံး သိထားကြတဲ့အတိုင်း ငါတို့အမှတ်၅၉ အထက်တန်းကျောင်းရဲ့ သင်ကြားရေး အဆောက်အအုံတွေကို ပြန်ပြုပြင်နိုင်တာက ကျောင်းကြီးကြပ်ရေး ဒါရ်ုက်တာအသစ်ရဲ့ ကြိုးစားမှုကြောင့်ပဲ.. အခုဆိုရင် ရှစ်ထပ်ကျောင်းဆောင်ကြီးရဲ့ ဘေးပတ်ပတ်လည်မှာ စိတ်ဝိညာဉ်စုဆောင်းပေးတဲ့ ယန္တရားစက်တွေ ရှိနေပြီ.. သင်ကြားရေး အဆောက်အအုံထဲ ဝင်လိုက်တာနဲ့ မင်းတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အဆုံးအစမဲ့ ချီစွမ်းအားတွေကို ခံစားနိုင်တယ်.. မယုံရင် ငါတို့ကျောင်းရဲ့ လေထုက ဘယ်လောက်တောင် သန့်စင်လည်းဆိုတာ စမ်းကြည့်လိုက်လေ"

"တကယ်လား"

ချန်းချောင်က စိတ်ဝိညာဉ်စွမ်းအားကို စုစည်းရန် ကြိုးစားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲ လည်ပတ်စေလိုက်သည်။

"ထူးဆန်းလိုက်တာ.. ဘာမှလည်း မခံစားရပါလား"

ချန်းချောင်က မနာစိတ်ဖြင့် ပြောသည်ဟု ထျန်းကျင်းဇီ နားလည်လိုက်ပြီး ပြန်ပြောရန် ပြင်လိုက်သော အချိန်တွင် စွန်းရုံကလည်း ခေါင်းခါ၍ ပြောလာသည်။

"တကယ် ဘာမှ မခံစားမိဘူး.. အပြင်ဘက်က ချီစွမ်းအားနဲ့လည်း ဘာမှ မခြားနားဘူး"

ထိုစကားကြောင့် ဖန်ဟွားချင်းက ထျန်းကျင်းဇီကို တံတောင်ဖြင့် အသာအယာ တွတ်လိုက်သည်။

"ဥက္ကဌ.. စိတ်ဝိညာဉ် စုဆောင်းတဲ့ ယန္တရားစက်မှာ တစ်ခုခု ချွတ်ချော်နေပြီ ထင်တယ်"

စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်က တစ်စုံတစ်ခု လွဲမှားနေသည်လော။

ထိုသို့လည်း မဖြစ်နိုင်ဟု ထျန်းကျင်းဇီ ယူဆလိုက်သည်။

ယန္တရားစက်မှာ နေ့စဉ် စစ်ဆေးထား၍ ပြဿနာ တစ်စုံတစ်ရာတက်စရာ အကြောင်း မရှိပေ။

"ယန္တရားစက် အသက်မသွင်းရသေးလို့ ဖြစ်မယ်.. မြန်မြန်သွားစစ်ဆေးကြည့်လိုက်"

ထျန်းကျင်းဇီက လျန့်ဝေတို့ကို အော်ဟစ် အမိန့်ပေးနေ၍ သူ့ကိုယ်သူပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။

ခဏအကြာတွင် လျန့်ဝေ တစ်ယောက် အလောတကြီး ပြန်ပြေးလာသည်။

"ဥက္ကဌကို သတင်းပို့ပါတယ်..."

"ဘာတွေဖြစ်နေတာတဲ့လဲ"

"ကျောင်းအင်ဂျင်နီယာ ဌာနက ဆရာတစ်ဦးရဲ့ အပြောအရတော့ ချီ စုဆောင်းတဲ့ ပင်မနေရာတွေမှာ အဓိက အသုံးပြုတဲ့ အလံတွေ ပေါက်ကွဲသွားတာတဲ့.. တစ်ခုမှ အကောင်းမကျန်ခဲ့ဘူးလို့လည်း ပြောလိုက်သေးတယ်"

"…........."

ထိုသတင်းကို ကြားလျှင် ထျန်းကျင်းဇီ တစ်ယောက် နှလုံးသားတစ်ခုလုံး ချေမွခံလိုက်ရသလို နာကျင်စွာ ခံစားလိုက်ရသည်။

သူ၏ အနိုင်ကျင့်မည့် အစီအစဉ်က မအောင်မြင်ခဲ့သည့် အပြင် နှစ်ကြိမ်တိုင်တိုင် သူ့ကို အရှက်ရစေခဲ့၍ ထျန်းထျန်းဇီက မျက်နှာငယ်လေး ဖြစ်နေသည်။

ကော်ဟောက်က ထျန်းကျင်းဇီကို ကြည့်ကာ သွားများ ကျွတ်ထွက်လုနီးပါး အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟား အစီအရင်အလံ ပေါက်ကွဲသွားတာလား.. မင်းတို့ရဲ့စက်က အရည်အသွေး မကောင်းတဲ့ပုံပဲနော်.. အခုလိုမျိုး ပေါက်ကွဲတာမျိုး ငါတော့ တစ်ခါမှ မကြားဖူးဘူး.. အစီအရင်အလံတွေက ဆမ်ဆောင်း ထုတ်ကုန်လို့တော့ ငါ့ကို လာမရွှီးနဲ့နော်"

အကြီးကျယ်ဆုံးသော နာကျင်မှုမှာ အကြောစုံနေရာ ဖြစ်သည့် ဒူးခေါင်းကို ဓားဖြင့်ထိုးခြင်း မဟုတ်ပေ။

ကော်ဟောက်က နာကျင်မှု အထွတ်အထိပ် ရောက်နေသော ထျန်းကျင်းဇီ၏ ဝေဒနာကို အဆင်းဘီးတပ် ပေးလိုက်သည်။

ထျန်းကျင်းဇီက စိတ်ပျက်လက်ပျက်ဖြင့် ဒူးအနည်းငယ် ညွတ်ကျသွားသည်။

ထျန်းကျင်းဇီ၏ ဒူးခေါင်း အက်ကွဲသွားသော အသံကို နံဘေးရှိ လူများက ခပ်အုပ်အုပ် ကြားလိုက်ရသည်။

…...................

အပြစ်ကင်းစင်လွန်းသော ဝမ်လင်းက လူအုပ်စုကြီး၏ နောက်တွင် တည်တည်ငြိမ်ငြိမ် မတ်တတ်ရပ်နေသည်။

သူက အမှတ်၅၉ အထက်တန်းကျောင်း၏ ခမ်းနားထည်ဝါသော ရှစ်ထပ်ကျောင်းဆောင်ကို သုန်မှုန်စွာ ငေးစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူ့လက်မောင်းပေါ်မှ တာအိုအစီအရင်က သိသိသာသာ အားလျော့သွားပုံ ရသည်။

ယခင်က ဆိုလျှင် သူ၏ စိတ်ဝိညာဉ်စွမ်းအားက ယန္တရားစက်၏ သံလိုက်စက်ကွင်းကိုသာ သက်ရောက်မှု ရှိနိုင်သည်။

ယခုလို ပင်မနေရာ၏ အစီအရင်အလံများကို ပေါက်ကွဲစေသည်အထိ ဖြစ်စရာ အကြောင်း မရှိပေ။

လက်မောင်းတွင် စီရင်ထားသည့် တာအို အစီအရင်၏ စွမ်းအားက သိသိသာသာ ယုတ်လျော့လာပြီး ပို၍ အထိန်းအချုပ် ကင်းမဲ့လာပုံ ရသည်။

ဝမ်လင်းက သူ့ကိုယ်သူ ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစား ခဲ့ပါသေးသည်။

သို့သော် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် စိတ်ဝိညာဉ်စွမ်းအားက လွှမ်းမိုးသော အရှိန်အဝါ ရှိနေ၍ ဝမ်လင်းကိုယ်တိုင် ကူကယ်ရာမဲ့သော ခံစားချက် ဖြစ်ခဲ့ရသည်။

ယီးထိပ် အရေပြား ဖြတ်သည့် ဆေးရုံ၏ ဒါရိုက်တာ အတွက် သူ စိတ်မကောင်း ဖြစ်မိသွား၏။

ရှစ်ထပ် ကျောင်းဆောင် တစ်ခုလုံး အတွက် စိတ်ဝိညာဥ် စုဆောင်းခြင်း ယန္တရားစက်ကို ငွေကြေး အကုန်အကျခံကာ တပ်ဆင်ခဲ့သော်လည်း အဆုံးသတ်တွင် အလဟဿ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။

All Chapters