← Chapters

ဝါးမျိုသည်

Vol. 59 Ch. 885

ဝါးမျိုသည်

Vol. 59 Ch. 885

နိုင်ငံတကာကျန်းမာကြံခိုင်ရေး မီးကုထုံးပရိုဂရမ်သည် လုံမင်မှ လုံးလုံးလျားလျား ပံ့ပိုးပေးထားသည့် အစီအစဉ်တစ်ခုဖြစ်သည်။

ညဦးစီမှူးအဖွဲ့သည် ၎င်းတို့၏ ဘက်ဂျက်ကို အချိန်တိုအတွင်း လုံလုံလောက်လောက် ရစေရန် ရည်ရွယ်ထားသည်။

ယနေ့ခေတ်တွင် မည်သည့်အရာမဆို လွယ်ကူစွာ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

နိုင်ငံတကာအဆင့် ရာဇဝတ်မှုများ ဆောင်ရွက်မည်ဆိုလျှင်ပင် ကုန်ကျစရိတ်က အလွန်မြင့်မားသည်။

ဥက္ကဌပိုင်သည် ဟွာရှို့သို့ သွားသည့်အခါတိုင်းတွင် အထောက်အထား ပြောင်းရ၏။

အမှောင်နက်ဝေါ့မှ အထောက်အထား တစ်ခုဝယ်ယူခြင်းသည် ကုန်ကျစရိတ် အလွန်မြင့်မားသည်။

သို့သော် ယခုအခါတွင် သူသည် SSSSSR အဆင့်ရှိ အလိုရှိရာဇဝတ်ကောင် တစ်ယောက် ဖြစ်သည်။

နိုင်ငံထဲကို ဝင်လိုက်သည်နှင့် အကောက်ခွန်ကသူ၏ အစစ်အမှန်အထောက်အထားကို တွေ့ရှိသွားခဲ့လျှင် တိုက်ရိုက်ကွပ်မျက်ခံရနိုင်ပေသည်။

အလိုရှိရာဇဝတ်ကောင်များအတွက် စံနမူနာ တစ်ခုရှိသည်။

၎င်းမှာ မိုးဆည်းဆာသားရဲ အမည်ရှိ အမှောင်နက်တ်ဝေါ့မှ လူဆိုးတစ်ဦး ဖြစ်သည်။

ဤအမျိုးသမီးမှာ အဓိက အွန်လိုင်းဖိုရမ်များကို ထိန်းချုပ်ကာ ကောလာဟလမျိုးစုံ ထုတ်လွှတ်၍ သတင်း လှိုင်းလုံးကြီးများကို အကြိမ်ကြိမ် ဖန်တီးခဲ့သူ ဖြစ်သည်။

သူမက ပို့စ်များကို တိတ်တဆိတ်ဖျက်ရန် သို့မဟုတ် တူးဆွရန် အခကြေးငွေ ကောက်ခံသည့်အပြင် အွန်လိုင်းဖိုရမ်ကို ကြီးမားစွာ လှုပ်ခတ်သွားစေနိုင်သည့် ဗိုင်းရက်စ် လုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့သည်။

ဟွာရှို့မဟာမိတ်က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက်တွင် ဤမိုးဆည်းဆာသားရဲသည် သေဒဏ်စီရင်ရန် အမိန့်ထုတ်ပြန်ခံခဲ့ရသည်။

ဤအမျိုးသမီး မိုးဆည်းဆာသားရဲသည် ခွေးသေဝက်သေ သေဆုံးခဲ့ရပြီး ဟွာရှို့နိုင်ငံသမိုင်းတွင် ပထမဆုံး ပစ်သတ်ခံခဲ့ရသည့် နာမည်ကျော် ကီးဘုတ်စစ်သည်တော် ဖြစ်လာရသည်။

ကမ္ဘာပေါ်တွင် အင်တာနက်နှင့် လွတ်ကင်းသည့်နေရာ မရှိတော့ပေ။

သူမ၏လုပ်ရပ်က အပြစ်မဲ့သူများအတွက် မည်မျှ ဒုက္ခရောက်စေခဲ့သည်ကို မသိခဲ့သလို သူမ လုပ်ရပ်များအတွက် နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း မတွေးမိခဲ့ပေ။

နေကျွန်းသို့ သွားရာလမ်းတွင် အကောက်ခွန် စစ်ဆေးရေးဂိတ်၌ သူမအား ရှာဖွေတွေ့ရှိခဲ့သည်။

သေနတ် နှင့် ပစ်သတ်ခံရချိန်တွင် ဒူးရင်းသီးအရွယ် ကျည်ဆန်သည် သူမ၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

သူမ၏ မျက်လုံးများက ပြူးကျယ်သွားပြီး V ပုံစံ မျက်နှာအတွက် ဆေးထိုးသွင်းထားသည့် သူမ၏ မျက်နှာသည် သွေးများ စွန်းထင်းသွားခဲ့သည်။

သူမ လဲကျသွားသောအခါတွင် သူမ၏ချွန်ထက်သော မေးစေ့သည် မြေပြင်ထဲသို့ နက်နက်နဲနဲ ထိုးဖောက်သွားခဲ့သည်။?

ဤသည်က ဥက္ကဌပိုင်အတွက် စိတ်ချောက်ခြားစရာ မြင်ကွင်းတစ်ခု ဖြစ်သည်။

အကောက်ခွန်မှ ပြုလုပ်သော ချက်ချင်း သေဒဏ်ပေးသည့်ကျည်ဆံသည် အထူးပြုလုပ်ထားသောကျည်ဆန် ဖြစ်ပြီး မရဏကျည်ဆန်ဟုလည်း လူသိများသည်။

ဤမရဏကျည်ဆန်သည် အလွန်ဈေးကြီးပြီး ရာဇဝတ်ကောင်များအနေဖြင့် ပွဲချင်းပြီး သေဆုံးနိုင်ကြောင်း အာမခံထားသည်။

ထို့ကြောင့် ဥက္ကဌပိုင်က အထောက်အထား အသစ်များကို ဝယ်ယူရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ဤသည်က သူမဖြစ်မနေ ကုန်ကျမည့် စရိတ်တစ်ခု ဖြစ်သည်။

အက်ကွဲနေပြီဖြစ်သော အိုးတစ်လုံးကို ရိုက်ခွဲရုံကလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။

သူ့ကိုယ်သူ ဒုက္ခရောက်အောင်တော့ ဖန်တီးနိုင်မည့်နည်းလမ်း မရှိချေ။

မရဏကျည်ဆန်သည် အလွန်ပြင်းထန်သော အဖျက်စွမ်းအားကို ဖြစ်စေနိုင်သည် မဟုတ်ပါလော။

ဥက္ကဌပိုင်က ခေါင်းခါလိုက်ပြီး သူ၏ တွေးတောမှုကို ရပ်တန့်လိုက်သည်။

“ငါတို့ရဲ့နောက်ထပ်စစ်ဆင်ရေးက အမှတ်၆၀ အထက်တန်းကျောင်းပဲ.. သူတို့ကို ရှင်းပစ်ရမယ်.. အခု ငါတို့မှာ ရန်ပုံငွေအလုံအလောက် ရှိနေပြီ ဖြစ်တာကြောင့် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းတစ်ကျောင်းကို ဖြိုဖျက်ဖို့က သိပ်မခက်ခဲတော့ဘူး”

လုံမင်ကလည်း အလွန် ယုံကြည်မှုရှိနေသည်။

သို့ရာတွင် သူတို့နှစ်ဦးက စိတ်မသက်မသာ ခံစားနေကြရဆဲဖြစ်သည်။

သူတို့ စိတ်မကျေမနပ်ဖြစ်ရသည့် အကြောင်းအရင်းမှာ ဝမ်လင်းကြောင့် ဖြစ်၏။

“ဒီလူငယ်လေး.. မဟုတ်ဘူး..”

ဤသည်က ၁၆နှစ်အရွယ် ချာတိတ်လေး မဟုတ်ဘဲ စီနီယာကြီးဆိုတာ သိသာနေသည်။

သို့ရာတွင် စီနီယာကြီးတစ်ယောက်က အမှတ်၆၀ အထက်တန်းကျောင်းတွင် အဘယ်ကြောင့် တက်နေရသည်ကို သူတို့ ဘယ်တုန်းကမှ အဖြေရှာမရခဲ့ပေ။

ယခင်က ဥက္ကဌပိုင်သည် ဝမ်လင်းကို လက်စားချေလို၍ ခေါင်းအလွန်မာခဲ့သည်။

သို့သော် ယခုအခါတွင် သူကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းကို လက်စားချေရန်မှာ အခြေခံအားဖြင့် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ခြုံငုံသုံးသပ်ပြီးနောက်တွင် ဥက္ကဌပိုင်သည် သူ၏ အစီအစဉ်ကိုပြောင်းလဲကာ အမှတ်၆၀ အထက်တန်းကျောင်းအား ဖြိုခွဲရန်သာ ဆုံးဖြတ်လိုက်သည်။

သူတွေးနေစဉ်မှာပင် ညဦးစီးမှူးအဖွဲ့ရှိ အချက်ပေး ဥဩသံသည် ရုတ်တရက် ကျယ်လောင်စွာ မြည်ဟီးလာ၏။

“ဘာတွေဖြစ်နေတာလဲ.. မြန်မြန်စစ်ဆေးစမ်း”

ဥက္ကဌပိုင်ကျဲက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူတို့၏ အခြေစိုက်စခန်းက မြေအောက်၌ အခြေချထားပြီး ရှာဖွေရန် အလွန်ခက်ခဲသည်။

မီရှို့နိုင်ငံ၏ FCIက ညဦးစီးမှူးအဖွဲ့၏ သံလွန်စများကို ရှာဖွေနေမှန်းသိသဖြင့် ညဦးစီးမှူးအဖွဲ့သည် ဤနှစ်ရက်အတွင်း အလွန်ပင် သတိရှိခဲ့သည်။

နည်းပညာဝန်ထမ်းများက ညဦးစီးမှူးအဖွဲ့၏ အခြေစိုက်စခန်းရှိ 3D သရုပ်ဖော်ပုံကို ဆွဲ၍ ကျူးကျော်ဝင်ရောက်လာသည့် နေရာကို ပြသခဲ့သည်။

ကျူးကျော်သူက မြေကြီးအောက်ခြေကနေ အားကောင်းသောစွမ်းအင်တစ်ခုကို အသုံးပြု၍ မြေကြီးကို လျင်မြန်စွာ ဖြတ်တောက်ကာ ကျူးကျော်လာခဲ့ခြင်း ဖြစ်သည်။

“အဲဒါက ဘာကြီးလဲ”

“အား.. ငါ့ရဲ့လက်ရုန်းကြွက်သားတွေ ရောင်ရမ်းသွားပြီ”

“ဒီပါးစပ်လေးနဲ့ မျိုချနေရတာ နာကျင်လိုက်တာ”

ခဏအကြာတွင် သူတို့အပေါ်မှ အော်သံများ ထွက်ပေါ်လာသည်။

ဥက္ကဌပိုင်က အသံလာရာဆီသို့ လေးနက်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်။

“မိုက်မဲလိုက်တာ.. တကယ်ပဲ ငါနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာလား”

သူက ခေါင်းမော့ကာ အော်ငေါက်လိုက်သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် မမြင်နိုင်သော အသံလှိုင်းတစ်ခုသည် ဥက္ကဌပိုင်ထံမှ ထွက်လာပြီး မျက်နှာကျက်ကို ကြီးမားသော အပေါက်တစ်ခု ဖြစ်လာစေသည်။

ထိုမြင်ကွင်းကိုမြင်လျှင် လုံမင်သည် အသည်းထဲကနေ နာကျင်မှုကို ခံစားလိုက်ရသည်။

ဤအတိုင်းဆိုလျှင် သူတို့ စုဆောင်းထားသည့်ငွေကို ပြန်လည်ပြင်ဆင်ရန် သုံးစွဲရဦးမည် ဖြစ်သည်။

မကြာသေးမီက ညဦးစီးမှူးအဖွဲ့သည် လုပ်ငန်းစဉ်များကို ချောမွေ့စွာ လည်ပတ်နိုင်ခြင်း မရှိခဲ့ပေ။

အကြောင်းအရင်းအများစုမှာ အခြေခံပျက်စီးခြင်းနှင့် ပြုပြင်ခြင်းများကြောင့်ဖြစ်သည်။

အခြေစိုက်စခန်းအတွင်း တိုက်ပွဲဖြစ်တိုင်းတွင် ဥက္ကဌပိုင်သည် ကူကယ်ရာမဲ့စွာဖြင့် ထိုကဲ့သို့ အပေါက်များ ထိုးဖောက်တတ်သည်။

လုံမင်က ငိုချင်လာခဲ့သည်။

ဤခေတ်တွင် ငွေရှာရသည်မှာ မလွယ်ကူပေ။

ထိုထက် ကြီးမားသောနာကျင်မှုမှာ ဥက္ကဌပိုင်၏ အသံလှိုင်းသည် ကျူးကျော်သူအပေါ် အမှန်တကယ် သက်ရောက်မှုမရှိခြင်းပင်။

ထိုခဏတွင် ကျူးကျော်သူသည် ခြေစိုက်စခန်း၏ ဗဟိုထိန်းချုပ်ခန်းသို့ ဝင်ရောက်သွားခဲ့သည်။

၎င်းက ကြီးမားသောအနီရောင် သန်ကောင်ကြီးနှင့် ဆင်တူပြီး ၎င်း၏ ရှည်လျားသောလျှာဖြင့် အခြေစိုက်စခန်း အတွင်းရှိ ဝန်ထမ်းများ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။

သူ၏ခန္ဓာကိုယ်က တစ်ကြိမ် မျိုချပြီးတိုင်းတွင် ကြီးမားလာသည်။

“လုံမင် မင်းရဲ့လုံမျိုးနွယ်စု လျှို့ဝှက်ကျင့်စဉ်ကို မြန်မြန်အသုံးပြုပြီး ဒီအကောင်ကြီးကို ထိန်းချုပ်ထားလိုက်”

သူ၏ပြိုင်ဘက်က ဧရာမပိုးကောင် ဖြစ်နေသည်ကိုမြင်လျှင် ဥက္ကဌပိုင်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

လုံမင်၏ လုံမျိုးနွယ်စုမှ လျှို့ဝှက်ကျင့်စဉ်သည် အင်းဆက်များအပေါ်တွင် အစွမ်းထက် ထိန်းချုပ်နိုင်သည့် သက်ရောက်မှုမျိုး ရှိသည်။

ဤကဲ့သို့ သန်မာသည့် ပိုးကောင်ကို ထိန်းချုပ်နိုင်ခဲ့လျှင် ညဦးစီးမှူးအဖွဲ့သည် တိုက်ခိုက်ရေးတွင် ပိုမိုအားကောင်းလာမည်မဟုတ်လော။

“အရှင် ကျေးဇူးပြုပြီး ကျွန်တော့ကို ကာကွယ်ထားပေး”

ထိုသို့ ပြောပြီးနောက်တွင် လုံမင်က လက်ဟန်တစ်ခုကို လျင်မြန်စွာပြုလုပ်လိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ဖြင့် မြေကြီးကို ပုတ်လိုက်ရာ မှောင်သင်္ကေတများက ကြာပန်းကဲ့သို့ ပွင့်ထွက်လာကာ စက်ဝိုင်းပုံသဏ္ဍာန် မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

လုံမင်က သူ၏ လက်ကောက်ဝတ်ကို အလျင်အမြန် ဖြတ်လိုက်ပြီး သွေးများကို မှော်အစီအရင်ပေါ်သို့ ချလိုက်သည်။

သူ၏သွေးက မှော်အစီအရင်ထဲသို့ စိမ့်ဝင်သွားသည်နှင့်တပြိုင်နက် မွှေးရနံ့တစ်ခုက လေထဲသို့ စိမ့်ဝင်လာခဲ့သည်။

“ဒါက…”

ဥက္ကဌပိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက အင်းဆက်ပိုးမွှားတွေကို ထောင်ချောက်ဆင်နိုင်တဲ့ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်အစီအရင်ပါ.. ဒီအစီအရင်ကို အသုံးပြုဖို့အတွက် ကျွန်တော့ရဲ့သွေးကို လိုအပ်တယ်.. ဒါမှအင်းဆက်တွေနဲ့ ဝိညာဉ်သားရဲတွေ မခုခံနိုင်တဲ့ မွှေးရနံ့ကို ထုတ်ပေးမှာ ဖြစ်တယ်.. တစ်ဖက်ရန်သူက မှော်အစီအရင်ထဲကို ဝင်လာသရွေ့တော့ ပိတ်မိနေတာအမှန်ပဲ”

“ဒါပေမဲ့ မင်းအဲဒီလို အစီအရင်နားမှာ ရပ်နေတာ အန္တရာယ်မရှိဘူးလား”

ဥက္ကဌပိုင်က မေးလိုက်သည်။

“မစိုးရိမ်ပါနဲ့အရှင်.. လုံးဝ အဆင်ပြေပါတယ်.. အင်းဆက်ပိုးမွှားတွေက ကျွန်တော့ရဲ့ သွေးအနံ့ကိုရှူမိတာနဲ့ ကျွန်တော့ရဲ့ဖြစ်တည်မှုကို မေ့သွားပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော့ကို တိုက်ခိုက်မှာ မဟုတ်ဘူး.. ကျွန်တော်က အသုံးပြုနိုင်တဲ့ သွေးပြောင်းပြန်ဆုတ်ယုတ်…”

သွေးပြောင်းပြန်ဆုတ်ယုတ် မှော်အတတ်ဟူသော စကားမဆုံးခင်မှာပင် အနီရောင်ပိုးကောင်က လုံမင်ကို သူ၏လျှာဖြင့်ဆွဲယူ၍ တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။

ဥက္ကဌပိုင် “……….”

“ငါက အရှင်ကို သာမန်ပိုးကောင်လို့ ထင်နေတာလား.. ဒီလူကဉာဏ်မမှီပေမဲ့ အရသာတော့ရှိသားပဲ”

မိစ္ဆာအူမှိုတက်သခင်က ဥက္ကဌပိုင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါမြေအောက်ကနေ တက်လာတဲ့အချိန်မှာ ပြင်းပြတဲ့ စွမ်းအင်ကို အနံ့ခံမိတယ်.. အဲဒါ မင်းဆီကဖြစ်ပုံရတယ်”

ဥက္ကဌပိုင် “ဒီလိုဖျက်ဆီးခဲ့တဲ့အတွက် မင်းအဖိုး…”

အဖိုးအခ ပြန်ပေးရမယ် ဟူသောစကား မဆုံးခင်မှာပင် ဥက္ကဌပိုင်လည်း မရှိတော့ပေ။

အပိုင်း(၈၈၅) ပြီး၏

All Chapters