တရားမျှတမှုကို အဆုံးစွန်ထိ ထမ်းဆောင်ပါမည်
Vol. 57 Ch. 844
ဩဂုတ်လ၁၂ရက်နေ့ စာသင်နှစ်၏ ၁၅ပတ်မြောက် စနေနေ့တွင် ပုံမှန်မဟုတ်သော လုပ်ရပ်များအတွက် ပြန်လည်ထူထောင်ရေး စင်တာသည် အဆုံးသတ်တွင် ထိုက်တန်သောပြစ်ဒဏ်ကို လက်ခံရရှိခဲ့သည်။
ဤကုသရေးဌာနသည် ရွေ့လျားသစ်လုံးအိမ်တစ်လုံး ဖြစ်၍ ထောက်လှမ်းရေးများထံမှ ယခင်က လွတ်မြောက်နိုင်ခဲ့သည်။
ရဲများကပင် ခြေရာခံနိုင်ခြင်းမရှိခဲ့ပေ။
တကယ်တမ်း ယန်ဟွိုက်သည် ကောင်းကင်တာအို၏ ဒဏ်ခတ်ခံရခြင်း ဖြစ်သည်။
ယန်ဟွိုက်က ကော်ဟောက်၏ ဦးလေးကောင်းဖုန်းကို လူနာလက်ခံရန်အတွက် ရွေ့လျားသစ်လုံးအိမ်ကို စုန့်ဟိုင်မြို့သို့ပြောင်းရွေ့ခဲ့သည်။
ဝမ်လင်း၏ ဖုန်းခေါ်ဆိုမှုကိုရရှိပြီးနောက်တွင် ကျိုးရီနှင့် အင်မော်တယ်ထုန်ရာတို့က လူနာတင်ယာဉ် ၃၀ကျော်နှင့်အတူ ရောက်ရှိလာ၏။
သူတို့နှင့်အတူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ကျင့်ကြံခြင်း ရဲကားတစ်စီးလည်း ပါလာခဲ့သည်။
ခေါင်းဆောင်ဖြစ်သည့် ယန်ဟွိုက်ကို မိထားပြီဖြစ်၍ ကုသရေးဌာနမှ သူငှားရမ်းထားသည့်သူများတွင် တစ်ယောက်မှ မလွတ်မြောက်ခဲ့ကြပေ။
၎င်းတို့အားလုံးတွင် ရာဇဝတ်မှုမှတ်တမ်းများ ရှိကြသည်။
အများစုသည် ပိုက်ဆံရလျှင် ဘာမဆိုလုပ်သည့် အမှောင်နက်ဝေါ့ခ်၏ အနိမ့်ဆုံးအဆင့် ကြေးစားများ ဖြစ်ကြသည်။
ယန်ဟွိုက် အဖမ်းခံရပြီးနောက်တွင် အများစုက သူတို့၏ ကံကြမ္မာကို သိသွားကြသည်။
အချို့က ခုခံရန်ကြိုးစားသော်လည်း အချို့ကမူ လက်မြှောက် အရှုံးပေးလိုက်ကြသည်။
ထို့ကြောင့် ဤလူအုပ်ကို ထိန်းချုပ်ရန်အတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ကျင့်ကြံခြင်းရဲများကို ဖြန့်ကျက်ထားခဲ့သည်။
“မင်္ဂလာပါ ဒါရိုက်တာကျိုးနဲ့ စီနီယာ အင်မော်တယ်ထုန်ရာ.. အခြေအနေအသေးစိတ်ကို တင်ပြမလို့်ပါ”
ဆွဲဆောင်မှုရှိသော နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးများ ရှိသည့် လုံခြုံအရေးအဖွဲ့၏ ခေါင်းဆောင်စွေးက အခြေအနေကို အစီအရင်ခံ တင်ပြခဲ့သည်။
“ကျွန်တော်တို့ လုံခြုံရေးအဖွဲ့က ပန်းခြံတစ်ခုကို ထိန်းချုပ်ထားပြီးပါပြီ.. သစ်လုံးအိမ်ထဲက ရာဇဝတ်ကောင်တွေနဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့သူတွေကိုလည်း ထိန်းသိမ်းထားပြီးပါပြီ.. သစ်လုံးအိမ်ရဲ့ ကုသရေးဌာနထဲမှာ သေဆုံးနေတဲ့သူတွေကိုလည်း လူနာတင်ယာဉ်တွေကို အသုံးပြုပြီး စုန့်ဟိုင်မြို့အလယ်ပိုင်းမှာရှိတဲ့ ဆေးရုံအသီးသီးကို ပို့ဆောင်ခဲ့ပါပြီ.. ကယ်ဆယ်ရရှိတဲ့ဦးရေက ၁၁၃ဦး ဖြစ်တယ်.. သူတို့အနက် ၈၇ဦးက ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၆ဦးက လူလတ်ပိုင်းနဲ့ အသက်ကြီးသူတွေ ဖြစ်တယ်.. ဒီမေငိုး အယုတ်တမာကောင်တွေထဲမှာတော့ ကနဦးခန့်မှန်းချက်တွေအရ ၆၈ဦးက ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်.. ၃၃ဦးကတော့ အပြင်ဒဏ်ရာတွေပဲ ရရှိခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ခွဲစိတ်ခန်းကိုပို့ဆောင်ထားတယ်လို့ သိရတယ်.. မေငိုးလူယုတ်မာတွေ..”
အင်မော်တယ်ထုန်ရာ “စိတ်အေးအေးထားပါ ခေါင်းဆောင်စွေး.. ဆက်တင်ပြပါ”
ခေါင်းဆောင်စွေး၏ စကားကိုနားထောင်ရင်း ကျိုးရီကအသက်ကို ခပ်ပြင်းပြင်းရှူထုတ်ကာ ပြောလိုက်သည်။
“မင်းအမေသောက်ဖုတ် မေငိုး လူယုတ်မာတွေကတော့…”
ခေါင်းဆောင်စွေး “……….”
ကျိုးရီ “အဟွတ်အဟွတ် ခွင့်လွှတ်ပါ.. ငါသတိလွတ်သွားလို့.. ခေါင်းဆောင်စွေး ကျေးဇူးပြုပြီး ဆက်လက်တင်ပြပါ”
ခေါင်းဆောင်စွေးက သူ၏လေသံကို လျှော့လိုက်သည်။
“လောလောဆယ်မှာတော့ ဥကဒေ အမိန့်အောက်မှာ စီရင်ဖို့အတွက် သေဆုံးသူတွေရဲ့ဒဏ်ရာကို အကဲဖြတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်.. ဒီအတွက် စီနီယာ အင်မော်တယ်ထုန်ရာကို အကူအညီ တောင်းချင်ပါတယ်”
အင်မော်တယ်ထုန်ရာက ခေါင်းငြိမ့်လိုက်သည်။
“ခေါင်းဆောင်စွေး စိတ်ချပါ.. ငါနဲ့အတူ ငါ့ရဲ့တပည့်နှစ်ယောက် ခေါ်လာပါတယ်.. သူတို့က ငယ်ရွယ်ပေမဲ့လည်း ဆေးဘက်ဆိုင်ရာ အရည်အချင်းတွေ အပြည့်အဝ ရှိကြတယ်.. သူတို့ရဲ့ အကဲဖြတ်ချက်တွေက မှန်ကန်တယ်ဆိုတာ ငါအာမခံနိုင်ပါတယ်”
ခေါင်းဆောင်စွေးက အစောပိုင်းတွင် ငယ်ရွယ်သောယောက်ျားလေးနှင့် မိန်းကလေးတစ်ဦးအား မြင်တွေ့လိုက်သည်ကို သတိရမိပြီး မှင်တက်သွားခဲ့သည်။
ထိုနှစ်ယောက်က အလွန်ကျွမ်းကျင်ပုံရပြီး ဆေးသေတ္တာများကို သစ်လုံးအိမ်ထဲသို့ သယ်ဆောင်နေခဲ့သည်။
ဆိုရလျှင် ထိုနှစ်ယောက်သည် သူ့သမီးထက်ပင် ငယ်ရွယ်နေပုံရ၏။
ဆိုရိုးစကားအတိုင်းပင် စာအုပ်တစ်အုပ်ကို ၎င်း၏အဖုံးဖြင့် အကဲဖြတ်၍မရပေ။
“စီနီယာအင်မော်တယ်ထုန်ရာရဲ့ တပည့်နှစ်ယောက်က တကယ့်ကို အံ့ဩစရာပဲ”
ခေါင်းဆောင်စွေးက အလွန်ပင် မနာလိုဖြစ်နေသည်။
ယခုခေတ်တွင် ဆရာဝန်ဖြစ်ရန်မှာ လွယ်ကူပြီး မျိုးမျိုးမြတ်မြတ်လည်း ရသည် မဟုတ်ပါလော။
အဓိကအချက်က လူလေးစားခံရ၍ သူ့သမီးကို စာကြိုးစားစေချင်ခဲ့သည်။
“ခေါင်းဆောင်စွေး မင်းငါ့ကို မြှောက်ပင့်နေပါပြီ.. ငါ့တပည့်နှစ်ယောက် သွားရမယ့်လမ်းက အဝေးကြီး ကျန်ရှိနေပါသေးတယ်”
အင်မော်တယ်ထုန်ရာက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ ပြောလိုက်သည်။
“ဒါနဲ့ ဒါရိုက်တာကျိုး.. ယန်ဟွိုက်ရဲ့ဌာနကို ဘယ်လိုလုပ်ပြီးခြေရာခံမိတာလဲ”
ခေါင်းဆောင်စွေးက ရုတ်တရက် ကောက်ကာငင်ကာ ထမေးလိုက်သည်။
ကျိုးရီ “အင်း..”
သူ မည်သို့ ဖြေနိုင်ပါမည်နည်း။
သူက ဖုန်းကောလ်တစ်ခုကို လက်ခံရှိပြီးနောက်တွင် တာဝန်ကို ရရှိခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ကျိုးရီက ကျပန်း ဆင်ခြေတစ်ခုသာ ပေးနိုင်ခဲ့သည်။
“ဒီနေရာကနေ ငါဖြတ်သွားတုန်းက ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်ထားတယ်ဆိုတာကို သိရတဲ့အတွက် တစ်စုံတစ်ရာ မှားယွင်းနေတာကို ခံစားမိခဲ့တယ်.. အဲဒါနဲ့ပဲ သူ့ရဲ့ဌာနချုပ်ကို ရှာတွေ့ခဲ့တာပဲ”
“ဒါရိုက်တာကျိုးက မျှော်လင့်ထားတဲ့ အတိုင်းပဲ.. နောက်ထပ်အကောင်ကြီး တစ်ကောင်ကို ထပ်ဖမ်းလိုက်ပြန်ပြီ”
ခေါင်းဆောင်စွေးက အားပါးတရ ရယ်မော၍ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒါရိုက်တာကျိုးရဲ့ ကျေးဇူးကြောင့် ဒီအမှုကိစ္စကို နောက်ဆုံးတော့ ငါတို့စုန့်ဟိုင်မြို့က ဖြေရှင်းနိုင်ခဲ့ပြီ.. အနည်းဆုံးတော့ ရာဇဝတ်မှုနှိမ်နှင်းရေးမှာ ငါတို့က အရမ်းတော်တယ် ဆိုတာ သက်သေပြနိုင်ခဲ့ပြီ”
ကျိုးရီ “ခေါင်းဆောင်စွေး ဒီလောက်လေးနဲ့ မကျေနပ်နေပါနဲ့.. ယန်ဟွိုက် ဒီလိုအချိန်အတော်ကြာ လုပ်ဆောင်နိုင်တယ်ဆိုကတည်းက ငါတို့အတွက် အရှက်ရစရာပါပဲ”
“ဟုတ်တယ် ဒါရိုက်တာကျိုး ပြောတာအမှန်ပဲ.. ဘာပဲဖြစ်ဖြစ်ယန်ဟွိုက်က နောက်ဆုံးတော့ အပြစ်ပေးခံရတော့မယ်”
ခေါင်းဆောင်စွေးက စကားဆက်လိုက်သည်။
“အကယ်၍ အပြိုင်စကြာဝဠာတွေ ဒါမှမဟုတ် တခြားကမ္ဘာတွေသာ အမှန်တကယ် ရှိနေမယ်ဆိုရင် အဲဒီနေရာမှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ ယန်ဟွိုက်က ရှိနေမယ်ထင်တယ်.. အဲဒီက ယန်ဟွိုက်ရော အပြစ်ပေးခံရလောက်လား”
ထိုစကားကိုကြားလျှင် အားလုံးက တစ်ခဏမျှ ငြိမ်သက်သွားကြသည်။
ခဏအကြာတွင် ကျိုးရီက ခေါင်းကိုမော့၍ ပြတ်သားစွာပြောလိုက်သည်။
“ဘယ်လိုကမ္ဘာကြီးဖြစ်နေပါစေ တရားမျှတမှုက တစ်နေ့နေ့မှာ ရောက်လာမှာပါ”
အင်မော်တယ်ထုန်ရာက ခေါင်းငြိမ့်လိုက်သည်။
“ယန်ဟွိုက်ရဲ့ အခြေအနေရော ဘယ်လိုလဲ”
ကျိုးရီ “လောလောဆယ်တော့ သူ့ကို စုန့်ဟိုင်ထောင်ဆီ ပို့ထားတယ်.. ထောင်အုပ်လျန့်က သူ့ကို စစ်ဆေးမေးမြန်းဖို့ ပြင်ဆင်နေတယ်.. ယန်ဟွိုက် အပြင် ယန်ဟွိုက်ဆီကို ဆက်သွယ်ပြီး လူနာတွေ ပို့တဲ့မိသားစုတွေလည်း အပြစ်ပေးခံရမှာဖြစ်တယ်.. ဒါပေမဲ့ နစ်နာသူတွေကိုယ်တိုင်က သူတို့အတွက် အသနားခံစာတင်ပေးခဲ့မယ်ဆိုရင်တော့ သူတို့က သက်သာရာရလိမ့်မယ်.. သေချာတာတစ်ခုကတော့ အပြစ်ရှိတဲ့လူ မှန်သမျှ လွတ်မြောက်မှာ မဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက် ကျိုးရီက ခေါင်းဆောင်စွေးဘက် လှည့်၍ ပြောလိုက်သည်။
“ခေါင်းဆောင်စွေး အနေနဲ့ ဒီအမှုကို စုန့်ဟိုင်မြို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ထားလိုက်ပါ.. ခေါင်ဆောင်စွေးကတော့ ဒီလိုလူတွေကို ဖမ်းဆီးဖို့အတွက် အခြားပြည်နယ်တွေကို သွားရောက်ဖို့် လိုအပ်လိမ့်မယ်”
“ဒါရိုက်တာကျိုး ကျွန်တော့်လိုအဆင့်က အဝေးက ကိစ္စတွေကို ကိုင်တွယ်ဖို့ မလွယ်ဘူးလေ”
ခေါင်းဆောင်စွေးက အနည်းငယ် စိုးရိမ်နေခဲ့သည်။
ဤအချက်ကို စဉ်းစားထားပြီးပြီ ဖြစ်သောကြောင့် ကျိုးရီကခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ကျောင်းပေါင်းတစ်ရာ၏ အထွေထွေအုပ်ချုပ်ရေးဒါရိုက်တာတစ်ဦး ဖြစ်သော်လည်း ယခုအခါတွင် အခြားသောအထောက်အထားလည်း ရှိသေးသည်။
ယင်းမှာ မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံးနှင့် ဟွာရှို့မဟာမိတ်အဖွဲ့၏ ကြီးကြပ်ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဟူသော အထောက်အထားပင်။
ထို့ကြောင့် သူ့ဆရာဝမ်လင်း၏ ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက်တွင် ကျိုးရီသည် ဗုံးပစ်စီနီယာအင်မော်တယ် ထံသို့ တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး ဟွာရှို့မဟာမိတ်ဆီသို့ မဟာဗျူဟာလှည့်ဖျားမှုရုံး အမည်ဖြင့် လျှောက်လွှာတင်စေခဲ့သည်။
ယခုအခါတွင် ဟွာရှို့မဟာမိတ်မှ ခွင့်ပြုချက် ထုတ်ပေးလိုက်သော အနီရောင် စည်းတံဆိပ်ပါသည့် စာရွက်စာတမ်းသည် ကျိုးရီ၏ လက်ထဲတွင်ရှိနေပြီ ဖြစ်သည်။
ထိုစည်းတံဆိပ်တွင် စာတမ်းတစ်ခု ပါရှိသည်။
“တရားမျှတမှုကို အဆုံးစွန်ထိ ထမ်းဆောင်ပါမည်”
......................
အခြားတစ်ဖက်တွင်လည်း ယန်ဟွိုက်ကို စစ်ဆေးမေးမြန်းရန်အတွက် စုန့်ဟိုင်ထောင်ကို ပို့ထားသော်လည်း ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေ။
အကြောင်းအရင်းမှာ ယန်ဟွိုက်က ဝန်မခံဘဲ တစ်ချိန်လုံး ရယ်မောနေသောကြောင့် ဖြစ်သည်။
ကျိုးရီက စစ်ကြောရေးခန်းထဲသို့ ဝင်လာသည်နှင့် ထောင်အုပ်လျန့်၏ သုန်မှုန်နေသော မျက်နှာကို မြင်လိုက်ရသည်။
အခန်းထဲရှိ ထောင်အရာရှိများ၏ မျက်နှာထက်တွင်လည်း ကူကယ်ရာမဲ့သော အမူအရာမျိုး ရှိနေသည်။
ကျိုးရီ “ဘာတွေဖြစ်နေတာလဲ”
အပိုင်း(၈၄၄) ပြီး၏