← Chapters

သန်းခေါင်ယံ ထမင်းစားခန်းမ

Vol. 9 Ch. 134

သန်းခေါင်ယံ ထမင်းစားခန်းမ

Vol. 9 Ch. 134

သာမန် ဓားပျံဖြင့် ခရီးသွားလျှင် ကီလိုမီတာ ရှစ်ရာ အကွာအဝေးကို သွားရန် မိနစ်နှစ်ဆယ်ခန့် ကြာသည်။

အနည်းငယ်ဝေးသော်လည်း ထိုအကွာအဝေးကို ဝမ်လင်းက မျက်စိတစ်မှိတ်အတွင်း သွားလာခဲ့သည်။

တခဏအတွင်း လူနှစ်ယောက်နှင့် ခွေးတစ်ကောင်က စားသောက်ဆိုင်ရှေ့ကို ရောက်လာ၏။

ဤစားသောက်ဆိုင်က အနည်းငယ် ခေတ်နောက်ကျနေပုံရသည်။

နံရံများကို သစ်သားနှင့် အုတ်များဖြင့် တည်ဆောက်ထားသည်ကိုတွေ့ရပြီး အချိန်မရွေး ပြိုကျမည့် အန္တရာယ်ကို မြင်တွေ့နေရသည်။

စားသောက်ဆိုင်တံခါးတွင် ချိတ်ဆွဲထားသည့် အလျားလိုက် ဆိုင်းဘုတ်ပေါ်တွင် "သန်းခေါင်ယံ ထမင်းစားခန်းမ" ဟု ရေးသားထားသည်။

ဆိုင်းဘုတ်ထောင့်က အက်ကွဲနေပြီး ဆိုင်ပိုင်ရှင်က ၎င်းကို ပြုပြင်ဖို့ ဘက်စုံသုံး ကော်ပလာစတာ နှစ်ခုဖြင့် ပြီးစလွယ် ကပ်ထားခဲ့၏။

ဤစားသောက်ဆိုင်က ရှောင်မိသားစု ပန်းခြံရှိ အဆောက်အဦဟောင်းတွေထက်ပင် ပိုမို ရှေးကျနေပုံ ရသည်။

ဝမ်လင်းက စားသောက်ဆိုင် အဝင်ဝသို့ အရောက်တွင် ကျောင်းသို့ မရောက်မီ ဤနေရာမှ ဖြတ်သွားရသည်ကို ရုတ်တရက် သိလိုက်ရသည်။

သို့သော် သူက အလွန် လျင်မြန်စွာ ပြေးသွားသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

ယနေ့တော့ သူသေချာ သိလိုက်သည်။

ဤနေရာက သူထင်သလို အများသုံး အိမ်သာ ဟုတ်မနေခဲ့ပေ။

"ဒီစားသောက်ဆိုင်ရဲ့ နုံချာတဲ့ အသွင်အပြင်ကို ကြည့်ပြီး အကဲမဖြတ်ပါနဲ့.. ဆိုင်တစ်ဆိုင်က ပိုဆိုးလေလေ အစားအသောက်က ပိုကောင်းလေလေပဲ... နာမည်ကြီး မီးဖိုချောင်နတ်ဘုရား စားသောက်ဆိုင်တောင် ဒီလိုပဲ စတင်ခဲ့ရတာ မဟုတ်လား"

သားအဖနှစ်ယောက်စလုံးက အဝင်ဝမှာ ရပ်နေကြသည်။

အေးစက်သောလေက တိုက်ခတ်လာသောအခါ ဖေဖေဝမ်က အနွေးထည် အင်္ကျီတွင် တွဲလျက်ပါသည့် ခေါင်းစွပ်ကို စွပ်လိုက်၏။

ဝမ်လင်းက ဤစားသောက်ဆိုင်ကို အလွန်ယုံကြည်၍ မရဟု ထင်ခဲ့သည်။

စားသောက်ဆိုင်တွင် တံခါးလည်း မရှိပေ။

စုတ်ပြဲ၍ အရောင်ကျွတ်နေသော စောင်တစ်ထည်ကို ဝင်ပေါက် အထက်တွင် ချိတ်ဆွဲထား၏။

လူနှစ်ယောက်နှင့် ခွေးတစ်ကောင်က စုတ်ပြဲနေသော ကန့်လန့်ကာစကို ဘေးသို့ ဆွဲဖယ်လိုက်ပြီး ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဆိုင်က အလွန်သေးငယ်၍ ပလပ်စတစ် ကုလားထိုင်များ ပါသော သစ်သားစားပွဲလုံး လေးလုံးသာ ရှိသည်။

ဝမ်လင်းတို့ ဝင်လာချိန်တွင် စားသောက်ဆိုင်၏ သူဌေးက မီးဖိုချောင်တံခါးကို မှီပြီး ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရ၏။

သူဌေးက အသက်လေးဆယ်ခန့်ရှိပြီး buzz cut စတိုင်ညှပ်ထားသည်။

သူ့တွင် ကျန်းမာရေးနှင့် မညီညွတ်သော အသွင်အပြင်ရှိသည်။

ပါးပြင်က ချိုင့်ဝင်နေပြီး မျက်လုံးက ဟောက်ပက်လို ဖြစ်နေသည်။

ဆယ်စင်တီမီတာ ရှည်သော ဓားအမာရွတ်က ညာဘက်မျက်လုံး အထက်ရှိ နဖူးကနေ လည်ပင်းအထိ တစ်ဆက်တည်း ဖြစ်ပေါ်နေ၏။

ဤဓားအမာရွတ်က ဇာတ်လမ်းထဲမှ လူတစ်ဦး ဖြစ်ကြောင်း အလွန် ထင်ရှားနေ၏။

"အိုး.. ဧည့်သည်တွေ ရောက်လို့ပါလား"

သူ့ဆိုင်ထဲသို့ ဖောက်သည်များ ဝင်လာသည်ကို မြင်လျှင် သူဌေးက စီးကရက်မီးကို အမြန် ငြိမ်းသတ်လိုက်ပြီး လက်လုပ် မီနူးတစ်ခုကို ကိုင်ကာ ရောက်လာခဲ့သည်။

"လောင်ထန် ဂေါ်ဖီချဥ် အမဲသား ခေါက်ဆွဲအပြင် မင်းတို့စားချင်သမျှကို မှာနိုင်ပါတယ်.. ငါချက်တတ်သ၍ပေါ့"

ဖေဖေဝမ် "မင်းမှာ ငါးအသားလုံး ခေါက်ဆွဲထူရှိလား"

ဆိုင်ရှင်က ခေါင်းခါယမ်းလိုက်သည်။

"ခေါက်ဆွဲအထူ မရှိဘူး"

ဖေဖေဝမ် "ဒါဆို ငါးအသားလုံး ဆန်ခေါက်ဆွဲရော ရနိုင်မလား"

ဆိုင်ရှင်က ခေါင်းခါယမ်းပြန်သည်။

"ငါးအသားလုံးမရှိဘူး"

ဖေဖေဝမ် "မင်းဆီမှာ ဘာမှလည်းမရှိဘူး...ဒါဆို မင်းဘာလို့ ဒီဆိုင်ကို ဖွင့်နေသေးတာလဲ"

"ငါ့မှာ ဘာမှမရှိဘူးလို့တော့ မင်းမပြောသင့်ဘူး.. ဘယ်လိုအစားအသောက် မှာရမလည်း မသိတာ မင်းပဲလေ.. ပြန်စဥ်းစားကြည့်ရင် ဆရာက ငါ့ကို ဟင်းချက်နည်း အားလုံးကို သင်ပေးခဲ့တယ်.. ဘာလို့လည်းဆိုတော့ ငါက သူအနှစ်သက်ဆုံး တပည့် ဖြစ်နေလို့ပဲ"

သူဌေးက မျက်ခုံးပင့်၍ အချက်ကျကျ စောဒက တက်လိုက်သည်။

ဖေဖေဝမ် "............"

ဝမ်လင်း "............"

{မင်းရဲ့ဆရာသာ သူ့အချစ်ဆုံးတပည့်က အခြေအနေ ဇောက်ထိုး ကျဆင်းနေပြီး အများသုံးအိမ်သာ နဲ့ မှားရလောက်တဲ့ ဆိုင်ကို ဖွင့်ထားမှန်း သိရင် တစ်ခါထဲ သက်သေသွားနိုင်တယ်လို့ မထင်ဘူးလား}

ဖေဖေဝမ်က ဘာမှာရမှန်း မသိဖြစ်ကာ မီနူးကို ညွှန်ပြလိုက်သည်။

"ဒါဆို ငါတို့ကို လောင်ထန် ဂေါ်ဖီချဥ် အမဲသား ခေါက်ဆွဲပန်းကန်လုံး အလတ် (ပွဲလတ်) နှစ်ပွဲ အရင်ချပေးပါ.."

သူဌေးက ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုခန်းထဲသို့ လှည့်ထွက်သွားခဲ့သည်။

ထို့နောက်တွင် ဝမ်လင်းက ထော်လာဂျီအသံ ကဲ့သို့ အဆက်မပြတ် မြည်နေသည့် အိတ်ဇောပန်ကာ ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။

ဆယ်မိနစ်လောက် အကြာတွင် လောင်ထန် ဂေါ်ဖီချဥ် အမဲသား ခေါက်ဆွဲ ပန်းကန်လုံး အလတ် နှစ်ပွဲက ပြီးသွားခဲ့သည်။

သူဌေးက လက်တစ်ဖက်စီတွင် ပန်းကန်လုံး တစ်လုံးစီကို ကိုင်၍ သယ်လာပြီး ဖေဖေဝမ်နှင့် ဝမ်လင်း ရှေ့တွင် ချပေးလိုက်သည်။

အထူးသဖြင့် ထွင်ထျန်းဟာ အတွက် နွားအရိုးဗန်းကိုပင် စဉ်းစဉ်းစားစား ပြင်ဆင်ပေးခဲ့သည်။

ထွင်ထျန်းဟာက နွားအရိုးများကို စိတ်မဝင်စားဘဲ အရိုးပေါ်ဝဲနေသော ယင်ကောင်များကို လျှာဖြင့် ကျေနပ်စွာ ဆွဲဖမ်းလိုက်သည်။

သူဌေး "..........."

မထင်မှတ်ပဲ ဤခေါက်ဆွဲပန်းကန်လုံး နှစ်လုံးထဲမှ အပြင်အဆင်က တော်တော်လေး ကြည့်ကောင်းနေ၏။

ပန်းကန်လုံးများက ဟောင်းနေသော်လည်း မညစ်ပတ်ခဲ့ပေ။

ဖေဖေဝမ်က ခေါက်ဆွဲတစ်လုတ်ကို စားကြည့်လိုက်ရာ အနည်းငယ် အံ့အသင့်သွားသည်။

"ဝိုး.. တကယ်ကို အရသာရှိတာပဲ"

တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဂေါ်ဖီချဉ်က ချဉ်သင့်သလောက် မချဉ်ခြင်းပင် ဖြစ်သည်။

ဖေဖေဝမ် မျက်မှောင်ကြုတ်သွားသည်။

"သူဌေး.. မင်းရဲ့ဂေါ်ဖီချဥ်က အိုးထဲမှာ အချဉ်ဖောက်ထားသလိုမျိုး အရသာမရှိဘူးနော်.. သူ့အချဥ်က မဟုတ်သေးဘူး"

သူဌေးက ထူးထူးခြားခြား ပြန်ဖြေလိုက်သည်။

"အိုးထဲမှာ အချဉ်ဖောက်ထားတယ်လို့ ဘယ်သူပြောလို့လဲ"

ဖေဖေဝမ်က မီနူးကို ညွှန်ပြလိုက်သည်။

"မင်းစာမဖတ်တတ်ဘူးလား.. ဒီမှာ လောင်ထန် ဂေါ်ဖီထုပ်ချဉ်လို့ ရေးထားတယ်လေ.. ငါက ပညာတတ်တစ်ယောက်ပါ.. ကျေးဇူးပြုပြီး ရှင်းပြပေးပါ.. မဟုတ်ရင် ဒါက မင်းရဲ့ ဖောက်သည်တွေကို လှည့်စားလိုက်တာပဲ"

ဆိုင်ရှင်၏ နှုတ်ခမ်းက မဲ့ရွဲ့သွားသည်။

"ငါ့နာမည်က ထန်စစ်မုန့်ပါ.. ငါ့ကို ကောင်းကောင်း သိတဲ့သူတွေကတော့ လောင်ထန်လို့ ခေါ်ကြတယ်.. ဒါက ကျိုးကြောင်း ဆီလျော်တဲ့ ရှင်းပြချက်ပဲ"

ဝမ်လင်းနှင့်ဖေဖေဝမ် "........... "

ဤကဲ့သို့ ရှင်းပြချက်ကို သူတို့ လုံး၀ မချေပနိုင်ကြပေ။

ညရှစ်နာရီ ထိုးခါနီးနေပြီ ဖြစ်သည်။

ဖေဖေဝမ် နှင့် ဝမ်လင်းက ခေါက်ဆွဲကို တစ်ဝက်ခန့် စားပြီးသော အချိန်တွင် ဆိုင်ရှေ့ တံခါးဝ၌ လှုပ်လှုပ်ရှားရှား အသံများ ရုတ်တရက် ထွက်ပေါ်လာ၏။

ဆံပင်ဆံမြိတ် ချထားသော လူငယ် တစ်ယောက်ကနောက်ကျောတွင် ဟောင်းနွမ်းနေသည့် ဂစ်တာကိုလွယ်၍ ဆိုင်ထဲကို ဝင်လာသည်။

လူငယ်က ပိုက်ဆံမရှိသော လမ်းဘေး အဆိုတော် တစ်ဦးနှင့်တူနေ၏။

အဘယ်ကြောင့်ဆိုသော် လူငယ်လေးက မြို့ထဲမှာ ဌားနေဖို့ မတတ်နိုင်၍ ပိုက်ဆံများကို စုဆောင်းပြီး မြို့စွန်တွင် ဌားနေရသောကြောင့်ဖြစ်သည်။

မှတ်ဉာဏ်ဖတ်ရှုနိုင်စွမ်းနှင့် အတူ ဝမ်လင်းက ဤအရာအားလုံးကို ထိုလူငယ်၏ ဦးနှောက်ကနေ ချက်ချင်း စုဆောင်းနိုင်ခဲ့သည်။

ဝမ်လင်းက ဤအရာအားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖတ်ခဲ့ခြင်းတော့ မဟုတ်ပေ။

၎င်းက သူ့အတွက် ပင်ကို စိတ်ခံစားမှုတစ်ခုသာ ဖြစ်သည်။

တစ်ချို့လူတွေက သူတို့၏ စိတ်ခံစားချက်ကို သူတို့၏ မျက်နှာထက်တွင် ပြသရသည်ကို နှစ်သက်ကြ၏။

ဝမ်လင်းအနေဖြင့် ဤကဲ့သို့ လူစားများကို မှတ်ဉာဏ်ဖတ်ရတာ ပိုလွယ်ကူသည်။

ဆရာဝမ်နှင့် မီးဖိုချောင်ရှိ ဤစားသောက်ဆိုင် သူဌေးလို ဇာတ်လမ်းများ ထင်ရှားစွာ ရှိခဲ့ဖူးသော အမျိုးသားများ အတွက်မူ သူတို့၏ စိတ်ကို မဖတ်ဘဲ သူတို့တွင် မည်သို့ကဲ့ သော အတိတ်များ ရှိခဲ့သည်ကို သိနိုင်မည် မဟုတ်ပေ။

လူငယ်က ဤဆိုင်၏ ပုံမှန်ဖောက်သည် တစ်ဦးဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုလူငယ်ကို မြင်လျှင် သူဌေးထန်က ခေါင်းဆတ်ပြလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"ပုံမှန်အတိုင်းပဲလား"

လူငယ်က ခေါင်းညိတ်ပြပြီး ဂစ်တာကို နံရံတွင် ဂရုတစိုက် မှီလိုက်ကာ ထိုင်ရန် နေရာကို ရှာလိုက်သည်။

စကားမပြောသော်လည်း သူဌေး၏ မျက်လုံးများက သူ့အတွေးများကို မြင်နေရသလိုပင်။

"မင်း ဒီနေ့ အသံ သွားစစ်တာ ငါသိတယ်.. ကြည့်ရတာ အဆင်မပြေခဲ့ဘူးလား"

လူငယ် ခေါင်းငုံ့သွားသည်။

သူဌေးက လူငယ်လေး အတွက် ညစာ ပြင်ဆင်ပေးနေရင်း နှစ်သိမ့်လိုက်သည်။

"ကောင်လေး.. မင်းမှာ တခြား အခွင့်အရေးတွေ ရှိပါသေးတယ်.. ကျရှုံးလည်း ကိစ္စမရှိပါဘူး.. ဟိုမှာ ဧည့်သည် အသစ်တွေ ရှိနေတယ်.. မင်းအသံသွားစစ်တဲ့ သီချင်းကို သူတို့အတွက် သီဆိုပေးနိုင်မလား"

လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ထရပ်လိုက်သည်။

"တကယ်ဖျော်ဖြေရမှာလား.. ရတာပေါ့ဗျာ"

ဖေဖေဝမ်နှင့် ဝမ်လင်း တို့က ၎င်းတို့၏ တူများကို တစ်ပြိုင်နက် ချလိုက်ကြပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ဝေးလံခေါင်သီသော ဇနပုဒ်ရှိ စားသောက်ဆိုင် တစ်ခုတွင် လမ်းဘေး အဆိုတော် တစ်ယောက်၏ အသံကို နားထောင်ရမည်မှာ တစ်သက်တွင် တစ်ကြိမ်မျှ ကြုံရခဲသည့် မှော်ဆန်သော အတွေ့အကြုံမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

လူငယ်က ဖေဖေဝမ်နှင့် ဝမ်လင်းကို လေးလေးနက်နက် ဦးညွှတ်ပြသည်။

ထို့နောက် သူက လည်ချောင်းကို ရှင်းလိုက်ပြီး တီးကွက်များ မပါဘဲ စတင် သီဆိုလိုက်သည်။

"မင်းလေးက လေနဲ့ တိမ်တွေကို နှိုးဆော်ပြီး ငါ့ကိုအဝေးဆီ တွန်းပို့တယ်"

"မင်းလေးက လက်ပြပြီး ငါ့ကို ထားခဲ့တယ်"

ဖေဖေဝမ် "............."

သူဌေး "ညီလေး.. မင်းရဲ့ ကောင်းကင်ပိုးကောင် အာလူးချောင်း ထမင်းပေါင်းရပါပြီ.. အရင်စားလိုက်ပါဦး"

ဤအကျွမ်းတဝင် ဟင်းလျာပုံစံနှင့်အတူ အလွန်စူးရှသော သီဆိုသံက ဝမ်လင်းကို နှစ်ဆမျှ ထိတ်လန့်စေခဲ့သည်။

"............"

All Chapters