← Chapters

အသုံးပြုပြီးပစ္စည်းများကို ပြန်လည်အသုံးပြုမည့်ဝမ်မင်

Vol. 50 Ch. 750

အသုံးပြုပြီးပစ္စည်းများကို ပြန်လည်အသုံးပြုမည့်ဝမ်မင်

Vol. 50 Ch. 750

ဤနေရာလွတ်ပင်လယ်သေသည် ပြင်ပကမ္ဘာမှ အမှိုက် အများအပြားကို စုပ်ယူခဲ့၍ ပင်လယ်ထဲတွင် မှော်ရတနာ အပိုင်းအစ အများအပြား လွင့်မျောနေခဲ့သည်။

ကံကောင်းလျှင် အကောင်းပကတိ နီးပါးရှိသော မှော်ရတနာတစ်ခုကို ရှာတွေ့နိုင်မည် ဖြစ်သည်ဖယ

သို့သော် နေရာလွတ် ပင်လယ်သေထဲ စုပ်ယူခံရပြီးနောက်တွင် နေရာလွတ် ပင်လယ်သေ၏ ဝိညာဉ်အရည်များ၏ ပြင်းထန်စွာ တိုက်စားခံရသောကြောင့် မှော်ရတနာအများစုသည် အလုပ်မဖြစ်တော့ပေ။

ဟုတ်ပါသည်၊ မှော်ရတနာအချို့က သံချေးတက်သည်ကို မခံနိုင်ဟု မဆိုလိုချေ။

ဤနေရာလွတ်ပင်လယ်သေမှ လွတ်မြောက်လိုလျှင် ပင်လယ်သေထဲမှ မှော်ရတနာများက အထူးအရေးကြီးသည်ဟု ဝမ်မင် ကောက်ချက်ချခဲ့သည်။

ထို့ကြောင့် ပင်လယ်ထဲ မျောနေသော မှော်ရတနာ အပိုင်းအစများသည် အမှန်တကယ် အသုံးဝင်လာပြီ ဖြစ်၏။

သူက လိုအပ်သော အစိတ်အပိုင်းများကို ရှာဖွေနိုင်ဖို့တော့ လိုအပ်၏။

ဝမ်မင်က အဖြူရောင်အင်္ကျီနှင့် ခါးပတ်ကို ချွတ်လိုက်သည်။

ကံမကောင်းစွာဖြင့် အသားကပ်ဝတ်စုံကို ပူလွန်းသည်ဟု ခံစားမိသောကြောင့် အဆောင်ထဲတွင် ထားပစ်ခဲ့မိသည်။

ဤသည်မှာ နွေရာသီစခန်းသွင်းလေ့လာရေး၏ ပထမဆုံးနေ့ဖြစ်၍ တစ်စုံတစ်ရာ ဖြစ်လာနိုင်ဖွယ်မရှိဟု သူထင်ခဲ့သည်။

အဆုံးသတ်တွင်မူ ဤအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ယခုမှပင် အသားကပ်ဝတ်စုံ၏ အကျိုးကျေးဇူးများကို တွေးကြည့်မိသည်။

ဤကဲ့သို့ အခြေအနေတွင် ဝမ်လင်း ကောင်းချီးပေးထားသည့် အသားကပ်ဝတ်စုံသာရှိလျှင် အတော်လေး အသုံးဝင်မည်ဖြစ်သည်။

သရဲခေါင်းဓားက ဝမ်မင် ဘာလုပ်မည်ကို မသိသော်လည်းစတင်လှုပ်ရှားလာသည်ကို တွေ့သည်နှင့် အကြံအစည်တစ်ခုခု စဥ်းစားမိပြီဟု နားလည်ခဲ့သည်။

အင်္ကျီဖြူနှင့် ခါးပတ်ကို ချွတ်ပြီးနောက် ဝမ်မင်က သူ့သိုလှောင်လက်စွပ်ရှိ ဝိညာဉ်စွမ်းအားကို စစ်ကြည့်ခဲ့သည်။

လောလောဆယ်တွင် ၇၂ ရာခိုင်နှုန်းသာ ကျန်တော့ပြီး နောက်ဆက်တွဲအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုံလောက်သော်လည်း ဝမ်မင်က တိုက်ရိုက် မဖော်ပြခဲ့ပေ။

ဤသည်က သူ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။

ထိုအကြောင်းကို သရဲခေါင်းဓားအား လုံးဝပေးသိ၍ မရပေ။

ထို့ကြောင့် သူက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်မင် မျက်မှောင်ကြုတ်သည်ကိုမြင်လျှင် သရဲခေါင်းဓားက အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။

"ကောင်ဆိုးလေး.. ဘာဖြစ်လို့လဲ"

ဝမ်မင်က စဉ်းစားဟန်ဆောင်ရင်း ခေါင်းကုတ်လိုက်သည်။

သူက တင်းကြပ်စွာ မျက်မှောင်ကြုတ်ထားပြီး အစီအစဥ်၏ အရေးပါပုံကို မီးမောင်းထိုးပြရန် ကြိုးစားခဲ့သည်။

"ငါ့မှာအကြံအစည် တစ်ခုရှိတယ်"

“ဘယ်လိုမျိုးလဲ"

သရဲခေါင်းဓားက ပြန်မေးလိုက်သည်။

“အရင်တုန်းက ငါတို့ သုတေသနဌာနက စိတ်ဝိညာဥ်စွမ်းအား အမြှောက်လို့ခေါ်တဲ့ ကိရိယာကို တီထွင်ခဲ့ဖူးတယ်...ဒီကိရိယာက ဝိညာဉ်စွမ်းအင် အနည်းငယ်နဲ့ ကြီးမားတဲ့ ပေါက်ကွဲ စွမ်းအားကို ဖန်တီးပေးနိုင်တယ်.. ဒီပင်လယ်သေထဲမှာ မှော်ရတနာအပိုင်းအစတွေ အများကြီး လွင့်မျောနေတယ်"

"ဒီအစိတ်အပိုင်းတွေကို ကောင်းကောင်း အသုံးချမယ်ဆိုရင် ဒီကိရိယာကို ချက်ချင်း တည်ဆောက်လို့ရတယ်.. အချိန်နှစ်ရက်လောက်တော့ ကြာလိမ့်မယ်"

ဝမ်မင်က အလွန် ယုံကြည်မှုရှိသော အမူအရာဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

သရဲခေါင်းဓားက သူ့စကားကို ယုံကြည်ခဲ့သည်။

နေရာလွတ်ပင်လယ်သေသည် မှော်ရတနာများ အတွက် သင်္ချိုင်းကုန်းတစ်ခုလိုပင်။

အနန္တတန်ခိုးရှင်များသည် နေရာလွတ်ပင်လယ်သေထဲသို့ ကျ​ရောက်ခဲ့ပြီးနောက်တွင် ၎င်းတို့၏ မှော်ရတနာများသည် နေရာလွတ် ပင်လယ်သေထဲ၌ ကျန်ရစ်ခဲ့ကြသည်။

သူတော်စင်ကျန်းရန်နှင့် အနီရောင်တိမ်တိုက် အင်ပါယာ လီယောင်ရှစ် တို့၏ တိုက်ပွဲဒဏ္ဍာရီအရ ၎င်းတို့၏ ကမ္ဘာ့ဖီဆန် မှော်ရတနာအဆင့် စစ်သင်္ဘောများသည် တိုက်မိခဲ့ကြပြီး နေရာလွတ် ပင်လယ်သေထဲသို့ ကျရောက်သွားခဲ့သည်။

ထိုဖြစ်ရပ်က ကြာပြီဖြစ်၍ သရဲခေါင်းဓားက ဘယ်အချိန်က ဖြစ်ပျက်ခဲ့မှန်း အတိအကျ မမှတ်မိတော့ပေ။

အကယ်၍ ၎င်းတို့၏ စစ်သင်္ဘောနှစ်စင်းသာ ဤနေရာတွင် ရှိနေခဲ့လျှင် စစ်သင်္ဘောပေါ်ရှိ သူတော်စင်ကျန်းရန်နှင့် အနီရောင်တိမ်တိုက် အင်ပါယာ လီယောင်ရှစ်တို့၏ မှော်ရတနာထည့်ထားသည့် သေတ္တာများသည် ဤပင်လယ်သေထဲတွင် မျောနေမည် ဖြစ်သည်။

ထိုမှော်ရတနာများသည် လုံးဝ အဖိုးမဖြတ်နိုင်သောရတနာများ ဖြစ်၏။

နေရာလွတ်ပင်လယ်သေမှ ဝိညာဉ်အရည်များက အလွန်အမင်း တိုက်စားနိုင်လျှင်ပင် အထူးပြုလုပ်ထားသော သေတ္တာကို တိုက်စားရန် မဖြစ်နိုင်သေးပေ။

ထို့အပြင် အင်မော်တယ် စစ်သင်္ဘောနှစ်စင်းသည် အလွန်ကြီးမားပြီး ကမ္ဘာ့ဖီဆန် မှော်ရတနာများ ဖြစ်သောကြောင့် အလွယ်တကူ ကြေမွသွားဖွယ်မရှိပေ။

ကံမကောင်းစွာဖြင့် ဤကမ္ဘာ့ဖီဆန် အင်မော်တယ် စစ်သင်္ဘောနှစ်စင်းသည် လွန်ခဲ့သည့် ထောင်စုနှစ်များအတွင်း မည်သည့်နေရာ၌ မျောလွင့်နေသည်ကို မည်သူမှမသိနိုင်တော့ချေ။

နေရာလွတ်ပင်လယ်သေက အဆုံးမရှိဖြစ်၍ ဤအခိုက်အတန့်တွင် မည်သို့သော အသုံးဝင်သည့် မှော်ရတနာ အပိုင်းအစများ ပေါ်လာမည်ကို မသိရပေ။

သရဲခေါင်းဓားက နေရာလွတ်ပင်လယ်သေ အကြောင်းကို များစွာသိထားသောကြောင့် ဝမ်မင်၏ စကားကို ယုံကြည်သွားခဲ့သည်။

ဤနေရာတစ်ဝိုက်တွင် မှော်ရတနာ အပိုင်းအစများ အမျိုးမျိုး လွင့်မျောနေ၏။

၎င်းတို့က အသုံးမဝင်တော့သည့်ပုံ ပေါက်သော်လည်း ဤ "အသန်မာဆုံးဦးနှောက်"ထံတွင် မှော်ရတနာတစ်ခုကို ဖန်တီးရန်အတွက် ဤအပိုင်းအစများကို အသုံးပြုရန် နည်းလမ်းရှိမရှိ မည်သူသိနိုင်မည်နည်း။

သို့သော် ဝမ်မင်က အချိန် နှစ်ရက်လိုအပ်၍ သရဲခေါင်းဓားက ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားသည်။

"မင်း တစ်ရက်ထဲနဲ့ မှော်ရတနာကို လုပ်ရမယ်"

ခဏအကြာတွင် သရဲခေါင်းဓားက ပြောလိုက်သည်။

သူ့လေသံက အနည်းငယ် ထိတ်လန့်နေပုံပေါက်၏။

သူက နှစ်ရက်အထိ မစောင့်နိုင်တော့ပေ။

နှစ်ရက်က သူ့အတွက် အရမ်းကြာညောင်းနေ၏။

ထို့ပြင် မှော်ရတနာက ပင်လယ်သေကို ဖြတ်ကျော်ဖို့ လုံလောက်တဲ့ ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်ပါ့မလား ဆိုသောအချက်ကိုပါ ထည့်စဥ်းစားခဲ့သည်။

အကယ်၍ မအောင်မြင်လျှင် နောက်ထပ် မှော်ရတနာအသစ်တစ်ခုကို ဖန်တီးရန် လူငယ်လေးက အချိန်ပိုလိုအပ်မည် ဖြစ်သည်။

သို့သော် သရဲခေါင်းဓားက ထိုမျှကြာအောင် စောင့်နိုင်တော့မည် မဟုတ်ပေ။

ရှေးခေတ်မှ ရှေးဟောင်းပစ္စည်း ဝိညာဉ်၏ ကျိန်စာက သူ့အတွက် ချိန်ကိုက်ဗုံးနဲ့ ဆင်တူသည်။

ထို့ကြောင့် ဝမ်မင်က မှော်ရတနာအား တတ်နိုင်သမျှ အရှိန်မြှင့် လုပ်ဆောင်ရန် သူ့အတွက် လိုအပ်သည်။

“တစ်ရက်ပဲလား”

ဝမ်မင်က မျက်ခုံးပင့်လိုက်သည်။

"မဖြစ်နိုင်ဘူးဆိုပေမဲ့ မင်းကူညီမယ်ဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်"

"မင်းပြောနေတဲ့ အမြောက်က အလုပ်ဖြစ်မယ်ဆိုတာ သေချာရင် ငါဘာမဆိုကူညီပေးမယ်"

သရဲခေါင်းဓားက ပြောလိုက်သည်။

"သေချာပေါက် အလုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်"

ဝမ်မင်က ပြောလိုက်သည်။

"အမြောက်နဲ့ ပစ်ခတ်လိုက်တာနဲ့ ဒီနေရာလွတ် တံတိုင်းကို သေချာပေါက် ဖျက်ဆီးပြီး ငါတို့ ရုန်းထွက်နိုင်မှာပါ.."

"ကဲ.. ငါဘယ်လိုကူညီရမလဲ ပြောစမ်း"

သရဲခေါင်းဓားက ပြောလိုက်သည်။

"ဝိညာဉ်စွမ်းအင် လိုအပ်တယ်"

ထိုစကားကိုပြောပြီးနောက် ဝမ်မင်က သိုလှောင်လက်စွပ်ထဲမှကိရိယာပုံးကို ထုတ်ယူကာ ပြုံးပြလိုက်သည်။

“ဒီ ပုံးထဲက ကိရိယာတွေကို အသုံးမပြုခင်မှာ ဝိညာဉ်စွမ်းအင်ထည့်သွင်းရမယ်.. မှော်ရတနာကို ဖန်တီးချင်တယ် ဆိုရင်တော့ ပုံးထဲက ကိရိယာတွေကို အသုံးပြုဖို့ လိုအပ်တယ်"

"ငါက သာမန်လူတစ်ဦးဖြစ်သည်ကို မင်းသိတယ်.. ပုံမှန်အခြေအနေဆိုရင်တော့ သုတေသနဌာနမှာ ငါ့ကို ကူညီပေးတဲ့ လက်ထောက်တွေရှိတယ်...အခုအချိန်မှာ မင်းက ဝိညာဉ်စွမ်းအားရှိတဲ့ တစ်ဦးတည်းသောသူပဲ"

ဝမ်မင်၏ စကားများတွင် အမှန်တရားနှင့် လိမ်ညာမှု ရောထွေးနေသည်။

ကိရိယာပုံးရှိ ကိရိယာများသည် အလုပ်လုပ်ရန် ဝိညာဉ်စွမ်းအင် လိုအပ်သော်လည်း ဓာတ်ခွဲခန်းတွင် ဝမ်မင်သည် များသောအားဖြင့် သိုလှောင်လက်စွပ် အတွင်း၌ သိမ်းဆည်းထားသော ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အရာအားလုံးကို သူ့ဘာသာသူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။

သူ့လက်ပေါ်ရှိ လက်စွပ်သည် ပစ္စည်းများကို သိမ်းဆည်းရုံသာမက ဝိညာဉ်စွမ်းအားကိုလည်း သိမ်းဆည်းထားနိုင်သည်။

ယခုအချိန်တွင် ဝိညာဉ်စွမ်းအား ၇၂ ရာခိုင်နှုန်းသာ ကျန်တော့သဖြင့် သူ့အနေဖြင့် မှော်ရတနာကို ဖန်တီးရန် အနည်းဆုံး ၄၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုရမည်ဟု ဝမ်မင် ခန့်မှန်းထားသည်။

ထို့ကြောင့် အစကတည်းကပင် ဤအရာအားလုံးသည် ဝမ်မင်၏ အစီအစဥ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

မူလက ဤမှော်ရတနာကို ပြီးမြောက်ရန် တစ်ရက်သာ အချိန်ယူရမည်ဟု သူခန့်မှန်းခဲ့သည်။

သူက သရဲခေါင်းဓားကို သူနှင့် တမင် ညှိနှိုင်းလာစေရန် နှစ်ရက်ဟု တမင်ပြောခဲ့ခြင်း ဖြစ်၏။

သူ၏ ပန်းတိုင်သည် သူ၏ ဝိညာဉ်စွမ်းအင် ကုန်ဆုံးနေပြီဟု သရဲခေါင်းကို လှည့်စားရန်ထက် ဘာမှမပိုပေ။

ဝမ်မင်က ကိရိယာများကို ထုတ်ယူကာ ဝါးဖောင်ပေါ်တွင် တန်းစီလိုက်ပြီး အသက်ခပ်ပြင်းပြင်းရှူ၍ သရဲခေါင်းဓားကို ကြည့်လိုက်သည်။

"ဟေ့ ပြန်ဖြေဦးလေ.. ပူးပေါင်းဆောင်ရွက်မှာလား...မပူးပေါင်းဘူးလား.. မင်းက ငါ့ကို ဒါကို မြန်မြန်ပြီးစေချင်တယ်.. ဒါပေမယ် ဒီလောက်တောင် တွန့်ဆုတ်နေရင် ဒီကနေ ဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ.. မင်းမကူညီရင် ငါတို့နှစ်ယောက်လုံး ဒီမှာပဲ အတူတူသေသွားနိုင်တယ်"

“ကောင်းပြီ… ငါ မင်းကို လိုအပ်တဲ့ ဝိညာဥ်စွမ်းအားတွေ ပေးမယ်”

သရဲခေါင်းဓားက အံတင်းတင်း ကြိတ်လိုက်သည်။

သူက နာကြည်းမှုများနှင့် ပြည့်နှက်နေ၏။

သို့သော် လက်ရှိအခြေအနေတွင် သူက သည်းခံရဦးမည် ဖြစ်သည်။

သူ့စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသား အစီအစဥ်မှာ မှော်ရတနာ ဖန်တီးပြီးသည်နှင့် ဝမ်မင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ယူငင်ရန်ဖြစ်သည်။

သရဲခေါင်းဓားက စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

အဆုံးသတ်တွင် ဤသည်မှာ အတွေ့အကြုံမရှိသေးသည့် ချာတိတ်လေး တစ်ယောက်သာ ဖြစ်သည်။

သေခြင်းတရားက အနီးအနားတွင် ရှိမှန်း ချာတိတ်လေး လုံးဝမသိခဲ့ပုံပင်။

အပိုင်း(၇၅၀) ပြီး၏

All Chapters