← Chapters

တောင်ပိုင်းပိုးဟပ်တွေက အဘယ်ကြောင့် အကောင် ကြီးထွားလာရတာလဲ

Vol. 70 Ch. 1046

တောင်ပိုင်းပိုးဟပ်တွေက အဘယ်ကြောင့် အကောင် ကြီးထွားလာရတာလဲ

Vol. 70 Ch. 1046

ပိုးဟပ်ဂိုဏ်းနှင့် ကြောင်အုပ်စုတို့ကြားရှိ ပဋိပက္ခသည် လွတ်လပ်သောတပ်ရင်း မထူထောင်မီကပင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

ဤသည်မှာ နှစ်ပေါင်းထောင်ချီကြာအောင် ကျင့်ကြံသူများနှင့် နတ်ဆိုးများကြား ရန်ညှိုးဖွဲ့ခြင်း ကဲ့သို့ပင် ကမ္ဘာတစ်ဝှမ်းလုံးရှိ မြေအောက်တိုက်ပွဲတစ်ခု ဖြစ်သည်။

ပိုးဟပ်ဂိုဏ်းနှင့် ကြောင်အုပ်စုတို့က တစ်စုနှင့်တစ်စု မတည့်ကြသည်ကို ဝိညာဉ်သားရဲ အသိုင်းအဝိုင်းက သိရှိထားကြသည်။

ပိုးဟပ်ဂိုဏ်းသည် ၎င်းတို့၏ အကျင့်ဆိုးများကြောင့် နှစ်ပေါင်းများစွာကြာအောင် မထီမဲ့မြင်ပြုခံခဲ့ရသည်။

ဥပမာအားဖြင့် ၎င်းတို့သည် အလွန်ညစ်ပတ်ပြီး အနံ့အသက်ဆိုးရွားသောမြောင်းများတွင် နေထိုင်ကြပြီး ၎င်းတို့၏ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ကြပေ။

၎င်းတို့သည် ခန္ဓာကိုယ်မှ ဘက်တီးရီးယား ပိုးမွှားများကို အစားအစာများပေါ်တွင် စွန့်ထုတ်ကာညစ်ညမ်းစေပြီး မြို့ရွာအနှံ့သို့ သေစေနိုင်သည့် ပိုးမွှားများကို ပျံ့နှံ့စေခဲ့သည်။

ထိုအခါက ပိုးဟပ်များသည် ကျင့်ကြံခြင်းလောကကိုပင် ကိုင်လှုပ်နိုင်ခဲ့သည်။

၎င်းတို့သည် သာမန်ပိုးဟပ်များထက် ပို၍သန်မာပြီး မျိုးပွားနိုင်စွမ်းလည်း ရှိ၏။

ကျင့်ကြံသူများသည် ထိုပိုးဟပ်များနှင့် ရင်ဆိုင်မိလျှင် လုံးဝရင်မဆိုင်နိုင်ဘဲ ရှုံးနိမ့်ခဲ့ကြသည်။

အဆုံးသတ်တွင် ကျင့်ကြံသူအများစုသည် အိမ်တွင် ပိုးဟပ်အသိုက်ကို တွေ့ရှိသည်နှင့် ချက်ချင်း ထွက်ခွာရန် ရွေးချယ်ခဲ့ကြ၏။

အကြောင်းအရင်းမှာ ထိုပိုးဟပ်များသည် ရက်အနည်းငယ်အတွင်း တစ်အိမ်လုံးကို ပျံ့နှံ့သွားလေ့ ရှိသောကြောင့်ပင်။

သင်က အိမ်တံခါးကိုဖွင့်လိုက်သည်နှင့် သံမဏိတောင်ပံများဖြင့် လေထဲတွင် ပျံ့လွင့်နေသည့် ပိုးဟပ်အများအပြားကို တွေ့ရပေလိမ့်မည်။

ထို့ကြောင့် ပိုးဟပ်များကင်းစင်ရန်နှင့် ကျင့်ကြံခြင်းကမ္ဘာ၏ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ကျင့်ကြံသူအားလုံးသည် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်၏။

ထိုပိုးဟပ်များက မျိုးပွားနိုင်စွမ်း မြင့်မားသောကြောင့် ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် နှစ်စဉ်နှစ်တိုင်းတွင် နှိမ်နင်းရန်လိုအပ်သည်။

ထို့ကြောင့် ဒေသအသီးသီးရှိ ပိုးမွှားအခြေအနေပေါ် မူတည်၍ ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် အထူးပိုးမွှားထိန်းချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ပိုးမွှားထိန်းချုပ်ရေး တာဝန်ကို ထမ်းဆောင်သော ကျင့်ကြံသူများသည် ပိုးဟပ်အသတ်ခံရမှု အရေအတွက်ကို မှတ်တမ်းတင်နိုင်သည့် နာရီပုံသဏ္ဍာန် စက်တစ်လုံးကို လက်ခံရရှိမည်ဖြစ်သည်။

မိမိသတ်ဖြတ်ရမည့် ခွဲတမ်းပြည့်မီသည်နှင့် တာဝန်ပြီးဆုံးသည်ဟု ထိုစက်က သတ်မှတ်ပေးမည် ဖြစ်သည်။

တာဝန်ပြီးဆုံးသွားသောအခါတွင် ကျင့်ကြံသူများသည် ဟွာရှို့မဟာမိတ်အဖွဲ့မှ ထုတ်ပေးသော တရားဝင်လက်မှတ်အပြင် ကျင့်ကြံမှု အရင်းအမြစ်များအတွက် ဂိုဏ်းများထံတွင် တိုက်ရိုက် လဲလှယ်နိုင်သည့် အင်မော်တယ်ကံကြမ္မာရမှတ်များကို ရရှိမည် ဖြစ်သည်။

သို့ရာတွင် ဤစစ်ဆင်ရေးကို စတင်ပြီး နှစ်အနည်းငယ်ကြာသောအခါ၌ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းနှင့် ဂိုဏ်းကြီးများသည် ကျင့်ကြံသူများ၏ အစွမ်းသတ္တိများကို မှီခိုအားထားခြင်းဖြင့် ပိုးမွှားပြဿနာကို လုံးလုံးလျားလျားနှိမ်နင်းရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လာကြသည်။

ထို့ပြင် ကျင့်ကြံသူများသည် ပိုးဟပ်များကိုနှိမ်နင်းရင်း အပိုဆောင်း ဆုံးရှုံးမှုများလည်း ရှိသည်။

ထိုပိုးမွှားများ မည်မျှပင် ပျံ့နှံ့နေသည်ဆိုသော် အဆိုပါတာဝန်ကို ထမ်းဆောင်ခဲ့သော ကျင့်ကြံသူများသည် ၎င်းတို့ကိုဖယ်ရှားရန်အတွက် သူသေကိုယ်သေ တိုက်ကွက်များကိုပင် တိုက်ရိုက် အသုံးပြုရန် ရွေးချယ်ခဲ့ကြရသည်။

အချို့ဆိုလျှင် ပိုးဟပ်များကို သတ်ရန်အတွက် သူတော်စင်မှော်လက်နက်များကိုပင် အသုံးပြုခဲ့ရ၏။

အဆုံးသတ်တွင် ပိုးဟပ်အများအပြားကို နှိမ်နင်းနိုင်ခဲ့သော်လည်း သူတော်စင်မှော်လက်နက်၏ အစွမ်းသတ္တိကြောင့် ကြီးမားသောအဆောက်အဦများကို ပျက်စီးစေခဲ့သည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ပိုးဟပ်နှိမ်နင်းရေး ဗျူဟာကိုလုပ်ဆောင်ရင်း ဆုံးရှုံးမှုက တဖြည်းဖြည်း ကြီးမားလာခဲ့သည်။

သေချာစဉ်းစားပြီးနောက်တွင် ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသည် ပိုးမွှားများကို သတ်ဖြတ်ရန်အတွက် အချို့နေရာများတွင် စိတ်ဝိညာဉ်သားရဲများကို စတင်အသုံးပြုရန် ဆုံးဖြတ်ပြီး ရလဒ်များလည်း ထူးခြားခဲ့သည်။

ဆိုရလျှင် လွတ်လပ်သောတပ်ရင်း အင်အားကြီးထွားလာရသည့် အဓိကအကြောင်းအရင်းမှာ ဟွာရှို့မဟာမိတ်အဖွဲ့အစည်း၏ ပံ့ပိုးမှုကြောင့် ဖြစ်သည်။

လီကျန့်ထန်သည် ကြောင်အားလုံးကို ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက ၎င်းတို့ ကြောင်အုပ်စု ဆက်လက်ရှင်သန်နိုင်ရန်အတွက် နယ်မြေချဲ့ထွင်ရန် နည်းလမ်းများကို ရှာဖွေခဲ့သည်။

ဟွာရှို့မဟာမိတ်အဖွဲ့၏ ပံ့ပိုးကူညီမှုအပြင် ကြောင်အုပ်စုအားဤအတိုင်းအတာထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည့် အခြားအရေးကြီးသော အကြောင်းပြချက် တစ်ခုရှိသည်။

ယင်းမှာ လီကျန့်ထန်သည် ပိုးဟပ်ဂိုဏ်းခေါင်းဆောင်ဝမ်ချမ်းကို ကိုယ်တိုင် ဖမ်းမိခဲ့ခြင်းပင် ဖြစ်၏။

ထိုပိုးဟပ်က အရွယ်အစားကြီးမားသည့် လက်ဝါးနှစ်ဖက်စာခန့် ဧရာမပိုးဟပ်ကြီးတစ်ကောင် ဖြစ်သည်။

သို့သော် အမှန်တရားမှာ ဤပုံစံသည် ပိုးဟပ်ဝမ်ချမ်း၏ အဆုံးစွန်သောပုံစံ မဟုတ်သေးပေ။

လီကျန့်ထန်သည် ဝမ်ချမ်းအား ဖမ်းရန်အတွက် များစွာအားထုတ်ခဲ့ရသည်။

သူက ပိုးဟပ်ဝမ်ချမ်းကိုတွေ့သောအခါ ဝမ်ချမ်းသည် ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးရှိနေပြီး မလှုပ်မရှား ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် လီကျန့်ထန်းက ပိုးဟပ်ဝမ်ချမ်း တစ်ယောက် အရေခွံလဲတော့မည်ဟု ခန့်မှန်းနိုင်ခဲ့သည်။

သူက ချက်ချင်းပင် အနီးနားရှိကြောင်များကို အမိန့်ပေးကာ ပိုးဟပ်ဝမ်ချမ်း အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ ငါးကန်ထဲသို့ ထည့်စေခဲ့သည်။

ထို့နောက်တွင် ပိုးဟပ်ဝမ်ချမ်းသည် ငါးကန်ထဲတွင် အကျဉ်းချခံလိုက်ရပြီး လုံးဝ မလွတ်မြောက်နိုင်တော့ပေ။

ငါးကန်ထဲသို့ ထည့်ပြီးနောက်တွင် လီကျန့်ထန်သည် ပိုးဟပ်ဝမ်ချမ်းကို သတ်ဖြတ်ရန် ငါးကန်ထဲကို ရေဖြည့်ခဲ့သည်။

သို့သော် ပိုးဟပ်ဝမ်ချမ်းသည် ရေနှစ်သတ်၍လည်း မသေခဲ့ပေ။

နောက်ထပ် လှုပ်ရှားမှုအနေဖြင့် လီကျန့်ထန်သည် ပိုးဟပ်ဝမ်ချမ်းကို အရက်ပျံတွင် နှစ်မြှုပ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

၎င်းသည် ယခင်အတိုင်းပင် အသက်ရှင်နေသေး၏။

ထို့ကြောင့် ဉာဏ်များသောလီကျန့်ထန်သည် ပန်းသေစေသည့်ဆေးအချို့ကို ရေထဲတွင် ပျော်ဝင်စေပြီး ပိုးဟပ်ဝမ်ချမ်းကို ၇ရက်တိတိ ထိုရေဖြင့် စိမ်စေခဲ့သည်။

ထို့နောက်တွင်မူ ပိုးဟပ်ဝမ်ချမ်းသည် ကလေးမရနိုင်တော့ကြောင်း သိလိုက်ရပြီး ဒေါသအိုး ပေါက်ကွဲသွားသည်။

“ကျန့်ထန်.. ဒါတော့ မင်းအရမ်းများသွားပြီ”

“ဘာလို့များရမှာလဲ.. ငါတို့နိုင်ငံက ကလေးနှစ်ယောက် မူဝါဒကို အကောင်အထည်ဖော်နေတာ.. မင်းက တစ်ခါမွေးရင် ကလေးသန်းရာချီ မွေးတယ်ဆိုတော့ တစ်ခုခု မှားနေတယ်ဆိုရင် အဲဒါ မင်းပဲဖြစ်လိမ့်မယ်”

လီကျန့်ထန်က ပိုးဟပ်ဝမ်ချမ်း မလှန်နိုင်သည်အထိ စကားလုံးများဖြင့် တုံ့ပြန်ခဲ့သည်။

ပိုးဟပ်ဝမ်ချမ်းက အသက်ပြင်းလွန်းသောကြောင့် တိုက်ရိုက်သတ်ဖြတ်ရန် သူ့တွင် နည်းလမ်းမရှိပေ။

ထို့ကြောင့် လီကျန့်ထန်က ပိုးဟပ်ဝမ်ချမ်းကို ငါးကန်ထဲတွင်သာ ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။

သူ့တွင် ပိုးဟပ်ဝမ်ချမ်း ရှိနေသရွေ့ အခြားပိုးဟပ်များသည် အရမ်းကာရော လှုပ်ရှားရဲတော့မည် မဟုတ်ပေ။

အရေးအကြီးဆုံးအချက်မှာ လီကျန့်ထန်သည် အနီးအနား ပတ်ဝန်းကျင်ရှိ ပိုးဟပ်များကို ဆွဲဆောင်ရန်အတွက် ပိုးဟပ်ဝမ်ချမ်းကို ငါးစာအဖြစ် မကြာခဏ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ကြောင်တပ်ရင်းအနေဖြင့် ပိုးဟပ်များ ထွက်လာခြင်းကို အသင့်စောင့်နေရုံပင်။

မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်အကြောင်းနှင့် ပတ်သတ်သည့် သတင်းကို မြင်ပြီးနောက်တွင် လီကျန့်ထန်၏ ခံစားချက်များသည် အကြောင်းတစ်ခုခုကြောင့် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။

သူက သစ်ကိုင်းပေါ်တွင် ရပ်နေ၍ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့သည်။

ထို့နောက်တွင် လီကျန့်ထန်သည် ပိုးဟပ်ဝမ်ချမ်းနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

လီကျန့်ထန် ရုတ်တရက် ရောက်လာသဖြင့် ပိုးဟပ်ဝမ်ချမ်းသည် လီကျန့်ထန် သူ့ကို မသတ်နိုင်မှန်း သိသော်လည်း အနည်းငယ် စိုးရိမ်သွားခဲ့သည်။

“ကျန့်ထန်.. မင်းငါ့ကို သတ်ဖို့နည်းလမ်း ရှာတွေ့ခဲ့ပြီလား.. ငါ့အထင် အဲဒါက မဖြစ်နိုင်ဘူး.. ဘာလို့လဲဆိုတော့ မင်းရဲ့ကျင့်ကြံခြင်းနယ်ပယ်အဆင့်က အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့် အထွတ်အထိပ်ထက် မပိုဘူး.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့ကို လက်ဝါးနဲ့ ရိုက်သတ်တာတောင် ငါမသေခဲ့ဘူး မဟုတ်လား”

“မင်းအသက်ပြင်းတယ်ဆိုတာ ငါသိပါတယ်”

လီကျန့်ထန်က ပိုးဟပ်ဝမ်ချမ်း၏ စကားကို ဖြတ်ပြောလိုက်သည်။

“ငါဒီတစ်ခေါက်လာတာက မင်းနဲ့ ကိစ္စတစ်ခုကို ညှိနှိုင်းဖို့ပဲ.. ငါ့ရဲ့တောင်းဆိုမှုကို လိုက်လျောမယ်ဆိုရင် ငါမင်းကို လွှတ်ပေးနိုင်တယ်”

လီကျန့်ထန်က ငါးကန်ရှေ့ကနေ ပိုးဟပ်ဝမ်ချမ်းကို ပြောလိုက်သည်။

“မင်းငါ့ကို တကယ် လွှတ်ပေးမှာလား”

ပိုးဟပ်ဝမ်ချမ်းက လီကျန့်ထန်၏ စကားကို မယုံရဲဖြစ်နေသည်။

သူက အလွန်အမင်း စိတ်လှုပ်ရှားနေ၍ သူ့ခေါင်းပေါ်ရှိ အင်တာနာတိုင်ကဲ့သို့ အတံနှစ်ချောင်းပင် လှုပ်ရမ်းသွားခဲ့သည်။

“ဒါပေမဲ့ ငါ့ရဲ့တောင်းဆိုမှုတစ်ခုကို ဖြည့်ဆည်းပေးနိုင်ရမယ်”

လီကျန့်ထန်က ပြောလိုက်သည်။

“ပြောပါဦး.. မင်းကဘာများ တောင်းဆိုမလို့လဲ”

ပိုးဟပ်ဝမ်ချမ်း၏ ခေါင်းပေါ်မှ အင်တာနာကဲ့သို့ အတံနှစ်တံသည် ဝိုက်ပါနှစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရမ်းသွားသည်။

ဤသည်က တစ်စုံတစ်ရာကို စိတ်လှုပ်ရှားချိန်တွင် ဖြစ်ပေါ်တတ်သော သူ၏ အလေ့အထတစ်ခု ဖြစ်၏။

“မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်က လူသတ်မှု အကြောင်း မင်းသိမှာပေါ့.. မင်းရဲ့လက်အောက်ငယ်သားတွေက လူသားတွေရှိတဲ့ နေရာတိုင်းမှာ ရှိနေတယ် ဆိုတာ ငါကောင်းကောင်းသိတယ်.. မင်းငါ့ကို သက်သေရှာပေးလို့ရမလား”

လီကျန့်ထန်က ဝေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက် မေးခွန်းထုတ်လိုက်သည်။

“လူသားတွေက ငါတို့ကို သနားခြင်းအလျဉ်း မရှိဘဲ သတ်ပစ်လေ့ရှိတယ်.. ငါတို့က သူတို့အတွက် ဘာလို့ သက်သေခံပေးရမှာလဲ”

ပိုးဟပ်ဝမ်ချမ်းက ရယ်မော၍ ပြောလိုက်သည်။

“သက်ရှိသတ္တဝါတိုင်းမှာ အသက်ရှင်ခွင့်ရှိပါတယ်.. မင်းလည်းခြွင်းချက် မဟုတ်ပါဘူး.. ဒါပေမဲ့ မင်းရဲ့အမှားက တခြားသက်ရှိသတ္တဝါတွေအတွက် ပြဿနာဖြစ်စေမယ့် ဘက်တီးရီးယားတွေကို အလျှံပယ် ထုတ်လွှတ်နေတာပဲ.. ဒါကြောင့် သူတို့က မင်းကို သုတ်သင်ချင်ကြတာပေါ့.. အကယ်၍မင်း သက်သေရှာပေးနိုင်မယ် ဆိုရင် လူသားနဲ့ မင်းနဲ့ကြားက အခြေအနေတွေ တိုးတက်လာဖို့ အခွင့်ကောင်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်”

လီကျန့်ထန်က လေးနက်စွာဖြင့် ပြဿနာကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

ပိုးဟပ်ဝမ်ချမ်းက လီကျန့်ထန်၏ စကားများကို စဉ်းစားခန်းဝင်နေလိုက်၏။

အဆုံးသတ်တွင် သူသည် လီကျန့်ထန်၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။

“ငါကြိုးစားကြည့်ပေးမယ်.. ဒါပေမဲ့ မင်း ငါ့ရဲ့တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးရမယ်”

“ဘာတောင်းဆိုမှာလဲ”

“ငါအခုစားတဲ့ အစားအစာတွေထက် ပိုကောင်းတဲ့ အစားအစာကို စားချင်တယ်”

“မင်းက ဘာစားချင်လို့လဲ”

“မြို့အရှေ့ဘက် ဆင်ခြေဖုံးနေရာမှာ ခေါက်ဆွဲခြောက်ဝါသနာရှင် ပိုင်ဆိုင်တဲ့ အိမ်တစ်လုံးရှိတယ်.. သူ့ရဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကို ငါစားချင်တယ်.. တစ်ထုပ်လုံး မလိုပါဘူး.. အကျန်တွေဆိုလည်း ရပါတယ်.. အဲဒီအနီးနားက အမှိုက်ပုံးတွေမှာ ခေါက်ဆွဲခြောက်အမှိုက်တွေ ရှိမလားလို့ ရှာဖွေကြည့်ပါ.. အကယ်၍တွေ့ရင် ခေါက်ဆွဲခြောက်အိတ်ချို့မှာ အမှုန်အမွှားလေးတွေ ကပ်နေတာကို တွေ့ရလိမ့်မယ်”

ပိုးဟပ်ဝမ်ချမ်းက ထိုစကားကိုပြောရင်း မျက်ရည်ကျလာသည်။

ပိုးဟပ်ငယ်ဘဝက သူ၏ လက်ရှိအချိန်ထိ မကြီးထွားမီ အချိန်တွင် သူသည် ထိုအမှိုက်များကို နေ့စဉ် စားသုံးခဲ့ရသည်။

ဆိုရလျှင် သူသည် ထိုအမှိုက်များကြောင့်ပင် သန်မာလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမွေးထုတ်ခဲ့သည့် မျိုးဆက်များသည် သာမန်ပိုးဟပ်များထက် အဆများစွာ ပိုမိုကြီးမားသည်။

တောင်ပိုင်းပိုးဟပ်တွေက အဘယ်ကြောင့် နှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ကြီး အကောင်ပိုထွားလာရပါသနည်း။

အပိုင်း(၁၀၄၆) ပြီး၏

All Chapters