ငါက မေးကြည့်ရုံပါ
Vol. 32 Ch. 473
ထွင်ထျန်းဟာက အင်တာနက်ပေါ်တွင် ဤနည်းစနစ် စတိုးဆိုင်ကို ပထမဆုံးအကြိမ် ဆက်သွယ်မိခြင်း ဖြစ်သည်။
သူက စနစ်သတိပေးချက်ကို ကြည့်ကာ မှင်တက်သွားသည်။
"နည်းပညာရှင်တစ်ယောက်က မှော်စွမ်းရည် ဆရာသခင် ဘယ်လိုဖြစ်လာတာလဲ"
သို့သော် ထိုအကြောင်းကို သေသေချာချာ တွေးကြည့်ရာ ဤခေါင်းစဉ်၌ ဘာအမှားအယွင်းမှ မရှိသည်ကို သိလိုက်ရသည်။
အဆုံးသတ်တွင် မှော်စွမ်းရည်ဆရာသခင် အတွက် အခြားအမည်တစ်ခု ရှိသေးသည်။
ယင်းမှာ နည်းစနစ်ဆိုင်ရာကျွမ်းကျင်သူ.. အတိုချုံးအားဖြင့်- နည်းပညာရှင် ဖြစ်သည် မဟုတ်ပါလော။
ဤဝန်ထမ်းနံပါတ် 003 နည်းပညာရှင်သည် အလွန်စိတ်အားထက်သန်နေသော လေသံဖြင့် မေးလိုက်သည်။
"မင်္ဂလာပါ မစ္စတာခွေး2 ဘယ်လိုမျိုး နည်းစနစ်တွေကို တိုင်ပင်ဆွေးနွေးချင်တာလဲ"
ထွင်ထျန်းဟာက စူးစမ်း၍ မေးလိုက်သည်။
"ဝိညာဥ်သားရဲတွေရဲ့ နည်းစနစ်တွေကို သင်ပေးလို့ရမလား"
နည်းပညာရှင် 003 က စာမပြန်မီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"စိတ်မပူပါနဲ့ မစ္စတာ ခွေး2.. အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာ တစ်ယောက် အနေနဲ့ ငါ့မှာ အတွေ့အကြုံ အများကြီးရှိပါတယ်.. ငါသင်ပေးနိုင်ပါတယ်"
နည်းပညာရှင်သည် ဤအွန်လိုင်းစတိုးကို စတင်ဝင်ရောက်စဥ်က သူ၏ အတွေ့အကြုံကို ထပ်လောင်း ပြောကြားခဲ့သည်။
"တကယ်တော့ ငါတို့ရဲ့ အွန်လိုင်းစတိုးမှာ ဝိညာဥ်သားရဲတွေအတွက် နည်းစနစ် စာအုပ်တွေ ရှိပါတယ်.. ဖောက်သည်တချို့က သူတို့အိမ်က ဝိညာဥ်သားရဲတွေ အတွက် လာဝယ်ခဲ့ဖူးတယ်"
"ဒါပေမယ့် ဝိညာဥ်သားရဲကိုယ်တိုင် ကွန်ပျူတာ သုံးပြီး အွန်လိုင်းမှာ လာစုံစမ်းတာတော့ ဒါပထမဆုံးအကြိမ်ပါပဲ"
ထွင်ထျန်းဟာ "ဘယ်လိုဝန်ဆောင်မှုတွေရှိလဲ"
နည်းပညာရှင်003 "ဝန်ဆောင်မှု နှစ်မျိုး ရှိပါတယ်.. တစ်မျိုးက ငါတို့ဝဘ်ဆိုင်မှာ ပမာဏတစ်ခု အထိ ငွေသွင်းထားမယ်ဆို နည်းပညာရှင်တွေရဲ့ သင်ခန်းစာတွေကို လက်ဆောင်အဖြစ် ရရှိမှာပါ.. နောက်တစ်ခုကတော့ သက်ဆိုင်ရာ နည်းစနစ်ရဲ့ အခက်အခဲပေါ် မူတည်ပြီး တန်ဖိုးကို ပေးချေရတာပဲ"
နည်းပညာရှင် 003 ၏ စကားကို နားထောင်ပြီးနောက်တွင် ထွင်ထျန်းဟာက စာပြန်ရန် အလျင်စလို မဟုတ်၍ ၎င်းတို့ရောင်းချနေသော နည်းစနစ်များကို သေချာကြည့်ရှုရန် အွန်လိုင်းစတိုးကို ဖွင့်လှစ်ခဲ့သည်။
နည်းစနစ် အများစုမှာ အဆင့်တစ်နှင့် အဆင့်နှစ်သာ ဖြစ်သည်။
အဆင့်သုံးနည်းစနစ်က အလွန်ပင် နည်းပါးသည်။
ထို့ကြောင့် အဆင့်လေး နည်းစနစ်ကို အခြေခံအားဖြင့် နည်းစနစ် စတိုးဆိုင်၏ မိုးထိအောင် စျေးနှုန်းမြင့်မားသည့် ရတနာတစ်ပါး အဖြစ် ယူဆနိုင်ပေသည်။
၎င်းက အင်မော်တယ် ရွှေချောင်းငါးသိန်း အပြည့် တန်ဖိုးရှိသည်။
ဟွာရှို့နိုင်ငံ၏ ငွေကြေးHNYဖြင့် ဆိုလျှင် သန်းရာနှင့်ချီ၍ ရှိသည်။
ဤတန်ဖိုးသည် နဝမအဆင့် သူတော်စင် မှော်လက်နက် တစ်ခု၏ ပျမ်းမျှပေါက်ဈေးထက် မနည်းပေ။
ထွင်ထျန်းဟာက ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
"နည်းစနစ်ရဲ့တန်ဖိုးကို ဘယ်လိုအကဲဖြတ်မှာလဲ"
နည်းပညာရှင် 003 "အခုခေတ်မှာ မှော်နည်းစနစ် အကဲဖြတ် ပလက်ဖောင်းတွေ နိုင်ငံတွင်းမှာ ရှိနေပါပြီ"
အကယ်၍ မစ္စတာခွေး2က ငါတို့ကို နည်းစနစ်စာအုပ် တစ်အုပ် ပေးရင် ငါတို့ရဲ့ ပလက်ဖောင်းက နည်းစနစ်စာအုပ်ရဲ့ အခက်အခဲ အဆင့်ကို အကဲဖြတ်ပြီး စျေးနှုန်းသတ်မှတ်ပေးလိမ့်မယ်.. အဲဒီနောက်မှာတော့ သင်တန်းကြေးပေးဆောင်ဖို့ ငါတို့ အွန်လိုင်းစတိုးကို သင်လာရောက်လို့ရပါပြီ"
"မစ္စတာခွေး2 အနေနဲ့ နည်းစနစ် အတွက် စိတ်ချနိုင်ပါတယ်.. ကူးယူတာတွေ ထပ်ဆင့် မျှဝေတာတွေ ရှိမှာမဟုတ်ပါဘူး.. စိတ်ချရမှု အတွက် အာမခံပါတယ်"
"ယနေ့ခေတ်မှာ တရားမဝင် မူပိုင်ခွင့် ချိုးဖောက်မှုတွေကတော့ အများအပြား ရှိနေပါသေးတယ်... သာမန် ပလပ်ဖောင်းတွေ နဲ့ မှော်စွမ်းရည် ဆရာသခင်ကပဲ ဒီလိုမျိုး ကိုယ်ရေးကိုယ်တာ ချိုးဖောက်တာမျိုးကို သေချာပေါက် လုပ်လေ့ရှိတာပါ"
"ဘယ်သူကမှ ကိုယ့်ဒုက္ခကိုယ် မရှာချင်ကြဘူးလေ ဟုတ်တယ်မလား.. ဒါ့အပြင် နည်းစနစ် စာအုပ်တွေရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်မှုတဲ့ ပြစ်ဒဏ်က အရမ်းမြင့်မားတယ်"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
နည်းပညာရှင် 003 ပြောသည်က ကျိုးကြောင်းဆီလျော်သည်ဟု သူခံစားမိသည်။
အခြားတစ်ဖက်တွင်လည်း နည်းပညာရှင်က ထွင်ထျန်းဟာကိုရှင်းပြရင်း အံ့သြနေသည်။
ဝိညာဥ်သားရဲများသည် ဝိညာဉ်ရေး အသိဥာဏ်ရှိကြသည်မှာ အမှန်ပင် ဖြစ်သော်လည်း အနည်းငယ်ကသာ ကွန်ပျူတာကို ကိုယ်တိုင် အသုံးပြုတတ်ကြသည်။
ဤကိစ္စကို အခြေခံ၍ မစ္စတာခွေး2၏ အဆင့်အတန်းက လုံးဝမနိမ့်ကြောင်း နည်းပညာရှင် ခံစားခဲ့ရသည်။
"မေးလို့ရမလား မစ္စတာ ခွေး2.. အခု မင်း ဘယ်အဆင့်လဲ"
ထွင်ထျန်းဟာက နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
"တတိယအဆင့် ဝိညာဥ်သားရဲပါ"
တကယ်တမ်းတွင် သူက ဒုတိယအဆင့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။
နည်းပညာရှင် 003 က အခြေအနေကို နားလည်လိုက်သည်။
"ကောင်းပြီလေ မစ္စတာ ခွေး2.. ငါတို့ ဆိုင်ကနေ ဝန်ဆောင်မှုယူရင် အဆင့်တစ်ကနေ အဆင့်သုံး အထိ ဝိညာဥ်သားရဲနည်းစနစ်တွေကို သေချာ သင်ပေးနိုင်မယ်လို့ ငါအာမခံပါတယ်"
"အဆင့်လေး နည်းစနစ်ကတော့ အခက်အခဲအလိုက် စျေးနှုန်းရှိတယ်.. ငါမသင်ပြနိုင်ရင်တောင် ငါ့ဆရာကတော့ သင်ပြနိုင်ပါတယ်"
"သင့်အတွက် ငါတို့ ငါးဆားနယ် နည်းစနစ် စတိုးဆိုင်ရဲ့ ရှားပါးအဆင့်သုံး ဝိညာဥ်နည်းစနစ် ဖြစ်တဲ့ ငါးဆားနယ် အမြန်ဓား နည်းစနစ်ကို အထူးအကြံပြုလိုပါတယ်.."
"အဲဒီနည်းစနစ်က ငါတို့ စတိုးဆိုင်ပိုင်ရှင် ကိုယ်တိုင် ဝိညာဥ်သားရဲတွေ အတွက် ဖန်တီးထားတဲ့ နည်းစနစ်ပါ.. သင်ယူရတာအရမ်း လွယ်ကူပါတယ်"
ထွင်ထျန်းဟာ "............."
ယခုခေတ်တွင် စိတ်ဝိညာဉ် နည်းစနစ်သစ်များ၏ အမည်များကို ကြုံရာကျပန်း အမည်များသာ ပေးကြတော့ပုံရသည်။
မူလက "ခွေးသူတော်စင်၏ မရိုမသေကန်ချက်3000" နှင့် "ကြာပန်းသဏ္ဍာန်ထိုင် ခွေးအော်သံ" အမည်များကို အတော်လေး ဆိုးရွားသည်ဟု သူထင်ခဲ့သည်။
အွန်လိုင်း နည်းစနစ်စတိုးဆိုင်များက ပို၍ဆိုးရွားနေလိမ့်မည်ဟု မည်သူ ထင်မိပါမည်နည်း။
ထွင်ထျန်းဟာ "မင်းတို့ရဲ့ နည်းစနစ် နာမည်က မဟုတ်သေးပါဘူး"
နည်းပညာရှင် 003က ပခုံးတွန့်သည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။
"နာမည်ထက် ကျင့်ကြံရာမှာ လွယ်ကူပြီး အသုံးကျဖို့ပိုအရေးကြီးပါတယ်.. နာမည်လှတဲ့ ဝိညာဉ်နည်းစနစ်တွေက လက်တွေ့မှာ သိပ်အသုံးမကျပါဘူး
သူက စိတ်ရှည်ရှည်ဖြင့် ရှင်းပြခဲ့သည်။
"ခေတ်မီ ကျင့်ကြံသူတွေက ပိုပိုပြီး အဆန်းထွင်လာကြတယ်.. သူတို့ရဲ့ နည်းစနစ်တွေကို မထုတ်ဖော်ခင်မှာ နည်းစနစ် နာမည်တွေကို ကြွေးကြော်လေ့ ရှိလာကြတယ်.. ဒါပေမဲ့ နာမည်လှတိုင်းလည်း လက်တွေ့မှာ အသုံးမကျဘူး"
ထွင်ထျန်းဟာ"..........."
နည်းပညာရှင် 003 ၏ စကားက တကယ်ကို အဓိပ္ပါယ်ရှိသည်ဟု ထွင်ထျန်းဟာ ခံစားမိသည်။
တိုက်ပွဲမစခင် နည်းစနစ်နာမည်ကို ကြွေးကြော်သည်မှာ အခြေခံအားဖြင့် လုံးဝ မလိုအပ်သည့် လုပ်ရပ်တစ်ခု.ဖြစ်၏။
ဆရာလေးလင်းနှင့်သာ ဆိုလျှင် နာမည်ကို ကြွေးကြော်နေစဥ်မှာပင် အပိုင်းပိုင်း ဖြစ်သွားပေလိမ့်မည်။
ကျင့်ကြံသူများထဲတွင် အရိုးရှင်းဆုံးမှာ ဆရာလေးလင်း ဖြစ်သည်။
သူက လက်သီးနှင့် လက်ဝါးကိုသာ အသုံးပြုစရာ လိုအပ်၏။
နည်းပညာရှင် 003."မစ္စတာ ခွေး2ကို မေးပါရစေ.. ဆုံးဖြတ်ချက် ချပြီးပြီလား"
ထွင်ထျန်းဟာ "စိတ်မရှိပါနဲ့.. ငါဝန်ဆောင်မှု မလိုချင်တော့ဘူး.. မင်းငါ့ကို မသင်ပြနိုင်ဘူးလို့ ခံစားရလို့ပါ"
"ငါ့ရဲ့ဝိညာဥ်နည်းစနစ်က ပထမ နည်းစနစ်နှစ်ခုပဲ အဆင့်လေးနည်းစနစ် ဖြစ်တယ်.. ကျန်တာက အဆင့်ငါး နည်းစနစ်ပဲ"
ထွင်ထျန်းဟာ၏ အဖြေကို နည်းပညာရှင် 003 မြင်လျှင် ချက်ချင်း တုန်လှုပ်သွားသည်။
"အဆင့်ငါးနည်းစနစ်လား"
မှော်စွမ်းရည်ဆရာသခင် တစ်ဦး အနေဖြင့် သူက စိတ်ဝိညာဉ်နည်းစနစ်များကို အလွန် ဝါသနာထုံသူဖြစ်သည်။
အဆင့် 5 နည်းစနစ် တစ်ခုက မည်မျှတန်ဖိုးရှိမည်ကို မမှန်းဆရဲသလောက်ပင်။
သူတို့ စတိုးဆိုင်၏ အမြင့်ဆုံးနည်းစနစ်ကပင် အဆင့်လေးသာ ရှိသည် မဟုတ်ပါလား။
နည်းစနစ်များတွင် အဆင့်တစ်နှင့် အဆင့်နှစ်ကြား ကွာခြားချက်မှာ အထူး ကြီးကြီးမားမား မဟုတ်သော်လည်း အဆင့်သုံးမှ စတင်ကာ အဆင့်တစ်ခုစီက ကမ္ဘာတစ်ခုလောက် ခြားနားသွားသည်။
အဆင့်ငါး ဝိညာဉ်သားရဲ နည်းစနစ်..
နည်းပညာရှင် 003 အနေဖြင့် ဤအဆင့်နည်းစနစ်ကို အမှန်တကယ် သင်ကြားနိုင်မည် မဟုတ်ကြောင်း သူ့စိတ်ထဲတွင် ကောင်းကောင်းသိသည်။
နည်းပညာရှင်003က ချွေးအနည်းငယ် ထွက်လာသည်။
"မစ္စတာခွေး2.. ငါမင်းကို အဆင့်ငါးနည်းစနစ် သင်ပြနိုင်မှာမဟုတ်ပေမဲ့ ငါ့ရဲ့ ဆရာကတော့ သင်ပြနိုင်လိမ့်မယ်လို့ ငါ ထင်တယ်"
ငါမင်းကို ပို့လိုက်တဲ့လင့်ခ်ကို နှိပ်ပြီး မှော်စွမ်းရည် ဆရာသခင် ID အတွက် search bar မှာ နံပါတ် 704620442 ကို ရိုက်ထည့်လိုက်ပါ။
ထွင်ထျန်းဟာက ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်"
နည်းပညာရှင် 003က အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
"မစ္စတာ ခွေး2 ငါတို့ဆိုင်မှာ မင်းကို ဆွဲဆောင်နိုင်တဲ့.နည်းစနစ်တွေ တကယ်ပဲ ရှိမနေတာလား"
ထွင်ထျန်းဟာ "အဲဒီလိုတော့ မဟုတ်ပါဘူး.. ''အော်ဟစ်တိုက်ခိုက်ခြင်း" နဲ့ 'ဆွဲစားလိုသောအကြည့်' လိုမျိုး မင်းတို့ရဲ့နည်းစနစ် နာမည်တွေက အရမ်းဆန်းပြားနေလို့ပါ"
နည်းပညာရှင် 003 ".............."
ထွင်ထျန်းဟာ"လာပါ.. မင်း အရမ်းဝမ်းနည်းနေဖို့ မလိုပါဘူး"
"ဘာမှမဝယ်ဘဲနဲ့.. လိုက်မေးနေတဲ့ အာချောင်ခွေး.. မင်းမေငိုးလိုပဲ"
ဖန်သားပြင်ရှေ့မှ နည်းပညာရှင် 003 က ဒေါသထွက်ကာရေရွတ်လိုက်သည်။
..................
အခြားတစ်ဖက်တွင် ထွင်ထျန်းဟာသည် အစောပိုင်းက နည်းပညာရှင် 003 ပေးခဲ့သော ID 704620442 ကို ဝဘ်ဆိုက်တွင် ရိုက်ထည့်ခဲ့သည်။
ထို့နောက် မှော်စွမ်းရည် ဆရာသခင်၏ ID ပရိုဖိုင် ပေါ်လာသည်။
ထွင်ထျန်းဟာက ဤလူကို တကယ်သိသည်။
"ဝေ့.. ဝေ့ကျစ်လား.. လခွမ်း.. ဒီကောင်က ဘယ်လိုလုပ် မှော်စွမ်းရည်ဆရာသခင် ဖြစ်လာတာလဲ"