← Chapters

ဒုက္ခသုက္ခများဖြင့် ပြစ်ဒဏ်ပေးခြင်း

Vol. 68 Ch. 1016

ဒုက္ခသုက္ခများဖြင့် ပြစ်ဒဏ်ပေးခြင်း

Vol. 68 Ch. 1016

မေမေဝမ်က သန့်ရှင်းသပ်ရပ်သော စားသောက်ဆိုင်တစ်ခုကိုရွေးချယ်ကာ ဟင်းပွဲများကိုမှာယူခဲ့သည်။

ဤသည်က မေမေဝမ် တစ်ယောက် သူမ၏ကြွယ်ဝချမ်းသာမှုကို ထုတ်ကြွားနေခြင်း မဟုတ်ပေ။

သူမက တကယ် ချဥ်ခြင်းတက်နေခြင်း ဖြစ်သည်။

ဝမ်လင်းကို ကိုယ်ဝန်ရှိစဉ်ကလည်း ယခုလိုပင် သူမ ကြုံခဲ့ဖူးသည်။

အထူးသဖြင့် သူမသည် အလွန်အမင်းစပ်သော အစားအစာများကို နှစ်သက်သည်။

“မရှက်ပါနဲ့ ကလေးတို့”

မေမေဝမ်က ဝမ်ကျန်းနှင့် လျူချင်းရီတို့ကို ပြုံးပြ၍ ပြောလိုက်ပြီးနောက် အစားအသောက်များကို စတင် စားသောက်ခဲ့သည်။

ဝမ်လင်းကမူ လင်မနစ် တစ်ခွက်ကိုသာ မှာကြားခဲ့၏။

ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် အစာရေစာ ငတ်ပြတ်နေသော သူများကဲ့သို့ အစားအသောက်များ လာချသည်ကို ကြည့်ရှုနေကြသည်။

၎င်းတို့က မှော်အစွမ်းများ ကန့်သတ်ခံထားရခြင်းကြောင့် ယခင်ထက်ပို၍ ဆာလောင်နေတတ်သည်။

ထို့အတွက်ကြောင့် ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် ယမန်နေ့ည ကြေးမုံနန်းတော်မှ ပြန်ရောက်လာကတည်းကပင် ဗိုက်ဆာနေပြီ ဖြစ်သည်။

ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ အခြေအနေကို မြင်ပြီးနောက်တွင် ကူရွှင်းကျစ်သည် အမှန်တကယ် ညှာတာမှုမရှိကြောင်း ဝမ်လင်း သဘောပေါက်လိုက်သည်။

၎င်းက စကြာဝဠာအုပ်ထိန်းသူ အနေဖြင့် မိမိ၏နိုင်ငံသူနိုင်ငံသားများ အပေါ်မှာပင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူနိုင်၏။

ဤအပြစ်ဒဏ်က နှစ်နှစ်မျှ ကြာမြင့်မည် ဖြစ်သည်။

ဝမ်ကျန်းနှင့်လျူချင်းရီတို့ အတွက်မူ အင်မော်တယ်ဖြစ်လာအောင် ကျင့်ကြံခြင်းသည်ပင် ဤမျှခက်ခဲလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် အမှတ်၆၀ အထက်တန်းကျောင်း၏ အဆောင်သစ်ဆောက်လုပ်ခြင်းသည် နွေရာသီအားလပ်ရက် ကုန်ဆုံးချိန်တွင် အပြီးသတ်မည်ကို ဝမ်လင်း သတိရမိသည်။

စွန်းရုံ၏ ဟွာကောရေတံခွန်လုပ်ငန်းစုမှ ပထမအသုတ်ရင်းနှီးမြှုပ်နှံမှုများက စတင် စီးဆင်းလာပြီဖြစ်ပြီး အမှတ်၆၀ အထက်တန်းကျောင်း၏ အားကစားကွင်း အနောက်ဘက်တွင် အဆောင်တစ်ခုကို ဆောက်လုပ်မည် ဖြစ်သည်။

၎င်းသည် အဓိကမြို့ပြ အထက်တန်းကျောင်း၏ ပုံမှန်အင်္ဂါရပ်တစ်ခု ဖြစ်ပြီး အမှတ်၆၀ အထက်တန်းကျောင်းကို အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်လိုလျှင် သေချာပေါက် လိုအပ်သော အရာတစ်ခု ဖြစ်သည်။

ဆိုလိုသည်မှာ ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ဘဝများသည် နွေရာသီအားလပ်ရက် ပြီးနောက်တွင် အနည်းငယ် ပိုမို လွယ်ကူလာမည် ဖြစ်ပြီး တိုက်ခန်းငှားရမ်းခြင်း ပြဿနာအတွက် ခေါင်းစားစရာ မလိုအပ်တော့ချေ။

ကူရွှင်းကျစ်၏ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာခြင်းမှာ ၎င်းတို့ကို စောင့်ကြည့်ရန်အတွက် ဖြစ်သည်။

ဤကဲ့သို့ မြို့ကြီးပြကြီး ကျောင်းအဆောင်တွင် နေထိုင်သည်က တိုက်ခန်းငှားရမ်း နေထိုင်သည်ထက် ပိုကောင်း၏။

နတ်ဘုရားနယ်မြေရှိ ချမ်းသောသော မိသားစုမှ ကလေးနှစ်ဦး ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် ဤကဲ့သို့ ဆင်းဆင်းရဲရဲ နေထိုင်နေရသည်မှာ ယုံရခက်ခက်ပင်။

“မင်းတို့တွေ ဒုက္ခရောက်နေကြတာလား”

သက်လတ်ပိုင်း အမျိုးသမီးအများစုကဲ့သို့ပင် မေမေဝမ်သည် ထမင်းစားနေစဉ်အတွင်း အခြားလူများနှင့် စကားပြောဆိုရခြင်းကို နှစ်သက်၏။

အရေးအပါဆုံးအချက်မှာ မေမေဝမ်သည် အခြားလူများနှင့်စကားပြောဆိုသည့်အခါတွင် အဆင်ပြေပြေ ပြောဆိုနိုင်ခြင်း ဖြစ်၏။

ယင်းမှာ သူမ လေ့လာခဲ့သောအရာများ၊ ဘဝအတွေ့အကြုံများနှင့် သက်ဆိုင်နေသည်။

မေမေဝမ်က စာရေးဆရာ မဖြစ်ခင်က ပုံပြင်များစွာကို ဖတ်ဖူးခဲ့သည်။

မေမေဝမ်၏ စကားကိုကြားလျှင် ဝမ်ကျန်းနှင့်လျူချင်းရီတို့သည် မျက်နှာထက်တွင် စိတ်ဓာတ်ကျသော အမူအရာများ ဖြစ်လာကြသည်။

ဝမ်မိသားစုအိမ်ငယ်လေးမှ စီနီယာကြီးတစ်ဦးသည် မျှော်လင့်ထားသည့် အတိုင်းဟုပင် ပြောနိုင်ခဲ့သည်။

ဟုတ်ပါသည်၊ လင်းကျန်းရန်၏ မိခင်သည် တကယ်ကို အံ့ဩစရာကောင်း၏။

ဝမ်ကျန်းနှင့်လျူချင်းရီတို့သည် မြင့်မားသော ကျင့်ကြံခြင်း အတွေ့အကြုံများ ရှိသော်လည်း ဘဝအတွေ့အကြုံနှင့် နှိုင်းယှဉ်လျှင် မေမေဝမ်လောက် အတွေ့အကြုံ မရှိကြသေးပေ။

၎င်းတို့က လူ့အဖွဲ့အစည်းတွင် လုံလောက်စွာ မရုန်းကန်ခဲ့ဖူးကြချေ။

ကျင့်ကြံခြင်း အဆင့်မြင့်မားသူများသည် နှစ်ရာနှင့်ချီ၍ တံခါးပိတ် ကျင့်ကြံနေကြသောကြောင့် လူ့အဖွဲ့အစည်း၏ သတင်းများကို လုံးလုံးလျားလျား လိုက်မမီနိုင်ကြတော့ပေ။

နတ်ဘုရားနယ်မြေရှိ ချမ်းသာသော မိသားစုများမှ ၎င်းတို့ကဲ့သို့ ကလေးများသည် အခြွေအရံများ ဝန်းရံကာ ကြီးပျင်းလာကြသည့် လူ့ဘော်ကြော့များသာ ဖြစ်၏။

ထို့ကြောင့် ကူရွှင်းကျစ်သည် ၎င်းတို့၏စိတ်ကို ပြုပြင်ပေးရန်အတွက် ကမ္ဘာမြေပေါ်တွင် ခပ်ကြာကြာထားရန် စိတ်ကူးခဲ့သည်။

ကူရွှင်းကျစ်က နတ်ဘုရားနယ်မြေရှိ ကူမိသားစုမှ ဖြစ်‌သော ဝမ်ကျန်းနှင့် လျူချင်းရီတို့နှင့်မတူပေ။

၎င်းက စကြာဝဠာအုပ်ထိန်းသူတစ်ဦး ဖြစ်၍ ဝမ်ကျန်းနှင့် လျူချင်းရီတို့ထက် ပိုမိုရင့်ကျက်သူ ဖြစ်သည်။

“ကျွန်တော်တို့ အလုပ်ရှာနေကြပေမဲ့ ဘယ်သူမှ ကျွန်တော်တို့ကို အလုပ်မပေးချင်ကြဘူး”

ဝမ်ကျန်းက စိတ်ပျက်သောလေသံဖြင့် ပြောလိုက်သည်။

အခြေခံတည်ထောင်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သည် ဓားပျံစီး၍ ပါဆယ်ထုပ်များ ပေးပို့သည့်အလုပ်ကို စဉ်းစားနိုင်သည်။

သို့သော်ပြဿနာမှာ ကူရွှင်းကျစ် သူတို့ကို ပေးခဲ့သည့် ကမ္ဘာမြေပေါ်ရှိ အိုင်ဒီများ အရ သူတို့သည် အထက်တန်းကျောင်းသားများ ဖြစ်နေခြင်းပင်။

ဆိုရလျှင် သူတို့သည် အရွယ်မရောက်သေးဘဲ ဝမ်လင်းကဲ့သို့ပင် ၁၆နှစ်သာ ရှိနေသေးသည်။

ထို့ကြောင့် မည်သည့်လုပ်ငန်းခွင်ကမှ သူတို့ကို မငှားရဲပေ။

ထို့ပြင် သူတို့ကိုယ်တိုင်လည်း အလုပ်ရှာဖို့ ဘယ်ကိုသွားရမှန်း မသိတော့ပေ။

သူတို့ကို အထက်တန်းကျောင်းသားများ အဖြစ် မှတ်တမ်းမတင်ထားလျှင် ပို၍ ကောင်းပေမည်။

သို့သော် ပြဿနာမှာ ယခုအခါ သူတို့သည် ကျင့်ကြံခြင်းကျောင်းပေါင်းတစ်ရာ၏ အထွေထွေအုပ်ချုပ်ရေးရုံးတွင် မှတ်ပုံတင်ထားသော အထက်တန်း ကျောင်းသားများဖြစ်သည်။

၎င်းတို့၏ ပရိုဖိုင်များကို အွန်လိုင်းကျောင်းသားမှတ်ပုံတင်ခြင်းတွင် ရှာတွေ့မည်ဖြစ်၍ လုပ်ငန်းအသေးစား တစ်ခုပင်လျှင် ၎င်းတို့ကို အလုပ်ခန့်မည်မဟုတ်ပေ။

“လဲ့လေးဆိုရင်ရော ဘယ်လိုလဲ.. သူကတော့ မင်းတို့ကို ကူညီနိုင်မယ်ထင်တယ်”

မေမေဝမ်က ဗုံးပစ်စီနီယာအင်မော်တယ်ကို တွေးမိ၍ ပြောလိုက်သည်။

“သူက ကျွန်တော်တို့ကို လခမပေးချင်ဘူး.. ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဘဝတွေကိုလည်း တိုးတက်အောင် လုပ်ချင်သေးတယ်”

ဝမ်ကျန်းက စိတ်ပျက်စွာ ပြောလိုက်သည်။

လျူချင်းရီသည်လည်း သူမ၏ စိတ်နှလုံးသားထဲကနေ ဝမ်းနည်းမှုကို ခံစားနေရသည်။

ဤကဲ့သို့ ခက်ခဲသည့် နေ့ရက်မျိုးကို ဝမ်ကျန်းနှင့်အတူဖြတ်သန်းရလိမ့်မည်ဟု သူမ စိတ်ကူးထဲတွင်ပင် မတွေးခဲ့ဖူးပေ။

ဝမ်ကျန်းက နတ်ဘုရားနယ်မြေရှိ သူမနှင့် စေ့စပ်ထားသူဖြစ်ရုံတင်မကဘဲ သူမ အမုန်းဆုံးလူလည်း ဖြစ်သည်။

သူမနှင့် ဤအမှိုက်ကောင်သည် နားလည်မှု လွဲမှားခြင်းဖြင့် အိမ်ထောင်ရေးမှ လွတ်မြောက်ရန်အတွက် အောက်ကမ္ဘာသို့ရောက်ရှိလာခဲ့ကြသည်။

အဆုံးသတ်တွင် သူတို့ကို ကူရွှင်းကျစ်က ရှာဖွေတွေ့ရှိသွားခဲ့ပြီး ကမ္ဘာမြေပေါ်မှာပင် အပြစ်ပေးခဲ့သည်။

ယင်းမှာ သာမန်လူများကဲ့သို့ နှစ်နှစ်အကြာ နေထိုင်ရမည့် ပြစ်ဒဏ် ဖြစ်သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကျင့်ကြံသူများ အတွက် နှစ်နှစ် ဟူသောအချိန်မှာ မကြာမြင့်သော်လည်း ယခုအခါတွင် လျူချင်းရီနှင့် ဝမ်ကျန်းတို့သည် အတော်လေးကြာမြင့်နေသလို ခံစားနေရသည်။

အထက်ကမ္ဘာရှိ ၎င်းတို့၏ သီးသန့်ခန်းများတွင် ဝိုင်ဖိုင်နှင့်လေအေးပေးစက်များ ပါရှိပြီး အစားအသောက် သို့မဟုတ် အဝတ်အစားအတွက် လုံးဝ စိတ်ပူစရာမလိုပေ။

ယခုအောက်ကမ္ဘာတွင်မူ နေရာထိုင်ခင်းသည်ပင် သူတို့အတွက် ပြဿနာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် သူတို့ကိုယ်သူတို့ အပြစ်တင်ရုံမှလွဲ၍ အခြားမည်သူ့ကိုမှ အပြစ်တင်စရာမရှိဟု ဝမ်လင်းခံစားမိသည်။

နတ်ဘုရားနယ်မြေတွင် မင်းသား မင်းသမီး ကဲ့သို့ သက်သက်သာသာ နေထိုင်လာသူများသည် ကမ္ဘာမြေတွင် အခြားသူများ၏ လက်အောက်၌ ခေါင်းငုံ့နေထိုင်ရန် မဖြစ်နေိုင်ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က နွေးထွေးသောသူ ဖြစ်၍ ၎င်းတို့ကို ကူညီလိုစိတ်ရှိသည်မှာ သေချာသော်လည်း ၎င်းတို့လက်မခံပါက အခြား ရွေးချယ်စရာ မရှိတော့ပေ။

ထိုခဏတွင် မေမေဝမ်က ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။

“လင်းလင်း.. သူတို့က မင်းရဲ့ အတန်းဖော်တွေပဲလေ.. မင်းလည်း တစ်ခုခုလောက် ကူစဉ်းစားပေးပါဦး”

ထိုစကားကိုကြားလျှင် ဝမ်ကျန်းနှင့် လျူချင်းရီတို့၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားကြသည်။

ဝမ်ကျန်း “ငါ မင်းရဲ့အစေခံ လုပ်လို့ရမလား”

လျူချင်းရီ “ငါ့ကို နင့်ရဲ့ အငှားမယား ပေးလုပ်ပါလား.. နင့်ရဲ့အိပ်ရာကို နွေးနွေးထွေးထွေး လုပ်ပေးပါ့မယ်”

မေမေဝမ် “သမီး စိတ်အေးအေးထားပါ”

ဝမ်လင်း “..........”

သူတို့နှစ်ယောက်က အခြားတစ်ယောက်ကို အားကိုးလိုစိတ် မရှိသော်လည်း တစ်ဖက်လူက ဝမ်လင်းဖြစ်နေလျှင်မူ သူတို့ကရာနှုန်းပြည့် ယုံကြည်ကြမည် ဖြစ်သည်။

ဘော့စ်တစ်ဦး၏ နောက်လိုက်ဖြစ်ခြင်းသည် ၎င်းတို့အတွက် ကောင်းချီးတစ်ခု ဖြစ်သည်။

သရေစာ ခေါက်ဆွဲခြောက်ထုပ်များ ဆုချခံရရုံဖြင့် ကျင့်ကြံခြင်းအဆင့်များ ခုန်တက်သွားလိမ့်မည် မဟုတ်ပါလော။

တကယ်တမ်းတွင် ဝမ်လင်းသည် ၎င်းတို့နှင့် ကိုက်ညီသည့်အလုပ်ကို အမှန်တကယ် တွေးတောနေခဲ့သည်။

ထိုအလုပ်က အသက်ကန့်သတ်ချက် မရှိသောအလုပ် ဖြစ်ပြီး ကျင့်ကြံခြင်းနယ်ပယ် အဆင့်ပေါ်တွင်လည်း မူတည်ခြင်းမရှိပေ။

၎င်းတို့က ကျောင်းသားများ ဖြစ်သော်လည်း အရေးမကြီးချေ။

ထို့အပြင် ဝမ်ကျန်းနှင့်လျူချင်းရီတို့၏ အရည်အချင်းများသည် ထိုအလုပ်အတွက် လုံးဝ အရည်အချင်းပြည့်မှီသည်။

ထို့ကြောင့် ထိုညမှာပင် ဝမ်ကျန်းနှင့် လျူချင်းရီတို့သည် အလုပ်သစ်များကို ရရှိခဲ့ကြသည်။

ထွင်ထျန်းဟာက ဝမ်ကျန်းနှင့် လျူချင်းရီတို့ကို ဝေ့ကျစ်၏ တိုက်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝေ့ကျစ်က သူတို့ကို ဝင်ပေါက်မှာ စောင့်နေခဲ့သည်။

သူက အပေါ်ပိုင်းဗလာကျင်းထားပြီး ဘောင်းဘီရှည် ခပ်ပွပွကို ဝတ်ဆင်ထားသည်။

သူ၏ပုခုံးပေါ်တွင် တွန်းထိုးခြင်း လိပ်ပြာကြီးက ခိုနားနေ၏။

ထွင်ထျန်းဟာ ရောက်လာသည်ကိုမြင်လျှင် ဝေ့ကျစ်က စိတ်အားထက်သန်စွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။

“ညီနောင်ခွေး မင်္ဂလာပါ”

“ဝေ့ကျစ်.. ငါဖုန်းထဲမှာ ပြောခဲ့သလိုပဲ ဒီနှစ်ယောက်ကို မင်းနဲ့အတူ ထားခဲ့မယ်”

ထွင်ထျန်းဟာက ပြောလိုက်သည်။

ထို့နောက်တွင် ဝမ်ကျန်းနှင့်လျူချင်းရီတို့က ဝေ့ကျစ်ကိုနှုတ်ဆက်လိုက်သည်။

ဝေ့ကျစ်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ခုချိန်ကစပြီး မင်းတို့က ငါနဲ့အတူ စိတ်ဝိညာဉ်သားရဲတွေကို စောင့်ရှောက်ရလိမ့်မယ်.. ဂျူနီယာ အိမ်မွေးတိရိစ္ဆာန်သင်တန်းဆရာ အဖြစ် စတင်ပြီး အစမ်းခန့်ကာလမှာ တစ်ဦးကို ယွမ်သုံးထောင် ရလိမ့်မယ်.. နောက်ကျရင်တော့ ဒီထက်လစာတိုးပေးမယ်.. စီနီယာ အိမ်မွေးတိရိစ္ဆာန်သင်တန်းဆရာတွေက တစ်လကို ယွမ်ငွေ ဆယ်ဂဏန်း ဒါမှမဟုတ် သိန်းပေါင်းများစွာဝင်ငွေ ရရှိနိုင်တယ်.. မင်းတို့တွေ အလုပ်ကြိုးစားရင်တော့ တစ်နေ့မှာကိုယ့်ဘာသာ ရပ်တည်နိုင်မှာပါ”

“ဒါဆို ငါတို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”

ဝမ်ကျန်းနှင့်လျူချင်းရီတို့က ဝမ်းမြောက်စွာ ပြောလိုက်သည်။

ဤအသက်မွေးဝမ်းကြောင်း အလုပ်က သူတို့ကိုယ်သူတို့ အားကိုးနိုင်မည်ဖြစ်ပြီး အခြားလူတွေကို အားကိုးနေစရာ မလိုအပ်တော့ပေ။

ထို့ပြင် သူတို့အတွက် ဤအလုပ်ကို စီစဉ်ပေးခဲ့သူမှာ ဝမ်လင်းဖြစ်၍ သူတို့ကို ပိုမို သည်းခံနိုင်စေခဲ့သည်။

အပိုင်း(၁၀၁၆) ပြီး၏

All Chapters