← Chapters

ခွန်ရဲ့ဗိုက်အတွင်းကလျှို့ဝှက်ချက်

Vol. 43 Ch. 643

ခွန်ရဲ့ဗိုက်အတွင်းကလျှို့ဝှက်ချက်

Vol. 43 Ch. 643

သူ၏ သွေးလရောင် ဓားသွားချပ်ပြားက အဆက်မပြတ်လည်ပတ်နေသော စက်သွားတစ်ခုလို ဖြစ်နေသည်။

အင်မော်တယ်ကျန်းရွမ်က ဂါထာကို ရွတ်ဆိုလိုက်သည်နှင့်‌ ကောင်းကင်ကိုပင် ဖွင့်နိုင်လောက်အောင် ထက်မြသောဓားသွားများက တဖြည်းဖြည်း အရွယ်အစားကြီးလာကြသည်။

ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခုကို အစွမ်းကုန် အသုံးပြုလိုက်သောအခါတွင် ၎င်း၏ အဖျက်စွမ်းအားက ကမ္ဘာမြေကိုပင် တုန်လှုပ်စေခဲ့သည်မှာ မငြင်းသာပေ။

သွေးလရောင်ဓားသွားချပ်ပြားမှ ဓားသွားစိပ်လေးများသည် ခွန်ကောင်၏ ဒဏ်ရာကို သွေးများ အဆက်မပြတ် ထွက်ကျလာစေသဖြင့် ခွန်ကောင်ကိုအားနည်းသွားစေသည်။

ဓားသွားစိတ်များက ခွန်ကောင်ကို ဆက်လက်ပြီး တစ်လက်မချင်းဆီ ဖြတ်တောက်သွားခဲ့သည်။

အဆိပ်ရှိသော ခွန်ကောင်၏သွေးများက အချိုရည်ကဲ့သို့ပင် ခန္ဓာကိုယ်ထဲမှ ထွက်ကျလာသည်။

ထိုသွေးများက မြေပြင်နှင့်ထိလိုက်သည်နှင့် မြေပြင်ကဆွေးမြေ့ကာ လောင်ကျွမ်းသွားပြီး ထူထဲသောမီးခိုးငွေ့မျာပင်ထွက်ပေါ်လာသည်။

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့ နှစ်ယောက်စလုံးက နှာခေါင်းများကို ပိတ်ထားကြသည်။

ထိုအနံ့ကို မကာကွယ်ထားလျှင် အသက်ရှူပင် ကြပ်သွားနိုင်သည်။

“တကယ်အလုပ်ဖြစ်တယ်ဟ”

အင်မော်တယ်ကျန်းရွမ်က အံ့ဩဝမ်းသာသွားခဲ့သည်။

တူက အမှန်တကယ်ပင် အလွန်အသုံးဝင်နေသည်။

ခြုံငုံ၍ပြောရလျှင် ဤတူကိုဖန်တီးခဲ့သူမှာ စီနီယာခွေးပင်မဟုတ်ပါလော။

၎င်းက စုစုပေါင်းဆယ်ကြိမ်သာအသုံးပြုနိုင်သော်လည်း ပေါ့ပေါ့ပါးပါး အသုံးပြု၍ရသည်။

အရွယ်ရောက်ပြီးသော ခွန်ကောင်၏ နာနာကျင်ကျင် အော်ဟစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်တွင် အာကာပြင် တစ်ဖက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမားက သတိပြုမိသွားပုံရသည်။

ငါးဖမ်းသမားက ခွန်ကောင်၏ခန္ဓာကိုယ်အပေါ်ပိုင်းကို အာကာပြင်ထဲမှ ပြန်ဆွဲလိုက်သည်။

“ထွက်ပြေးချင်တာလား”

ကျန်းရွမ်က အံကြိတ်၍ ရေရွတ်လိုက်ပြီး သွေးလရောင်ဓားသွားချပ်ပြား၏ အရွယ်အစားကို ပိုမိုကြီးမားအောင်လုပ်ဆောင်လိုက်သည်။

ထို့နောက်တွင် ထိုမှော်လက်နက်က ခွန်ကောင်၏ အပေါ်ပိုင်းတစ်ခုလုံး အပါအဝင် ငါးမျှားကြိုးကိုပါ တိုက်ရိုက်ဖြတ်တောက်ပစ်လိုက်သည်။

“ပြုပြင်မယ်”

ဤခွန်ကောင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပြီးနောက်တွင် အင်မော်တယ်ကျန်းရွမ်သည် ကောင်းကင်ပြင် ကျောက်တုံးကိုထုတ်၍ နှလုံးသားနတ်ဆိုးကျောက်တုံးမှ ကမ္ဘာဦးချီကိုအသုံးပြုကာ အာကာပြင်ကို ချက်ချင်းပင် ဖာထေးလိုက်သည်။

ကောင်းကင်ပြင်ကျောက်တုံးကို အာကာပြင် အက်ကွဲကြောင်းများကို ပြုပြင်ရန်ရည်ရွယ်၍ ကျင့်ကြံခြင်း ဓာတုစက်မှုလုပ်ငန်းသုံး ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

၎င်းက အလွန်ဈေးကြီးသော်လည်း အာကာပြင်ကို ပြုပြင်ရာတွင် အလွန်တရာ ထိရောက်သည်။

အင်မော်တယ်ကျန်းရွမ်က ကောင်းကင်ပြင် ကျောက်တုံးကိုထုတ်ယူလိုက်သည်ကိုမြင်လျှင် ထွင်ထျန်းဟာ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်ပြင်ကျောက်တုံးသည် ကျင့်ဟွာမြို့၌ အိမ်ငါးလုံးကိုပင် ဝယ်နိုင်သည်။

ဤမျှလောက် ဈေးကြီးသော ကျောက်တုံးကို အင်မော်တယ်ကျန်းရွမ်က ပေါ့ပေါ့ပါးပါးပင် အသုံးပြုနေသည်။

အာကာပြင် အကွဲအပြဲကို ဖာထေးပြီးနောက်တွင် အင်မောတယ်ကျန်းရွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက အစောပိုင်းတွင် ကောင်းကင်ပြင်ကျောက်တုံးကို အသက်သွင်းရန် ဝိညာဉ်စွမ်းအင်ကိုသာ အသုံးပြုခဲ့သည်။

ထိုကဲ့သို့ အသုံးပြု၍ရသော်လည်း အချိန်အတော်ယူရသည်။

ယခုအခါတွင်မူ အဓိက စွမ်းအင်အရင်းအမြစ် အဖြစ် ကမ္ဘာဦးချီကို ပြောင်းလဲ အသုံးပြုလိုက်သောအခါ အာကာပြင်အက်ကွဲကြောင်းကို ချက်ချင်းပင် ပြုပြင်နိုင်ခဲ့သည်။

အင်မော်တယ်ကျန်းရွမ်က တစ်ခါမှ နှိုင်းယှဉ်မှု မလုပ်ဖူးသောကြောင့် ယခင်က မသိခဲ့ပေ။

ဤခြားနားချက်ကို ကြည့်ရင်း ဝိညာဉ်စွမ်းအင်နှင့် ကမ္ဘာဦးချီကြားတွင် မည်မျှကွာခြားကြောင်း သူကောင်းစွာ သဘောပေါက်လိုက်သည်။

သူဖြတ်တောက်လိုက်သော ခွန်ကောင်၏ ခန္ဓာကိုယ်က မြေပြင်သို့ ကျရောက်သွားသောအခါ မြေပြင်က ပုပ်ပွသွားပြီး ရွှံ့နွံတစ်ခုကဲ့သို့ ဖြစ်သွားသည်။

အင်မော်တယ်ကျန်းရွမ်က ထိုတွင်း၏ အနားသို့ ရောက်လာပြီး အနီးကပ်ကြည့်ရှုလိုက်သည်။

“မသေသေးဘူးလား”

ကျန်းရွမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ဒါက ကမ္ဘာဦးအရိုင်းအစိုင်း သားရဲတစ်ကောင်ပဲ.. ဒီလောက်လွယ်လွယ်နဲ့ သေစရာ အကြောင်းမရှိဘူး”

ငွေရောင်လေးက ပြောလိုက်သည်။

သူတော်စင်သားရဲနှင့် ကမ္ဘာဦးသားရဲတို့သည် ဝင်ရိုးစွန်း ကဲ့သို့ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။

သူတော်စင်သားရဲများသည် ကမ္ဘာဦးသားရဲများထက် အဓိကအားဖြင့် ဉာဏ်ရည်ဉာဏ်သွေး ပိုရှိကြသည်။

ကြီးထွားမှု၏ နောက်ပိုင်းအဆင့်တွင်မူ ၎င်းတို့၏ခွန်အားအဆင့်များသည် ကွာခြားမှု တစ်စုံတစ်ရာ မရှိကြပေ။

ကမ္ဘာဦးသားရဲများသည် အလွန်ပင် ခံနိုင်ရည်ရှိကြသည်။

သူတို့၏ခန္ဓာကိုယ်ကို ထက်ဝက် ပိုင်းဖြတ်လိုက်လျှင်ပင် အူတိုင်များမပျက်စီးသရွေ့ အသက်ရှင်နိုင်ပါသေးသည်။

သို့သော် အေးမြကြီးမားလှသော ခွန်ကောင်၏ အူတိုင်ကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။

ကမ္ဘာဦးသားရဲက အရွယ်အစားအလွန်မှ ကြီးမားသော်လည်း ၎င်း၏ အူတိုင်ကမူ ကောက်ညှင်းဆန် အရွယ်အစားလောက်သာ ရှိသည်။

သာမန်အခြေအနေတွင် ကမ္ဘာဦးသားရဲနှင့် တိုက်ပွဲဝင်သူသည် အစွမ်းကုန် တိုက်ပွဲဝင်နေရ၍ အူတိုင်ကို ရှာဖွေရန် အချိန်မရှိပေ။

ငွေရောင်လေးက မြေပြင်ပေါ်မှပုပ်ပွနေသော ရွှံ့နွံများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဆရာလေးလင်းသာ ဆိုလျှင် ဤအကောင်မျိုးကို ကိတ်မုန့်ကဲ့သို့ အသာလေး ဖဲ့ပစ်လိုက်မည်ဖြစ်သည်။

သူက ဆရာလေးလင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က အရိုက်ခံရပုံကို မှတ်မိသေးသည်။

ထိုအချိန်က ဆရာလေးလင်းက အားကစားဂျက်ကင် အင်္ကျီကိုဝတ်ဆင်ထားပြီး သားရဲပုံစံ အသွင်ပြောင်းထားသည့်သူ့ကို ခပ်အေးအေးပင် ပါးရိုက်ပစ်ခဲ့၏။

ငွေရောင်လေးက ထိုအခိုက်အတန့်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးသည်။

သူက ဒေါသကိုမခံစားရသလို နာကျင်မှုကိုလည်း မခံစားခဲ့ရပေ။

ထိုအစား အရိုက်ခံရပြီးနောက်တွင် ထိုပြင်းထန်သော ဖိနှိပ်မှုကိုစွဲလမ်းကာ စိတ်လှုပ်ရှားနေခဲ့သည်။

ဆိုရလျှင် ဆရာလေးလင်းကို ထိုအချိန်မှစ၍ သူ့စိတ်ထဲတွင်သခင်အဖြစ် သတ်မှတ်ထားခဲ့သည်။

ငွေရောင်လေးက ထိုအကြောင်းကို ပြန်တွေးမိကာ ဆရာလေးလင်း၏ ပါးရိုက်ချက်ကို လွမ်းဆွတ်နေမိသည်။

“ဆရာလေးလင်းက ဘယ်အချိန် ငါ့ကို ပြန်ရိုက်ဦးမှာလဲ”

ထိုအချိန်တွင် အင်မော်တယ်ကျန်းရွမ်က ငါးဖမ်းသမား၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီ ဖြစ်သော ခွန်ကောင်လေးကိုကြည့်ရှုခဲ့သည်။

ဤခွန်ကောင်ငယ်လေးက ငါးမျှားကြိုးသာ မတပ်ထားလျှင် ရန်လိုချင်ပုံမရပေ။

ယခုအခါတွင် ငါးမျှားကြိုးပြတ်တောက်သွားပြီ ဖြစ်၍ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။

တန်ဖိုး၃ပါး ကွဲအက်တူ၏ လုပ်ဆောင်ချက်သည် ပြိုင်ဘက်၏ ဒေါသကို လျော့ပါးစေပြီး ပြိုင်ဘက် အစုအဝေးကို အတင်းအကျပ် အားနည်းသွားစေသည့် အကျိုးသက်ရောက်မှုရှိသည်။

ဤအကျိုးသက်ရောက်မှု အခြေအနေ လုံးဝ ပျောက်ကွယ်မသွားခင် အင်မော်တယ်ကျန်းရွမ်သည် ခွန်ကောင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ သွေးလရောင် ဓားသွားချပ်ပြားကို ဆက်လက် အသုံးပြုခဲ့သည်။

အူတိုင်ကို ရှာမတွေ့သည့်အတွက် ဤခွန်ကောင်ငယ်လေးကို ပျက်စီးအောင် ဆက်လုပ်ဖို့သာ လိုသည် မဟုတ်ပါလော။

ထို့ပြင် ဤခွန်ကောင်ငယ်လေးသည် အရွယ်ရောက်ပြီးသောခွန်ကောင်ကဲ့သို့ မိမိကိုယ်ကို ကုသနိုင်စွမ်းမရှိပေ။

တန်ဖိုး၃ပါးကွဲအက်တူ၏ သက်ရှိသတ္တဝါအားလုံး သာတူညီမျှဖြစ်သည် ဟူသောလုပ်ဆောင်ချက်ကြောင့် အရာအားလုံးကိုထိန်းချုပ်ထားနိုင်ပြီဟု အင်မော်တယ်ကျန်းရွမ် ခံစားမိခဲ့သည်။

“မင်းရဲ့အထဲမှာ ဘာရှိလဲဆိုတာ ငါသေချာရှာဖွေကြည့်ရမယ်”

အင်မော်တယ်ကျန်းရွမ်က မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူက တိကျသောဖြတ်တောက်မှုကို လုပ်ဆောင်ရန် သွေးလရောင်ဓားသွားချပ်ပြားကို ဂရုတစိုက် ထိန်းချုပ်ခဲ့သည်။

ခွန်ကောင်လေးက နာကျင်စွာအော်ဟစ်ပြီး ထွက်ပြေးရန် ပြင်လိုက်လျှင် အင်မော်တယ်ကျန်းရွမ်က သံတူဖြင့် တစ်ချက် ထုရိုက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်ရလျှင် ထွင်ထျန်းဟာက စိတ်နှလုံးတုန်လှုပ်သွားခဲ့သည်။

သူက ဝမ်လင်း၏ မှော်လက်နက် မည်မျှ ကြောက်စရာကောင်းသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရလျှင် သက်ပြင်းချလိုက်သည်။

သွေးလရောင် ဓားသွားချပ်ပြားက ဆက်လက် ဖြတ်တောက်လိုက်သောအခါ ပထမအရေပြား အလွှာသည် နောက်ဆုံးတွင် ကွဲသွားခဲ့သည်။

ကျန်းရွမ်နှင့် ထွင်ထျန်းဟာတို့က ခွန်ကောင်ငယ်လေး၏ ကိုယ်ထဲတွင် အခြားအရာများကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု အစပိုင်းတွင် တွေးထားခဲ့ကြသည်။

အဆုံးသတ်တွင် ခွဲစိတ်မှုအပြီး၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။

ခွန်ကောင်ငယ်လေး၏ခန္ဓာကိုယ်ထဲတွင် နောက်ထပ် ခွန်တစ်ကောင် ရှိနေခဲ့သည်။

အင်မော်တယ်ကျန်းရွမ် “???”

ထွင်ထျန်းဟာ “???”

ငွေရောင်လေး “???”

ရုပ်သေးမှော်စွမ်းရည်ကို အထောက်အပံ့ဖြစ်စေမည့် ဂူကောင်အဖြစ် ထည့်သွင်းရန် ခွန်တစ်ကောင်ကို အပူပေး၍ ထည့်သွင်းထားပုံရသည်။

“ဒါက ဘယ်လိုလုပ်ဆောင်ချက်မျိုးပါလိမ့်.. စီနီယာခွေး.. ငါထပ်ပြီးလုပ်ကြည့်ပါဦးမယ်”

ထို့နောက် ကျန်းရွမ်က ဒုတိယအရေပြားအလွှာကို ဖြတ်ရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။

ယုံကြည်ဖို့ ခဲယဉ်းသော်လည်း သူတို့က အမှန်တကယ် မြင်ခဲ့ရသည်။

ဤဒုတိယခွန်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင်းလည်း တတိယမြောက်ခွန်ကောင်ကို တွေ့လိုက်ရပြန်သည်။

ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က အံ့အားသင့်သွားသည်။

“ဒါက အပင်းထည့်ထားတဲ့ အရုပ်များလား”

[ခန္ဓာကိုယ်ထဲ ဂူကောင်ထည့်တယ်ဆိုတာ အပင်းထည့်တာကိုပြောပုံရပါသည်]

အပိုင်း(၆၄၃) ပြီး၏

All Chapters