← Chapters

စစ်ပွဲသူတော်စင်ကျန်းလဲ့

Vol. 32 Ch. 478

စစ်ပွဲသူတော်စင်ကျန်းလဲ့

Vol. 32 Ch. 478

ဟုတ်ပါသည်။ ဖိုးဖိုးဝမ်က "သင်းကွပ်"ဖို့ အဆိုကို ခပ်ပေါ့ပေါ့ပြုခဲ့သည်။

ဤခေတ်တွင် ဝိညာဉ်သားရဲများသည် ယခင်ကနှင့် မတူဘဲ ဝိညာဉ်ရေးအသိဥာဏ်များ ရှိကြသည်။

အသိဉာဏ်ရှိသော ဝိညာဉ်သားရဲသည် ၎င်းတို့၏ စိတ်ခံစားချက်အပေါ်လိုက်၍ မဆင်မခြင် ပြုမူခြင်းကို ရှောင်ရှားလိမ့်မည်သာ။

မဟုတ်လျှင် ၎င်းတို့က အရုပ်ခွေးကလေးများနှင့် ခြားနားတော့မည် မဟုတ်ပေ။

ဖိုးဖိုးဝမ် အဓိကစိုးရိမ်နေသည်မှာ ထွင်ထျန်းဟာက ဤရက်ပိုင်းတွင် မနက်ကနေ ညအထိ အပြင်ထွက်နေသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဖြစ်ရပ်တွင် ထွင်ထျန်းဟာ တစ်နည်းတစ်ဖုံ ပါဝင် ပတ်သက်နေကြောင်း ဖိုးဖိုးဝမ် သိထားခဲ့သည်။

ယခုအချိန်ထိ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ခေါင်းဆောင်ကို မဖမ်းမိသေးပေ။

အကယ်၍ ထိုအဖွဲ့က ထွင်ထျန်းဟာကို လက်စားချေလျှင် မခက်ပေလော။

လူ့အဖွဲ့အစည်းတွင် မိတ်ဆွေဖွဲ့ရာ၌ မှားယွင်းသည့် သာဓကများစွာ ရှိခဲ့သည် မဟုတ်ပါလား။

ဖြူစင်သော ခွေးနှစ်ကောင်ကို တွေ့ရုံဖြင့် လမ်းလွဲနေသည်ဟု မည်သူမှ သိနိုင်မည် မဟုတ်ပေ။

ဖိုးဖိုးဝမ်၏ စိတ်ကိုဖတ်ရင်း ဝတ္ထုရေးရာတွင် ဖေဖေဝမ်၏ အရည်အချင်းသည် ဖိုးဖိုးဝမ် ထံမှ အမှန်တကယ် အမွေဆက်ခံခဲ့ကြောင်း ဝမ်လင်း သဘောပေါက်သွားသည်။

လူတစ်ဦးသည် အသက်ကြီးလေလေ ပေါက်ကရအတွေးများ ပေါ်ပေါက်လာလေလေ ဖြစ်သည်။

ချွေးမတစ်ဦးကို ရွေးချယ်ရာတွင်ပင် ဖိုးဖိုးဝမ်သည် ဖေဖေဝမ်အတွက် "မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်"ကို ရွေးချယ်ခဲ့သည်။

"အဖေ ကိုယ့်ဘာသာ လုပ်စရာရှိတာ လုပ်ပါ.. သမီး နောက်မှ ထွင်ထျန်းဟာကို ရှာဖို့ လင်းလင်းကို ခိုင်းလိုက်မယ်"

ဖိုးဖိုးဝမ်၏ မျက်နှာပေါ်မှ စိတ်ပူနေသော အရိပ်အယောင်ကို မြင်လိုက်ရလျှင် မေမေဝမ်က နှစ်သိမ့်ပေးလိုက်သည်။

ထိုခဏတွင် ဖိုးဖိုးဝမ်က စျေးသို့ သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် သူမက အပေါ်ထပ်သို့ လှည့်ကာ ဝမ်လင်းကို ကြည့်လိုက်သည်။

ဝမ်လင်းက ထွင်ထျန်းဟာကို မရှာ၍ မရတော့မှန်း ချက်ချင်းသိလိုက်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူက ဘာသာရပ် နှစ်ခု ပြီးသွားခဲ့ပြီ ဖြစ်သည်။

တနင်္လာနေ့တွင် ဖြေဆိုရမည့် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များကို အေးအေးဆေးဆေး ဖြေဆိုနိုင်သည်ဟု သူခံစားခဲ့ရသည်။

ထို့ကြောင့် ဤစနေနေ့တွင် ထွင်ထျန်းဟာကို ရှာဖွေရန်အတွက် အချိန်များစွာ ရနေခဲ့သည်။

တကယ်တမ်းတွင် ထွင်ထျန်းဟာကို ရှာရသည်က အလွန် လွယ်ကူ၏။

သူ့အနေဖြင့် ဝိညာဉ်သားရဲစာချုပ်ကို အသုံးပြုနေသမျှ ကာလပတ်လုံး ထွင်ထျန်းဟာ၏ ယေဘုယျ တည်နေရာကို အလွယ်တကူ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် အခုအချိန်တွင် ထွင်ထျန်းဟာကို ရှာဖွေသည်က အရေးကြီးသည့် အချက် မဟုတ်ဟု သူခံစားခဲ့ရသည်။

ထိုအစား ထွင်ထျန်းဟာ လျှို့ဝှက်ထားသော အကြောင်းအရာက ပို၍ အရေးကြီးသည် မဟုတ်ပါလား။

ပျင်းရိသည့် ခွေးတစ်ကောင်က ရုတ်တရက် တက်ကြွလာပြီး နေ့တိုင်း မနက်ကနေ ညအထိ အပြင်ထွက်နေသည်။

ထို့အပြင် အဆိုးဆုံးမှာ ငွေကို ဖြုန်းတီးရန် သင်ယူခဲ့ခြင်း ဖြစ်သည်။

ဤခွေးက လိမ်မာပါးနပ်သည့် ခွေးမှန်း သူ မသိထားလျှင် ခွေးမတစ်ကောင်ကို အပြင်မှာ ဖွံကြောင်နေသည်ဟု အမှန်တကယ် တွေးမိလိမ့်မည် ဖြစ်သည်။

ဝမ်လင်း သက်ပြင်းချလိုက်သည်။

တကယ်တမ်းတွင် မေမေဝမ်နှင့် ဖိုးဖိုးဝမ် ဘာမှ မပြောလျှင်ပင် သူကိုယ်တိုင် တစ်ခုခု လုပ်မိလိမ့်မည်သာ။

သို့သော် သူ့အနေဖြင့် ထွင်ထျန်းဟာ လျှို့ဝှက်ထားသောအကြောင်းအရာကို ရှာဖွေရပေမည်။

ထွင်ထျန်းဟာက မနက်ခင်းတွင် အပြင်ထွက်သည်။

ဝမ်မိသားစု၏ အိမ်ငယ်လေးက ဝေးကွာသော အရပ်တွင် ရှိနေသောကြောင့် ဝေ့ကျစ်နှင့် တွေ့ဆုံရန်အတွက် နံနက်ခင်းတွင် ပထမဆုံးသော ဝိညာဉ်ဘတ်စ်ကားကို စီးသွားရသည်။

ဝိညာဉ်ဘတ်စ်ကားသည် လမ်းတစ်လျှောက်တွင် ခရီးသည်များကို တင်ခေါ်သွားသည်။

မြေအောက်ရထားမှလွဲ၍ အခြား သယ်ယူပို့ဆောင်ရေး ယာဉ်များ အားလုံးသည် နေရာလွတ် ချဲ့ထွင်ခြင်း မှော်စွမ်းရည်ကို အသုံးမပြုထားကြပေ။

ထွင်ထျန်းဟာ အတွက် ဝိညာဥ်ဘတ်စ်ကားကို စီးရသည်က အတော်လေး အဆင်ပြေတဲ့ ရွေးချယ်မှု ဖြစ်သည်။

သူက လုပ်ရိုးလုပ်စဉ် အတိုင်း ကားထဲသို့ အလျင်အမြန်ပြေးဝင်ပြီး ခုံးအောက်တွင် ပုန်း၍ လိုက်လာခဲ့သည်။

ထို့နောက် ဆင်းခါနီးတွင် ထိုင်ခုံအောက်၌ အကြွေစေ့အနည်းငယ်ကို ချန်ထားခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေးမှ ဝေ့ကျစ်၏ တိုက်ခန်းသို့ တိုက်ရိုက် ရောက်ရှိရန် ဓားပျံစီးလာလျှင် ဆယ့်ငါးမိနစ်ခန့် အချိန်ယူရမည် ဖြစ်သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဝိညာဥ်ဘက်စ်ကားသည် နှေးကွေးနေပါသေးသည်။

ထွင်ထျန်းဟာက ဝေ့ကျစ်၏ တိုက်ခန်းသို့ ရောက်ရန် တစ်နာရီခွဲ အပြည့် ကြာခဲ့သည်။

တိုက်ခန်း အောက်ထပ်သို့ ရောက်လျှင် ထွင်ထျန်းဟာက ချုံပုတ်ထဲ ဝင်ကာ ဝေ့ကျစ်ကို စာပို့လိုက်သည်။

သူက အဘယ်ကြောင့် ချုံပုတ်ထဲ ဝင်ရသနည်း။

ဆဲလ်ဖုန်းနှင့် စကားပြောနေသည့် အစိမ်းရောင် အာကီတာတစ်ကောင်ကို တစ်ယောက်ယောက်ကသာ တွေ့သွားခဲ့လျှင် ယင်းက ဆန်းကြယ်သော သတင်းတစ်ပုဒ် ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ထွင်ထျန်းဟာက အလွန်ပင် သတိထားနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခင်က လုံခြုံရေး အစောင့်များကို မတွေ့ရတော့ဘဲ ပင်မဝင်ပေါက်အား တင်းတင်းကြပ်ကြပ် စောင့်နေသော လုံခြုံရေး အစောင့်သစ်များကို သတိပြုမိခဲ့သည်။

အသိမိတ်ဆွေများ အနေဖြင့် ဆင်းလာ၍ မကြိုသ၍ တိုက်ခန်းဝင်ခွင့်ကတ် မပါဘဲ မည်သူမှ ဝင်၍ မရပေ။

ယခင်က အရိုးနဂါးပိုင်ရှင် နှင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် လုံခြုံရေးအစောင့်များကို ဆေးလိပ်တိုက်၍ တိုက်ခန်းထဲသို့ ဖောက်ထွင်း ဝင်ရောက်ခဲ့သည် မဟုတ်ပါလား။

လက်ရှိ တိုက်ခန်းလုံခြုံရေး အစောင့်များသည် ဂိတ်တံခါးကို တန်ခိုးကြီး အံ့ဖွယ်ဘုရားအား စောင့်ကြပ်သကဲ့သို့ အလွန်တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။

မက်ဆေ့ချ် ပေးပို့ပြီးနောက်တွင် ထွင်ထျန်းဟာက ချုံပုတ်ထဲမှထွက်ပြီး ဝင်ပေါက် တံခါးနားတွင် ဝေ့ကျစ်ကို စောင့်ဆိုင်းနေခဲ့သည်။

လုံခြုံရေး တဲထဲမှ လုံခြုံရေး အစောင့်နှစ်ယောက်သည် တိုက်ခန်းဝင်ပေါက်၌ အမွေးစိမ်း ခွေးတစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရလျှင် ၎င်းတို့၏ မျက်လုံးများ အေးသွားသလို ခံစားလိုက်ရသည်။

တာဝန်ကျ လုံခြုံရေးအစောင့်နှစ်ဦးသည် ထွင်ထျန်းဟာနှင့်ပတ်သက်၍ လုံခြုံရေးတဲ ထဲတွင် စကားစမြည် ပြောဆိုနေကြသည်။

"ဒီခွေးရဲ့အရောင်က အရမ်းထူးဆန်းတယ်"

"အနည်းဆုံးတော့ မျက်စိအေးတာပေါ့"

"ကြည့်စမ်း.. သူငါတို့ကို စိုက်ကြည့်နေတယ်ဟ"

"ဒါဘယ်သူ့ခွေးများလဲ"

"ချစ်ဖို့ကောင်းလိုက်တာ.. ခေါ်ထားလိုက်ရအောင်"

"ပြဿနာ မဖြစ်စေနဲ့..

အကယ်၍ တိုက်ခန်းက ခွေးဆိုရင် သူ့ရဲ့ ပိုင်ရှင်က အောက်ထပ်ကို ဆင်းလာလိမ့်မယ်.. ငါတို့ အရှေ့က လုံခြုံရေး အစောင့်တွေက ပေါက်လွှတ်ပဲစား ဝင်ခွင့်ပေးခဲ့တဲ့ အတွက် အလုပ်ထုတ်ခံခဲ့ရတယ်.. စစ်တပ်က အရာရှိဟောင်းတောင်မှ စွဲချက်တင်ပြီး အလုပ်ထုတ်ခံခဲ့ရတယ်"

ထို့နောက်တွင် ထွင်ထျန်းဟာကို ခေါ်ထားလိုသော လုံခြုံရေး အစောင့်သည် ချက်ချင်း နှုတ်ဆိတ်သွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ဤတိုက်ခန်းသည် သာမန်နေရာမဟုတ်၍ သူတို့က အခကြေးငွေများစွာ ရခဲ့သည်။

လုံခြုံရေးအစောင့်များပင် ဖြစ်သော်လည်း ၎င်းတို့အားလုံးသည် စစ်တပ်မှ ဆင်းသက်လာခဲ့ကြသော အရည်အချင်းရှိ စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။

ယခင် လုံခြုံရေးအစောင့်များသည် စီးကရက်တစ်ဗူးဖြင့် ဝင်ခွင့်ပြုလိုက်ရာမှ အမှားအယွင်း လုပ်မိခဲ့၏။

ထိုနေ့မွန်းတည့်ချိန်က လုံခြုံရေးအစောင့်သည် အသည်းကွဲကာ စိတ်ဓာတ်ကျနေသဖြင့် အရက်သောက်နေခဲ့သည်။

သူက ထိုရက်တွင် အလုပ်ကို လုံးဝ စိတ်မဝင်စားခဲ့ပေ။

တိုက်တိုက်ဆိုင်ဆိုင် ထိုရက်မှာပင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပျက်သွားလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

တိုက်ခန်းက ဗိုလ်ချုပ်ကျန်းနှင့် တိုက်ရိုက် ပတ်သက်နေ၍ မည်သူမှ ဘာမှ မပြောရဲပေ။

တကယ်တမ်းတွင် ၎င်းတို့အတွက် အလုပ်ထုတ်ခံရခြင်းသည် အလွန်ပေါ့ပါးသော ပြစ်ဒဏ်ဟုပင် ယူဆနိုင်ပေသည်။

ဝေ့ကျစ် နေထိုင်သည့် တိုက်ခန်းတွင် ဗိုလ်ချုပ်ကျန်း၏ အထောက်အထားသည် အမှန်တကယ် လျှို့ဝှက်ချက် မဟုတ်ပေ။

ဤလူက ဓားသူတော်စင်ဟု ကျော်ကြားသည့် ဗိုလ်ချုပ်ရီ နှင့် ပုခုံးချင်း ယှဥ်နိုင်သည့် ဗိုလ်ချုပ်ကျန်း ဖြစ်သည်။

ထိုအချိန်က နတ်ဆိုးဘုရင်ကို လက်သီးတစ်ချက်ထဲဖြင့် ထိုးသတ်ခဲ့သည့် စစ်ပွဲသူတော်စင် ဖြစ်ခဲ့သည်။

ထို့ကြောင့် လုံခြုံရေးတစ်ဖွဲ့လုံးကို အလုပ်ထုတ်သည်က သူ့အတွက် ဘာမှမဟုတ်ပေ။

၎င်းတို့၏ စစ်တပ်မှာ ရှိခဲ့သည့် မှတ်တမ်း အားလုံးကို ဖျက်ပစ်ချင်လျှင်ပင် စကားတစ်ခွန်းသာ ပြောဖို့ လိုပေသည်။

လုံခြုံရေးအစောင့်နှစ်ယောက်က ထိုကိစ္စကို တွေးရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ယင်းအချိန်တွင် ထွင်ထျန်းဟာ၏ နောက်ဘက်တွင် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထွင်ထျန်းဟာကလည်း ၎င်းအပေါ်တွင် အရိပ်တစ်ခု ပေါ်လာသည်ကို သတိပြုမိသည်။

သူက ခေါင်းကို လှည့်ကြည့်လိုက်ရာ အဖိုးအို တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။

အဖိုးအိုက စွပ်ကျယ်လက်ပြတ် နှင့် ခေါင်းလောင်းဘောင်းဘီကို ၀တ်ဆင်ထားပြီး ခါးတွင် သော့တစ်ချောင်းကို ချိတ်ဆွဲထားသည်။

"ဝတ်စားထားတာက အရင်အတိုင်းပဲ"

ထွင်ထျန်းဟာ အံသြသွားသည်။

ဤအဖိုးကြီးက ရေမီတာ လာဖတ်သည့် အဖိုးအို ဖြစ်သည်။

ဝေ့ကျစ်က အဖိုးအို ဘယ်သူဘယ်ဝါ ဆိုသည်အား ရှင်းပြခဲ့သည်ကိုလည်း သူ မှတ်မိပါသေးသည်။

အဖိုးအိုက ဤတိုက်ခန်း၏ မြေပိုင်ရှင် ဖြစ်ပြီး နိုင်ငံ တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည့် စစ်ပွဲသူတော်စင် ဗိုလ်ချုပ် ကျန်းလဲ့ ဖြစ်သည်။

ထွင်ထျန်းဟာကို မြင်သည်နှင့် ဗိုလ်ချုပ်ကျန်းက မျက်ခုံးပင့်လိုက်သည်။

သူက ထွင်ထျန်းဟာကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

"ငါ မင်းကို မှတ်မိတယ်... မင်းက ကျစ်လေး သူငယ်ချင်းမဟုတ်လား"

"ဝေ့ကျစ်ကို ပြောတာလား"

"ဘာဝေ့လဲ ဘာကျစ်လဲ"

"ဝေ့ကျစ်လေ"

"ဘာဝေ့လဲ ဘာကျစ်လဲ"

ထွင်ထျန်းဟာ "................"

All Chapters