← Chapters

ကောင်းကင်ဖွတ်ဖွတ်ကြေငိုကြွေးသံ

Vol. 53 Ch. 782

ကောင်းကင်ဖွတ်ဖွတ်ကြေငိုကြွေးသံ

Vol. 53 Ch. 782

ဝူကျန်းကျွင်း၏ ကောင်းကင်ငိုကြွေးသံ မှော်စွမ်းရည်သည် ဒေါသဓမ္မရာဂျာကို ကျော်ကြားစေခဲ့သည့် ထူးခြားသောနည်းစနစ်တစ်ခု ဖြစ်သည်။

အစောပိုင်းက စကားအပြန်အလှန် ပြောဆိုနေစဉ်တွင် ဝမ်မင်သည် ဝူကျန်းကျွင်း၏ အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာရန် ဝမ်လင်း1ကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။

နိုင်ငံခေါင်းဆောင်001၏ မိုက်ခရိုချစ်ပ်ရှိ ကမ္ဘာလုံးဆိုင်ရာ ဒေတာဘေ့စ်ကို ကြည့်ရင်း ဝမ်မင်က ဝူကျန်းကျွင့်၏ အတိတ်မှ တိုက်ပွဲများနှင့် ပတ်သက်သည့် အချက်အလက်များကို လွယ်ကူစွာ စုံစမ်းနိုင်ခဲ့သည်။

ထို့ကြောင့် ဝူကျန်းကျွင်း၏ အကောင်းဆုံးစွမ်းရည်ကို နားလည်ရန် ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်နိုင်ခဲ့သည်။

ကောင်းကင်ငိုကြွေးသံ မှော်စွမ်းရည်သည် အဆင့်၄ အသံလှိုင်းမှော်စွမ်းရည်တစ်ခု ဖြစ်သည်။

ဤသည်မှာ ဝူကျန်းကျွင်း၏ အစွမ်းထက်ဆုံး နည်းစနစ်တော့မဟုတ်ပေ။

၎င်းက ဝူကျန်းကျွင်း အကျွမ်းကျင်ဆုံး နည်းစနစ်များထဲမှ ပဉ္စမမြောက်နေရာတွင်သာ ရှိသည်။

အရေးပါသောအချက်မှာ ထိုနည်းစနစ်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်မှ ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

ဝမ်လင်း1က ကမ္ဘာလုံးဆိုင်ရာ ဒေတာဘေ့စ်မှ တစ်ဆင့် ယခင်က လူမြင်ကွင်းတွင် ဝူကျန်းကျွင်း အသုံးပြုခဲ့သည့် နည်းစနစ်အားလုံးကို အလွယ်တကူ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် ဝူကျန်းကျွင်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်နှင့် ဝမ်မင်က တိကျမြန်ဆန်သော တုံ့ပြန်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။

ဝမ်လင်း1တွင် မြင်နေရသော အရာများကို ပိုမို ပြတ်သားစွာမြင်နိုင်သည့် အစွမ်းထက်စွမ်းရည် ပါရှိသည်။

ထို့ကြောင့် ဝမ်မင်၏ အမြင်တွင် ကောင်းကင်ငိုကြွေးသံနည်းစနစ်မှ ဖြစ်ပေါ်လာသော နဂါးပြာသည် အလွန်ပင် နှေးကွေးနေခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် နဂါးပြာ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ဘေးဘက်သို့ အပြည့်အဝ ရွှေ့နိုင်ပေသည်။

သို့ရာတွင် သူက ထိုသို့လုပ်ရန် မရွေးချယ်ခဲ့ပေ။

လေထဲတွင် ပျံဝဲနေရင်း သူ၏ လက်ဝါးကို ဖွင့်လိုက်သည်။

သူ့လက်ချောင်းများ တစ်ဝိုက်တွင် လျှပ်စစ်သံလိုက်လှိုင်း တစ်ခုလို တောက်ပနေသည့် အရာတစ်ခု ဖြစ်ပေါ်လာပြီး သံလိုက်ဒိုင်း တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် နဂါးပြာသည် သံလိုက်လှိုင်းကို ထိမှန်သွားခဲ့သည်။

တဖောက်ဖောက်အသံနှင့် မရေမတွက်နိုင်သော မီးပွားများ ထွက်ပေါ်လာသည်။

လူတိုင်းထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဝမ်မင်သည်သံလိုက်ဒိုင်းကို အသုံးပြု၍ ဝူကျန်းကျွင်း၏ တိုက်ခိုက်မှုကို အပြည့်အဝ တားဆီးနိုင်ခဲ့သည်။

ထို့နောက်တွင်မူ ဝမ်မင်က သက်ပြင်းတစ်ချက်ချကာ ဝူကျန်းကျွင်းကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“မင်းရဲ့အင်အားကို ၅၀%ပဲ သုံးခဲ့တာလား”

“ဆရာဝမ်.. အခုနေ ရပ်လိုက်ရင် ကောင်းမယ်လို့ထင်တယ်”

ဝူကျန်းကျွင်းက သူ့အသံကိုနှိမ့်၍ ပြောလိုက်သည်။

သို့သော် သူ့အမြင်တွင် ဝမ်မင်၏ စက်ရုပ်ချပ်ဝတ်တန်ဆာသည် တကယ်ကို တစ်ခုခုပင်။

၎င်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို အပြင်းအထန် ဒဏ်ရာရအောင် ပြုလုပ်နိုင်သည့် သူ၏မှော်စွမ်းရည်ကိုပင် ပိတ်ဆို့နိုင်ခဲ့သည် မဟုတ်ပါလော။

ဝူကျန်းကျွင်းက ဝမ်မင်၏ တီထွင်မှုကို အမှန်တကယ် လျော့တွက်ခဲ့မိကြောင်း ဝန်ခံရပေမည်။

သို့သော်လည်း ဝမ်မင်က သူ၏တိုက်ခိုက်မှုကို မကျေနပ်သေးကြောင်း ကြားလိုက်ရသောအခါ သူအနည်းငယ် စိတ်တိုသွားခဲ့သည်။

“ဝူကျန်းကျွင့်.. ဒီတိုက်ပွဲကို မင်းအလေးအနက်ထားပြီး တိုက်ဖို့ မျှော်လင့်ပါတယ်.. မဟုတ်ရင်တော့ မင်းရဲ့ ကျောင်းသားတွေရှေ့မှာ မင်းမျက်နှာပျက်အောင် ငါလုပ်မိလိမ့်မယ်”

ဝမ်မင်က သူ့ကို လေထဲမှ သတိပေးလိုက်သည်။

နောက်ထပ် အခိုက်အတန့်မှာပင် ဝမ်မင်က လက်ကို မြှောက်လိုက်သည်။

ဤသည်မှာ ဝမ်လင်း1က ဝူကျန်းကျွင့်တွင် ခြေရာခံလော့ခ်ကို ချလိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဝမ်မင်၏ လက်ဝါးကနေ အမြှောက်ကျည် တစ်တောင့် ထွက်ပေါ်လာခဲ့ပြီး နဂါးအပြာရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်မှာပင် မရေမတွက်နိုင်သောအသံများက ထွက်ပေါ်လာသည်။

“ဘာလဲဟ.. ဒါက ကောင်းကင်ငိုကြွေးသံ မှော်စွမ်းရည် မဟုတ်ဘူးလား.. ဒီချပ်ဝတ်တန်ဆာက အဲဒီ မှော်စွမ်းရည်ကို အတုခိုးနိုင်တာလား.. ဒါက ကူးစူးမူရုံရဲ့ သူ့အရိုးနဲ့ သူပြန်ထိုး သလိုမျိုးလား.. ဒါက ရောင်ပြန်ဟပ်ဒိုင်းပဲ.. ဒါက တကယ့်ကိုရောင်ပြန်ဟပ်ဒိုင်းပဲ”

ဤတိုက်ခိုက်မှုသည် ဝူကျန်းကျွင်းကို ခြောက်လှန့်နိုင်ခဲ့သည်။

ဒေါသဓမ္မရာဂျာက ဤနည်းစနစ်ကို သူ့ထံ လွှဲပြောင်းပေးလိုက်သောအခါတွင် ဝူကျန်းကျွင်းသည် နည်းစနစ်ကို အသုံးပြုနိုင်ရန်အတွက် အလွန်ရှုပ်ထွေးသော ဖော်မြူလာများကို အချိန်အတော်ကြာ လေ့လာခဲ့ရသည်။

သို့တိုင် ဤစက်ရုပ်ချပ်ဝတ်တန်ဆာကတော့ တစ်ခဏအတွင်း အတုခိုးနိုင်ခဲ့သည်။

၎င်းတွင် သူ၏အသံလှိုင်း မှော်စွမ်းရည်ကို အမှန်တကယ်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိနေပါသလော။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

ဝူကျန်းကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူက အသံလှိုင်းမှော်စွမ်းရည်ကို ကျွမ်းကျင်၍ ၎င်းကိုအသုံးချနိုင်သကဲ့သို့ ဖယ်ရှားနည်းကိုလည်း ကောင်းစွာသိသည်။

အသံလှိုင်းမှော်စွမ်းရည်ကို ဖယ်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ ထုတ်လွှင့်မှုကြားခံကို ပြောင်းလဲရန် ဖြစ်သည်။

“စကြဝဠာဖုန်မှုန့်ပစ်လွှတ် မှော်စွမ်းရည်”

ဝူကျန်းကျွင်းက လက်ဟန် စည်းတံဆိပ်တစ်ခုကို အလျင်အမြန်ပြုလုပ်ကာ အသံကုန် အော်ဟစ်လိုက်သည်။

အနက်ရောင်အလင်းတန်း တစ်ခုက ကျယ်လောင်သော အသံနှင့်အတူ လွင့်ပျံလာပြီး နဂါးပြာကို လေထဲတွင် ချိန်ရွယ်ထားလိုက်သည်။

ဤသည်က နောက်ထပ် အဆင့်မြင့် မှော်စွမ်းရည်တစ်ခု ဖြစ်သည်။

“ဒါက…”

ကျောင်းသားများနှင့် ဆရာများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

ဤအရာက လေထု၏အစိတ်အပိုင်းတစ်ခုကို ဖန်တီးထားသည်နှင့် ဆင်တူသည်။

သို့သော် ၎င်းက အာကာပြင် အကွဲအပြဲ မဟုတ်သလို အာကာပြင် မုန်တိုင်းလည်း မဟုတ်ပေ။

၎င်းက အသံလှိုင်းမှော်စွမ်းရည်ကို တန်ပြန်ရန် အထူးပြုလုပ်ထားသည့် ကန့်သတ်မှော်စွမ်းရည် ဖြစ်သည်။

ထိုမှော်စွမ်းရည်က အသံလှိုင်း ဖြတ်သန်းသွားသော ကြားခံနယ်ကို တွန်းအားပေး ပြောင်းလဲနိုင်ကာ အဆုံးသတ်တွင် ဂွမ်းကိုထိုးသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

ဆိုရလျှင် အသံလှိုင်းမှော်စွမ်းရည်က လုံးလုံးလျားလျားပင် ပျက်စီးသွားနိုင်၏။

“ဆရာဝမ်က ငါ့ရဲ့တိုက်ခိုက်မှုကို တန်ပြန်ဖို့အတွက် ငါ့မှော်စွမ်းရည်ကိုပဲ အသုံးပြုခဲ့တယ်.. ဒါက ငါ့အပေါ် အရမ်းအထင်သေးနေတယ်လို့ မထင်ဘူးလား”

ဝူကျန်းကျွင်းက အော်ဟစ်လိုက်သည်။

ထိုစကားကိုကြားလျှင် ဝမ်မင်က ရယ်မော၍ ပြန်ပြောလိုက်သည်။

“ဝူကျန်းကျွင်း. မင်းငါ့ထောင်ချောက်ထဲကို ကျသွားပြီ”

ဝူကျန်းကျွင်း “???”

ထိုအချိန်မှာပင် စကြဝဠာဖုန်မှုန့်ပစ်လွှတ် မှော်စွမ်းရည်မှ ဖန်တီးထားသည့် အနက်ရောင်နေရာလွတ်အတွင်းတွင် မှိန်ဖျော့သော အလင်းတန်းတစ်ခု မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်။

ထိုအလင်းတန်းက ကောင်းကင်ငိုကြွေးခြင်း၏ နဂါးပြာမှလွဲ၍ အခြားမဟုတ်ပေ။

ဆိုရလျှင် ဝူကျန်းကျွင်း၏ စကြဝဠာဖုန်မှုန့်ပစ်လွှတ် မှော်စွမ်းရည်က အောင်မြင်မှု မရရှိခဲ့ပေ။

ဝူကျန်းကျွင့်၏ မျက်နှာတွင် လုံးဝ နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤမြင်ကွင်းက သူ့ကို အမှန်တကယ် မှင်တက်စေခဲ့သည်။

ဤနည်းစနစ်က ဝမ်မင်၏ တိုက်ခိုက်မှုကို အလွယ်တကူချေမှုန်းနိုင်မည်ဟု သူထင်ခဲ့သော်လည်း အခြေအနေက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။

သူက လက်နှစ်ဖက်က်ကို အလျင်အမြန်မြှောက်၍ နဂါးပြာကိုခုခံလိုက်ရသည်။

ပေါက်ကွဲမှုကြောင့်ဘသူ၏လက်နှစ်ဖက်က ပြင်းထန်စွာ ထိမှန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်စင်သွားခဲ့သည်။

“ဆရာဝမ်ရဲ့ တိုက်ခိုက်မှုက တကယ်ကို ပြင်းထန်လွန်းတာပဲ”

ဤပေါက်ကွဲမှုအပြီးတွင် ဝူကျန်းကျွင်းက ပြဿနာဘယ်မှာရှိနေလဲ ဆိုသည်ကို သိလိုက်ပြီ ဖြစ်သည်။

ဝမ်မင် ထုတ်သုံးလိုက်သည့် မှော်စွမ်းရည်သည် သူ၏ ကောင်းကင်ငိုကြွေးသံ မှော်နည်းစနစ် လုံးဝ မဟုတ်ခဲ့ပေ။

“ဒါက မင်းရဲ့မှော်စွမ်းရည်မဟုတ်ဘူး.. စိတ်ဝိညာဉ်စွမ်းအားအမြှောက်ပဲ”

“ဒါကငါ့စက်ရုပ်ချပ်ဝတ်တန်ဆာရဲ့ အခြေခံအကျဆုံးလုပ်ဆောင်ချက်ပဲ”

စိတ်ဝိညာဉ်စွမ်းအား အမြှောက်သည် သက်ရောက်မှု အလွန်အားကောင်းသည်ဟု ဆိုရမည်။

တတိယအကြိမ် မွမ်းမံပြီးနောက် ဝမ်မင်သည် စိတ်ဝိညာဉ်စွမ်းအားအမြှောက်ပစ်လွှတ်ပြီးတွင် နောက်သို့ ကန်ထွက်တတ်သည့်ပြဿနာကို အပြီးအပိုင်ဖြေရှင်းခဲ့ပြီးဖြစ်သည်။

ယခုအခါ သူက အမြှောက်ကို အသက်သွင်းလိုက်သည်နှင့် ဝမ်လင်း1က လိုအလျောက် ပြန်လည်ချိန်ညှိပေးသည့် အတွက် နောက်သို့ကန်ထွက်သည့် သက်ရောက်မှုကိုလည်း လျော့ချနိုင်ခဲ့ပြီ ဖြစ်သည်။

“စိတ်ဝိညာဉ်စွမ်းအားအမြှောက်လား”

ဝူကျန်းကျွင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

“ဒါကဘာလို့ ငါ့ရဲ့ကောင်းကင်ငိုကြွေးသံ မှော်စွမ်းရည်နဲ့ တူနေရတာလဲ”

ထိုစကားကိုကြားလျှင် ဝမ်မင်က ရယ်မောလိုက်သည်။

“ငါရဲ့ စက်ရုပ်ချပ်ဝတ်တန်ဆာက မှော်စွမ်းရည်ရဲ့ အပေါ်ယံစွမ်းရည်ကို ခိုးယူနိုင်တယ်လေ.. ကောင်းကင်ငိုကြွေးသံ မှော်စွမ်းရည်က တော်တော်မိုက်တယ်လို့ ငါထင်ခဲ့တယ်.. ဒါကြောင့်ငါယူသုံးလိုက်တာပဲ”

ဝူကျန်းကျွင်း “……….”

လူတိုင်း “……….”

ခဏအကြာတွင် ဝူကျန်းကျွင့်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒီပေါက်ကွဲမှုက တကယ်ကို အစွမ်းထက်ပါတယ်.. ဒါပေမဲ့ ဒီလောက်လေးနဲ့ ငါ့ကိုနာကျင်အောင် လုပ်နိုင်မယ် ထင်နေရင်တော့ ဆရာဝမ် သိပ်နုံအလွန်းသွားပြီ”

ထိုစကားကိုကြားလျှင် ဝမ်မင်က အေးစက်စက် ရယ်မောလိုက်သည်။

“ဟုတ်ပါတယ်.. ငါမင်းကို နာကျင်အောင် လုပ်နိုင်မယ်လို့ မထင်ပါဘူး.. ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား အမြှောက်ရဲ့ ၂၀%လောက်က မင်းကို ဘယ်လိုလုပ် ပျက်စီးစေနိုင်မှာလဲ”

ဝူကျန်းကျွင်း “???”

အပိုင်း(၇၈၂) ပြီး၏

All Chapters