လွန်ခဲ့သောခြောက်နှစ်ခန့်က အမှန်တရား
Vol. 1 Ch. 10
ဝမ်လင်းအနေဖြင့် လွန်ခဲ့သော ၆နှစ်ကျော်ခန့်က ဖြစ်ပွားခဲ့သည့် မကောင်းဆိုးဝါး သောင်းကျန်းခဲ့သော အဖြစ်အပျက်ကို မမှတ်မိနိုင်သော်လည်း ကျိုးရီ၏ ရင်ထဲတွင်မူ ဤအဖြစ်အပျက်က မနေ့တစ်နေ့ကလို ဖြစ်နေသည်။
ထို့နေ့က အဖြစ်အပျက် အမှန်ကို ပြောရမည်ဆိုလျှင် ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး ရှုံးနိမ့်သွားပြီးနောက် ကျင့်ကြံသူ အုပ်စု တစ်စု ရောက်လာခဲ့သည်။
သူတို့ ရောက်ရှိလာချိန်တွင် ဖားပြုပ်ကြီး၏ အဖြူရောင် ဝမ်းဗိုက်ပေါ်၌ သွေးယိုစီးကျနေသော အပေါက်ကြီး တစ်ပေါက် ဖြစ်နေပြီး ဖားပြုပ်ကြီးကမူ သေဆုံးနေသည်။
ဤသည်ကား အဆင့်ငါး မကောင်းဆိုးဝါးကြီး ဖြစ်ပြီး မကောင်းဆိုးဝါး ဘုရင်ကြီးလည်း ဖြစ်သည်။
သို့ဆိုလျှင် ကောင်းကင်ဝါးမျိုဖားပြုပ်ကို မည်သူက အဆုံးသတ်ပေးခဲ့သနည်း။
တိုက်ပွဲမြေပြင်ကို ရောက်ရှိလာသော ကျင့်ကြံသူတစ်စုက ဤအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးနေကြသည်။
ထိုအခိုက်အတန့်၌ သူတို့အရှေ့ရှိ မီးခိုးငွေ့များကြားတွင် အရိပ် တစ်ခု ထွက်ပေါ်လာသည်ကို တစ်စုံတစ်ယောက်က ရုတ်တရက် သတိပြုမိလိုက်သည်။
"ဟေ့ သူငယ်ချင်းတို့.. မူမမှန်တဲ့ အော်ရာကို ငါ ခံစားမိနေတယ်"
တခြားသူတစ်ဦးက မီးခိုးငွေ့များကို ဖယ်ရှားရန် ရှင်းလင်းရေး မန္တန်ကို အသုံးပြုလိုက်သည်။
မန္တန်က မီးခိုးငွေ့များကို ရှင်းလင်းခဲ့ပြီးနောက်တွင် တုန်ရီနေသော ဆယ်နှစ်အရွယ် ကလေးငယ်က ဖုန်တောထဲမှ ထွက်လာသည်။
ထိုကလေးငယ်က သူ့အရှေ့မှ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးကို တအံ့တသြ ငေးစိုက်ကြည့်နေခဲ့သည်။
"အယ်.. ကလေးလေး တစ်ယောက်ပါလား.. ကလေးလေး မကြောက်ပါနဲ့"
ကျင့်ကြံသူများထဲမှ အမျိုးသမီး ကျင့်ကြံသူက ဝမ်လင်းကို ကြင်ကြင်နာနာ ထွေးဖက်လိုက်သည်။
ဆယ်နှစ်အရွယ် ဝမ်လင်း၏ ချစ်စရာကောင်းသော အပြုအမူကို မည်သူက ခံနိုင်ရည် ရှိနိုင်မည်နည်း။
"ကလေးလေး မကြောက်နဲ့နော်.. အစ်မကြီးက ကလေးလေးကို ကာကွယ်ပေးမယ်"
ဝမ်လင်း"........"
သူ့ကို ဖရဲသီး အရွယ်အစားရှိသော နို့နှစ်လုံးကြားထဲ နှစ်ထားသည့် ရူးကြောင်ကြောင် အမျိုးသမီးကို ကြည့်ကာ ဝမ်လင်းတစ်ယောက် မလှုပ်ရှားရဲ ဖြစ်နေသည်။
ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးနောက် သူ့အခြေအနေက မတည်ငြိမ်သေးပေ။
သူ့လက်ချောင်းများကို မတော်တဆ အနည်းငယ် လှုပ်ရှားလိုက်မိလျှင် ထိုအမျိုးသမီး၏ ဦးခေါင်းက အာကာသ အပြင်ဘက်သို့ တဟုန်ထိုး လွင့်ထွက်သွားနိုင်သည် မဟုတ်ပါလား။
"အစ်မကြီး.. ကလေးကို လွတ်ပေးလိုက်ဦး.. ကြည့်စမ်း အစ်မကြီးကြောင့် ကလေးလေး မွန်းကြပ်နေပြီ"
"အို.. အားနာလိုက်တာ ကလေးရယ်"
အမျိုးသမီး ကျင့်ကြံသူက သူ့ဖရဲသီးကြား ရောက်နေသော ဝမ်လင်းကို လွှတ်ပေးလိုက်ပြီး
"ကလေး.. ဒီမကောင်းဆိုးဝါးကြီးကို ဘယ်သူ သတ်လိုက်လဲ.. အစ်မကြီးတို့ကို ပြောပြပါဦး"
ဖားပြုပ်ကြီးကို သတ်လိုက်သည့် လက်သည်တရားခံက သူကိုယ်တိုင် ဖြစ်ကြောင်း ဝမ်လင်း ဝန်မခံနိုင်ပေ။
ပြဿနာတက်နိုင်သော အခြေအနေမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် သူက ကြုံရာလူကို လက်ညိုးထိုးပြလိုက်သည်။
သူညွှန်ပြလိုက်သည့်သူက မီးခိုးများ၏ တခြားဘက်မှ ထွက်လာသော ကျိုးရီ ဖြစ်နေသည်။
ကျိုးရီက သူ့မျက်နှာပေါ်တွင် ကပ်ငြိနေသော ဖုန်မှုန့်များကို ခါနေသည်။
ကမ္ဘာမြေကြီးကို တုန်ခါစေသော တွန်းအားကြောင့် ကျိုးရီ လွင့်ထွက်သွားပြီး ပြိုကျနေသော အဆောက်အဦး တစ်ခု ဆီသို့ ရောက်သွားခဲ့မှန်း သူ မှတ်မိနေသေးသည်။
အချုပ်ဆိုရလျှင် ထိုနေ့မှ စတင်၍ ကျိုးရီက သူရဲကောင်းဘွဲ့ ရသွားပြီး နာမည် တဟုန်ထိုး ကျော်ကြားသွားခဲ့သည်။
သို့တိုင် ကျိုးရီက အမှန်တရားကို သူကိုယ်တိုင် သိနေခဲ့၍ ကလေးငယ်လေး ဝမ်လင်း အကြောင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။
ဤကလေးကို ရှာတွေ့လျှင် ဆရာတင်မြှောက်မည်ဟုလည်း စိတ်ပိုင်းဖြတ်ထားသည်။
ကျိုးရီက သူ့ကို အသေအလဲ ရှာဖွေနေမှန်း ဝမ်လင်းတစ်ယောက် မသိခဲ့ပေ။
ကျိုးရီက ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူး အတွေ့အကြုံကြောင့် အကြီးအကဲများ၏ စကားကို နားမထောင်တတ်သော ခေါင်းမာသူ တစ်ယောက် ဖြစ်သွားခဲ့သည်။
တကယ်တမ်း ဝမ်လင်းက ထွက်မသွားခဲ့ပေ။
သူ့ပုံရိပ် နှင့် အော်ရာကို ဖုံးကွယ်ရန် ကြီးမြတ်သော ကိုယ်ရောင်ဖျောက် မန္တန်ကို အသုံးပြုခဲ့ခြင်းသာ။
သူက ကျိုးရီ၏ ကား အနီးအနားမှာ နေရာယူလိုက်ပြီး သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြုကာ ကျိုးရီ၏ မှတ်ဉာဏ်အားလုံးကို လေ့လာကြည့်လိုက်သည်။
ကျိုးရီတွင် သူ့ကို အမှန်တကယ် စိတ်အနှောင့်အယှက် ပေးနေသော အတွေးတစ်ခု ရှိနေသည်။
ယင်းမှာ ကျိုးရီက သူ့ကို ဆရာအဖြစ် တစ်ဖက်သတ် တင်မြှောက်လိုနေခြင်း ဖြစ်သည်။
စနေနေ့ နံနက်ခင်း အစောပိုင်းကာလသည် ဝမ်လင်း မျှော်မှန်းထားသည့် အတိုင်း ငြိမ်ချမ်းနေသည်။
သို့သော်လည်း ယင်းက မုန်တိုင်းမလာခင် လေငြိမ်နေခြင်းမျိုး
ဖြစ်၏။
နံနက်ခင်း မှန်ကြည့်နေစဥ် သူ့ညာဘက် မျက်ခုံး မရပ်မနား လှုပ်နေခြင်းကို သတိပြုမိလိုက်သည်။
ဝမ်လင်းက မျက်ခုံးလှုပ်တိုင်း မကောင်းသော ကိစ္စများကို ကြုံတွေ့ရလေ့ ရှိသည်။
ယင်းကို အိပ်ရေးပျက်သောကြောင့် မျက်ကြောလိုက်သည်ဟု ပြောလျှင် နုံအရာ ရောက်ပေလိမ့်မည်။
လွန်ခဲ့သော ၆နှစ်ကျော်ခန့်က မကောင်းဆိုးဝါး မသောင်းကျန်းခင်က ဝမ်လင်း တစ်ယောက် တစ်ညလုံး မျက်ခွံ လှုပ်ခဲ့သေးသည်။
သို့တိုင် ထိုစဉ်က ယခုကဲ့သို့ မတွေးတတ်သေးချေ။
သုံးမိနစ်ခန့်ပင် မျက်ခုံး မလှုပ်နိုင်ဟု ဝမ်လင်း ခန့်မှန်းခဲ့သည်။
"ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်"
ဤသည်ကား ဝမ်လင်း၏ ကပ်ဘေးအဆင့်ကို သတ်မှတ်သော နည်းလမ်းဖြစ်သည်။
သူ့မျက်ခုံး လှုပ်သော ကြာချိန်ကို တွက်ချက်ပြီး ကြယ်ပွင့်အဆင့်ကို ဆုံးဖြတ်ခြင်းမျိုး ဖြစ်၏။
၀မိနစ်မှ ၅မိနစ်ကြား မျက်ခုံးလှုပ်လျှင် ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့် ဖြစ်သည်။
ငါးမိနစ်မှ တစ်နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်သုံးပွင့်။
တစ်နာရီမှ ခြောက်နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်လေးပွင့်။
၇နာရီ မှ ၁၂နာရီကြား ဆိုလျှင် ကပ်ဘေးအဆင့် ကြယ်ငါးပွင့်။
၂၄နာရီကျော်လျှင် ကမ္ဘာမြေကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
၄၈နာရီကျော်လျှင် စကြဝဠာ ပျက်သုန်းနိုင်သည်။
ကပ်ဘေးနှင့် ရင်ဆိုင်ရမည်မှာ သေချာနေသော်လည်း ကပ်ဘေးအဆင့် ကြယ်နှစ်ပွင့်လောက်ကို ဝမ်လင်း၏အရည်အချင်းဖြင့် ဖြေရှင်းနိုင်ပါသေးသည်။
သူက စားပွဲခုံပေါ် တင်ထားသော မကောင်းဆိုးဝါး ဘောပင် နှင့် ခဲဖျက်ကို ဖျက်ခနဲကြည့်လိုက်သည်။
ဤမလှုပ်ရှားနိုင်သော ပစ္စည်းနှစ်ခုကို မှော်ပညာဖြင့် သူက အသက်သွင်းထားလိုက်ပြီး ပိတ်ရက်များတွင် ကျောင်းမှ ပေးထားသော အိမ်စာများကို တစ်ညလုံး လုပ်ခိုင်းခဲ့သည်။
ယခုတော့ ထိုအရာဝတ္ထုနှစ်ခု ပင်ပန်းသွား၍ အိပ်မောကျနေ၏။
ဝမ်လင်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။
နေမင်း၏ အလင်းရောင်က ကမ္ဘာမြေကြီးပေါ် တောက်ပစွာ လင်းလက်နေပြီး ကမ္ဘာမြေကြီးက သူ့ဝင်ရိုးအတိုင်း လည်ပတ်နေသည်။
ငြိမ်းချမ်းသော အားလပ်ရက်တွင် ပြဿနာ ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဝမ်လင်းက အဖြူရောင်ယုန် ညအိပ်ဝတ်စုံကို လဲပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
မေမေဝမ်က နံနက်စာကို အသင့်ပြင်ထားသည်။
"သားလေး.. လာစားတော့လေ"
မေမေဝမ်က ယနေ့ စိတ်ကြည်နေပုံပေါက်သည်။
ဖေဖေဝမ်ကလည်း အနက်ရောင်စိန်ခရင်းကို သတိထား ကိုင်ရန် ဝမ်လင်းကို သတိမပေးခြင်းက မကြုံစဖူး ဖြစ်ရပ်ပင်။
ဝမ်လင်းက သူ့စွမ်းအားကို ထိန်းချုပ်ပြီး ခရင်းကို သတိထားကိုင်လိုက်သည်။
ဖေဖေဝမ်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး
"မြန်မြန်စား ဒီကနေ့ ဒိတ်လုပ်ဖို့ ချိန်းထားတယ်မလား"
ဟုပြောလိုက်သည်။
"ဒိတ်.."
ဝမ်လင်း ခေါင်းမော့သွားသည်။
"ဒိတ်မဟုတ်ရင် အောက်ထပ် ရောက်နေတဲ့ ကားအကောင်းစားကြီးက ဘာလို့ ရောက်နေလဲ ရှင်းပြလို့ရမလား"
ဖေဖေဝမ်၏ စကားကြောင့် ဝမ်လင်းက မှင်တက်သွားပြီး လေသာဆောင်ဘက် ထွက်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်နေသော စွန်းရုံက သူ့ကို တောက်ပစွာ ပြုံးပြနေသည်။
"..."
ဤတစ်ကြိမ် ရင်ဆိုင်ရမည့် ကပ်ဘေးကို ဝမ်လင်း တစ်ယောက် နားလည်သွားခဲ့သည်။
သူ ထမင်းစားပွဲစီ ပြန်ရောက်လာသောအခါ ဖေဖေဝမ်က ထူးထူးဆန်းဆန်း ရယ်မောနေသည်။
"သားလေး.. ရှင်းပြဖို့ မလိုအပ်ဘူး.. ဖေဖေဝမ်က မင်းကို ထောက်ခံတယ်"
"........"
ဖေဖေဝမ်က သွားပေါ်အောင် ပြုံး၍ ပြောလိုက်သည်။
"အောက်ထပ်ရောက်နေတဲ့ ကောင်မလေးက တော်တော် စဉ်းစားပေးတတ်တာပဲ.. မင်းရဲ့ အမေကိုလည်း လိုရီယယ်တံဆိပ် ( L'Oreal) အသားအရေ ထိန်းသိမ်းတဲ့ မိတ်ကပ်တွေ လက်ဆောင်ပေးလိုက်သေးတယ်.. မင်းရဲ့အမေ ပျော်နေတာကိုပဲ ကြည့်လေ"
"........"
စွန်းရုံက သူ့အမေကို လာဘ်ထိုးထားပုံရသည်။
"သားလေး ဒီကနေ့ည အိမ်ပြန်မလာလဲ ပြဿနာ မရှိဘူး.. အေးဆေးပဲနော်"
ဖေဖေဝမ်က ပြုံးဖြီးဖြီး ပြောလိုက်သည်။
"လုပ်လိုက်တော့ငါ့သား.. ကောင်မလေးက အဘက်ဘက်က ပြည့်စုံတဲ့ပုံပဲ"
ဝမ်လင်း"........"
ခဏကြာပြီးနောက် ဖေဖေဝမ်က ကွန်ဒုံးဘူးကို မသိမသာ ထုတ်လိုက်ပြီး "ဖေဖေ့သားလေးက အရွယ်ရောက်နေပြီ" ဟူသော အမူအရာဖြင့် ဝမ်လင်းကို ပေးလိုက်သည်။
"........"
"ထပ်"
ဝမ်လင်းက လက်ထဲမှ အနက်ရောင်စိန် ခရင်းကို မသိစိတ်၏ လှုံ့ဆော်မှုအရ ချိုးလိုက်မိသည်။