← Chapters

ချိန်းတွေ့ခြင်း

Vol. 1 Ch. 11

ချိန်းတွေ့ခြင်း

Vol. 1 Ch. 11

ယနေ့ခေတ် လူမှုပတ်ဝန်းကျင်သည် ပို၍ ပွင့်လင်းမြင်သာမှု ရှိလာပြီး လွတ်လပ်သော အချစ်ရေးများကို အားပေးထောက်ခံကြသည်။

ထို့ကြောင့်လည်း ကျောင်းတွင်း အချစ်ဇာတ်လမ်းများသည် သမာရိုးကျ ဖြစ်စဉ်များသာ ဖြစ်လေ၏။

သို့သော်လည်း ဤအချစ်ဇာတ်လမ်းသည် ဘေးကင်းလုံခြုံသော အခြေအနေကို အခြေခံရန် လိုအပ်သည်။

ဝမ်လင်းက စွန်းရုံနှင့် ချိန်းတွေ့ချင်သည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။

ယခုတော့ သူမက သူ့နောက်သို့ ခြေရာခံလိုက်လာပြီး သူ့အိမ်ရှေ့ တံခါးပေါက်သို့ပင် မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည်။

သူ၏ အာရုံခံစားမှုအရ ဤကပ်ဘေးအဆင့်မှာ ကြယ်နှစ်ပွင့် အဆင့်ဖြစ်၏။

စွန်းရုံ သူ့အိမ်အထိ ရောက်လာသည့် သတင်းက အမှတ်၆၀အထက်တန်းကျောင်းတွင် တောမီးသဖွယ် ပြန့်သွားနိုင်သည်။

တစ်ကျောင်းလုံးက သူ့ကို သတိပြုမိသွားပြီး လူတိုင်းက သူ့ကို ကဲ့ရဲ့ကြပေလိမ့်မည်။

သူက တခြားသူ သတိပြုမိခြင်းကို အမုန်းဆုံး ဖြစ်သော်လည်း ဤအခြေအနေက အမှတ်၆၀ အထက်တန်းကျောင်း တစ်ကျောင်းလုံး သတိပြုမိမည့် အပြင် အနီးအနားရှိ ကျောင်းများလည်း သူ့ကို သတိပြုမိနိုင်သည်။

ဤအရာသည်ကား သူ့ကို စိတ်ပျက်စေသော ပြဿနာတစ်ရပ်ပင်။

သူ့ဘေးနားတွင် ရှိနေသော မေမေဝမ်ကို ဝမ်လင်း တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမ၏ သားတော်မောင် ဝမ်လင်း တစ်ယောက် ကောင်မလေး၏ အလေးပေးနှစ်သက်မှု ခံရသည်ကို မေမေဝမ် စိတ်ပျက်ပုံ မရချေ။

သားတော်မောင် ဝမ်လင်းတွင် ငယ်စဥ်ကတည်းက မိတ်ဆွေနည်းပါးခဲ့၏။

ကောင်မလေးက သူ့သားကို ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းမှာ သူ့သားလေး ဝမ်လင်းတွင် နှစ်လိုဖွယ်ကောင်းသော အချက်များ ရှိနေ၍ဟု မေမေဝမ်က ယူဆခဲ့သည်။

အရေးကြီးဆုံး အချက်အနေဖြင့် ကောင်မလေးမှာ ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး ဖြစ်နေသည်။

သခင်မလေး စွန်းရုံ ကိုယ်တိုင် ဝမ်အိမ်တော် အရှေ့သို့ရောက်နေ၍ မေမေဝမ် တစ်ယောက် ဂုဏ်ယူဝင့်ကြွားနေမိသည်။

ဝမ်လင်းက စကားအများကြီး မပြောလိုသော်လည်း မေမေဝမ်က သူ့ကို ထပ်မပြောရန် လက်ခါပြနေ၍ ငြင်းဆန်၍ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။

သူမက အခြေအနေကို ယူဆပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

"ဒီလို ချွေးမလောင်းနဲ့သာ အပြင်ကို သွားရင် မင်း ဘေးကင်းလုံခြုံမှာပါ.. မင်း ငြင်းမယ် ဆိုရင်တော့ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို ထပ်တွေ့ရဖို့ မမျှော်လင့်နဲ့တော့"

ဝမ်လင်း"........"

အချို့သော အမျိုးသမီးများ၏ အကျင့်က တစ်ဦးကို တစ်ဦး မြှောက်ထိုးပင့်ကော် လုပ်တတ်ကြသလို အာဏာရှင် ဆန်တတ်သည်။

မေမေဝမ် လက်ထဲမှ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းသော အလှဆီ ပုလင်းကြီးကို ငေးကြည့်ရင်း ဝမ်လင်း သက်ပြင်းချလိုက်သည်။

သူက စွန်းရုံကို လက်ဦးမှု ယူနိုင်အောင် အခွင့်အရေး ပေးခဲ့မိချေပြီ။

ချိန်းဆိုခြင်းကို လက်ခံသည် ဖြစ်စေ.. လက်မခံသည် ဖြစ်စေ သူက တစ်ကျောင်းလုံး သာမက အနီးအနားရှိ ကျောင်းများ၏ စိတ်အာရုံကို ဆွဲဆောင်သွားလိမ့်မည် ဖြစ်သည်။

ဖိတ်ကြားမှုကို ငြင်းဆန်လိုက်ခြင်းသည် ဖိတ်ကြားမှုကို လက်ခံလိုက်ခြင်းထက် ဆိုးရွားသော အဆုံးသတ်ကို ဖြစ်ပေါ်စေနိုင်၏။

သူက အနိုင်ကျင့်သူများ၏ ပစ်မှတ် ဖြစ်သွားနိုင်ပြီး တခြားသူများ၏ စိတ်ဝင်စားမှုကို ခံရလိမ့်မည်။

မည်သည်ကို ရွေးချယ်သည်ဖြစ်စေ.. အဆုံးသတ်တွင် သူ့ကို သတိပြုမိသွားလိမ့်မည်သာ။

ထို့ကြောင့် ဖိတ်ကြားခြင်းကို လက်ခံခြင်း.. လက်မခံခြင်းက သူ့အတွက် အဓိက ပြဿနာရပ် မဟုတ်တော့ပေ။

ယခုရင်ဆိုင်ရမည့် တကယ့်တိုက်ပွဲက သူတို့ ချိန်းဆိုခြင်းကို တခြားသူ သတိမပြုမိအောင် တတ်နိုင်သလောက် ထိန်းသိမ်းရန်ပင် ဖြစ်သည်။

ဝမ်လင်း ကားထဲ ဝင်ရောက်လိုက်စဉ် စွန်းရုံက အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်။

ကျောင်းစတက်သည့် နေ့ရက်တည်းက ဝမ်လင်းကို ချဉ်းကပ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ဖူးသော်လည်း ဤလူထူးဆန်းက သူမကို စိတ်ဝင်စားပုံ မပြခဲ့ပေ။

ယခုတော့ ဝမ်လင်းက သူမ၏ကားထဲ ထိုင်နေ၍ ဝမ်လင်းတို့အိမ်ကို လိုက်လာရခြင်းက ထိုက်တန်သည်ဟု သူမ ခံစားမိသည်။

ဤအရာသည်ကား အိမ်မက် မဟုတ်ပေ။

သူမ၏ ဖိတ်ကြားမှုကို လက်ခံအောင် ဝမ်လင်းက အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ကားထဲ ရောက်ရောက်ချင်း ဝမ်လင်း ပထမဆုံး ထင်မြင်ယူဆချက်က ဟွာကော ရေတံခွန် အုပ်စုက "သားမက်လာဖမ်းခြင်းလော" ဟူသည့်အတွေး ဖြစ်၏။

သိပ်မကြာခင် သူက ဤအချက်အားလုံးကို မေ့ပစ်လိုက်သည်။

သူက သူကြိုက်နှစ်သက်သော ခေါက်ဆွဲခြောက်ကြွပ်ကြော်အတွက် စွန့်လွှတ် အနစ်နာလာခံခြင်း ဟု တွေးလိုက်သည်။

ဟွာကောရေတံခွန် အုပ်စုသည် ဟွားရှို့နိုင်ငံတွင် ဩဇာအာဏာညောင်း၍ စွန်းရုံအနေဖြင့် သူ နေထိုင်သော နေရာကို ရှာဖွေရန် မခက်ခဲပေ။

ဝမ်လင်းက နောက်မှာကျန်ခဲ့သော ဝမ်အိမ်တော်ကို ငေးကြည့်ရင်း သူတို့အိမ်ကို တခြားသူ ရှာမတွေ့အောင် ကြယ်ရွေ့ပြောင်းခြင်း မန္တန်ကို အသုံးပြုသင့်လားဟု တွေးနေမိသည်။

"အတန်းဖော်ဝမ်လင်း.. ငါ ဖိတ်ကြားတာကို နင်တကယ် လက်ခံမယ်လို့ ထင်တောင် မထင်ထားမိဘူး"

စွန်းရုံက တောက်ပစွာ ပြုံးလိုက်သည်။

သူ့ပါးပေါ်မှ ပါးချိုင့်လေးက ချစ်စဖွယ်ကောင်းလွန်းသည်။

ဝမ်လင်းက ခပ်တည်တည်ဖြင့် နှုတ်ဆိတ်နေသည်။

"........."

သူ့မှာ ငြင်းဆန်နိုင်သော အခွင့်အာဏာ ရှိပါသလော။

စွန်းရုံက မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း သက်တူရွယ်တူ မိန်းကလေးများထက် ပို၍ လှပသည်။

သူမက အလှအပစံနှုန်းကို တကယ်မီသည်။

"ငါတို့ ဘယ်သွားကြမလဲ.. အတန်းဖော်ဝမ်လင်း နင်ထူးထူးကဲကဲ သွားလည်ချင်တဲ့ နေရာရှိလား"

ဝမ်လင်း ခေါင်းခါလိုက်သည်။

ထို့ကြောင့် စွန်းရုံကိုယ်တိုင် နေရာ ရွေးချယ်လိုက်တော့သည်။

"လုလူကြီးမင်း.. ကျွန်မတို့ကို ရှောင်မိသားစု ခြံဝင်းဘက် ခေါ်သွားပေးပါ"

"ဟုတ်ကဲ့ပါ မမလေး"

ကားဒါရိုက်ဘာက အလွန် ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

ရှောင်မိသားစုခြံဝင်းသည် ရှောင်ကလန်က ဖွင့်လှစ်ထားသော ပန်းခြံဖြစ်၏။

ရှောင်ကလန် ပိုင်ဆိုင်သော ပန်းခြံသည် ယခင်က ရှောင်အိမ်တော်ဖြစ်ပြီး ဤနယ်မြေကို ရှောင်အိမ်တော်က လွန်ခဲ့သော နှစ်တစ်ထောင်ကျော်တည်းက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မော်ဒန်ခေတ်ကို အမှီိလိုက်နိုင်ရန် ရှောင်ကလန်က သူတို့အိမ်ဟောင်းကို မန္တန်သုံး ဖယ်ရှားပြီး ပန်းခြံအသစ်ကို တည်ဆောက်ခဲ့သည်။

ဟွားရှို့နိုင်ငံတွင် ရှောင်မိသားစုပိုင် ခြံဝင်းကို ကောင်းကင်မီးလျှံ ပြတိုက်ဟု ခေါ်ဆိုသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်တည်းက ရှောင်မိသားစုသည် တစ်ကမ္ဘာလုံးမှ ကောင်းကင်မီးလျှံ အားလုံးနီးပါးကို စုဆောင်းခဲ့သည်။

ယနေ့ခေတ်တွင် ဤပန်းခြံလေးသည် ချစ်သူစုံတွဲများ သွားရောက် လည်ပတ်သော နယ်မြေလေး ဖြစ်လာခဲ့သည်။

ညစဉ် ညလယ်ရောက်တိုင်း ပန်းခြံအလယ်ရှိ ရေကန်အနားတွင် မီးရှုးမီးပန်းများ ပစ်လွှတ်လေ့ရှိ၏။

ရှောင်မိသားစုဝင်များက ကောင်းကင်မီးလျှံ နှစ်ခုကို ပေါင်းစည်းပြီး မီးကြာပန်းကို ဖန်တီးကာ လေထဲ ပစ်လွှတ်လေ့ရှိသည်။

စွန်းရုံ၏ ညွှန်ကြားမှုကြောင့် ကားဒါရိုက်ဘာက ကားကို ပန်းခြံ၏ ထောင့်တစ်နေရာတွင် ထိုးရပ်လိုက်သည်။

သူက ဝမ််လင်းအတွက် ကားတံခါးကို ဖွင့်ပေးပြီးမှ စွန်းရုံအတွက် ကားတံခါး ဖွင့်ပေးသည်။

ထို့နောက် သူက စွန်းရုံကို ဘလက်ကတ်(Black card) လှမ်းပေးသည်။

ဤကတ်သည် ဟွာကောအုပ်စု၏ ရှယ်ရာရှင်ကတ် ဖြစ်ပြီး အထူး အခွင့်အရေးများကို ရရှိလိမ့်မည် ဖြစ်၏။

ယခုမှ စတင် တည်ထောင်ထားသော ရှောင်မိသားစုပိုင် ပန်းခြံတွင် ဟွာကော အုပ်စုက ရှယ်ရာဝင်ထားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဤကတ်ဖြင့်သာဆိုလျှင် စွန်းရုံ မလည်ပတ်နိုင်သော နေရာ မရှိလောက်ပေ။

သူ့အနေဖြင့်မူ ဤကတ်ဖြင့် သူ ကြိုက်နှစ်သက်သော ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို လိုအပ်သလောက် ဝယ်ယူနိုင်မည်လားပဲ သိချင်မိသည်။

တကယ်တမ်းတွင် ဝမ်လင်းက မည်သည့် ရည်မှန်းချက်မှ မရှိသောသူ ဖြစ်သည်။

ရှောင်မိသားစု ခြံဝင်းသည် အရမ်းကို ကျယ်ဝန်းသည်။

ကျင့်ကြံခြင်းခေတ် သုံးခေတ်.. နှစ်တစ်ထောင် အတွင်း ရှောင်မိသားစု ပိုင်ဆိုင်သော နယ်မြေအကျယ်အဝန်းသည် ပို၍ များပြားလာခဲ့သည်။

ရှောင်မိသားစုကို ချီတိုက်ပွဲခေတ်တွင် စတင် တည်ထောင်ခဲ့ပြီး ရှောင်ကလန်က တစ်လောကလုံး၏ ဦးဆောင်သူ ဖြစ်ခဲ့ဖူးသည်။

သို့သော် ကံကြမ္မာစက်ဝန်း တစ်ပတ်လည်၍ အခက်အခဲ အတားအဆီး နှင့် ပြဿနာရပ်များ ကြုံတွေ့ခဲ့ရပြီးနောက် ချီတိုက်ပွဲခေတ် အင်အားယုတ်လျော့လာပြီး ဝိညာဉ်စွမ်းအားခေတ် အစပျိုးခဲ့သည်။

ဝိညာဉ်စွမ်းအားခေတ်တွင် ရှောင်ကလန်မှာ အင်အားယုတ်လျော့လာခဲ့သည်။

ဝမ်လင်း နေထိုင်သော လက်ရှိခေတ်သည် ဝိညာဉ် သတင်းအချက်အလက် ခေတ်(ဝါ) သိပ္ပံကျင့်ကြံခြင်း ခေတ်လည်း ဖြစ်သည်။

ခေတ်သုံးခေတ်၏ အပြောင်းအလဲများကို ရင်ဆိုင်ခဲ့သော ရှောင်ကလန်က ခေတ်အားလုံး၏ လေးစားထိုက်သော ကလန် ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုအပ်ချေ။

ရှောင်ကလန်က ဝိညာဉ်စွမ်းအားခေတ် အစပိုင်းတွင် အင်အားယုတ်လျော့ခဲ့သည့်တိုင် သူတို့ကလန်၏ ကျင့်ကြံခြင်း ဉာဏ်ရည်ကြောင့် သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲပြီး တိုးတက်အောင်ဆက်လက် ကြိုးစားခဲ့၍ သိပ္ပံကျင့်ကြံခြင်းခေတ်တွင်လည်း ထိပ်တန်း ပုဂ္ဂိုလ် ၁၀ဦး စာရင်းဝင်ခဲ့သည်။

ယခင်လို အုပ်ချုပ်သည့် အာဏာကို ဆက်လက် မပိုင်စိုးတော့သော်လည်း ဩဇာအာဏာရှိသော မိသားစု ဖြစ်သည်။

တစ်လောကလုံး အနှံ့ လိုက်လံ စုဆောင်းထားသော ရှောင်ကလန်၏ ကောင်းကင်မီးလျှံများသည် နူကလီယာပေါက်ကွဲ သွားသကဲ့သို့ စွမ်းအား မရှိတော့ခြင်းက နှမြောဖွယ်ရာ ကောင်းလှ၏။

၎င်းမီးလျှံများကို မီးပန်းများ အနေဖြင့် အသုံးပြုရုံမှ လွဲ၍ တခြားအသုံးဝင်သည့် နေရာ မရှိခဲ့ပေ။

ကောင်းကင်မီးလျှံများ၏ အံ့ဖွယ်ကောင်းသော သရုပ်ဖော်မှုကို အသုံးချပြီး ရှောင်ကလန်က ရှေးဟောင်း ဆွေကြီးမျိုးကြီး ကျင့်ကြံခြင်း မိသားစုမှ ခေတ်မီသော ဖျော်ဖြေရေး လုပ်ငန်းကို ကူးပြောင်း လုပ်ဆောင်ခဲ့သည်။

All Chapters