← Chapters

ရှောင်မိသားစုပန်းခြံ

Vol. 1 Ch. 12

ရှောင်မိသားစုပန်းခြံ

Vol. 1 Ch. 12

ရှောင်မိသားစု ပိုင်ဆိုင်သော ပန်းခြံသည် ဝမ်အိမ်တော် သေးသေးလေးထက် အဆ တစ်ထောင်ခန့် ကြီးမားလိမ့်မည်ဟု ဝမ်လင်း အကြမ်းဖျင်း တွက်ချက်မိသည်။

ယင်းက သူ နှစ်သက်သော ခေါက်ဆွဲခြောက် အကြွပ်ကြော် အထုပ် တစ်သန်းခန့် မြေကြီးပေါ် ဖြန့်ကြဲထားသော ရလဒ်နှင့် တူနိုင်သည်။

ပန်းခြံတည်ဆောက်ခြင်း အပြီးသတ် ကတည်းက သွားရောက်လည်ပတ်ချင်သော ဆန္ဒရှိခဲ့ပြီး လက်မှတ်ဈေးနှုန်း မြင့်မားလွန်းသောကြောင့်သာ မသွားခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ သွားရောက်လည်ပတ်၍ ငွေဖြန်းတီးပစ်မည့်အစား သူ နှစ်သက်သော ခေါက်ဆွဲခြောက် အကြွပ်ကြော်ကို ဝယ်ယူခြင်းဖြင့် ငွေဖြုန်းသည်က ပိုကောင်းသည် မဟုတ်လော။

ရှောင်အိမ်တော်၏ ပန်းခြံအတွင်းတွင် လည်ပတ်စရာ ရှုခင်းကောင်း များစွာ ရှိသည်။

နေရာအများစုတွင် ချီတိုက်ပွဲခေတ်မှ သမိုင်းကြောင်း အမွေအနှစ်များကို သရုပ်ဖော်ထားသည်။

ဤပန်းခြံကို တည်ဆောက်ရန်အတွက် ရှောင်မိသားစုက ရှေးဟောင်း အဆောက်အဦး အများစုကို စွန့်လွှတ်ခဲ့ရသည်။

ယင်းအတွက်ကြောင့် ဤအဆောက်အဦးများသည် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားသော လည်ပတ်စရာ နေရာလေး ဖြစ်လာခဲ့သည်။

စွန်းရုံထံတွင် ဘလက်ကတ်ရှိနေသဖြင့် ရှောင်မိသားစု၏ ပန်းခြံကို ကြီးကြပ်ရသော အစောင့်မှာ စွန်းယုံရုံနှင့် ဝမ်လင်း တို့ကို အစိမ်းရောင် ဖြတ်သန်းခွင့်ကတ် ပေးခဲ့သည်။

ထိုအစိမ်းရောင်ကတ်မှာ အလွန်ဈေးကြီးပြီး အစုရှယ်ယာဝင်များသာ ရရှိနိုင်သောကတ် ဖြစ်သည်။

ဝမ်လင်းနှင့် စွန်းယုရုံတို့ ဤကတ်ကို ရရှိခဲ့ခြင်းမှာ စွန်းရုံ နောက်ကွယ်ရှိ ဟွာရှန်းရေတံခွန် အုပ်စုကြီး၏ အရှိန်အဝါကြောင့်ဖြစ်သည်။

ထိုအစိမ်းရောင်ကတ်က သူတို့နှစ်ယောက်အား သာမန်လူများ မသွားလာနိုင်သည့် နေရာများကို သီးသန့် လျှောက်လမ်းကနေ ခေါ်ဆောင်သွားနိုင်သည်။

ယင်းက အများနှင့် ထိတွေ့ဆက်ဆံရခြင်းကို မနှစ်သက်သော ဝမ်လင်းအတွက် စိတ်ကျေနပ်စရာ ခံစားမှုပင်။

ဝမ်လင်းက နှုတ်ဆိတ်စွာ လိုက်ပါလာရာ စွန်းရုံကို ကူကယ်ရာမဲ့သော ခံစားချက် ဖြစ်ပေါ်စေသည်။

ရှောင်မိသားစု၏ အမျိုးသမီး အစောင့်က ရှောင်ကလန်မှ သေချာ လေ့ကျင့်ပေးထားသော ကျွမ်းကျင်သူ တစ်ယောက် ဖြစ်၍ ပန်းခြံ၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို သေချာသိသည်။

သူတို့သုံးဦး လမ်းဆုံသို့ ရောက်သောအခါ အမျိုးသမီး အစောင့်က သူမ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝမ်လင်း နှင့် စွန်းရုံကို ပြုံးကာ စကား ပြောလိုက်သည်။

"လူကြီးမင်း ဝမ်လင်း နဲ့ မမလေး စွန်းရုံ.. ဒီလမ်းဆုံကနေ နယ်မြေ သုံးခုကို ရွေးချယ်ပြီး သွားနိုင်ပါတယ်.. သွေးနီ လှိုဏ်ဂူ.. ရတနာချောက်ကမ်းပါးနဲ့ အတွင်းစိတ် နတ်ဆိုးကျောက်တိုင်မှာ ဘယ်တစ်ခုကို အရင်ဆုံး သွားလည်ချင်ပါသလဲ"

ဝမ်လင်းက သူ့အကြောင်းသူ ကောင်းကောင်း သိနေ၍ နှုတ်ဆိတ်နေပြီး စွန်းရုံ၏ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့သည်။

ဤအချက်ကို ကြည့်၍ ဝမ်လင်းက စကားနည်းသူမှန်း စွန်းရုံ အပြည့်အဝ လက်ခံခဲ့သည်။

စွန်းရုံလည်း တစ်ခါမှ သွားမလည်ဖူး၍ ဝေခွဲရခက်နေသည်။

လည်ပတ်စရာ နယ်မြေ သုံးခုလုံး အကြောင်း သူမလည်း အသေအချာ မသိပေ။

သို့သော်လည်း ရှောင်မိသားစု၏ ပန်းခြံသို့ လာရောက် မလည်ပတ်ခင် အင်တာနက်ပေါ်တွင် ပန်းခြံနှင့် ပတ်သက်သောအချက်အလက်များကို သူမ ရှာဖွေခဲ့ဖူးသည်။

အင်တာနက်ပေါ်မှ တခြားသူများ၏ မှတ်ချက်များ နှင့် ဝေဖန်မှုများကို ကြည့်၍ နယ်မြေ သုံးခုအနက် ပထမဆုံး ဖြစ်သော သွေးနီလှိုဏ်ဂူမှာ အကျော်ကြားဆုံး ဖြစ်မှန်း သူမ သိထားသည်။

"အတန်းဖော်ဝမ်လင်းကို အပြင်တစ်ခါ ထွက်ဖို့အရေး ဖိတ်ခေါ်ရတာ လွယ်ကူတာ မဟုတ်ဘူး.. ဒါကြောင့်မို့ အကောင်းဆုံး နေရာကိုပဲ အရင်သွားချင်တယ်"

အဆုံးသတ်တွင် စွန်းရုံက ဝမ်လင်းကို ငဲ့ညာပြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

"သွေးနီလှိုဏ်ဂူကို အရင်ဆုံး သွားကြမယ်"

"ဟုတ်ကဲ့ပါ.. မမလေးစွန်းရုံ"

အမျိုးသမီး အစောင့်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထို့နောက် ဝမ်လင်း နှင့် စွန်းရုံတို့က ပန်းခြံမှ စီစဉ်ပေးထားသော ကားပေါ်သို့ တက်လိုက်ကြသည်။

ခဏအကြာတွင် သူတို့စီးလာသော ကားလေးက "သွေးနီလှိုဏ်ဂူ"ဟု ရေးထိုးထားသော ကျောက်တုံးဘေးနားတွင် ရပ်လိုက်သည်။

စွန်းရုံက သံသယဝင်ဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဒီနေရာမှာ တစ်ယောက်မှလည်း မတွေ့ပါလား"

သူမ၏ စကားကို ကြားလျှင် အမျိုးသမီး အစောင့်က ပြုံးလိုက်ပြီး

"နဂိုတုန်းက ဒီနေရာကို ပြုပြင်ထိန်းသိမ်းစရာ ရှိလို့ ပိတ်ထားတာပါ.. ဒါပေမဲ့ မမလေးစွန်းရုံက အထူးဧည့်သည်တော် ကတ်ကို ကိုင်ဆောင်ထားလို့ ဒီနေရာကို ခေါ်လာပေးတာပါ"

"ငါ နားလည်ပြီ"

စွန်းရုံ ခေါင်းညိတ်၍ ပြန်အဖြေပေးလိုက်၏။

အစောင့်နောက်မှ လိုက်ပါသွားပြီးနောက် သူတို့က ဝင်ပေါက်နှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် မတ်တတ်ရပ်လိုက်သည်။

ဝမ်လင်းက ဘေးဘယ်ညာ ဝေ့ကြည့်လိုက်ရင်း သူ့ဘေးနား လေညင်းလေးများ တိုက်ခတ်နေခြင်းကို ခံစားမိလိုက်သည်။

ဤနေရာက ဝိညာဉ်စွမ်းအား မရှိသလောက် နည်းပါးပြီး သာမန်နေရာလို ဖြစ်နေသည်။

ကြီးမြတ်သော ချီတိုက်ပွဲခေတ် အတောအတွင်း ဂူ၏ ကျောက်နံရံများကို လေထုက တဖြည်းဖြည်းချင်း တိုက်စားသွားပြီး နှစ်သက်တမ်း ကြာသော ဂူတစ်ဂူမှ လွဲ၍ မည်သည့် ထူးခြားမှုမျှ ရှိမနေတော့ပေ။

ဤကဲသို့သော နှစ်ထောင်ချီ ကြာနေသော ဂူသည် နိုင်ငံ၏ စိတ်ဝင်စားစရာ နေရာ တစ်ခု ဖြစ်လာခဲ့သည်။

ဟွာရှန်းနိုင်ငံ၏ အပန်းဖြေနေရာများကို စီစစ်အကဲဖြတ်သည့် အဖွဲ့က မျက်စိကန်းနေခြင်း သို့မဟုတ် ဤလိူဏ်ဂူတွင် လူမသိသော ထူးခြားသည့် အဖြစ်ပျက်မျိုး ဖြစ်ခဲ့ခြင်းကြောင့် နာမည်ကြီး နေရာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ဤနယ်မြေတွင် စိတ်ဝင်စားစရာ နောက်ကွယ် သမိုင်းကြောင်း ရှိနေသည်လော။

အမျိုးသမီးအစောင့်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

"ဒီလှိုဏ်ဂူရဲ့ သမိုင်းကြောင်းကို ရှင်းပြပေးမယ်.. ကျင့်ကြံခြင်း ပထမခေတ် နှစ်ခေတ် ဖြစ်တဲ့ ချီတိုက်ပွဲခေတ်နဲ့ ဝိညာဉ်စွမ်းအားခေတ်မှာ လူသားတွေ၊ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကြောင့် တစ်လောကလုံးက ကမောက်ကမာ ဖြစ်နေတယ်.. အခု လက်ရှိသိပ္ပံ ကျင့်ကြံခြင်းခေတ်မှာတော့ လူသားတွေက နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေကို ဒီကမ္ဘာမြေကြီးထဲ လာခွင့် မရအောင် တံခါးပေါက်နဲ့ ပိတ်ထားတယ်.. အခုခေတ် မတိုင်ခင်ကဆိုရင် ကျင့်ကြံသူ အများစုက နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရကြတယ်ဆိုရင် ဒီဂူထဲမှာပဲ ပုန်းအောင်းလေ့ ရှိကြတယ်"

အမျိုးသမီးအစောင့်က လေးနက်စွာ ရှင်းပြလိုက်သည်။

"ဒီဂူထဲမှာ မှော်မြက်တွေ ပေါက်နေတယ်.. အဲဒီ မှော်မြက်တွေက ဒဏ်ရာကို သိသိသာသာ ကုသပေးနိုင်တဲ့ အပြင် လိင်စိတ်ဆန္ဒကိုလည်း နှိုးဆွပေးတယ်.. ဒါကို မသိတဲ့ အမျိုးသမီး ကျင့်ကြံသူတွေက အဲဒီမြက်တွေကို စားမိပြီး ဒီဂူထဲမှာ အမျိုးသားတွေနဲ့ ချစ်တင်းနှောကြတယ်.. သူတို့တွေ ချစ်တင်းနှောရင်း ကျလာတဲ့ သွေးတွေက ဟောဒီဂူထဲ အပြည့်လွှမ်းနေလို့ သွေးနီ လှိုဏ်ဂူလို့လည်း အမည်တွင်ခဲ့တယ်.. နောက်ပြီး ဒီဂူထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ချစ်ကြိုးသွယ်ခဲ့ကြလို့ အောင်သွယ်တော်ဂူလို့လည်း လူသိများတယ်"

အမျိုးသမီး၏ စကားကြောင့် စွန်းရုံ၏မျက်နှာက ချက်ချင်းပင် နီရဲသွားသည်။

ဝမ်လင်း"........."

မှော်ဂူ နာမည်ကြီးနေသည့် အဓိက အကြောင်းအရင်းကို စွန်းရုံ သဘောပေါက်သွားသည်။

ထို့ကြောင့်လည်း လူအများစုက ကောင်းမွန်သော ဝေဖန်မှု ပေးကြခြင်း ဖြစ်သည်။

ဤသည်ကား ရယ်ဖွယ်အတိ ဖြစ်နေ၏။

ဤအမျိုးသမီးအစောင့်မှာ ရှောင်ကလန်က သေချာ လေ့ကျင့်ပေးထားသူ ဖြစ်၍ သွေးနီလှိုဏ်ဂူ၏ သမိုင်းကြောင်းကို အသေးစိတ် ရှင်းပြနိုင်ခြင်း ဖြစ်သည်။

ထို့နောက် ဝမ်လင်း နှင့် စွန်းရုံတို့သည် ရတနာချောက်ကမ်းပါး.. အတွင်းစိတ် နတ်ဆိုးကျောက်တိုင် နှင့် အကျော်ကြားဆုံး လေလံအိမ် သို့ သွားရောက်လည်ပတ်ခဲ့သည်။

ဤနေရာ အားလုံးသည် လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က နာမည် ကျော်ကြားခဲ့သော နေရာများ ဖြစ်သည်။

ထိုနေရာများတွင် ယခင်မျိုးဆက်များ၏ အရှက်ရဖွယ် ကောင်းသော သမိုင်းကြောင်းများကိုလည်း မြင်တွေ့နိုင်သည်။

ရတနာ ချောက်ကမ်းပါးမှ ခုန်ချခဲ့သော ကျင့်ကြံသူများသည် အဖိုးထိုက်တန်သော ရတနာများကို ပိုင်ဆိုင်သည်ဟု ရာဇဝင် ရှိဖူးသည်။

သို့သော် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာချက်များအရ ရတနာကို ပိုင်ဆိုင်ခဲ့သော ကျင့်ကြံသူများသည် တကယ်တမ်းတွင် ပြင်းထန်သော စိတ်ကစဉ့်ကလျား ရောဂါကို ခံစားနေရသည့် ဝေဒနာရှင်များ ဖြစ်နေသည်။

အတွင်းနတ်ဆိုး ကျောက်တိုင် နယ်မြေတွင် ကျင့်ကြံသူများသည် ကျမ်းကျိန်ဆိုပြီး သူတို့လိုအင်များကို တောင်းဆိုရသည်။

နတ်ဆိုးနှင့် စာချုပ် ချုပ်လိုက်လျှင် စည်းမျဉ်းများကို နာခံရသည်။

သို့သော် သိပ္ပံကျင့်ကြံခြင်းခေတ်တွင်မူ အတွင်းနတ်ဆိုး တည်ရှိမှုကို အယူသည်းမှု အဖြစ် မှတ်ယူကြသည်။

ချီတိုက်ပွဲခေတ် နှင့် ဝိညာဉ်စွမ်းအားခေတ်၏ စွမ်းအား အမြင့်ဆုံး ကျင့်ကြံသူများသည် တစ်လောကလုံးကို တုန်လှုပ်စေသော အတွေ့အကြုံရရှိရန် လေလံအိမ်သို့ သွားရောက်ခဲ့ကြသည်။

လေလံအိမ်တွင် ယွမ်သန်းချီ မသုံးခဲ့လျှင် သူတို့ခေတ်၏ ကျော်ကြားမှုကို အရှက်ရစေလိမ့်မည်ဟု ခံယူကြသည်။

သို့သော် လက်ရှိ သမိုင်းသုတေသနအရ လေလံတင်သော ဈေးနှုန်းများသည် တကယ်တမ်းတွင် ချဲ့ကားလွန်းနေပြီး ရာဇဝင်ထဲတွင် ဖော်ပြခဲ့သော ငွေကြေးနှုန်းမျိုး မရှိခဲ့ပေ။

အခြေတည်ဆေးရည်ကို သောက်သုံးချင်ဖြင့် အခြေတည်အဆင့်သို့ မြှင့်တင်နိုင်သော ဇာတ်လမ်းမျိုးလည်း ရာဇဝင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားကြသည်။

တကယ်တမ်း ဤအကြောင်းအရာ အားလုံး နီးပါးသည် ယုံတမ်းစကားမျှသာ ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက ရှောင်မိသားစု၏ ပန်းခြံတစ်ခုလုံးကို လည်ပတ်ကြသည်။

နေရာအနှံ လည်ပတ်ပြီးနောက် ဝမ်လင်းနှင့် စွန်းရုံတို့က အတွေးတစ်ခု ဝင်လာသည်။

ယနေ့ သူတို့မြင်တွေ့ခဲ့သော ရှုခင်းများက သာမန်ရှုခင်းမျှသာ မဟုတ်ဘဲ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က ဟွားရှို့နိုင်ငံ၏ အရှက်ရဖွယ် ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသာ ဖြစ်သည်ဟု ခံစားမိလိုက်သည်။

All Chapters