← Chapters

လေအရမ်းထန်သောနေ့

Vol. 2 Ch. 16

လေအရမ်းထန်သောနေ့

Vol. 2 Ch. 16

ကျောင်းအုပ်ကြီး ရုံးခန်းတွင် ကျောင်းအုပ်ဆရာကြီး ချန်းက သူ၏ စားပွဲပေါ်ရှိ စိန်ခေါ်စာ ဖိတ်ကြားလွှာကို စိုက်ကြည့်ရင်း ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဖိထားလိုက်သည်။

"အခြေအနေကို သေချာ စစ်ဆေးပြီးပြီလား"

"ဟုတ်ကဲ့.. စစ်ဆေးပြီးပါပြီ ကျောင်းအုပ်ကြီးချန်း.. အရိပ်လုပ်ကြံသူ အဖွဲ့အစည်းရဲ့ တံဆိပ်က အရမ်းကို ထူးခြားပါတယ်.. ကျင့်ကြံခြင်း ရဲဌာနရဲ့ အတည်ပြုချက်အရ ဒီစိန်ခေါ်စာက အရိပ်လုပ်ကြံသူ အဖွဲ့က ပို့ပေးတဲ့ စာအစစ်ပါ"

ဒါရိုက်တာရှီးက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်၏။

ရိုးရှင်းစွာ ပြောရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အထက်တန်းကျောင်းကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်သည့်လုပ်ရပ်သည် ရှောင်မိသားစု ပန်းခြံတွင် စွန်းရုံကို လုပ်ကြံရန် မအောင်မြင်ခဲ့၍ လက်စားချေခြင်းသာ ဖြစ်သည်။

"အခြေအနေက ပိုဆိုးလာတယ်လို့ ငါထင်တယ်"

ကျောင်းအုပ်ကြီး ချန်းက စီးကရက်တစ်လိပ်ကို မီးညှိကာ တစ်ချက် ရှိုက်ထုတ်ရင်း ပြောလိုက်သည်။

"အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက အရည်အချင်းရှိတဲ့ လုပ်ကြံသူတွေကို စေလွှတ်ခဲ့ရင် ကျွန်တော်တို့ ဆရာတွေရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုကို တားဆီးဖို့က အရမ်းကို ခက်ခဲလိမ့်မယ်.. ကျောင်းသူစွန်းရုံလည်း အန္တရာယ်ရှိနိုင်တယ်"

"ဒါဆို ရှယ်ရာရှင်အဖွဲ့က ဘယ်လိုလုပ်စေချင်နေလဲ"

"သူတို့က ကျောင်းသူစွန်းရုံရဲ့ လုံခြုံရေးအတွက် ကျောင်းခဏ နားခိုင်းထားပြီး ကျင့်ကြံခြင်း ကျောင်း၁၀၀ကို အုပ်ချုပ်တဲ့ ဌာနကို အကူအညီ လှမ်းတောင်းစေချင်နေတယ်.. ဒါမှလည်း ကျောင်းရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်နိုင်မယ်လို့ ပြောနေကြတယ်"

"ကျောင်းပေါင်း ၁၀၀ ကောင်စီက အကြောင်းပြန်ဖို့ ဘယ်လောက် ကြာလဲဆိုတာ.. ဒါရိုက်တာရှီး သိလား"

"တစ်လနီးနီးတော့ ကြာနိုင်ပါတယ်"

"စုန့်ဟိုင်မြို့မှာ ခရိုင်၁၂ ခုနဲ့ ပုံမှန် အထက်တန်းကျောင်း သုံးဆယ့်ခြောက်ကျောင်း ရှိတယ်.. လက်ရှိမှာ ငါတို့က ဖေးယန်ခရိုင်ထဲမှာ ရှိတဲ့ ပင်မ အထက်တန်းကျောင်း သုံးကျောင်းထဲမှာ တတိယမြောက် ကျောင်းပဲ"

ဒါရိုက်တာရှီး ".........."

ကျောင်းအုပ်ကြီးချန်း သက်ပြင်းချလိုက်သည်။

"ရှယ်ရာရှင်တွေ အကြံပေးတာကို လက်ခံလိုက်ရင် ငါတို့ ကျောင်းခေါင်းဆောင်တွေ အရည်အချင်း မရှိဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ.. ဒါဆိုရင် အမှတ် ၅၈ အထက်တန်းကျောင်းနဲ့ အမှတ် ၅၉ အထက်တန်းကျောင်းက သက်ကျားအိုကြီးတွေက ဒါကို အသုံးချပြီး ငါတို့ကျောင်းကိုသိက္ခာချကြလိမ့်မယ်.. ဒီလိုသာဆိုရင် ငါတို့ကျောင်းက ထိပ်တန်း အထက်တန်းကျောင်း ဖြစ်လာနိုင်တဲ့ အခွင့်အရေးနဲ့ ဝေးကွာသွားလိမ့်မယ်"

"ဒါဆိုရင် ကျောင်းအုပ်ကြီးက ကျနော့်ကို ဘာဆက်လုပ်စေချင်လဲ"

"ငါတို့အားလုံးရဲ့ စွမ်းရည်က အရမ်းကြီး မမြင့်မားပေမဲ့ ငါတို့မှာ စွမ်းအားမြင့်တဲ့ ရဲဘော်ရဲဘက် တစ်ယောက် ရှိပါသေးတယ်လေ"

ကျောင်းအုပ်ကြီး ချန်းသည် ခဏမျှ တွေးတောလိုက်ပြီး စီးကရက်ကို မှုတ်ထုတ်လိုက်သည်။

"ကျောင်းသူ စွန်းရုံကို ကျောင်းအပြင်ဘက်မှာ ဟွာကောရေတံခွန် အဖွဲ့ နဲ့ ကျင့်ကြံခြင်း ရဲဌာန အဖွဲ့က ဘယ်လိုတွေ ကာကွယ်ပေးနေလည်းဆိုတာ ငါ့အလုပ်မဟုတ်ဘူး.. ဒါပေမဲ့ ကျောင်းထဲမှာ ရှိနေရင်တော့ ငါတို့က အပြည့်အဝ ကာကွယ်ပေးရမယ်.. စွန်းရုံ ဘေးကင်း လုံခြုံတာကိုပဲ ငါမြင်ချင်တယ်"

"ဒါဆို အခု ငါတို့ ဘာလုပ်သင့်လဲ"

"ရှယ်ရာရှင်တွေ အကြံပေးတဲ့ အတိုင်း ကျောင်းသူစွန်းရုံကို ကျောင်းနားခိုင်းတဲ့ အကြံအစည်ကို ငြင်းပစ်လိုက်ပါ.. ကျောင်းသူစွန်းရုံကို သီးသန့် စာသင်ခန်းထဲ ပို့ထားလိုက်.. စောနက ငါပြောတဲ့သူက စွန်းရုံကို သူကိုယ်တိုင် ကာကွယ်ပေးပါလိမ့်မယ်.. ကျောင်းသူစွန်းရုံရဲ့ ခေါင်းပေါ်က ဆံပင် တစ်မျှင် ဆုံးရှုံးရင်တောင် ငါ့ခေါင်းကို လာယူလို့ ရတယ်လို့ ရှယ်ရာရှင်တွေကို ပြောလိုက်စမ်းပါ"

ကျောင်းအုပ်ကြီးချန်းက အေးစက်စက် ပြုံးလိုက်သည်။

"အရိပ်လုပ်ကြံသူ အဖွဲ့က ဒုတိယတန်းစား လူဆိုးဂိုဏ်း အဖွဲ့အစည်းလေးပါပဒ.. သူတို့တွေ ကျောင်းထဲအထိ ဝင်လာရဲရင် ငါတို့က ကန်ထုတ်လိုက်ရုံပဲပေါ့"

ထိုစကားကိုကြားလျှင် ဒါရိုက်တာရှီးက ချွေးစေး ပြန်လာခဲ့သည်။

"........."

ကျောင်းအုပ်ကြီးချန်း ရည်ညွှန်းသော ဆရာကို သူသိသည်။

ကျောင်းသူ စွန်းရုံကို ကာကွယ်ရန် ထိုလူကို စေလွှတ်ခြင်းသည် အခွံမာအသီးကို ထုခွဲရန်အတွက် လက်ကိုင်ရိုးရှည်တပ် တူကြီးကို အသုံးပြုခြင်းနှင့် တူနေသည်။

.................

အရိပ်လုပ်ကြံသူ အဖွဲ့က စိန်ခေါ်စာ ပို့ပြီး သိပ်မကြာခင်မှာပင် အမှတ်၆၀အထက်တန်းကျောင်းက ကျောင်းသူစွန်းရုံကို အပြည့်အဝ ကာကွယ်ရန် ချက်ချင်း ပြင်ဆင်ခဲ့ကြသည်။

သူမ၏ စားပွဲခုံကို ဆရာ ရုံးခန်းသို့ ရွှေ့ပြောင်းလိုက်သည်။

စွန်းရုံကမူ ဝမ်လင်းကို ထပ်မတွေ့ရမည် စိုးရိမ်၍ အင်တင်တင် ဖြစ်နေသည်။

သို့သော် ကျောင်းနှင့် ဟွာကောအုပ်စု၏ ဖိအားပေးမှုကို ခံနိုင်ရည် မရှိ၍ အမိန့်နာခံခဲ့ရသည်။

ရှောင်မိသားစု ပန်းခြံတွင် ကြုံတွေ့ခဲ့ရသော စိတ်မချမ်းမြေ့ဖွယ် ချိန်းဆိုမှုကြောင့် ဝမ်လင်းက စွန်းရုံ၏ သူ့အပေါ် ထားရှိသော ခံစားချက်များကို ပြောင်းလဲရန် မှတ်ဉာဏ် အစားထိုးခြင်းကို အသုံးချခဲ့သည်။

သို့သော်လည်း စွန်းရုံက ဝမ်လင်းကြောင့် သူမ ကံကောင်းသည်ဟု ယူဆခဲ့၍ ဝမ်လင်း၏ အကြံအစည် အထမမြောက်ခဲ့ပေ။

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ပစ်မှတ် ဖြစ်သွားခဲ့ပါက စွန်းရုံ၌ အတောင်ပံ ရှိနေလျှင်ပင် ၎င်းတို့၏ လက်မှ လွတ်မြောက်ရန် မလွယ်ကူပေ။

ထူးခြားဆန်းကြယ်သော လူထူးဆန်း သူရဲကောင်း ပေါ်လာ၍သာ ကံဆိုးမှုမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်၏။

လူထူးဆန်း သူရဲကောင်းက ဝမ်လင်း၏ ကံတရားကြောင့် ပေါ်လာသည်ဟု ယူဆခဲ့၍ အပျိုစင်လေး စွန်းရုံက ဝမ်လင်းကို ပို၍ပင် ငြိတွယ်ခဲ့သည်။

ဤအခြေအနေက ဝမ်လင်းကို ခေါင်းကိုက်စေခဲ့သည်။

..............

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ စိန်ခေါ်စာတွင် ရေးသားထားသော အချိန်သည် ကျောင်းစတက်သည့် ဒုတိယအပတ်၏ သောကြာနေ့ ဖြစ်သည်။

သောကြာနေ့တွင် လုပ်ကြံသူ အဖွဲ့ ရောက်လာမည် ဖြစ်၏။

အရိပ်လုပ်ကြံသူအဖွဲ့က ကျောင်းသူ စွန်းရုံကို လုပ်ကြံရန်အတွက် ထိပ်တန်းအဆင့် လုပ်ကြံသူကို စေလွှတ်နိုင်သည်။

၆၀အထက်တန်းကျောင်းကလည်း ကျောင်းသားအားလုံး၏ ဘေးကင်းလုံခြုံမှုကို သေချာ ပြင်ဆင်ထားသည်။

ကျောင်းသားများ သန့်စင်ခန်း သွားလျှင်ပင် ဆရာတစ်ဦးက အဖော်အဖြစ် လိုက်ပါပေးခဲ့သည်။

ဝမ်လင်းက အတန်းထဲတွင် သူ့ကိုယ်ပွားကို ထားခဲ့ပြီး နေရောင်ခြည်အောက်တွင် နေပူစာလှုံ၍ လေညှင်းခံရန်အတွက် အဆောက်အဦး ခေါင်မိုးပေါ်သို့ နေရာ ရွေ့ပြောင်းလိုက်သည်။

သူက အထက်တန်းကျောင်း ခေါင်မိုးပေါ်ရှိ အဆောက်အဦး ဆီသို့ တမဟုတ်ချင်း ရောက်ရှိသွားခဲ့သည်။

ဝမ်လင်းက သူ့ကျောင်းသားဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းချင်ခဲ့သည်။

သူက ကျောင်းမြေပြင်ကို ထောင့်တစ်နေရာမှ ငေးကြည့်နေသည်။

အဓိက ဝင်ပေါက်ကြီးနားတွင် ရှေးဟောင်း ကျောက်တုံးရုပ်ထုကြီး ရှိနေ၏။

ခေါင်မိုးပေါ်တွင် လေညှင်းခံရင်း ထူးဆန်းသော အော်ရာများကို သူခံစားမိသည်။

ဝမ်လင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

အထက်တန်းကျောင်းသား ဘဝသည် သူ မျှော်မှန်းထားသလောက် မငြိမ်းချမ်းခဲ့ပေ။

သို့သော်လည်း စိန်ခေါ်စာ လာပို့သော လုပ်ကြံသူများကို သူကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရန် မလွယ်ကူကြောင်း သဘောပေါက်ခဲ့သည်။

အကြောင်းမူကား အမှတ်၆၀ အထက်တန်းကျောင်းသည် သူ ထင်ထားသလောက် မရိုးရှင်း၍ ဖြစ်၏။

သာမန်အခြေတည်အဆင့် အထက်တန်းကျောင်းသာ ဖြစ်သော်လည်း ဆရာများထဲတွင် ဖုံးကွယ်ထားသော ပါရမီရှင် ရှိနေသည်။

ဤအချက်ကို ဝမ်လင်းက ကျောင်းသို့ ဝင်ရောက်ပြီးမှ သိရှိခဲ့ခြင်း ဖြစ်၏။

ထိုပါရမီရှင်မှာ သူ့လောက်နီးပါး အရည်အချင်း ရှိသူ ဖြစ်သည့် ဝါရင့်ပုဂ္ဂိုလ်ကြီး(ဝါ) သမိုင်းစာအုပ်ကြီး(ဝါ) သမိုင်း သီအိုရီဆရာ ဝမ်ကျူးခန်းပင် ဖြစ်သည်။

................

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုပ်ကြံသူ တစ်စုသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ခေါင်းမိုးထပ်တွင် စုဝေးနေကြသည်။

သူတို့၏ အင်္ကျီလက်တွင် တပ်ဆင်ထားသော ထူးခြားသော အနီရောင် ဖဲပြားများက ၎င်းတို့ကို အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ အဆင့်မြင့် လုပ်ကြံသူမှန်း သက်သေပြနေသည်။

"အဖွဲ့ခေါင်းဆောင်.. ဒီကနေ့ တော်တော် လေတိုက်တယ်နော်"

"အဖွဲ့ခေါင်းဆောင်.. ဘော့စ်က အကဲပိုလွန်တယ်လို့ မထင်ဘူးလား.. ကျောင်းသူတစ်ယောက်ကို သတ်ဖို့အတွက် ငါတို့ကို စေလွှတ်ဖို့ လိုအပ်လို့လား

"ဒီကနေ့ ပစ်မှတ်က ဟွာကောအုပ်စုရဲ့ သခင်မလေးပဲ.. အဲဒီမိန်းကလေးကို ကာကွယ်ဖို့ ထိပ်တန်း ကျင့်ကြံသူကို တာဝန်ပေးထားနိုင်တယ်.. ဒါကြောင့်မို့လည်း ရှောင်မိသားစု ပန်းခြံကို စေလွှတ်ခံရတဲ့ လုပ်ကြံသူတွေက ကျရှုံးခဲ့ရတာပေါ့"

အဖွဲ့ကို ဦးဆောင်သော လုပ်ကြံသူက ရှင်းပြလိုက်၏။

သူ၏ အနီရောင် ဖဲပြားတွင်မူ ရွှေရောင်ချည်မျှင်များ ရက်လုပ်ထားသည်။

ယင်းက အနီရောင်ဖဲပြားအဆင့်ထက် ပို၍ အဆင့်မြှင့်သော အမှတ်အသား ဖြစ်သည်။

"အဲဒီ ကျင့်ကြံသူက သေချာပေါက် အင်အားကြီးမှာပဲ"

"ငါတို့တွေ သေချာ မစုံစမ်းရသေးဘူး"

လုပ်ကြံသူ ခေါင်းဆောင်က ရှက်ရှက်နှင့် ပြန်ဖြေလိုက်သည်။

"အဲဒီနေ့က စေလွှတ်ခံရတဲ့ အနက်ရောင် ဖဲပြားအဆင့် လုပ်ကြံသူတွေက သူတို့ကို ပေးအပ်ခဲ့တဲ့ တာဝန်ကို ရာနှုန်းပြည့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့သူတွေပဲ.. စွန်းရုံ ဆိုတဲ့ကလေးမကို လုပ်ကြံတဲ့ တာဝန်ပြီးမြောက်ရင် အနီရောင်ဖဲပြားအဆင့်ကို ရာထူးတိုးတော့မှာလေ.. ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကိုတောင် ရှာမရတော့ဘူး.. သူတို့ရဲ့ရွှေအမြုအတေ ကို ဖျက်ဆီးခံရလို့ ရှာမတွေ့တော့တာလို့လည်း ယူဆနိုင်တယ်"

"........."

"ချီးပဲ.. သူတို့မှာ ဘာဝိညာဉ်စွမ်းအားမှ မရှိတော့တာလား"

အနီရောင်ဖဲပြားအဆင့် လုပ်ကြံသူများ ချွေးပြန်လာသည်။

"ဒါကြောင့်မို့ ဒီတိုက်ပွဲကို လျှော့မတွက်နဲ့.. ပြီးတော့ စွန်းရုံက ငါတို့ ပစ်မှတ်ဆိုတာလည်း မမေ့နဲ့.. ငါတို့ သူ့ကို တွေ့တာနဲ့ ချက်ချင်း ရှင်းပစ်ရမယ်.. ချန်ထားလို့ မရဘူး.. ပြဿနာတွေ မရှုပ်စေနဲ့.. မလိုအပ်တဲ့ ပြဿနာတွေ မချန်ထားခဲ့နဲ့"

အနက်ရောင်ဝတ်စုံနှင့် လုပ်ကြံသူများက ခေါင်းဆောင်၏ အမိန့်ကို နာခံပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။

................

ဤတာဝန်ကို ပေးအပ်ခံရသော ခေါင်းဆောင်က ကမ္ဘာ့ထိပ်တန်း လုပ်ကြံသူ အယောက်၂၀တွင် နံပါတ်၁၃ ချိတ်သူ ဖြစ်သည်။

သူက အရိပ်လုပ်ကြံသူအဖွဲ့အစည်း၏ အရေးပါသော တာဝန်အများအပြားကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။

သူ့ကြောင့် သေဆုံးခဲ့ရသူများက တောင်လို ပုံနေပြီး တခြားသူများ၏ အရိုးများနှင့် ဝိညာဉ်များကို တက်နင်းကာ ခေါင်းဆောင်နေရာကို ရောက်လာခဲ့ခြင်း ဆိုလည်းမမှားပေ။

"ဒီတာဝန် အောင်မြင်ရင် ငါက ရွှေရောင်ဖဲပြား အဖွဲ့ကို ဝင်နိုင်ပြီ""

ရှယင်းသည် ခေါင်းမိုးထပ်၏ ထောင့်တစ်နေရာတွင် မတ်တတ်ရပ်နေရင်း ကျောင်းပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ရယ်သံ တစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

ဤနေရာက သာမန် အထက်တန်းကျောင်းသာ ဖြစ်ရာ စိတ်ဝိညာဉ် ချီစုဆောင်းသော တည်ဆောက်မှုများကို မမြင်တွေ့ရပေ။

ဟွာကောအုပ်စုက သူတို့သခင်မလေးကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ကို စေလွှတ်ခဲ့သည့်တိုင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းက စေလွှတ်လိုက်သော အထက်တန်းစား လုပ်ကြံသူများကို ယှဥ်နိုင်ပါမည်လော။

ဆရာများ နှင့် ကျောင်းလုံခြုံရေး အဖွဲ့များ အနေဖြင့်လည်း စွန်းရုံဆိုသည့် ကလေးမကို မည်ကဲ့သို့ လုံလုံလောက်လောက် ကာကွယ်နိုင်ပါမည်နည်း။

ရှယင်းက လှောင်ရယ်လိုက်ပြီး သူ့မျက်နှာကို အတည်ငြိမ်ဆုံး ဖြစ်အောင် ပြင်ဆင်လိုက်သည်။

ဤသည်ကား သူ တာဝန်ထမ်းဆောင်သည့် နောက်ဆုံးအကြိမ် လည်း ဖြစ်နိုင်သည်။

ဤနောက်ဆုံး တာဝန်က စိန်ခေါ်မှု နည်းပါးလှသော်လည်း သူ့အနေဖြင့် တာဝန်ကို လှလှပပ အဆုံးသတ်ချင်ခဲ့သည်။

"ဟူး.. ဒီနေ့ တော်တော် လေတိုက်တာပဲ"

သက်ပြင်းရှည်ကြီးက ရှယင်း၏ ခေါင်းပေါ် မှ ဖြတ်သွားသည်။

ရှယင်း၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွား၏။

သူ၏ မြင်ကွင်းတွင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျောင်းသား တစ်ဦး ရုတ်ခြည်း ပေါ်ထွက်လာသည်။

ထိုကျောင်းသားက ခေါင်းမိုးပေါ်တွင် စိန်ပြေနေပြေ ထိုင်ကာ နေပူဆာလှုံနေသည်။

ခေါင်းမိုးထပ်ကို မလာခင် ရှယင်းက ဤနယ််မြေကို အသေအချာ စစ်ဆေးခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

သို့ဆိုလျှင် ဤကောင်စုတ်လေးက မည်သည့်နေရာမှ ရောက်လာရသနည်း။

All Chapters