← Chapters

ဉာဏ်များသောကျောင်းအုပ်ကြီးချန်း

Vol. 2 Ch. 27

ဉာဏ်များသောကျောင်းအုပ်ကြီးချန်း

Vol. 2 Ch. 27

ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲတွင် ကျောင်းတစ်ကျောင်းချင်းစီ၏ ကျောင်းသားများသည် ပြိုင်ပွဲအမျိုးမျိုးတွင် သူတို့၏ ဝိညာဉ်ဓားများနှင့် ဆက်ဆံရေး အတိမ်အနက်ကို သရုပ်ပြကြသည်။

ဤသို့ သရုပ်ပြခြင်းက ကျောင်းသားများ၏ ကိုယ်ပိုင် အောင်မြင်မှုကိုသာမက ကျောင်းတစ်ကျောင်းစီ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်ကိုပါ တန်ပြန် သက်ရောက်မှု ရှိနေသည်။

ဆိုရလျှင် ကျောင်းတွင်း၊ ကျောင်းပြင် ပြိုင်ပွဲများတွင် ဝိညာဉ်ဓား အတွေ့အကြုံ နှီးနှောဖလှယ် တွေ့ဆုံမှုသည် မရှိမဖြစ် အရေးပါပြီး ကျောင်း၏ ရိုးရာ လှုပ်ရှားမှု တစ်ခုလို ဖြစ်လာခဲ့သည်။

အရိပ်လုပ်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို အံတုနိုင်မှုကြောင့် အမှတ်၆၀ အထက်တန်းကျောင်းကို ဖေးယန် ခရိုင်အတွင်းရှိ စံပြကျောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရရန် ခြွင်းချက် အဖြစ် ခွင့်ပြုပေးခဲ့သည်။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းမှ

ကျောင်းသားများကို ကျောင်းအချင်းချင်း အတွေ့အကြုံ ဖလှယ်ပွဲသို့ တက်ရောက်ခိုင်းခြင်း ဖြစ်၏။

အပေါ်ယံ ကြည့်လိုက်လျှင် ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်ခြင်းသာ ဖြစ်သော်လည်း တကယ်တမ်း မြို့ခေါင်းဆောင် အရှေ့တွင် မျက်နှာရရန် ကျောင်းနှစ်ကျောင်း ထိပ်တိုက် ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲသည် ဤတွေ့ဆုံပွဲ၏ အဓိကအချက် ဖြစ်သည်။

ထို့ကြောင့် အမှတ်၅၉ အထက်တန်းကျောင်းမှ ဤတစ်ကြိမ် ရွေးချယ်ထားသော ဆရာများသည် ဝိညာဉ်ဓား သင်ကြားခြင်းတွင် အတွေ့အကြုံများပြီး လက်တွေ့ လုပ်ဆောင်နိုင်သူများ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသား အုပ်ချုပ်သူ နေရာတွင် ဝါရင့်ဆရာသမား ဝမ်၏ အမည်စာရင်းကို မြင်တွေ့ရလျှင် အမှတ်၅၉ အထက်တန်းကျောင်း အဖွဲ့ဝင် အားလုံး မှင်တက်သွားခဲ့သည်။

သူတို့က သမိုင်းဘာသာ သင်ကြားသော စာကြမ်းပိုးကို လွှတ်လိုက်သည့် အမှတ်၆၀ အထက်တန်းကျောင်း၏ အတွေးကို နားမလည်နိုင်တော့ပေ။

ထို့ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက အရှုံးပေးသည်ဟု အမှတ်၅၉ အထက်တန်းကျောင်းအုပ်က စိတ်ထဲကနေ ယူဆထားလိုက်သည်။

ဝမ်လင်း နှင့် စွန်းရုံတို့သာ ဝါရင့်ဆရာသမား ဝမ်၏ စွမ်းအားအမှန်ကို သိထားကြသည်။

ရွှေအမြုတေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူကို မြေဖြူခဲဖြင့် တစ်ချက်တည်း သတ်ခဲ့သူက ဝါရင့်ဆရာသမားဝမ် ဖြစ်သည် မဟုတ်ပါလား။

ဝါရင့်ဆရာသမား ဝမ်က သူ့အကြောင်းကို တခြားသူများ မရိပ်မိအောင် သေချာ ဖုံးဖိထားနိုင်သည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် ဆရာဝမ် စာသင်နေသည့် အကြောင်းအရင်းကို ဝမ်လင်းလည်း ရှင်းရှင်းလင်းလင်း မသိပေ။

ဤတစ်ကြိမ်တွင် ကျောင်းခေါင်းဆောင်များက ဝမ်လင်းတို့အဖွဲ့ကို ဦးစီးရန် ဝါရင့်ဆရာသမား ဝမ်ကို စေလွှတ်ခဲ့သည်။

ဆရာဝမ်သာ ဦးဆောင်လျှင် ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲ၏ ရလဒ်က အောင်မြင်နိုင်ချေ ရှိသည်။

အခြေအနေ တစ်ခုလုံးကို ခြုံငုံ၍ ကြည့်လိုက်လျှင် အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်းက အကြံ ကြီးလွန်းသည်ဟု ဝမ်လင်း ခံစားမိခဲ့သည်။

ည၁၀နာရီ ရောက်နေသော်လည်း ဝမ်လင်းတို့ WeChat ဂရုက သက်ဝင် လှုပ်ရှားနေသေးသည်။

ချန်းချောင်က သူ့ဓားကို ထုတ်ကြွားပြီးနောက် တခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ကိုယ်ပိုင်ဓားများကို ထုတ်ကြွားတော့သည်။

သရဲစွယ်ဓားမှာ ကော်ဟောက်၏ ဝိညာဉ်ဓား ဖြစ်သည်။

ကော်ဟောက်၏ ဝိညာဉ်ဓားကို သူ့ဘိုးဘေးမျိုးဆက်များက ဖန်တီးပေးထားခြင်း ဖြစ်သည်။

ထိုဓားက အဆင့်သုံး ဝိညာဉ်သားရဲ ဖြစ်သည့် အမှောင် မှော်ဝင်ကျား၏ သွားစွယ်နှင့် ဖန်တီးထားခြင်း ဖြစ်ပြီး ကျောက်စိမ်းဖြူကဲ့သို့ အဆင်း ရှိသည်။

တစ္ဆေသရဲများ ဖျတ်ခနဲ မြင်ရနိုင်သည့် အနက်ရောင် သွေးများဖြင့် ဓားအစွန်းကို စီရင် ဖန်တီးထား၍ သရဲစွယ်ဓားဟု အမည်ပေးထားခြင်း ဖြစ်သည်။

ကော်ဟောက်က သရဲစွယ်ဓားကို ဗီဒီယို အတိုလေး ရိုက်ကူးထား၏။

ဤသည်ကိုကြည့်၍ သူ့ဓားကို အလွန်တရာ ချစ်မြတ်နိုးကြောင်း သိသာ ထင်ရှားနေသည်။

ကော်ဟောက်က ဗီဒီယို အတိုလေး ပို့ပြီးနောက် စာတစ်တန် ပေတတန်ဖြင့် ရေးသားလိုက်သည်။

"ဒီဓားက ငါ့အသက် ၈နှစ် အရွယ်တုန်းက ငါ့အဖေကိုယ်တိုင် ငါ့ကို ပေးခဲ့တာပဲ.. ဓားနဲ့က စာချုပ် ချုပ်ထားပြီးသားလေ.. အခုဆို ဒီဓားက ငါနဲ့ အတူတူရှိနေတာ ၈နှစ်ရှိနေပြီ.. ဒါတောင် ဓားဝိညာဉ်က မမွေးဖွားသေးဘူး"

ချန်းချောင်က စိတ်မကောင်းဖြစ်သော အီမိုဂျီသုံးခုကို ပို့လိုက်သည်။

"ချီးပဲ.. ရှစ်နှစ်တောင်လား"

"ရှစ်နှစ်က ဘာမှ မဟုတ်ပါဘူး"

လင်းရှောင်ယုက နှလုံး ကြေကွဲသော အီမိုဂျီကို ပို့လိုက်ပြီးနောက် သူ့ဓားကြီးကိုလည်း ပြသလိုက်သည်။

လင်းရှောင်ယုက ဓားနှစ်ချောင်းကို တပြိုင်နက်တည်း ပြသလိုက်၍ အားလုံးက အံ့ဩသွားခဲ့သည်။

ချန်းချောင်" နှစ်မြွှာဓားလား"

လင်းရှောင်ယု"ဒီဓားက အမေနဲ့သား ဓားအမျိုးအစားလို အတွဲလိုက်ဓားပဲ.. ငါသူတို့ကို ဝမ်မန် နဲ့ ဝမ်ဂျီလို့ နာမည်ပေးထားတယ်.. ဒီဓားကို သုံးတာတော့ ကိုးနှစ်ရှိပြီ.. ဓားဝိညာဉ်ကို အခုထိ မပျိုးထောင်နိုင်သေးဘူး"

"…..........."

"ကိုးနှစ်လား"

ချန်းချောင်က စိတ်ပျက်ကြေကွဲသော ခံစားချက်ကို ခံစားမိခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဝါရင့်ဆရာသမားက ဆက်လက် ရှင်းပြလိုက်သည်။

"ဒီအတွဲလိုက်ဓားက အမြွှာ ဓားဝိညာဉ်တွေကို မွေးဖွားပေးနိုင်တယ် ဆိုပေမဲ့ ပျိုးထောင်ရမဲ့ ကာလကတော့ သာမန်ဓားတွေထက် ပိုကြာနိုင်တယ်.. ဘာပဲဖြစ်ဖြစ် ကိုးနှစ် ဆိုတဲ့အချိန်က နည်းနည်းတော့ နောက်ကျနေပြီ.. လင်းရှောင်ယု.. မင်း ဒီဓားတွေကို သေသေချာချာ ဂရုမစိုက်ဘူး ထင်တယ်"

ယင်းအချိန်တွင် ကော်ဟောက်က မနေနိုင် မထိုင်နိုင် ဝင်ရောက် အာချောင်လိုက်သည်။

"အစ်မကြီး.. ဒီဓားနှစ်လက်က အထီး ဆိုတာ သေချာလို့လား... အထီးနဲ့ အမလည်း ဖြစ်နိုင်သလို လိင်တူချစ်သူလည်း ဖြစ်နိုင်တယ် မဟုတ်လား"

ဝါရင့်ဆရာသမား ဝမ်က ချွေးပြန်နေသော အီမိုဂျီ ပို့လိုက်သည်။

"ဓားဝိညာဉ် ကိုယ်တိုင်က သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် နားလည်မှု လွဲမှားနေရင်တော့ ဓားဝိညာဉ် မွေးဖွားဖို့ ပိုကြန့်ကြာတတ်တယ်"

"..........."

ဝါရင့်ဆရာသမား ဝမ်၏ ပြန်စာကို ဖတ်ရှုပြီးနောက် လင်းရှောင်ယုက (:) အမှတ်အသားကို ရေးသားပြီး ပို့လိုက်သည်။

သူက ဓားဝိညာဥ်နှင့်ပတ်သက်၍ ဘာမှ ထပ်မမေးမြန်းခဲ့ပေ။

"ကျောင်းသူစွန်းရုံရဲ့ ဝိညာဉ်ဓားကရော"

ချန်းချောင်

"စွန်းရုံရဲ့ဓားကို မြင်ချင်လှပြီ.. စွန်းရုံရဲ့ဓားက တကယ်ကို အံ့ဩစရာကောင်းမှာ အမှန်ပဲ"

ဟွာကော ရေတံခွန် အုပ်စု၏ သခင်မလေးက ကိုယ်ပိုင် ဝိညာဉ်ဓား အတွက် ငွေပုံအော၍ သုံးထားလောက်၏။

ကြွားဝါးတတ်သည့် တခြားသော လူချမ်းသာ ဒုတိယမျိုးဆက်များနှင့် ယှဉ်လိုက်လျှင် စွန်းရုံက သူမ၏ နေ့စဉ်ဘဝကို သိုသိုသိပ်သိပ် နေထိုင်လေ့ ရှိသည်။

ကြွားဝါးတတ်သော အပြုအမူများက အဆင့်အတန်း နိမ့်ကျပြီး သူမ တစ်ရစ်ခြင်း တည်ဆောက်နေသည့် နိုင်ငံကိုယ်စားပြု အလှဘုရင်မ ဂုဏ်ပုဒ် နှင့် မအပ်စပ်ပေ။

ထို့ကြောင့် တခြားသူ တစ်ယောက်က သူမကို ဝိညာဉ်ဓားပြရန် တောင်းဆိုလာလျှင်လည်း သူမက ဝိညာဥ်ဓားပုံကို အရင်ဦးဆုံး မျှဝေလိမ့်မည် မဟုတ်ပေ။

ခဏကြာပြီးနောက် အုပ်စုထဲမှ သူငယ်ချင်း အားလုံးက စွန်းရုံ တင်ပေးသော ဓာတ်ပုံကို မြင်တွေ့လိုက်ရသည်။

စွန်းရုံ

"ငါ့ဓားရဲ့ နာမည်က ဆန်းကြယ် ပင်လယ်"

ဝိညာဉ်ဓား၏ အရောင်က မိုးပြာရောင် ဖြစ်သည်။

ဓားသွားက ထိုးဖောက်မြင်နိုင်ပြီး ချို့ယွင်းချက် မရှိပေ။

ဓားမှ အပြာရောင် ရောင်ခြည်စက်ဝန်းများ ဖြာထွက်နေသည်။

ဤသည်မှာ ဓာတ်ပုံ မျှသာ ဖြစ်သော်လည်း လူတိုင်းက ပင်လယ် သမုဒ္ဒရာ၏ အဆုံးအစမဲ့သော အရှိန်အဝါကို ခံစားမိခဲ့သည်။

ကော်ဟောက်က တအံ့တဩ ပြောဆိုလိုက်သည်။

"ဆန်းကြယ် ပင်လယ်လား.. ဒီဓားကနေ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကို ခံစားရတယ်.. ကျောင်းသူစွန်းရုံက ဒီဓားကို ပိုင်ဆိုင်တာ ဘယ်နှစ်နှစ်ရှိပြီလဲ"

စွန်းရုံက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဒီဓားက စတင် ဖန်တီးကတည်းက ငါနဲ့ အတူတူ ရှိခဲ့တယ် ဆိုတော့ ၁၆နှစ်လောက် ရှိပြီပေါ့"

ချန်းချောင် ".......…"

လင်းရှောင်ယု "........…"

ကော်ဟောက် ".......…"

၁၆နှစ် ဆိုသော အချိန်ကာလမှာ မနာလိုစရာ ကောင်းလွန်းနေသည်။

ဆရာဝမ်က ကိုယ်တိုင် ရှားရှားပါးပါး မှတ်ချက်ပေးလိုက်သည်။

"ဓားပေါ်က အပြာရောင်သန်းနေတဲ့ ရောင်ခြည်စက်ဝန်းက ဓားဝိညာဉ်ရဲ့ ဝိညာဉ် အနှစ်သာရပဲ.. ကျောင်းသူ စွန်းရုံရဲ့ ဓားက ဓားဝိညာဉ် မွေးဖွားပြီးပုံပဲ.. စွန်းရုံက အသေအချာ ထိန်းသိမ်းစောင့်ရှောက်လို့ ဓားက အရောင်အဝါ လင်းလက်နေတာပဲ.. ကျောင်းသူစွန်းရုံက တကယ်တော်တယ်"

စွန်းရုံက လက်သီးဆုပ် ဂါရဝပြုသော အီမိုဂျီ ပို့လိုက်သည်။

"ဆရာဝမ်က မြှောက်နေပြီ"

ဝိညာဉ်ဓား အပြန်အလှန် ပြသခြင်း လုပ်ငန်းစဉ်တွင် ဝမ်လင်းက သူ့ဝိညာဉ်ဓားကို မပြသရသေးပေ။

"???"

ချန်းချောင်က ??? သုံးခု ပို့လိုက်သည်။

"အတန်းဖော်ဝမ်လင်း.. မင်းရဲ့ ဝိညာဉ်ဓားရော.. ငါတို့ကို မပြတော့ဘူးလား"

ဝမ်လင်း "…........."

အစောပိုင်းတွင် ဝမ်လင်းက မသိချင်ယောင် ဆောင်လိုက်မည်ဟု ဆုံးဖြတ်ထားသော်လည်း လူတိုင်းက သူ့ကို အာရုံပြုမိမည်ကို စိုးရိမ်မိသည်။

အာရုံစိုက်ခံရခြင်းက သိုသိုသိပ်သိပ် နေထိုင်သော ဝမ်လင်းတစ်ယောက် မလိုလားသော အပြုအမူ ဖြစ်သည် မဟုတ်ပါလား။

သေချာ အလေးအနက် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဓားပုံကို မျှဝေလိုက်သည်။

ထို့နောက်တွင်...

All Chapters