← Chapters

စီနီယာဟဲ၏ လက်တုံ့ပြန်ခြင်း

Vol. 3 Ch. 43

စီနီယာဟဲ၏ လက်တုံ့ပြန်ခြင်း

Vol. 3 Ch. 43

တိမ်တိုက်များ၏ အနေအထားအရ မုန်တိုင်း မရှိသော်လည်း ကျောင်းပုရဝဏ်တွင်မူ လေပြင်း တိုက်ခတ်နေသည်။

တတိယနှစ်တွင် စုစုပေါင်းအမှတ် ၈၈၂၃မှတ် ရသော ဆိုးသွမ်းလူငယ်မှာ စီနီယာ ဟဲပီဖုန်း ဖြစ်သည်။

ယခုအချိန်တွင် ဟဲပီဖုန်း၏ ဘွဲ့ထူး နှင့် မကောင်းသတင်း ကျော်စောမှုများက ကျောင်းတွင် ကြီးစိုးနေသည်။

ဟဲပီဖုန်း ကိုယ်တိုင်ပင် သူ့ကို ဆိုးသွမ်လူငယ်ဟု ထင်မြင်ခံရသော အချိန်ကို ဘယ်အချိန်ကမှန်း မသိတော့ပေ။

လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က သူ၏ ကြည်နူးဖွယ်ကောင်းသော အချစ်ဇာတ်လမ်း အဆုံးသတ်သွားသော အချိန်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဟဲပီဖုန်းက အတိတ်မှ အကြောင်းအရာ အလုံးစုံကို လုံးဝ မေ့ထားခဲ့ပြီး အာရုံမထားခဲ့ပေ။

သူ့ကို ကျောင်း၏ ဆိုးသွမ်လူငယ် အဖြစ် တစ်ကျောင်းလုံးက အသိအမှတ်ပြုပြီး နောက်ပိုင်း စိတ်လက်ပေါ့ပါးစွာ နေထိုင်ခဲ့သည်။

ဆိုးသွမ်းလူငယ် ဖြစ်လာကတည်းက ကျောင်းရှိ သန့်စင်ခန်းကို သူ့စိတ်ကြိုက် အပိုင်စီးထားလိုက်သည်။

သူ သန့်စင်ခန်းထဲ ဝင်ရောက် ဆီးသွားပြီးမှသာ တခြားသူများ ဝင်ရောက်ရဲသည်။

ကျောင်း ဘူဖေးကန်တင်းကို ကြီးကြပ်ရသည့် အဒေါ်ကြီးက သူ့အတွက် အသားအများဆုံး ထည့်ပေးသည်။

ကျောင်းရှိ လူတိုင်းက သူ့ကို ကြောက်ကြသည်။

မျက်နှာထား ခပ်တင်းတင်း အမူအရာ ရှိသည့် ဒါရိုက်တာရှဲ့ ကိုယ်တိုင်ပင် သူ့ကို တွေ့သည်နှင့် ခပ်ဝေးဝေးကနေ ရှောင်တိမ်း သွားတတ်သည်။

အရိုးသားဆုံး ပြောရလျှင် အစပိုင်းတွင် ဟဲပီဖုန်းက သူ့ကို ကူးစက်ရောဂါလို လူတိုင်းက ရှောင်တိမ်းသွားခြင်းကို အလွန် မုန်းတီးမိသည်။

သို့သော် နောက်ပိုင်းတွင် ဟဲပီဖုန်းက ယင်းအပြုအမူဖြင့် ကျင့်သားရလာပြီး ပျော်ရွှင်တတ်လာသည်။

ထျန်းကျင်းဇီက ဤမနက်ခင်းတွင် သူ့ကို လာရောက်တွေ့ဆုံလိမ့်မည်ဟု ဟဲပီဖုန်း မမျှော်လင့်ခဲ့ပေ။

အမှတ်၅၉ အထက်တန်းကျောင်းရှိ ကျောင်းသားများ နှင့် ဆရာများကို စိတ်ဒုက္ခ ပေးခဲ့ဖူးသော ထျန်းကျင်းဇီက တခြားကျောင်းမှ အရှုပ်ထုပ်များကို သင်ခန်းစာပေးရန် သူ့ကို အသနား လာခံနေသည်။

….............

"ဒါဆို ဒီလေးယောက်လား"

တွေ့ဆုံဖို့ စီစဥ်ထားသည့် အများသုံး သန့်စင်ခန်းတွင် ဟဲပီဖုန်းက ထျန်းကျင်းဇီ ပေးသည့် ဓာတ်ပုံနှင့် အချက်အလက်များကို ကြည့်ရင်း လက်ကြားထဲမှ ဆေးလိပ်တိုကို လွှင့်ပစ်ကာ ဖနောင့်ဖြင့် နင်းချေလိုက်သည်။

"ဟုတ်တယ် သူတို့ပဲ.."

ထျန်းကျင်းဇီက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

ဖန်ဟွာချင်း နှင့် လျန့်ဝေတို့က ထျန်းကျင်းဇီ၏ အနောက်တွင် ခပ်ကုတ်ကုတ် ရပ်နေကြသည်။

ဆိုးသွမ်းသော စီနီယာဟဲက ကောလဟာလ သတင်းများ အတိုင်း အမှန်တကယ် ချောက်ခြားဖွယ် ကောင်း၍ ၎င်းတို့မှာ အသက်ပင် ရဲရဲ မရှုရဲကြပေ။

"ငါ မှတ်မိသလောက်တော့ အမှတ်၆၀ အထက်တန်းကျောင်းက ကိုယ်စားလှယ် ငါးဦး စေလွှတ်ခဲ့တာ မဟုတ်လား.. ဟမ့် စွန်းရုံကို မင်းစာရင်းထဲကနေ ထုတ်လိုက်တာက ငါ့ကိုအထင်သေးတဲ့ သဘောလား.."

ဟဲပီဖုန်းက သူ့လက်ထဲမှ အချက်အလက်ဖိုင်ကို ကြည့်ပြီး ပြုံးနေသည်။

"…..........."

ဤမေးခွန်းက ရိုးရှင်းသော မေးခွန်း ဖြစ်သော်လည်း ထျန်းကျင်းဇီကို ထိတ်လန့်စေခဲ့သည်။

"ဟားဟား.. မကြောက်ပါနဲ့"

ဟဲပီဖုန်းက ထျန်းကျင်းဇီ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက ဟွာကောအုပ်စုရဲ့သခင်မလေးပဲလေ.. မင်း အလွယ်တကူ ရန်ရှာလို့ရတဲ့ သာမန်လူမှ မဟုတ်တာ"

"စီနီယာ ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ"

"ဒါပေမဲ့ ငါ့အချိန်က အကန့်အသတ်နဲ့ ဆိုတော့ အများဆုံး လူတစ်ယောက်ကိုပဲ သင်ခန်းစာ ပေးနိုင်မယ်"

ထို့နောက် ဟဲပီဖုန်းက ဓာတ်ပုံကို ညွှန်ပြလိုက်သည်။

"ပထမဆုံး အချက်အနေနဲ့ ငါက မိန်းကလေးတွေကို အနိုင်ကျင့်တတ်တဲ့ အကျင့်စရိုက် မရှိဘူး.. ဒါကြောင့်မို့ ဒီစာရင်းထဲက လင်းရှောင်ယု ဆိုတဲ့ မိန်းကလေးကို ပယ်တယ်"

"ဟီး.. စီနီယာက အကျင့်စာရိတ္တ ကောင်းသားပဲ"

လျန့်ဝေက မျက်နှာချိုသွေး၍ ဖားယားလိုက်သည်။

ထို့နောက် ဟဲပီဖုန်းက ချန်းချောင်၏ ဓာတ်ပုံကို ညွှန်ပြလိုက်သည်။

"ဒုတိယအနေနဲ့ ဒီကြွက်သား အဖုအထစ်နဲ့ကောင်က ရင်ဆိုင်ရခက်ခဲမဲ့ပုံရတယ်.. သူ့ကို သင်ခန်းစာပေးရင် နပန်းသတ်ရလောက်တယ်.. စုံစမ်းထားတဲ့ သတင်းတွေအရ ဆိုရင် သူ့မိသားစု နောက်ခံကြောင့် ငါတို့က သူ့ကို လက်ရှောင်သင့်တယ်"

"............"

ထို့နောက် ဟဲပီဖုန်းက ဓာတ်ပုံထဲမှ ကော်ဟောက်ကို ညွှန်ပြလိုက်သည်။

"ဒီကောင်ကို ကြည့်ရတာတော့ ရူးကြောင်ကြောင် ပုံစံပါပဲ.. ဒါပေမဲ့ သူ့မိသားစုက ဝိညာဉ်သားရဲဆိုင် ဖွင့်ထားတယ်.. သူ့လက်ပေါ်က ကြက်တူရွေးက ရင်ဆိုင်ရ ခက်ခဲမယ်လို့ ငါခံစားရတယ်"

"…........."

နောက်ဆုံးတော့ ဟဲပီဖုန်းက ဝမ်လင်း၏ ဓာတ်ပုံထံ အကြည့်ရောက်သွားသည်။

"အချက်အလက်တွေအရ ဒီကောင်က အနိုင်ကျင့်ရ အလွယ်ကူဆုံး ပစ်မှတ်ပဲ.. ဟုတ်တယ်မလား.. ငါ့အမြင်တော့ သူက အဆင်ပြေဆုံးပဲ"

"….........."

ထျန်ကျင်းဇီတို့ အားလုံး ဆွံ့အသွားကြသည်။

စီနီယာ ပြန်မစဉ်းစားချင်သည်မှာ သေချာပါသလော။

…....................

အားကစားခန်းမမှ ထွက်ခွာလာပြီးနောက် ဝမ်လင်းက လွတ်လွတ်လပ်လပ် အနားယူနေခဲ့သည်။

ဆရာဝမ်က လင်းရှောင်ယုကို "မိစ္ဆာလမ်းစဉ် တည်ထောင်သူ" စာအုပ် ဖတ်ရှုရန် အားကစားခန်းထဲ နေခဲ့စေသည်။

စွန်းရုံကမူ အမှတ်၅၉ အထက်တန်းကျောင်း၏ အတန်းချိန်များကို အခွင့်ကောင်းယူကာ ကျောင်းခေါင်မိုးပေါ်သို့ ပြေးတက်၍ သူမ၏ ဓားဝိညာဉ်နှင့် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးစားနေသည်။

ချန်းချောင်နှင့် ကော်ဟောက်က ရည်မှန်းချက် မရှိသူများ ဖြစ်၍ အိပ်ဆောင်သို့ ပြန်ပြီး ဂိမ်းဆော့နေသည်။

ဝမ်လင်းက လေ့ကျင့်စရာ မလိုအပ် သကဲ့သို့ ဂိမ်းဆော့တတ်သော အကျင့်လည်း မရှိပေ။

အကြောင်းရင်းမှာ သူ့လက်ထဲ ကြာကြာကိုင်ထားသော မည်သည့် စက်ပစ္စည်းမဆို ပျက်စီးသွားတတ်သောကြောင့် ဖြစ်၏။

ဝမ်မင် ပေးထားသော အထူး တီထွင်ထားသည့် လက်ပတ်နာရီများတွင် ဂိမ်းများပါရှိပြီး နောက်ဆုံးထွက် ဂိမ်းအားလုံး နီးပါး ဆော့ကစားနိုင်ရန် အပတ်စဥ် တနင်္လာနေ့တိုင်း ဂိမ်းစာကြည့်တိုက်ကို အော်တို အပ်ဒိတ် လုပ်ထားသည်။

သို့သော် ဝမ်လင်းက သူ့လက်ပတ်နာရီပေါ်မှ ဂိမ်းတစ်ခုကိုမှ မကစားခဲ့ပေ။

သူသာ ကစားခဲ့လျှင် သူ၏ သွက်လက်မှု၊ တုံ့ပြန်နိုင်စွမ်းနှင့်အခြား စူပါစွမ်းအားများ၏ သဲလွန်စက ဂိမ်းကစားရင်း ပေါက်ကြားသွားနိုင်သည်။

ငယ်စဥ်ကတည်းက သူ့ကိုယ်သူ ထိန်းသိမ်းခဲ့ရ၍ သူက အမှန်တကယ် ငြီးငွေ့ဖွယ်ကောင်းသော လူတစ်ဦးဟု အမြဲတွေးမိခဲ့၏။

ဝမ်လင်းက သူသာ ယခုလို စွမ်းအားမျိုး မပိုင်ဆိုင်ထားလျှင် သာမန်လူအဖြစ် နေထိုင်မည်ဟု အကြိမ်ကြိမ် တွေးခဲ့ဖူးသည်။

ဘုရားသခင်က လူတိုင်းကို တန်းတူညီမျှ အခွင့်အရေးပေးသည်။

ဝမ်လင်းကို ပြိုင်ဘက်ကင်းသော ခွန်အား ပေးအပ်ထားသော်လည်း ထိုအတွက် ဝမ်လင်း ပေးလိုက်ရသော တန်ကြေးမှာ ခါးသီးလွန်းလှ၏။

ဝမ်လင်းက ဂိမ်းကိုပင် ပျော်ပျော်ရွှင်ရွှင် ကစားခွင့် မရခဲ့ပေ။

အထူးသဖြင့် သူနှင့် အနီးစပ်ဆုံးသူများနှင့် မိတ်ဆွေဖွဲ့ခွင့် မရခဲ့ချေ။

အိပ်ပျော်နေလျှင်ပင် ဟောက်သံ မကျယ်အောင် သတိထားအိပ်ရသည်။

သူက အမြဲတမ်းလိုလို သူ့သဘာဝလွန် စွမ်းအားများကို ထိန်းချုပ်နေရသည်။

သူက သူ့ကိုယ်သူ ကာကွယ် စောင့်ရှောက်နေရသည့် အပြင် တခြားသူများကို မထိခိုက်မိအောင်လည်း ဂရုစိုက်ရသည်။

ဝမ်လင်း၏ ငယ်ဘဝက အတော်လေး အထီးကျန်ပြီး အရွယ်ရောက်လာသည်နှင့် အမျှ အထီးကျန်မှုနှင့် ကျင့်သားရလာ၏။

အမှတ်၆၀ အထက်တန်းကျောင်းကို ရောက်လာပြီးနောက်မှ သာ သူ့ဘဝက ပြန် အသက်ဝင်လာခဲ့သည်။

ယခင်က မကြုံဖူးသော အုပ်စုဖွဲ့ နေထိုင်မှုဖြင့်လည်း နေထိုင်ရသည်။

ဝမ်လင်းအတွက် ယခု အားလပ်ချိန်က ငြိမ်းချမ်း တိတ်ဆိတ်စွာ နေထိုင်နိုင်သော ရှားရှားပါးပါး အခွင့်အရေး ဖြစ်သည်။

…..............

"ဒီသီချင်းက ဘယ်လိုလုပ်ပြီး ထပ်တလဲလဲ ဖြစ်နေတာလဲ"

"ကျောင်းဝင်းထဲက လမ်းပေါ်မှာ ငါနဲ့အတူ လမ်းလျှောက်ပါ.. အို့.. အို.. အို့.. အို"

အမှတ်၅၉ အထက်တန်းကျောင်း ဖြစ်စေ၊ အမှတ်၅၈ အထက်တန်းကျောင်း ဖြစ်စေ၊ အမှတ်၆၀ အထက်တန်း ကျောင်း၏ ပန်းခြံလို ၎င်းတို့၏ ကျောင်းကွင်းတွင် အလားတူနေရာမျိုး ရှိကြသည်။

အမှတ်၅၉ အထက်တန်းကျောင်းကို ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာ အသစ်ဖြစ်သည့် ယီးအရေပြားလှီး ဆေးရုံမှ ဒါရိုက်တာက တိုးချဲ့ပေးခဲ့သည်။

သစ်ပင်များဖြင့် စီတန်းထားသော လမ်းသစ်နှင့် အိပ်ဆောင်အသစ် အပြင် အိပ်ဆောင် အနောက်ဘက်ရှိ မြေကွက်များကိုပါ တိုးချဲ့ခဲ့သည်။

ထိုနေရာတွင် ချယ်ရီပန်းပင်များဖြင့် ပြည့်နှက်နေသော ချယ်ရီ တောကြီးကို ဖန်တီးထားသည်။

ယခုအချိန်က ချယ်ရီပန်း ရာသီဖြစ်၍ ချယ်ရီပန်းများ ပွင့်လန်းနေပြီး သစ်တောကို ပန်းရောင် ပြောင်းသွားစေသည်။

ချယ်ရီ ပန်းပင်များ၏ အလယ်တွင် ရပ်နေရသည့် ခံစားချက်က လူတစ်ယောက်ကို အချစ်ဦးနှင့် တွေ့ကြုံရသလို ခံစားချက် ပေးစွမ်း၏။

စာသင်ချိန် ပြီးဆုံးလျှင် စုံတွဲများက ချယ်ရီပင် အောက်များတွင် တစ်ယောက်ကိုတစ်ယောက် ကတိသစ္စာ ပြုကြသည်ကို တွေ့မြင်နိုင်သည်။

လေအဝှေ့တွင် ချယ်ရီပန်းများက သစ်ပင်ထိပ်ဖျားမှ ကြွေလွင့်လာပြီး မြေပြင်တစ်လျောက် လွင့်မြော ကခုန်နေ၏။

ပန်းပွင့် တော်တော်များများက ဝမ်လင်း၏ ပုခုံးနှင့် ဆံပင်ပေါ်တွင် ညင်သာစွာ လဲလျောင်း နေကြသည်။

လှပသော ချယ်ရီပန်း နှင့် ဆယ်ကျော်သက် လူငယ်..

ယင်းက ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။

All Chapters