← Chapters

ကိုယ်ကျိုးမဖက်သူ ဝမ်လင်း

Vol. 3 Ch. 45

ကိုယ်ကျိုးမဖက်သူ ဝမ်လင်း

Vol. 3 Ch. 45

ဝါရင့်ဆရာသမား ဝမ်၏ သတ်လတ်ပိုင်း အမျိုးသမီးများကို ဆွဲဆောင်နိုင်သော မွေးရာပါ စွမ်းရည်ကို မျက်မြင်တွေ့ရပြီးနောက် ဝမ်လင်းက သူ၏ ကိုယ်ပိုင် မွေးရာပါ စွမ်းရည် အကြောင်းကို စဥ်းစားမိခဲ့သည်။

တစ်ခါတရံ သူ ပြဿနာကြုံရခြင်းမှာ သူ့စွမ်းအားကို မထိန်းချုပ်နိုင်၍ မဟုတ်ဘဲ သူ၏ မွေးရာပါ စွမ်းရည်ကြောင့် ဖြစ်သည်။

ယင်းအတွက်ကြောင့် ထိုစွမ်းရည်များကို လက်တွေ့ အသုံးချကြည့်ပြီး တိတ်တဆိတ် အဖြေရှာခဲ့ဖူးသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ဝမ်လင်းက သူ၏ မွေးရာပါ စွမ်းရည်များတွင် ပါဝင်သော အမျိုးအစားများကို လက်တွေ့အသုံးချ စွမ်းရည်များ.. တန်ဖိုးမရှိသော စွမ်းရည်များနှင့် အမိန့်ပေး စွမ်းရည်များ ဟူ၍ သက်သက်စီ ခွဲထားခဲ့သည်။

အမိန့်ပေး စွမ်းရည်များတွင် ဝမ်လင်း အပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင် ကျန်ရစ်စေသော စွမ်းရည်မှာ မဟာတာအို သုံးထောင်ထဲက တစ်ခုဖြစ်သည့် "မဟာလက်ဖဝါးလှိုင်း"မှ ဆင်းသက်လာသော "ငါးကြင်းခုန်" ဟုခေါ်သည့် စွမ်းရည် ဖြစ်သည်။

ဝမ်လင်းက လက်ခုပ် သုံးဆယ့်နှစ်ခါ ဆက်တိုက် တီးလိုက်လျှင် ထိုအစွမ်း သက်ရောက်ခံရသည့်လူက မည်သည့် တိုက်ခိုက် သက်ရောက်မှုမှ မရှိဘဲ ငါးကြင်းခုန်သကဲ့သို့ လျှပ်တပြက် လှုပ်ရှားကာ လှည့်ပတ် ရှောင်တိမ်းနေရသည့် စွမ်းရည် ဖြစ်သည်။

(ပိုကီမွန်ထဲက ငါးကြင်းလေး ခုန်သလိုမျိုး)

တန်ဖိုးမရှိသော စွမ်းရည်များတွင် ထင်ရှားသည်မှာ စွန့်ပစ်သော အမျိုးအစား မန္တန် ဖြစ်သည်။

အချို့သော စွမ်းရည်များက အလွန် လက်တွေ့ကျသည်ဟု ထင်ရသော်လည်း သူ့အတွက် တန်ဖိုးမရှိပေ။

ဥပမာအားဖြင့် "အကန့်အသတ်မဲ့ ဝါးမျိုခြင်း" ဟူသော မန္တန်သည် မဟာတာအို ၃၀၀၀ထဲမှ တစ်ခုဖြစ်သည့် "ကြီးမြတ်သော ဝါးမျိုခြင်း မန္တန်" ၏ အကိုင်းအခက် တစ်ခု ဖြစ်သည်။

ဝမ်လင်းက သူနှစ်သက်သော အစားအစာပေါ်တွင် မျက်ရည်ကျလိုက်လျှင် ထိုအစားအစာက အချိန်တိုအတွင်း ပုံတူပွားလာမည် ဖြစ်သည်။

အချိန်တိုလေး အတွင်း တစ်ခုကနေ နှစ်ခု၊နှစ်ခုကနေ လေးခု အဖြစ် လျင်မြန်စွာ ပုံတူပွားနိုင်သည်။

သူကြိုက်သည့် တစ်ခုတည်းသော အရာမှာ အဆာပြေမုန့်ထုပ် ဖြစ်သည့် ခေါက်ဆွဲ အကြွပ်ကြော်ထုပ်ပင် ဖြစ်သည်။

ဝမ်လင်း ငယ်စဥ်က သူ အကြိုက်ဆုံး ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို ပုံတူပွားရန် ထိုစွမ်းရည်ကို အသုံးပြုခဲ့ဖူးသည်။

သို့သော် သူ့စွမ်းအားကို မထိန်းချုပ်နိုင်၍ မရေတွက်နိုင်အောင် များပြားသော ခေါက်ဆွဲခြောက် ကြွပ်ကြော်များကို ဖန်တီးမိခဲ့သည်။

ထို့ကြောင့် စွန့်ပစ်ခြင်းမန္တန်ကို သုံးကာ စကြဝဠာ အပြင်ဘက်သို့ ပို့ပစ်လိုက်ရ၏။

ယခုဆိုလျှင် ဝမ်လင်း လွှင့်ပစ်ခဲ့သော ခေါက်ဆွဲခြောက်ကြွပ်ကြော်များက ကိုယ်ပိုင် နဂါးငွေ့တန်းကို ဖန်တီးနေလောက်သည်။

သူ့တွင် မွေးရာပါ စွမ်းရည်များစွာ ရှိသော်လည်း အများစုမှာ လက်တွေ့ အသုံးမချရသေးပေ။

ဝမ်လင်းက သူ့စွမ်းအားကို ဖုံးကွယ်ရန် "ကြီးမြတ်သော အကာအရံ မန္တန်"ကို အသုံးပြုလေ့ရှိသည်။

သာဓကပြရလျှင် သူ ယခင်က အသုံးပြုခဲ့ဖူးသော ကြီးမြတ်သော အကာအရံ မန္တန်သည် တခြားသူများက သူ့အကြောင်းကို စုံစမ်းမိခြင်းမှ ကာကွယ်ပေးထားနိုင်သည်။

ယခု သူ့ကို စိတ်အနှောင့်အယှက် ပေးနေသော အမည်းရောင်ကြောင်ကို မည်သည့် စွမ်းရည်ကို သုံး၍ သင်ခန်းစာ ပေးရမလည်း သူမသိခဲ့ပေ။

သူ၏ ကောင်းကင်ဘုံမျက်လုံးက မှားယွင်းမှုများကို ဖယ်ရှားပေးပြီး အမှန်တရားကို ထိန်းသိမ်းပေးနိုင်သည်။

အရိုးသားဆုံး ပြောရလျှင် အခြေခံတည်ဆောက်ခြင်း အထက်တန်းကျောင်းတွင် အသွင်ပြောင်းလဲခြင်း မန္တန်ကို အသုံးပြုနိုင်သူ ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဤမန္တန်မှာ အတော်ကလေး အဆင့်မြင့်သော မန္တန် ဖြစ်သည်။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်သော ဌာနက ထိုမန္တန်ကို အသုံးပြုရန် မကန့်သတ်ထားသော်လည်း ဆရာ၏ လမ်းညွှန်မှု မရှိဘဲ လေ့ကျင့်လျှင် ရူးသွပ်သွားနိုင်လောက်သည့် မန္တန် အမျိုးအစား ဖြစ်သည်။

..................

ထိုစဉ် သရုပ်ဆောင် ကောင်းလွန်သော အမည်းရောင်ကြောင်က ရေကန်ထဲ ရုန်းကန်နေသည်မှာ ၂မိနစ်ခန့်ပင် ကြာနေပြီ။

သူ့လို သနားချင်စရာကောင်းသော ကြောင်ပေါက်လေးကို မည်သည့်လူသားက မစာနာဘဲ နေနိုင်မည်နည်း။

ယင်းမှာ ဟဲပီဖုန်း၏ စိတ်ကူး ဖြစ်သည်။

ဤဖြစ်ရပ်မတိုင်မီ သူက ဝမ်လင်း၏ အပြုအမူကို မှတ်တမ်းတင်ရန် လျှို့ဝှက် ကင်မရာကို အနီးအနားတွင် တပ်ဆင်ထားသည်။

အကယ်၍ ဝမ်လင်းသာ သူ့ကို မကယ်တင်ပေးလျှင် စိတ်ကူးယဉ်ဆန်သည့် ဆောင်းပါးတစ်ပုဒ်ကို ချဲ့ကား ရေးသားလိုက်ရုံဖြင့် နောက်တစ်နေ့တွင် ဝမ်လင်းက စာနာမှု ကင်းမဲ့သူ အဖြစ် နာမည်ကျော်သွားလိမ့်မည် ဖြစ်၏။

အနည်းဆုံးတော့ ကြောင်ကလေးများကို နေ့တိုင်း အစာကျွေးသော ကျောင်းဝန်ထမ်းများက ဝမ်လင်းကို ပြစ်တင် ရှုတ်ချလိမ့်မည် မဟုတ်ပါလား။

ထိုမှသာ အမှတ်၆၀ အထက်တန်းကျောင်းက လူပုံအလယ်တွင် မျက်နှာပျက်ရပေလိမ့်မည်။

သို့သော် အစီအစဉ် တစ်ခုလုံးက အသွင်ပြောင်းလဲခြင်းမန္တန်ကို အမှားအယွင်း မရှိ အသုံးပြုရန် အပေါ် မူတည်နေသည်။

.................

အမည်းရောင်ကြောင်က ရေကန်ထဲ ရုန်းကန်နေဆဲ ဖြစ်သည်။

".............."

ကြောင်မည်းကို စောင့်ကြည့်နေသော ဝမ်လင်း၏ မျက်စိသူငယ်အိမ်က သာမန်ထက် ထူးကဲနေသည်ကို မည်သူမှ သတိမပြုမိပေ။

ဟဲပီဖုန်း၏ အသွင်ပြောင်းလဲခြင်း မန္တန်က သာမန်ထက် ထူးကဲပြီး လူအများစု၏ မျက်လုံး နှင့် နားကို ပိပိရိရိ ဖုံးကွယ်နိုင်သော်လည်း ဝမ်လင်း၏ ကောင်းကင် မျက်လုံးအောက်မှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။

ဟဲပီဖုန်းက ကြာကန်ထဲ ရုန်းကန်နေစဉ် သူ့ခန္ဓာကိုယ်၏ ထူးခြားမှုကို သတိပြုမိလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ အမည်းရောင် အမွေးများက အကြောင်းရင်း မသိရဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"ထူးဆန်းလိုက်တာ.. ဒါက ဘယ်လိုဖြစ်ရတာလဲ"

ထို့နောက် စက္ကန့်ပိုင်းမျှ ကြာပြီးနောက် အံ့သြမှု ပြည့်နှက်နေသော မျက်နှာဖြင့် ကြာကန်ထဲကနေ မတ်တတ် ထရပ်လိုက်သည်။

အားမာန်အပြည့်နှင့် သတ္တိရှိရှိ မတ်တပ်ထရပ်လိုက်သော်လည်း သူ၏ ရေစိုနေသော ဂွေး-ကျိက တွဲလောင်းလေး ဖြစ်နေသည်။

"ချီးပဲ"

ယခုလို အရေးကြီးသည့် အခြေအနေမျိုးတွင်မှ လူသားအသွင် ပြောင်းလဲသွားလိမ့်မည်ဟု ဟဲပီဖုန်း မမျှော်လင့်ခဲ့ပေ။

ဟဲပီဖုန်းကို ပို၍ ချောက်ခြားစေသော ကိစ္စမှာ အဝတ်အစား ကင်းမဲ့ကာ ကိုယ်လုံးတီး ဖြစ်နေခြင်းပင်။

".............."

ဝမ်လင်းက မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး သူ့မျက်လုံးများကို လက်ဖြင့် ကွယ်ထားလိုက်သည်။

"သောက်ချီးပဲ.."

သူ့စိတ်ထဲကနေ သူ့ကိုယ်သူ ကျိန်ဆဲနေမိသည်။

ဟဲပီဖုန်း၏ အဝတ်အစားများက ဘယ်ဆီ ဘယ်ဝယ် ရောက်သွားရသနည်း။

အမှားအယွင်းများကို ဖယ်ရှားပြီး အမှန်တရားကို ထိန်းသိမ်းနိုင်သည့် သူ၏ ကောင်းကင်မျက်လုံးက တကယ်ကို အစွမ်းထက်လွန်း၏။

မြင်ကွင်းက ဝမ်လင်းအတွက် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော အရှက်ရဖွယ် မြင်ကွင်း ဖြစ်နေသည်။

သူ အနည်းငယ် နောင်တရနေမိသည်။

သူ၏ မွေးရာပါ ကောင်းကင်မျက်လုံး စွမ်းရည်ကို မထိန်းချုပ်နိုင်ခဲ့၍ သာမန်ထက် လွန်ကဲသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည် မဟုတ်လော။

ထိုအခိုက်အတန့်တွင် ဟဲပီဖုန်း၏ ဘဝက သနားစရာကောင်းနေပြီး ရူးသွပ်မတတ် ဖြစ်နေသည်။

အကယ်၍ သူသာ ဂိမ်းထဲ ရောက်နေလျှင် အသွင်ပြောင်းအရည်ကို သောက်မိလိမ့်မည် ဖြစ်၏။

သို့သော် ယခုက လက်တွေ့ဘဝသို့ ရောက်နေ၍ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရသည်။

သူက မျက်နှာကို လက်ဖြင့်ကွယ်ပြီး ရေကန်ထဲ ပြန်ထိုင်ချလိုက်သည်။

သူယခင်က ယခုလိုမျိုး အရှက်မကွဲခဲ့ဖူးပေ။

အနီးအနားတွင် မည်သူမှ မရှိသော်လည်း ခပ်လှမ်းလှမ်း တစ်နေရာတွင် သူ ဖွက်ထားသော လျှို့ဝှက်ကင်မရာ ရှိနေပါသေးသည်။

ဟဲပီဖုန်းက သူ့ကိုယ်သူ အားတင်းပြီး ဝမ်လင်းကို အနူးအညွှတ် တောင်းပန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"သူငယ်ချင်းလေး.. ငါ့အတွက် အဝတ်ရှာပေးလို့ ရမလား"

ဝမ်လင်း "............"

ခဏမျှ တွေးတောပြီးနောက် ဝမ်လင်းက သူ့အပေါ် အင်္ကျီကို ချွတ်လိုက်ပြီး ကြာကန်ဘေးနားသို့ ပစ်ပေးလိုက်သည်။

ထို့နောက် သူက မျက်လွှာချကာ ခေါင်းငုံ့၍ တိတ်တဆိတ် လှည့်ထွက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူက ချန်းချောင်လို စပ်စုသော ဝါသနာမရှိသောကြောင့် အဝတ်အစားကင်းမဲ့၍ လန်ကွန်တီ ဖြစ်နေသောကောင်ကို စိတ်ဝင်စားနေမည် မဟုတ်ပေ။

................

ချယ်ရီပင်များအောက်တွင် လမ်းလျှောက်နေသော လူငယ်ကို ဝမ်းနည်းကြေကွဲနေသော လေနုအေးများက တိုက်ခတ်နေသည်။

ကြာကန်အလယ်တွင် မိန်းမောတွေဝေစွာ ထိုင်နေသော ဟဲပီဖုန်းက ဝမ်လင်း၏ နောက်ကျောပြင်ကို ငေးကြည့်နေ၏။

အသွင်ပြောင်းလဲခြင်း မန္တန်က အလျင်အမြန် အစွမ်းပြယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ အနိုင်ကျင့်ရန် ပစ်မှတ်ထားခဲ့သော လူငယ်လေးက သူ့သိက္ခာကို အဖက်ဆယ်ပေးခဲ့သည်။

သူ့ဘဝ၏ အရှက်ရဖွယ် ကောင်းသော အခြေအနေမှ ကယ်တင်ပေးခဲ့သည်။

ဟဲပီဖုန်းက အရှက်ရသော ခံစားချက်ဖြင့် ကြာကန်ထဲမှ ထလိုက်ပြီး ဝမ်လင်း ချန်ထားပေးခဲ့သော အပြာရောင်အားကစား ဝတ်စုံကို ကောက်ယူ၍ ဝတ်လိုက်သည်။

အားကစား ဝတ်စုံက သာမန် အဝတ်အစားထက် ပိုရှည်သော်လည်း အရှက်လုံရုံသာ ဖုံးကွယ်ပေးနိုင်ခဲ့သည်။

ကံကောင်းသည်မှာ ကျောင်းချိန် မပြီးဆုံးသေး၍ ချယ်ရီတောထဲတွင် မည်သူမှ မရှိနေခဲ့ပေ။

"ဘော့စ်.. ကျွန်တော် မှတ်တမ်းတင်ထားပြီးပြီ"

ကိရိယာက ထအော်လိုက်သည်။

"အားလုံး ဖျက်ပစ်စမ်း"

ဟဲပီဖုန်း၏ မျက်နှာက ရှုံ့မဲ့နေသည်။

သူ လူသားအသွင် ပြောင်းလဲသွားသော အခိုက်အတန့်ကို ပြန်တွေးမိလိုက်၏။

ဤကဲ့သို့သော ဗီဒီယိုကို သူမည်ကဲ့သို့ ထိန်းသိမ်း ထားနိုင်ပါမည်နည်း။

"ဒီလူငယ်လေးကို ဆက်အနိုင်ကျင့်ရမလား.. မကျင့်ရဘူးလား"

"စိတ်သဘောထားကောင်းတဲ့ တခြားကျောင်းကလူကို နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး ကြိုဆိုသင့်တာပေါ့.. ဒီအတန်းဖော် လဲ့ဖုန်းကြောင့်သာ မဟုတ်ရင် ငါတော့ လုံးဝ မျက်နှာပျက်ရပြီ.. "

(လဲ့ဖုန်း=ကိုယ်ကျိုးမဖက်သူ၊လမ်းလွဲနေသူများကို အကူအညီပေးသူ)

..................

လေပြေလေညင်းက သူ့ပေါင်ဗလာနဲ့ ခြေသလုံး အမွေးတို့ကို တိုက်ခတ်လာချိန်တွင် သူ၏ ဂွေး-ဥက အနည်းငယ် ကိုက်ခဲလာသလို ခံစားနေရသည်။

"အဲဒီအတန်းဖော် လဲ့ဖုန်းကို နောက်မှ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောရမယ်"

ဟဲပီဖုန်း သက်ပြင်းချလိုက်သည်။

တခြားကျောင်းမှ ကျောင်းသားအဖွဲ့ကို အနိုင်ကျင့်ရန် ကြိုးစားနေသော ထျန်းကျင်းဇီတို့ အဖွဲ့အကြောင်းကို စဥ်းစားရင်း ကျောင်းနှစ်ကျောင်း ကြားမှ ကျောင်းသားများ၏ စရိုက်ကွာဟမှုကို ပြင်းပြင်းထန်ထန် ခံစားမိခဲ့သည်။

သူက ယခုလို ဆိုးသွမ်းသူအဖြစ် ဆက်၍ မနေထိုင်လိုတော့ပေ။

အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းသား သမဂ္ဂအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသင့်သည်ဟု သူတွေးလိုက်မိသည်။

ဝမ်လင်း ပျောက်ကွယ်သွားသော မြင်ကွင်းကို အချိန်အတော်ကြာအောင် သူ ငေးစိုက်ကြည့်နေမိသည်။

သိပ်မကြာခင် ဝမ်လင်း၏ ကြီးမြတ်သော အကာအရံ မန္တန်က ပြန်လည် အသက်ဝင်လာသည်။

"ဒါနဲ့ အဲဒီ အတန်းဖော် လဲ့ဖုန်းက ဘယ်သူပါလိမ့်.. သူ့နာမည်ကို စဉ်းစားလို့လည်း မရတော့ပါလား"

All Chapters