← Chapters

သခင်မ သုန်

Vol. 4 Ch. 48

သခင်မ သုန်

Vol. 4 Ch. 48

ပန်စီဂိုဏ်း၏ ဖေးယန် ခရိုင်ရုံးခွဲ ပြိုကွဲပြီးနောက် အဘွားသုန်က သက်ကြီးရွယ်အို အုပ်စုကို ဦးဆောင်ကာ အထွေထွေ ညီညွတ်ရေး စီမံခြင်း အဖွဲ့ကို ထူထောင်ခဲ့သည်။

ထိုအချိန်မှစ၍ ဖေးယန် ခရိုင်တွင် ပန်စီ အရှုပ်တော်ပုံများအပြင် အခြားသော အကျင့်ပျက်ခြစားမှု အမျိုးမျိုးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အလုပ်သွားရင်း လမ်းထောင့်တွင် အဘွားအိုများ ဝိုင်းလာပြီး ကျင့်ကြံခြင်း၏ အခြေခံတန်ဖိုးတွေ အပြင် စာအုပ်နီထဲမှ ဂုဏ်ကျက်သရေ ရှစ်ပါးနှင့် အရှက်တရား ရှစ်ပါးတို့အား ရွတ်ဆိုခိုင်းမည်ကို မည်သူမှ ကြုံချင်မည် မဟုတ်ပေ။

ထိုအတွက်ကြောင့် လမ်းမများပေါ်တွင် တရားမ၀င် ကားရပ်ခြင်းနှင့် မီးနီ ဖြတ်သန်းခြင်းများ မရှိတော့ချေ။

ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း အထွေထွေ ညီညွတ်ရေးစီမံခြင်း အဖွဲ့က ဖေးယန် ခရိုင်ရှိ ကျင့်ကြံခြင်း ရဲဌာနထံ ဒေသခံသူခိုး တစ်ထောင်ကျော်ကို ပို့ဆောင်ခဲ့၏။

ထို့ကြောင့် ထိန်းသိမ်းရေး စခန်း၏ စားနပ်ရိက္ခာများ ဆိုးရွားစွာ ကုန်ခမ်းသွားခဲ့သည်။

ကျင့်ကြံခြင်း ရဲဌာနမှ ရဲများကလည်း ပြစ်မှု ကျူးလွန်သူ များပြားလွန်း၍ အချိန်ပိုပင် ဆင်းပေးခဲ့ရသည်။

ယင်းက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသော်လည်း ရဲဌာန တစ်ခုလုံးက ဘာမှ မပြောနိုင်ခဲ့ပေ။

အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့ ပေါ်ပေါက်လာချိန်မှ စ၍ ဖေးယန် ခရိုင်ရှိ အခြေအနေများ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ကြောင်း သူတို့က ဝန်ခံရပေမည်။

လူတစ်ဦးကို ထောင့်တစ်ထောင့်သို့ ဆွဲခေါ်ပြီး ဝိုင်းဝန်း ရိုက်နှက်မည် ဆိုလျှင်မူ သူတို့က ကန့်ကွက်ရပေမည်။

သို့သော် အဘွားသုန် ဦးဆောင်သော သက်ကြီးရွယ်အိုများက စည်းကမ်း ချိုးဖောက်ခြင်းမျိုးလည်း မရှိပေ။

တစ်နည်းအားဖြင့် အဘွားသုန်မှာ ယခုအခါတွင် အလွန်ကျော်ကြားနေပြီ ဖြစ်သည်။

ဖေးယန်ခရိုင် တဝိုက်ရှိ ယာဉ်ထိန်းရဲများပင် သူမကို တွေ့သည်နှင့် တုန်လှုပ်ခြောက်ခြားပြီး သခင်မသုန်ဟု တလေးတစား ခေါ်ဝေါ်ခဲ့သည်အထိပင်။

…..........

သို့သော် အဘွားသုန်က အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့၏ လက်ရှိ အခြေအနေအပေါ် ကျေနပ်မှု မရှိသေးချေ။

ယနေ့နံနက်တွင် သူမက အတွေ့အကြုံရှိသော ဝါရင့်ခေါင်းဆောင် တစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အထွေထွေ ညီညွတ်ရေး စီမံခြင်း ဌာနချုပ်သို့ ရောက်ရှိလာသည်။

ဤရုံးချုပ်မှာ မူလက ငှားရမ်းရန် သို့မဟုတ် လွှဲပြောင်းရန်အတွက် စွန့်ပစ်ထားသော စက်ရုံ အဆောက်အအုံ တစ်ခုဖြစ်သည်။

ငှားခက အလွန် စျေးသက်သာပြီး အဖွဲ့၏ စီနီယာခေါင်းဆောင်တချို့နှင့် အဘွားသုန်တို့က ၎င်းတို့၏ အငြိမ်းစား ပင်စင်ငွေထဲမှ ငွေအနည်းငယ်ကို ယူကာ လိုအပ်သည့် ပမာဏကို စုပေါင်း ထည့်ဝင်ခဲ့ကြသည်။

နှစ်ရက်အတွင်း စက်ရုံ အဆောက်အအုံရှိ အသုံးမပြုသောအမှိုက်များကို ဖယ်ရှား ရှင်းလင်းခဲ့ပြီး အတွင်းပိုင်း နေရာများကို ဧရိယာ အလိုက် အသေအချာ ပိုင်းခြားလိုက်သည်။

ပထမ ဧရိယာမှာ ဖေးယန် ခရိုင်မှ လူများ၏ လူမှုပတ်ဝန်းကျင် ကိစ္စအဝဝကို အစီရင်ခံနိုင်သည့် အစီရင်ခံစာ ဧရိယာ ဖြစ်သည်။

ကျင့်ကြံခြင်း အဓိက စည်းမျဥ်း ၂၄ခုတွင် ပါဝင်နေသ၍ အထွေထွေ ညီညွတ်ရေးစီမံခြင်း အဖွဲ့မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

ဒုတိယနေရာမှာ အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့မှ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ အပျင်းပြေ ကခုန်ရန် အထူးသီးသန့် နေရာဖြစ်သည့် ဖျော်ဖြေရေး ဧရိယာ ဖြစ်သည်။

ပတ်ဝန်းကျင် အနီးအနားကို အနှောက်အယှက် မဖြစ်စေရန် အဘွားသုန်က အသံလုံစနစ်ကိုပါ ထည့်သွင်းခဲ့ပြီး သီချင်းနှစ်ပုဒ်ကိုပါ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူ၍ ထည့်သွင်းခဲ့သည်။

ပထမသီချင်းမှာ "ခက်ခဲသော အခြေအနေထဲမှ စူပါစတား" ဖြစ်ပြီး ဒုတိယသီချင်းမှာ "ပြီးပြည့်စုံသော ကောင်းကင်ဘုံ နယ်မြေ" ဖြစ်သည်။

ထိုသီချင်းများက အဓိကအားဖြင့် ပေါက်ကွဲသံစဥ်များ ဖြစ်သော်လည်း ၎င်းတို့တွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ပါ၀င်နေသည်။

တတိယ ဧရိယာမှာ အစည်းအဝေးခန်းမ ဖြစ်သည်။

ဤနေရာက အစည်းအဝေးများ ပြုလုပ်သော နေရာ ဖြစ်ပြီး အဘွားသုန်က ဥက္ကဌအဖြစ် ဆောင်ရွက်သည်။

ထို့အပြင် အရေးပေါ်တာဝန်များ အတွက်လည်း အသုံးပြုသေးသည်။

အဆိုပါ ဧရိယာ သုံးခုအပြင် ကိုယ်လက် ကြံ့ခိုင်ရေးအခန်း နှင့် အဘွားသုန်၏ ကိုယ်ပိုင် ရုံးခန်းများ ဖြစ်သည့် အခြားသေးငယ်သော ဧရိယာ နှစ်ခုလည်း ရှိသေးသည်။

ထုံးစံအတိုင်း အဘွားသုန်က ရုံးခန်းထဲဝင်ပြီး ပထမဆုံး လုပ်ခဲ့သည်မှာ ရေချိုးခန်းထဲမှ ရေတစ်ခွက်ကို ချက်ချင်းယူရန် ဖြစ်၏။

သူမက သန့်ရှင်းသော အဖြူရောင် အ၀တ်စဖြင့် စားပွဲပေါ်ရှိ အပူဇော်ခံ ကျောက်တုံးကို ဂရုတစိုက် သုတ်လိုက်သည်။

အပြင်လူ တစ်ဦးအတွက် ဤကျောက်တုံးက အထူးအဆန်းမဟုတ်သော်လည်း အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့မှ လူများ အတွက်မူ ကြီးစွာသော အဓိပ္ပါယ်ရှိသည်။

အကြောင်းရင်းမှာ ထိုကျောက်တုံးပေါ်တွင် ကျင့်ကြံခြင်း စည်းမျဥ်း၏ ဖြောင့်မတ်သော စကား နှစ်ဆယ့်လေးခွန်းကို ရေးထိုးထားသောကြောင့် ဖြစ်သည်။

ဆိုရလျှင် ထိုကျောက်တုံးမှာ အဘွားသုန် အတွက် ဝမ်လင်းလှည့်စားခဲ့သော ကျောက်တုံးများထဲမှ တစ်တုံး ဖြစ်သည်။

သူမ ကျောက်တုံးကို သုတ်နေစဥ် လက်မောင်းတွင် အနီရောင် လက်ပတ် ဝတ်ဆင်ထားသည့် အဘိုးကြီး တစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်သည်။

"သခင်မ သုန်.. မင်း အလုပ်များနေလား"

တံခါးလာခေါက်သည့် သူမှာ ကျန်းမျိုးရိုး အဘိုးအို ဖြစ်ပြီး အဘွားသုန်၏ ညာလက်ရုံးလည်း ဖြစ်သည်။

အနီရောင်လက်ပတ်မှာ အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့မှ ခေါင်းဆောင်များ၏ သင်္ကေတ ဖြစ်သည်။

အဘွားသုန်က ဘာမှပြန်မပြောဘဲ ကျောက်တုံးကို သုတ်ဖို့သာ အာရုံစိုက်နေသည်။

ငါးမိနစ်လောက် ကြာလျှင် သူမက အဖြူရောင် အဝတ်စကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် စားပွဲပေါ်တွင် ကျောက်တုံးကို တရိုတသေ တင်ကာ အမွှေးတိုင် သုံးချောင်းကို မီးညှိ၍ ပူဇော်လိုက်၏။

ထိုသို့ လုပ်နေချိန်အတွင်း ကျန်းအဘိုးကြီးက ဘာစကားမှ မပြောဘဲ တံခါးရှေ့တွင် မတ်တပ်ရပ်၍ သူမ လုပ်ငန်းဆောင်တာ ပြီးဆုံးသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် အဘွားသုန်က သူ့ဘက်သို့ ဖြည်းညှင်းစွာ လှည့်လာ၏။

"လာခဲ့လေ.. စကားပြောရအောင်.. တိုးတက်မှု အသစ်တွေ ရှိလို့လား"

အဘွားသုန်က စားပွဲပေါ်မှ ကျောက်တုံးကို မယိမ်းယိုင် စိုက်ကြည့်ရင်း မေးလိုက်သည်။

"မဟုတ်ပါဘူး.. ဒါရိုက်တာ ဆီကနေ မက်ဆေ့တစ်ခုမှ မရသေးလို့ပါ... ဒါရိုက်တာက ငါတို့ကို ပစ်ပယ်လိုက်ပြီလား မသိဘူး"

ကျန်းအဘိုးကြီးက ပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်ဘူး.. ဒါရိုက်တာက ငါတို့ကို ယုံကြည်မှုနဲ့ လူထုရဲ့ စည်းစိမ်ချမ်းသာ အတွက် မျှော်လင့်ချက်တွေ ပေးဖို့ ဒီကျောက်တုံးကို ထားခဲ့တာ.. ငါတို့က ကျင့်ကြံခြင်း အခြေခံစည်းမျဥ်းတွေကို လေးလေးစားစား လိုက်နာပြီး ပြည်သူ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရမယ်"

ထိုစကားကို ပြောပြီးနောက် အဘွားသုန်က ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

သူမ၏ မျက်လုံးများတွင် ဉာဏ်အလင်းရသည့် အမူအရာများ ပေါ်လွင်နေသည်။

"ငါသိပြီ.. ငါတို့တွေ လူထုအကျိုးကို သယ်ပိုးတာ မလုံလောက်သေးလို့ ဒါရိုက်တာက မဆက်သွယ်သေးတာ ဖြစ်ရမယ်"

"ကျနော် သဘောတူတယ်"

ကျန်းအဘိုးကြီးက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ယင်းအချိန်တွင် အဘွားသုန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒါပေမယ့် လက်ရှိ ရန်ပုံငွေ အခြေအနေအရတော့ တခြား ခရိုင်တွေဆီ ငါတို့အဖွဲ့အစည်းကို ဖြန့်ကျက်ဖို့ လုံလောက်မှု မရှိသေးဘူး.. တကယ်တမ်း ပြောရရင် လက်ရှိ ဖေးယန် ခရိုင်မှာတောင် လူအင်အားက အလုံအလောက် မရှိသေးဘူး"

ထိုစကားကြောင့် ကျန်းအဘိုးကြီး သက်ပြင်းချလိုက်သည်။

"အဖွဲ့ဝင်အသစ်တွေက တစ်နေ့လုံး ဖဲနဲ့ မာကျောက်ကိုပဲ ဆော့ကစား နေကြတယ်.. အဲဒါက ကျနော်တို့အဖွဲ့ရဲ့သံမဏိ စည်းမျဥ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာပဲ"

"အဖွဲ့ဝင် အသစ်တွေက စည်းမျဥ်းတွေကို မသိကြဘူး.. သူတို့ကို သင်ပေးရင်တော့ အဆင်ပြေလောက်မှာပါ.. နည်းနည်း ပိုစိတ်ရှည်ဖို့ပဲ လိုမယ်လို့ ငါထင်တယ်.. ဒါနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ ထွက်လာပြီလား.. လိုငွေ ဘယ်လောက် ရှိနေလည်း တွက်ကြည့်ရအောင်"

ကျန်းအဘိုးကြီး ခဏမျှ တိတ်ဆိတ်သွားသည်။

"အစီရင်ခံစာက မကြာခင်မှာ ဒီကို ရောက်လာမှာပါ.. ကျနော်တို့ရဲ့ ရန်ပုံငွေနဲ့ ပတ်သက်ပြီး သခင်မသုန် လောလောဆယ် စိတ်ပူစရာ မလိုဘူးလို့ ထင်ပါတယ်.. ဒီနေ့နံနက်မှာ သဒ္ဒါတရား ထက်သန်တဲ့ သူတွေက ကျနော်တို့ရဲ့ စာတိုက်ပုံးထဲမှာ ဘဏ်ကတ်တစ်ခု ထားခဲ့ကြတယ်.. အဲဒါကြောင့် ကျနော်တို့ရဲ့ ကနဦး လုပ်ငန်းတွေ အတွက် လိုငွေက လုံလောက်သွားခဲ့ပြီ"

"ဟမ်"

အဘွားသုန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။

"ဒီဘဏ်ကတ်က ဒါရိုက်တာဆီက ဖြစ်နိုင်လား.. ဘယ်သူ့ဆီကလည်း ဆိုတာ စုံစမ်းပြီးပြီလား"

"ဒါရိုက်တာဆီကတော့ ဖြစ်နိုင်ချေ မရှိဘူး.. လောလောဆယ်တော့ ဇာစ်မြစ်ကို စုံစမ်းနေတုန်းပဲ.. ဒီဘဏ်ကတ်အပြင် စာတစ်စောင်လည်း ရှိသေးတယ်.. စာထဲမှာပါတဲ့ အကြောင်းအရာက ဒီဘဏ်ကတ်ထဲက ငွေတွေကို ကျနော်တို့ရဲ့ အဖွဲ့အစည်းအတွက် ရံပုံငွေအဖြစ် အသုံးပြုဖို့ပဲ"

ထို့နောက် ကျန်းအဘိုးကြီးက တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

"အိုး.. နည်းပညာဌာနက အန်တီလီက စာအိတ်ပေါ်မှာ ရေစာဖျော့ဖျော့ကို ရှာတွေ့တယ်.. အဲဒါက နံပါတ်တွေနဲ့ တူတယ်... တစ်ယောက်ယောက်က ငါတို့ကို ထားသွားတဲ့ သဲလွန်စ တစ်ခုလည်း ဖြစ်နိုင်တယ်"

အဘွားသုန်က မျက်လုံးကို မှိတ်၍ မေးစေ့ကို လက်ဖြင့်သပ်ကာ ခဏမျှစဥ်းစားလိုက်သည်။

"တစ်ယောက်ယောက်က ငါတို့ကို စမ်းသပ်နေတာလည်း ဖြစ်နိုင်တယ်.. ဒီပဟေဠိလေးကိုတောင် ဖြေရှင်းနိုင်စွမ်း မရှိရင် ငါတို့ရဲ့ အထွေထွေညီညွတ်ရေး စီမံခြင်းအဖွဲ့က ဂုဏ်သိက္ခာ ကျဆင်း သွားလိမ့်မယ်.. ဒီစာကို ဘယ်သူ ပို့ခဲ့တာလည်း ဆိုတာ အမြန်ဆုံး ရှာဖွေမှဖြစ်မယ်"

"ဟုတ်တယ် သခင်မသုန်"

ကျန်းအဘိုးကြီးက ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

"အင်း ဒါနဲ့ ရေစာနဲ့ ရေးထားတဲ့ နံပါတ်တွေက ဘာနံပါတ်တွေလဲ"

သခင်မသုန်က မေးလိုက်သည်။

"အဲဒီနံပါတ်က 8823 ဖြစ်ပုံရတယ်"

ကျန်းအဘိုးကြီးက ပြန်ဖြေလိုက်သည်။

All Chapters