← Chapters

ဦးနှောက်မရှိသော ပြန်ပေးဆွဲသူ

Vol. 4 Ch. 54

ဦးနှောက်မရှိသော ပြန်ပေးဆွဲသူ

Vol. 4 Ch. 54

ကျန်းလျှိုယင်းက ဝမ်မင်း၏ စကားကို နားလည်ဖို့ မိနစ်ဝက်လောက် အချိန်ယူလိုက်ရသည်။

ထို့နောက် သူမက ဝမ်မင်၏ မေးစေ့ကို ကိုင်ကာ ဝမ်မင်ကို သေသေချာချာ စစ်ဆေးလိုက်၏။

ဤလူက အသွင်အပြင် ပြောင်းလဲခြင်း သို့မဟုတ် လှည့်စားခြင်း မဟုတ်ဘဲ ဝမ်မင် အစစ်အမှန် ဖြစ်ကြောင်း သူမ နောက်တစ်ကြိမ် အတည်ပြုပြီးမှသာ သက်ပြင်းချနိုင်ခဲ့သည်။

တကယ်တမ်းတွင် ဝမ်လင်း၏ ဝမ်းကွဲအကို ဖြစ်သည့် ဝမ်မင်သည် ဝမ်လင်းနှင့် ပါရမီရှိပုံချင်း ဆင်တူသည်။

ဝမ်မင်က သူ့ကိုယ်သူ ဝါရင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်မှုကို စွန့်လွှတ်လိုက်သရွေ့ ဤဝမ်းကွဲအကိုက အတော်မိုက်သည်ဟု ဝမ်လင်း ကိုယ်တိုင် တွေးခဲ့ဖူးသည်။

သူတို့ကြားက ကွာခြားချက်မှာ ဝမ်မင်က မှန်ထဲမှ သူ့ပုံရိပ်ကို မိန်းကလေးပရိသတ် တစ်ယောက်က အိုင်ဒေါလ် တစ်ယောက်ကို ကြည့်နေသကဲ့သို့ တစ်နေကုန် အရူးအမူး ကြည့်နေတတ်သူမျိုး ဖြစ်သည်။

သိပ္ပံသုတေသန အဖွဲ့က ဝမ်မင် သုတေသနပြုရာတွင် အနှောင့်အယှက် မဖြစ်စေရန် သူ့ပုံရိပ်ကို ထင်ဟပ်စေမည့် မည်သည့်အရာကိုမဆို အစားထိုးခဲ့ရသည် အထိပင်။

ဝမ်လင်းက ပေါကြောင်ကြောင် တစ်ယောက် ဖြစ်ပြီး ဤအယူအဆကို သက်သေပြခဲ့သည့် အရာများထဲတွင် မှန်ကြည့်သော စရိုက်သည် အထင်ရှားဆုံး ဖြစ်၏။

"မင်းသိလား ကောင်မလေးက ငါ့ မေးစေ့ကို ကိုင်တာ ငါ့ဘဝမှာ ဒါပထမဆုံးအကြိမ်ပဲ"

မိန်းမလှလေးက သူမ၏ နူးညံ့သော လက်ချောင်းများဖြင့် မေးစေ့ကို ဆွဲကိုင်ကာ အချိန်အတော်ကြာ စိုက်ကြည့်နေခြင်းကြောင့် ဝမ်မင်က အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်လာသည်။

"ဒါပေမယ့် မိန်းကလေး.. အခုက ကြည်နူးနေရမဲ့ အချိန် မဟုတ်ဘူး.. ငါ့ကို သုံးမိနစ် အတွင်း လွှတ်ပေးဖို့ မင်းကို အကြံပေးချင်တယ်.. မဟုတ်ရင်တော့ ကမ္ဘာတစ်ခုလုံး ပျက်သုန်းသွားပြီလို့ မှတ်လိုက်တော့.. အဲဒီအချိန်ကျရင် မင်းရဲ့ လက်စားချေမှုကိုလည်း မေ့လိုက်လို့ရပြီ.. မင်းရဲ့ အရိုးပြာကိုတောင် မင်းရှာတွေ့တော့မှာ မဟုတ်ဘူးလေ"

"အံမယ်.. နင့်ကို ဘယ်သူက ပရောပရည်လုပ်နေလို့လဲ"

ကျန်းလျှိုယင်းက ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာခဲ့ရာ သူမ၏ ဆိုဒ်၃၆ရှိသည့် ရင်သား အယ်စတုန်များပင် လှုပ်ခါသွားခဲ့သည်။

ထို့နောက် သူမက ဝမ်မင်နှင့် စကား မပြောဖြစ်တော့ဘဲ အချိန်အတော်ကြာ နှုတ်ဆိတ်သွား၏။

ဤလူက အဘယ်ကြောင့် ကမ္ဘာပျက်သုန်းခြင်းကို ပါးစပ်ကနေ ပေါ့ပေါ့ပါးပါး ထုတ်ပြောနေရပါသနည်း။

သူမက လူမှားပြီး ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု နက်နက်ရှိုင်းရှိုင်း သံသယဝင်ခဲ့သည်။

သူမက အစွမ်းထက်ဆုံး ဦးနှောက်ကို ပြန်ပေးဆွဲခြင်း မဟုတ်ဘဲ အစွမ်းထက်ဆုံး ငတုံးကို ပြန်ပေးမှားဆွဲခဲ့ပါသလော။

".............."

ကျန်းလျှိုယင်းက ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာကို တွေးလိုက်မိသည်။

ဝမ်မင်၏ လက်ရှိ အနေအထားက အလုပ်၏ ဖိအားများ ကြောင့် ဦးနှောက်တွင် တစ်ခုခု ချို့ယွင်းနေပုံရ၏။

သိပ္ပံသုတေသန နယ်ပယ်မှ လူများ၏ စဥ်းစားတွေးခေါ်မှုက အစဥ်အလာကို လုံးဝ ဆန့်ကျင်နေ၍ ကယောင်ကတမ်း ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်သည် မဟုတ်လော။

သူမက ထိုသို့ တွေးမိလိုက်ပြီး ဝမ်မင်နှင့် အတိုက်အခံ မပြောတော့ဘဲ သူမ၏ လေသံကို ပြောင်းလဲလိုက်တော့သည်။

"တောင်းပန်ပါတယ် ငါ လေသံနည်းနည်း မာသွားတယ်.. ငါ နင်နဲ့ တစ်ခုခုကို အတည်ပြုရဦးမယ်…"

အရည်အချင်း ပြည့်မီသော ပြန်ပေးဆွဲသူ အနေဖြင့် ဓားစာခံများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အာရုံစိုက်ရန်မှာ လုံးဝ အရေးကြီးသည်။

ဓားစာခံကို အသုံးမချမီ ရူးသွပ်စေခဲ့လျှင် မကောင်းပေ။

ထို့အပြင် ၎င်းက စိတ်ကူးယဉ်မှုဒဏ်ကို ခံစားနေရသော ဓားစာခံတစ်ဦး ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်သည့် အန္တရာယ်ရှိနေ၏။

"ဘာလုပ်မလို့လဲ"

ဝမ်မင်က သူမကို ထိတ်လန့်ကာ ထောင့်ကျဉ်းလေး ဆီသို့ ဆုတ်သွားခဲ့သည်။

"နင်ငါ့ကို စိတ်ဆိုးနေတုန်းပဲလား.. အရိုးသားဆုံး ပြောရရင် နင့်ဦးနှောက်မှာ နင်တောင် မသိလိုက်ဘဲ ပြဿနာ တစ်ခုခု ရှိနေတယ်"

"ချီး.. မင်းမှာပဲ ဦးနှောက် ပြဿနာ ရှိနေတာ"

"ဟန်ဆောင်တာကို ရပ်လိုက်ပါတော့.. ငါနားလည်ပါတယ်"

ကျန်းလျှိုယင်းက ဝမ်မင်၏ မေးစေ့ကို ကိုင်လိုက်ပြီး ဝမ်မင်ကို အေးဆေး တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါက အခြေခံ စိတ်ပညာကို နားလည်တယ်.. နင်က နင့်ရဲ့ စိတ်ကူးယဉ်မှု အတိုင်းအတာနဲ့ ကမ္ဘာကြီးရဲ့ ပျက်သုန်းခြင်း အကြောင်းကို စဉ်ဆက်မပြတ် စိတ်ကူးယဉ်နေတာလေ... နင်ရဲ့ပုံစံက ရောဂါသည်းနေပြီ ဆိုတာ သိသာပါတယ်ဟာ.. နင်ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်.. သိပ္ပံ သုတေသန ဌာနက နင့်ကို ဂရုမစိုက်ဘူးလား.. နင့်ရဲ့ ရောဂါကို ကုသဖို့ အချစ် လိုအပ်တယ်ဆိုတာ နင်သိလား"

"ဘာတွေပြောနေတာလဲ.. မင်းသာ ငါ့ကို ခွင့်မပြုရင် ကမ္ဘာကြီး အမှန်တကယ် ပျက်စီးရတော့မယ်"

"အိုး.. ကြည့်စမ်း ရှင့်ရောဂါက တော်တော်ဆိုးနေပြီပဲ.."

ကျန်းလျှိုယင်းက ဝမ်မင်၏ ခေါင်းကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်သည်။

"စိတ်အေးအေးထားပါ.. ငါတို့ရဲ့ အရိပ် လုပ်ကြံသတ်ဖြတ်သူတွေက ဓားစာခံကို အရမ်း ဂရုစိုက်ကြပါတယ်.. ငါတို့ ဓားစာခံတွေရဲ့ တန်ဖိုး မကျသွားစေဖို့ အတွက် သူတို့ကို အသုံးမပြုမီ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်လာဖို့ ငါတို့တွေ ခွင့်ပြုမှာ မဟုတ်ဘူး"

ထိုစကားကိုပြောရင်း သူမက ဝမ်မင်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ငါ့ကိုယုံပါ ငါမင်းကို ကုသပေးနိုင်ပါတယ်"

".............."

ဝမ်မင်းက ဘာပြန်ပြောရမှန်းကို လုံးဝ မသိတော့ပေ။

"လာပါ.. ငါ့ရဲ့ ဂရုစိုက်မှုကို ပြသဖို့ ငါ နင့်ကို အရင် ပွေ့ဖက်ထားပါရစေ"

ကျန်းလျှိုယင်းက စကားဆုံးသည်နှင့် တပြိုင်နက် ဝမ်မင်ကို သူမ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

ထို့နောက်တွင် ကြီးမားသော အလေးချိန်နှင့် တူသည့် အရိပ်နှစ်ခုက ဝမ်မင်၏ မျက်နှာကို ဖုံးလွှမ်းသွားသည်။

ဝမ်မင် "အရမ်းမိုက်တယ်.. ဒီအရာနှစ်ခုက တကယ်ကို ကြီးလွန်းတယ်"

သူ့မျက်နှာကို တင်းကြပ်စွာ ဖိချထား၍ သူလုံးဝ အသက်ရှူမဝတော့ပေ။

ကျန်းလျှိုယင်းက ဝမ်မင်ကို နှစ်မိနစ်လောက် ရင်ခွင်ထဲ နှစ်သိမ့်ပြီးနောက် ဝမ်မင်၏ နှာခေါင်းထဲမှ သွေးထွက်လာသည်ကို မြင်လိုက်ရပြီး လန့်ဖြန့်သွားသည်။

သူမက ဝမ်မင်၏ အခြေအနေ အလွန်ဆိုးရွားသည်ဟု ခံစားရသဖြင့် ချက်ချင်းပင် သူမ၏ လက်ပတ်နာရီကနေ ဖုန်းခေါ်ဆိုလိုက်သည်။

"အစ်မ.. လူကိုတော့ ဖမ်းမိပြီ"

"ဒါပေမယ့် ဒီလူ့ ဦးနှောက်က တစ်ခုခု မှားနေသလိုပဲ"

"ငါ့ရဲ့ ကနဦး အကဲဖြတ်ချက် အရတော့ သူက ပြင်းထန်တဲ့ ဂယောင်ချောက်ခြား ရောဂါကို ခံစားနေရပုံပဲ.. ငါ သူ့ကို အရေးပေါ် ကုသမှုတော့ လုပ်ပေးခဲ့တယ်.. ဒါပေမယ့် သူ နှာခေါင်းသွေးလျှံလာမယ်လို့တော့ ငါ မမျှော်လင့်ခဲ့ဘူး...

ဖုန်း၏ အခြားတစ်ဖက်မှ အသံက အေးစက်သော်လည်း ချိုသာသည်။

"နင် သူ့ကို ဘယ်လို ကုသခဲ့တာလဲ"

"ငါ သူ့ရဲ့ စိတ်ကို နွေးထွေးသွားအောင်လို့ ပွေ့ဖက်မှု လုပ်ပေးခဲ့တယ်.. ဒီလို ပြင်းထန်တဲ့ စိတ်ရောဂါမျိုးက လူသားဆန်တဲ့ စောင့်ရှောက်မှုကို သေချာပေါက် လိုအပ်တယ်လေ"

"............."

ဖုန်း၏ အခြားတစ်ဖက်မှ အမျိုးသမီးက ရှင်းရှင်းလင်းလင်း သက်ပြင်းချလိုက်သည်။

"ဟူး.. ငါနားလည်ပြီ.."

"ဘာနားလည်တာလဲ အမ"

"သူ့ဦးနှောက်က ပြဿနာရှိတာ မဟုတ်ဘူး… တကယ် ပြဿနာရှိတာက နင်ပဲ"

"............"

…..................

ဝမ်လင်းက အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းအဆောင် အ၀င်ဝတွင် ရပ်နေကာ အဝေးကို စိုက်ကြည့်နေသည်။

သူက စူးရှစွာ ကြည့်နေသဖြင့် မျက်ခွံများပင် ထုံကျင်လာခဲ့သည်။

သူ့ မျက်ခွံလှုပ်တာက ငါးမိနစ်ပင် ကျော်လာပြီ ဖြစ်၏။

ကပ်ဘေးအဆင့်က ကြယ်နှစ်ပွင့်မှ ကြယ်သုံးပွင့်သို့ တိုက်ရိုက် မြင့်တက်သွားသည်။

လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ဤဘေးအန္တရာယ် သတိပေးချက်က ကြယ်သုံးပွင့်တွင် ရပ်တန့်သွားမည့်ပုံ မပေါ်ပေ။

ဤသတိပေးချက်က မည်သည့်အတွက် ဆိုသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

သူ၏ တာအိုအဆောင်က သက်တမ်းကုန်တော့မည် ဖြစ်၏။

သက်တမ်း လုံးဝမကုန်ခင် အလွန်ဆုံး တစ်နာရီသာ ကျန်ရှိတော့သော်လည်း ယခုအချိန်ထိ ဝမ်မင်၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။

ဝမ်လင်းက မျက်လုံးများကို မှိတ်ထားပြီး ဝမ်မင်ကို လိုက်ရှာရန် ကြိုးစားခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။

အစောပိုင်းက ဝမ်မင်၏ အရှိန်အဝါကို သူရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဝမ်မင်က အမှတ်၅၉ အထက်တန်းကျောင်းသို့ ဝင်လာသည့် အခိုက်အတန့်ကို သူသိရှိခဲ့၏။

ဝမ်လင်းက မကြာမီ ဝမ်မင် ရောက်လာတော့မည်ဟု ယူဆကာ ကျောင်းအဆောင် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။

ထူးဆန်းသည်မှာ ဝမ်မင်၏ အရိပ်အယောင်ကို နောက်တစ်ကြိမ် ခြေရာခံရန် ကြိုးစားသော အချိန်တွင် ဤကမ္ဘာမှ ပျောက်ကွယ်သွားသကဲ့သို့ လုံးဝ ရှာမတွေ့တော့ခြင်းပင်။

အကယ်၍ သူ၏ စွမ်းအားကိုသာ ထိန်းချုပ်စရာ မလိုခဲ့လျှင် ဝမ်မင် ဘယ်နေရာကိုပဲ ရောက်နေပါစေ.. သူက ချက်ချင်း ခြေရာခံနိုင်မည် ဖြစ်သည်။

"ဒီမုန်းစရာကောင်းတဲ့ကောင်... သူတကယ်ပဲ တစ်ခုခု ဖြစ်နေတာလား"

ဝမ်လင်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကံဆိုးမှုအချို့က ဝမ်မင်ထံတွင် သက်ရောက်ခဲ့သည်မှာ ထင်ရှားနေသည်။

ထို့အပြင် မှော်ပစ္စည်း အချို့က ဝမ်မင်၏ အရှိန်အဝါကို ပိတ်ဆို့ထားနိုင်ဖွယ် ရှိသည်။

ဝမ်လင်းအနေဖြင့် ဝမ်မင် မည်သည့်နေရာတွင် ရှိနေသည်ကို အတိအကျ မသိသော်လည်း ဝမ်မင်က ထွက်ခွာသွားခြင်း မရှိသေးဘဲ အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပုရဝဏ်ထဲတွင် ရှိနေသည်ကိုတော့ အသေအချာ သိသည်။

သူက ဝမ်မင်၏ အရှိန်အဝါကို ခြေရာခံရန် ဝိညာဉ်ရေး အာရုံကို အသုံးမချနိုင်ခဲ့သောကြောင့် အခြားနည်းလမ်း တစ်ခုကို စဉ်းစားလိုက်သည်။

ဝမ်လင်းက လူသူကင်းမဲ့နေသော သစ်ပင်ငယ် တစ်ပင်၏ အရိပ်ကျသော နေရာသို့ လျှောက်သွားခဲ့သည်။

ထို့နောက် သူ့ခေါင်းပေါ်တွင် ကြောင်နားရွက်တစ်စုံ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးက သေးငယ်သွားကာ အဖြူအမည်း ပါရှန်ကြောင် တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွား၏။

ဤအရေးကြီးသည့် အခိုက်အတန့်တွင် သူပထမဆုံး တွေးမိခဲ့သည်မှာ အမှတ်၅၉ အထက်တန်းကျောင်း၏ ချယ်ရီသစ်တောထဲမှ ကြောင်အလေအလွင့် အုပ်စု ဖြစ်သည်။

ဝမ်မင်ကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာတွေ့ရန် ဝမ်လင်းက သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာကို ပြတ်သားစွာ ပြုလုပ်ခဲ့တော့သည်။

All Chapters