← Chapters

ကျန့်ထန်ကို ရှာပေးပါ

Vol. 4 Ch. 56

ကျန့်ထန်ကို ရှာပေးပါ

Vol. 4 Ch. 56

ဝမ်လင်းက စိတ်ဝိညာဥ် စုဆောင်းခြင်း သစ်ပင်ပေါ်သို့ သွက်သွက်လက်လက် ခုန်တက်ကာ အဝေးကို စိုက်ကြည့်ရင်း မျက်လုံးများကို ခဏ မှိတ်ထားလိုက်သည်။

ကြောင်တစ်ကောင်၏ ခန္ဓာကိုယ်က အလွန်ပေါ့ပါးသဖြင့် သိမ်မွေ့စွာ ခုန်တက်နိုင်ခဲ့သည်။

လူသားတစ်ယောက် ဆိုလျှင် လွယ်လွယ်ဖြင့် ခုန်တက်၍ ရမည် မဟုတ်ပေ။

သို့ရာတွင် ဝမ်လင်းက ကြောင်လှုပ်ရှားပုံနှင့် ပတ်သက်၍ အနည်းငယ် ကျင့်သားရမနေခဲ့ပေ။

ကြောင်အဖြစ် ပြောင်းလဲပြီးနောက်တွင် သူ၏ အမြင်အာရုံက သိသိသာသာ လျော့ကျသွားသည်။

မည်သို့ပင်ဖြစ်စေ သူက ဟဲပီဖုန်းထက်တော့ ကြောင်ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် ပိုကျွမ်းကျင်နေသေးသည်။

ဟဲပီဖုန်း အသုံးပြုခဲ့သည့် အရာမှာ အဆင့်မြင့် မန္တန် တစ်ခုသာ ဖြစ်ပြီး ဝမ်လင်း အသုံးပြုသည့် မန္တန်မှာ မဟာတာအို သုံးထောင် အနက်မှ "ကြီးမြတ်သော အသွင်ပြောင်းလဲခြင်း မန္တန်" ဖြစ်သည်။

မန္တန်နှစ်ခု၏ အကျိုးသက်ရောက်မှုက တူညီသော်လည်း တစ်ခုချင်းစီ၏ စွမ်းအားကမူ ကွဲပြားသည်။

အဆင့်မြင့် မန္တန်ကို အသုံးပြု၍ အသွင်ပြောင်းလဲခြင်းသည် အသွင်ပြောင်းလိုသော ပုံသဏ္ဍာန်ကို လေ့ကျင့်ရန်နှင့် ရင်းနှီးရန် အချိန်များစွာ လိုအပ်သည်။

အသွင်ပြောင်းလိုသော အရာဝတ္တု၏ အရွယ်အစားပေါ်လိုက်၍ အသွင်ပြောင်းထားသည့် ကြာချိန်က နည်းလေ ဖြစ်သည်။

ကြီးမြတ်သော အသွင်ပြောင်းလဲခြင်း မန္တန်ကို အသုံးပြု၍ အသွင်ပြောင်းလဲခြင်းကမူ အသွင်ပြောင်းလိုက်သောပုံသဏ္ဍာန်ကို အချိန်အတော်ကြာအောင် ထိန်းသိမ်းထားနိုင်ပြီး အသွင်ပြောင်း ပုံသဏ္ဍာန်၏ အရွယ်အစားက ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိမည် မဟုတ်ပေ။

ထို့အပြင် စိတ်ဝိညာဉ်ကလည်း အသွင်ပြောင်းလဲခြင်း မန္တန်ကြောင့် မသက်မသာ ဖြစ်မည် မဟုတ်ချေ။

ရှင်းလင်းစွာ ပြောရလျှင် တစ်ခုက အဆင့်မြင့်မန္တန် တစ်ခုသာ ဖြစ်ပြီး နောက်တစ်ခုက မဟာတာအို သုံးထောင်ထဲက တစ်ခု ဖြစ်သည်။

ယင်းမှာ မန္တန်နှစ်ခု၏ အဓိက ကွာခြားချက်ပင်။

စိတ်ဝိညာဉ်စုဆောင်းခြင်း သစ်ပင်၏ ထိပ်တွင် ရပ်နေသော ဝမ်လင်းက ချယ်ရီသစ်တောထဲမှ ကြောင်ကလေးများကို ခြေရာခံရန် သူ၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်သည်။

ဤနေရာရှိ ကြောင်သူဌေးက ကျန့်ထန်ဟု ခေါ်သည်ကို ယခင်က သူကြားဖူးသည်။

ဤလေလွင့်ကြောင်များကို အမိန့်ပေးချင်လျှင် ကြောင်သူဌေး ကျန့်ထန်က လွဲ၍ မည်သူမှ သူတို့ကို လှုံ့ဆော်နိုင်မည် မဟုတ်ပေ။

လေလွင့်ကြောင်များ၏ စီမံခန့်ခွဲခြင်း စည်းမျဥ်းများသည် အလွန် တင်းကျပ်သည်။

ထိုစည်းမျဉ်းများမှာ တစ်ချိန်က ဝမ်လင်းကိုယ်တိုင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး လေလွင့်ကြောင်များ ကြားတွင် ရေပန်းစားခဲ့သော စီမံခန့်ခွဲမှု စနစ် ဖြစ်သည်။

သူ ကြောင်လောကမှ ထွက်သွားပြီးနောက် ဤကြောင်များက သူ့ စီမံခန့်ခွဲရေးစနစ်အား တင်းကြပ်စွာ လိုက်နာနေသေးသည်ကို မြင်လျှင် သူအနည်းငယ် အံ့အားသင့်မိသွားသည်။

ကြောင်များက နယ်မြေ နှင့် အစားအစာ အရင်းအမြစ်များတွင် အသေးအဖွဲ ငြင်းခုံမှုများ ရှိနေဆဲ ဖြစ်သော်လည်း ဘုံရန်သူကို ရင်ဆိုင်ရမည့် အကြပ်အတည်း ကာလများတွင် စည်းလုံးမှု အားကောင်းသည်။

ဤအရာများကို ဝမ်လင်းက ရည်ရွယ်ချက်ရှိရှိ အာရုံစိုက်ခဲ့၍ သိရှိခြင်း မဟုတ်ပေ။

နေ့စဥ် ကျောင်းသွားရာလမ်းတွင် လမ်းထောင့်မှ လေလွင့်ကြောင်လေးများ၏ အတွေးများကို သူ၏ စိတ်ဖတ်စွမ်းရည်ဖြင့် ဖတ်မိရာမှ အားလုံးကို သိရှိခဲ့ခြင်း ဖြစ်သည်။

သူအရင်တုန်းက သတ်မှတ်ခဲ့သည့် စည်းမျဉ်းများကနေ အသီးအပွင့် အများအပြား အမှန်တကယ် ဖြစ်ထွန်းလာခဲ့ပုံ ရသည်။

ယင်းက ကမ္ဘာကြီးကို ကယ်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မည်ဟု သူမထင်ထားမိပေ။

ကမ္ဘာပျက်ဖို့က တစ်နာရီသာ ကျန်တော့သည်။

ယခုအခါတွင် အရာအားလုံး၏ သော့ချက်မှာ ကျန့်ထန်ကိုရှာဖွေရန် ဖြစ်ပြီး ကျန့်ထန်၏ အာဏာဖြင့် ဝမ်မင်ကို ဆက်လက် ရှာဖွေရန် ဖြစ်၏။

လူအများ စွန့်ပစ်ထားခဲ့သည့် လေလွင့်ကြောင်လေးများက ကမ္ဘာကြီးကို ကယ်တင်နိုင်မည့် သော့ချက် ဖြစ်လာမည်ဟု မည်သူကမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။

…................

ဝမ်လင်းက လေလွင့်ကြောင်လေးများ ကြားတွင် စီမံခန့်ခွဲမှုအယူအဆကို အုတ်မြစ်ချပေးခဲ့သည်။

ဖေးယန်ခရိုင်ရှိ ကြောင်များ၏ နေထိုင်မှုနေရာနှင့် အစားအသောက် ပြဿနာများကို ဖြေရှင်းပြီးနောက် ဝမ်လင်းက အနားယူရန် ရွေးချယ်ခဲ့သည်။

သူက ခရိုင်ရှိ ကြောင်သူဌေး အများအပြားကို မှတ်မိနေသေးသော်လည်း အများစုမှာ ပထမမျိုးဆက်မှ ကြောင်ခေါင်းဆောင်များ ဖြစ်ကြသည်။

ထိုအထဲတွင် သူ့ကို အထင်ကြီးဆုံး ကြောင်သုံးကောင်မှာ "ကျားလေးများ"ဟု ခေါ်သည့် ကြောင်အာဏာရှင် သုံးကောင် ဖြစ်သည်။

၎င်းတို့မှာ ဝရဇိန်ကျား ထျန်းရှစ်၊ ခန့်ညားသောကျား စုန့်စီနှင့် ကျားငယ်လေး ယွမ်ချွီတို့ ဖြစ်ကြသည်။

ဤ ကြောင်အာဏာရှင် သုံးကောင်က ယခုအခါတွင် နောက်ကွယ်မှ ကြိုးဆွဲနေသော ကြောင်အိုကြီးများ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ဤနှစ်များ တစ်လျှောက်တွင် ၎င်းတို့၏ တိုးတက်မှု အတိုင်းအတာ အရ ဤကြောင်အာဏာရှင် သုံးကောင်မှာ ယခုအခါ ကြောင်စစ်တပ် တစ်ခုခု၏ စစ်ဦးချုပ်များပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကျန့်ထန်က အမှတ် ၅၉ အထက်တန်းကျောင်းရှိ လေလွင့်ကြောင်များ၏ ကြောင်သူဌေး ဖြစ်သည်။

သူ့ရာထူးက နိမ့်သော်လည်း ကြောင်တွေထဲတွင် ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခံရဆဲပင်။

"ရွာသူကြီးကို ထောက်ပံ့ရေးရဲဘော်က လျစ်လျူမရှုသင့်" ဟူသည့် စကားပုံ တစ်ခု ရှိသည်။

ဝမ်လင်းက ရွာသူကြီးကို ခွဲခြားဆက်ဆံခြင်း မပြုသလို ကြောင်ကိုလည်း ခွဲခြားဆက်ဆံခြင်း မပြုခဲ့ပေ။

တစ်နေ့တာ စာသင်ချိန် ပြီးဆုံးသွားပြီ ဖြစ်သည်။

ချယ်ရီဥယျာဥ်ထဲတွင် ကျောင်းသားများ ပြန့်ကျဲနေပြီး ပန်းများကို ကြည့်ရှုနေကြသည်။

ဝမ်လင်းကမူ လေထဲမှ တဆင့် အရှိန်အဝါများကို ခြေရာခံနေ၏။

ခဏအကြာတွင် သူက ချယ်ရီပင်များ အောက်တွင် လဲလျောင်းနေသော မနေ့က ကြောင်များကို အလျင်အမြန် ရှာတွေ့ခဲ့သည်။

ဤကြောင်အားလုံးမှာ မျိုးကွဲများ ဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက စွန့်ပစ်ခံခဲ့ရသော ကြောင်များ ဖြစ်၏။

ဝမ်လင်းက ကြောင်ကျွမ်းကျင်သူ မဟုတ်၍ ၎င်းတို့၏ အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် ဤကြောင်တွေက မည်သည့် မျိုးကွဲများဟု မပြောနိုင်ပေ။

သို့သော် ဤအရာတွေ အားလုံးက အရေးမကြီးပေ။

ကျန့်ထန်ကို ရှာချင်လျှင် ဤကြောင်တွေကို လမ်းပြ အဖြစ် လုပ်ခိုင်းဖို့ လိုအပ်သည် မဟုတ်လော။

သူက ကျန့်ထန်ကို တစ်ခါမှ မမြင်ဖူး၍ ကျန့်ထန်၏ အရှိန်အဝါနှင့် မရင်းနှီးပေ။

သို့မဟုတ်လျှင် သူကိုယ်တိုင် ခြေရာခံပြီး တိုက်ရိုက် တွေ့ဆုံလိုက်မည် ဖြစ်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ချယ်ရီပင်အောက်ရှိ ကြောင်များဆီသို့ လျှောက်သွားလိုက်သည်။

ကြောင်များ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူတို့ ပြောနေသော စကားများကို သူ့ စိတ်ထဲကနေ ကြားလိုက်ရသည်။

ခေါင်းဆောင်ဖြစ်ပုံရသည့် ကြောင်ကြီး "ဟေ့ကောင်တွေ ကြည့်စမ်း.. ဟိုမှာ အလန်းလေး တစ်ဗွေ လာနေပြီ"

ဒုတိယကြောင် "ဝိုး.. အဖြူအမည်း ပါရှန်း ကြောင်မလေးပါလား"

တတိယကြောင် "သူမ အမွေးတွေက တကယ်လှတယ်.. ကြောင်တွေထဲမှာ အလှဘုရင်မလေး ဖြစ်မယ်လို့ ငါထင်တယ်"

စတုတ္ထကြောင် "သူဌေးကို အကြောင်းကြားမယ် လို့တော့ မပြောနဲ့နော်"

ထိုစကားကိုကြားလျှင် ကြောင်ကြီးက ပြုံး၍ ပြောလိုက်သည်။

"သူဌေး မဟုတ်ရင် ဘယ်သူက ဒီလို အလန်းလေးနဲ့ ထိုက်တန်မှာလဲကွ.. အလှလေးတွေ ဆိုတာ သန်မာတဲ့ သူတွေနဲ့ပဲ လိုက်ဖက်တာ မဟုတ်လား"

ဝမ်လင်း".............."

"သောက်ချီးပဲ.. မင်းတို့ကောင်တွေ အထီးအမတောင် မခွဲတတ်တော့ဘူးလား"

လှပသော ပါရှန်ကြောင် အဖြစ် အသွင်ပြောင်းရန် ရွေးချယ်လိုက်သည်က အမှားကြီးတစ်ခုဟု တွေးမိကာ သူ နောင်တရမိသွားသည်။

ဝမ်လင်းက သူတို့ ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို မြင်လျှင် ကြောင်ကြီးက ပါရှန်းကြောင်မလေး၏ အမွေးများက အနည်းငယ် ညစ်ပတ်နေပြီး ကြမ်းတမ်းနေသည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် သူ့အနီးသို့ ရောက်လာသည်နှင့် နေရာတိုင်းကို နမ်း၍ ဆေးကြောပေးလိုက်သည်။

သူက ဖင်ကိုပင် အလွှတ်မပေးခဲ့ပေ။

"သောက်ချီး.. ဒါက ဘာလုပ်တာလည်းဟ"

ဝမ်လင်းက အနည်းငယ် ထိတ်လန့်သွားသော်လည်း ဤကြောင်များကို ပြဿနာရှာရန် စိတ်မ၀င်စားပေ။

သူက ကြောင်များကို စိုက်ကြည့်လိုက်ပြီး တိုက်ရိုက် ပြောလိုက်သည်။

"ကျန့်ထန် ဘယ်မှာလဲ "

သူ၏ လေးနက်သော စကားသံကို ကြားလိုက်ရလျှင် ကြောင်လေးကောင်၏ စိတ်ထဲတွင် ချက်ချင်းပင် ရှက်ရွံ့သွားသည်။

"ချီးပဲ.. ငါတို့က အထီးအမ မှားနေကြပြီဟ"

ဤပါရှန်းကြောင်က ကြောင်အထီး ဖြစ်နေသည်။

ကြောင်ကြီး၏ မျက်နှာက ကြောင်မလေး တစ်ကောင်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ဦးခေါင်းက မြေပြင်ပေါ်ပြုတ်ကျလုမတတ် ငိုက်စိုက်သွားသည်။

"ချီး.. ဘာလို့ အထီးဖြစ်နေရတာလဲ"

"................"

"ဒီအချိန်က အသည်းကွဲနေရမဲ့ အချိန် မဟုတ်ဘူး.. မင်းတို့ သူဌေးကျန့်ထန် ဘယ်မှာလဲ"

ဝမ်လင်းက ဤကြောင်တွေ၏ စိတ်အာရုံတွေက ညစ်ပတ်သည်ဟု ခံစားရသဖြင့် စိတ်ချင်း ဆက်သွယ်၍ မပြောဘဲ သာမန် အတိုင်းသာ ပြောဆိုခဲ့သည်။

ကြောင်ကြီးက အားပျော့သော လေသံဖြင့် ပြောလိုက်သည်။

"လက်တွဲဖော်မရှိတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝက ဘယ်လောက် အဓိပ္ပါယ်မဲ့လည်း ဆိုတာ မင်းမသိပါဘူးကွာ"

ဝမ်လင်းက လုံးဝ ပြန်မဖြေဘဲ နေလိုက်သည်။

"...........…"

ကံကောင်းထောက်မစွာဖြင့် သူကြိုတင် ပြင်ဆင်ထားခဲ့သည်။

မြေပြင်ပေါ်တွင် ဝိညာဉ်အလင်းရောင် တစ်ခု လင်းလက်လာပြီး ဆားနယ် ငါးအရသာ ခေါက်ဆွဲခြောက်ထုပ်များ ပေါ်လာသည်။

ဤအရာတွေ အားလုံးက ဝမ်လင်း အကြိုက်နှစ်သက်ဆုံးခေါက်ဆွဲခြောက် ကြွပ်ကြော်ထုတ်များ ဖြစ်၏။

သူက ထိုအရာများဖြင့် ကြောင်များကို အကူအညီတောင်းရန် ရည်ရွယ်ခဲ့သည်။

"အိုး.. အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ဆားနယ်ငါး အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ပါလား"

ကြောင်လေးကောင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

ကြောင်ကြီးက ခွန်အားများ ပြန်ရလာသည့်နှယ် ထူထူထောင်ထောင် ပြန်ဖြစ်သွားပြီး ဝမ်လင်း၏ ခေါင်းကို ကျေကျေနပ်နပ်ကြီး ယက်ပေးလိုက်သည်။

"ဟားဟားဟား.. အစ်ကိုကြီး.. မင်းက အရမ်းဉာဏ်ကောင်းတာပဲ.. မင်းက ငါတို့ကို ရိုးရိုးသားသား မေးခဲ့တာ ဆိုတော့ မင်းကို ငါတို့ သူဌေးဆီ ခေါ်သွားပေးပါ့မယ်"

"............"

ကြောင်ကြီး၏ မျက်နှာက စာအုပ်လှန်တာထက်ပင် ပို၍ လျင်မြန်စွာ ပြောင်းလဲသွား၏။

ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

လေလွင့်ကြောင်လေးများ အားလုံးက အစာမက်လေ့ ရှိသည်မှာ သဘာဝပင် ဖြစ်၏။

ကြောင်ကြီးက အကန့်အသတ်ဖြင့် ထုတ်ထားသည့် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကို မြင်လိုက်ရလျှင် စိတ်လှုပ်ရှားသွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက ကြောင်လောက၏ လက်ရှိလည်ပတ်ပုံနှင့် ပတ်သက်၍ တွေးတောနေခဲ့၏။

သူရာထူးမှ နုတ်ထွက်ပြီး နှစ်အနည်းငယ် အကြာတွင် ဤအဆင့်နိမ့် ငယ်သားများက လာဘ်ပေးလာဘ်ယူမှု များကို အမှန်တကယ် လက်ခံနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး အသေအချာ ပြန်လည် ဖွဲ့စည်းရန် လိုအပ်နေသည်ဟု သူတွေးလိုက်သည်။

…............

ငါးမိနစ်ခန့် အကြာတွင် ကြောင်လေးကောင်၏ ဦးဆောင်မှုဖြင့် ဝမ်လင်းက ထောင့်တစ်နေရာရှိ ထူးထူးခြားခြား သေးငယ်သော အပေါက် တစ်ခုသို့ ဝင်ရောက်ခဲ့သည်။

ဤဝင်ပေါက်ကို ထူထဲသော ချယ်ရီပင် နှစ်ပင်ဖြင့် အပြည့်အဝ ပိတ်ဆို့ထား၍ လူသားတစ်ဦး၏ ရှုထောင့်မှ ရှာတွေ့ရန်မှာ အလွန်ခက်ခဲသည်။

အပေါက် သေးသေးလေး ထဲကို ဝင်သွားသောအခါ လူနေလမ်းကြားလေး တစ်ခုကို တွေ့လိုက်ရသည်။

လမ်းကြားလေး၏ အရှေ့ဘက်တွင် "တာဟွမ်လမ်း" ဟူသော ဆိုင်းဘုတ်တစ်ခု ရှိသည်။

ဝမ်လင်းက ကြောင်ကြီး နောက်ကနေ လိုက်လာရင်း လုံးပတ် ထူထဲသော သက်တမ်းရင့် မိုးမခပင်ကြီး တစ်ပင် ဆီသို့ ရောက်လာသည်။

လူငါးဦး ခြောက်ဦးလောက် လက်ချင်းချိတ်၍ မိုးမခပင်ကို ဖက်ထားလျှင်ပင် သက်တမ်းရင့် မိုးမခပင်၏ ထူထဲသော လုံးပတ်ကို ဖက်ရန် လုံလောက်မှု ရှိမည် မဟုတ်ပေ။

မိုးမခပင်က ဤနေရာတွင် အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီ ကတည်းက ရှိနေပုံရသည်။

ယခင်က မိုးကြိုး ထိမှန်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ မပြိုလဲကျဘဲ ခိုင်ခိုင်မတ်မတ် တည်ရှိနေသေးသည်။

ကြောင်များက မိုးမခပင်၏ ထိပ်ပေါ်သို့ ကျကျနန တက်ကာ ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။

ထို့နောက်တွင် သူတို့က အလွန်သေးငယ်သော သစ်ခေါင်းပေါက်ဆီသို့ ကြည့်လိုက်ကြသည်။

ကျန့်ထန်၏ လေလွင့်ကြောင် စခန်းမှာ ထိုသစ်ခေါင်းပေါက်ထဲတွင်...

All Chapters