← Chapters

ဒုတပ်ရင်းမှူး.. ခွေးမသား

Vol. 4 Ch. 58

ဒုတပ်ရင်းမှူး.. ခွေးမသား

Vol. 4 Ch. 58

လေလွင့်ကြောင် အားလုံးအတွက် အဖွဲ့စီမံခန့်ခွဲမှု စနစ်သည် ဖေးယန် ခရိုင်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖေးယန် ခရိုင် တစ်ခုတည်းတွင် ပုံသဏ္ဍာန်မျိုးစုံ ရှိသည့် လေလွင့်ကြောင် အုပ်စုပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။

နာမည်ကျော် ကြောင်စစ်တပ် ဗိုလ်ချုပ်ကြီး ၃ ဦးဖြစ်သည့် ထျန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီ တို့က ၎င်းတို့၏ တပ်မတော်ကို အသီးသီး စီမံခန့်ခွဲခဲ့ကြသည်။

၎င်းတို့၏ တပ်မတော်တွင် တပ်မဟာ သုံးခုစီ ပါဝင်သည်။

ကျန့်ထန် ဦးစီးသော လွတ်လပ်သော တပ်ရင်း၏ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာကို ကြည့်လျှင် ကြယ်တပ်စုဟုပင် ခေါ်ဆိုနိုင်သည်။

သူ့အမိန့်ကို ရသည်နှင့် တပ်ရင်း တစ်ခုလုံးက စည်းစနစ်ကျစွာ ထွက်ခွာသွားခဲ့သည်။

ဤစစ်ဆင်ရေး၏ မြင်ကွင်းနှင့် အတိုင်းအတာမှာ တကယ့်ကို အံသြစရာပင်။

လမ်းကြားရှိ မိုးမခပင်အိုကြီးက ကျန့်ထန်၏ အဓိက ဌာနချုပ်တစ်ခု ဖြစ်နေသည်။

အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းပုရဝုဏ်ကိုလျှို့ဝှက် အခြေစိုက်စခန်းကြီး ဆယ်ခုကျော်က ပံ့ပိုးထားသည်။

သို့သော် အများစုမှာ မိုးမခပင်အိုကြီးထဲ၌သာ ရှိနေကြ၏။

ယခုအခါတွင် လေလွင့်ကြောင် တပ်ဖွဲ့တွေက အသီးသီး ထွက်ပေါ်လာသည်။

လေထဲတွင် စာငှက် တစ်ထောင်ကျော် ရှိနေသည်။

ကောင်းကင်တွင် ပျံသန်းနေသည့် ၎င်းတို့မှာ အားကြီးပြီး ရန်လိုတတ်သည့် ကျိုင်းကောင် အုပ်စုလိုပင်။

သံချပ်ကာ ယန္တရားတပ်၊ စပိုင်တပ်၊ သာမန်တပ်များနှင့်အတူ ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်းတွင် ကြောင်စစ်သည် တစ်သောင်းကျော် အထိ တိုးလာခဲ့သည်။

သူတို့၏ အင်အားက စစ်တပ်၏ တပ်ရင်းတစ်ခု နှင့် တန်းတူနီးပါးပင်။

ည၏ အမှောင် ဖုံးလွှမ်းမှု အောက်တွင် လွတ်လပ်သော တပ်ရင်း၏ စာငှက်များက အင်အားအပြည့်ဖြင့် ထွက်လာပြီး အမှတ်၅၉ အထက်တန်းကျောင်း အထက်ရှိ ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေသည်။

မြက်ခင်းပြင်၊ သစ်ပင်ထိပ်များနှင့် ကျောင်းဆောင်ထောင့်တိုင်းတွင်လည်း လေလွင့်ကြောင်များ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်လင်းက သက်ပြင်းကိုပင် မချနိုင်တော့ပေ။

ကံကောင်းထောက်မစွာပင် ကျောင်းဆင်းပြီးပြီ ဖြစ်၏။

သို့မဟုတ်လျှင် ထိုသို့သော ပျာပန်းခတ် လှုပ်ရှားမှုများကို ကျောင်းသားများ သတိပြုမိကာ နောက်နေ့တွင် အရေးတကြီး ဆွေးနွေးရမည့် ခေါင်းစဉ်ကြီး တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။

ကျောင်းဝင်းအတွင်း ကင်းလှည့်နေသော ကျောင်းစောင့် အဘိုးကြီးမှာ ယနေ့ ကျောင်းပတ်ဝန်းကျင်တွင် ခါတိုင်းထက် လေလွင့်ကြောင် အရေအတွက် ပိုများနေကြောင်း သတိပြုမိကာ မျက်မှောင်ကြုတ်သွားသည်။

ပျမ်းမျှအားဖြင့် ကြောင် သုံးကောင်မှ လေးကောင်မှာ ကျောင်းရှိ ခုံတန်းရှည် တစ်ခုစီတွင် ထိုင်နေကြသည်။

ထိုအထဲမှ အချို့ကြောင်များက မိတ်လိုက်မှုများကိုလူသိရှင်ကြား လုပ်နေကြရာ ကျောင်းစောင့် အဘိုးကြီးက စိတ်ရှုပ်သွားပြီး အနည်းငယ် မျက်စိ ရှက်သွားသည်။

နွေဦးရာသီက တိရိစ္ဆာန်များ မိတ်လိုက်သည့်ရာသီ ဖြစ်သောကြောင့် အဘိုးကြီးက ၎င်းတို့၏ လှုပ်ရှားမှုများကို မနှောင့်ယှက်တော့ပေ။

သူက ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။

မသင်္ကာစရာ မတွေ့သောအခါမှ ဓာတ်မီးကို ပိတ်ကာ ထွက်သွားခဲ့သည်။

တကယ်တမ်းတွင် ခုံတန်းပေါ်၌ မတော်တရော်လုပ်ပြနေသည့် ကြောင်များမှာ ကင်းလှည့် အစောင့်များ၏ အာရုံကို ဆွဲဆောင်ရန် ကျန့်ထန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။

သူက စစ်မှန်သော တပ်ဖွဲ့ဝင် အားလုံးကို အမှောင်ထဲတွင် ကောင်းစွာ ဝှက်ထားသည်။

ကျောင်းစောင့် အဘိုးအို ထွက်သွားသည်နှင့် မြက်ခင်းပြင်တွင် မရေမတွက် နိုင်သော တောက်ပသည့် မျက်လုံး အစုံပေါင်း များစွာ ပွင့်လာသည်။

ကြောင်များက ညဘက်တွင် စူးရှသော အမြင်အာရုံ ရှိသည်။

သူတို့က လျင်မြန် သွက်လက်လွန်းပြီး မြက်ခင်းပြင်မှ ခုန်ချသောအခါ အသံလုံးဝ မထွက်ပေ။

စစ်ဆင်ရေးက မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့စွာ အဆင်ပြေခဲသည်။

ဤစစ်ဆင်ရေး၏ ခေါင်းဆောင်မှာ ကျန့်ထန် ဖြစ်သည်။

ဒုခေါင်းဆောင်မှာ အနက်ရောင် အစက်အပြောက် ရှိသည့် အမြီးတိုကြောင် ဖြစ်သည်။

၎င်းက အနည်းငယ် အမွေးပြောင်နေသဖြင့် ကျန့်ထန်က ဘုန်းကြီးဟု နာမည်ပြောင် ပေးထားသည်။

ဘုန်းကြီးက တပ်ရင်း တစ်ရင်း၏ တပ်မှူးဖြစ်ပြီး ကျန့်ထန်၏ အထူးချွန်ဆုံး ကြောင်စစ်သည်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

လေလွင့်ကြောင် တပ်ဖွဲ့များထဲတွင် ဘုန်းကြီး၏ စစ်သည်များက လက်သံပြောင်သည်ဟု နာမည်ကြီးကြသည်။

ယခင်က ထျန်းရှစ်တို့ သုံးကောင်ကိုသာ ဝမ်လင်းက ဉာဏ်အလင်းပေးခဲ့သည်။

ထိုကြောင်သုံးကောင်က ထိုဉာဏ်အလင်းဖြင့် လေလွင့်ကြောင်များကို သင်ကြား ပြသပေးခဲ့ပြီး ဤအခြေအနေအထိ ရောက်ရှိစေခဲ့ခြင်း ဖြစ်၏။

သို့သော် ဝမ်လင်း၏ အကူအညီ မပါဘဲ ဉာဏ်အလင်းရခဲ့သည့် လေလွင့်ကြောင်တစ်ကောင် ရှိပါသေးသည်။

ထိုလေလွင့်ကြောင်မှာ ဘုန်းကြီး ဖြစ်သည်။

ထို့ကြောင့် ဘုန်းကြီးကို လေလွင့်ကြောင်များထဲတွင် ဉာဏ်ရည် အမြင့်ဆုံးကြောင်ဟုလည်း သတ်မှတ်နိုင်၏။

ကျန့်ထန်က ဘုန်းကြီးကို အားအင်စိုက်ထုတ်၍ မသင်ခဲ့ရပေ။

သူက ဘုန်းကြီးကို မွေးလာသည်နှင့် ကြွက်ဖမ်းခြင်း ကဲ့သို့ အခြေခံ ပညာရပ်များကိုသာ သင်ကြားပေးခဲ့သည်။

ဉာဏ်အလင်း ရရှိပြီးနောက်တွင် ဘုန်းကြီးက အလွန် အစွမ်းထက်လာပြီး ခွေးသောင်းချီကို အလွယ်တကူ ဆော့ကစားနိုင်သည် အထိ တိုးတက်လာ၏။

ယခုအခါတွင် ဘုန်းကြီးက ကျောင်းသားများကို လေ့ကျင့်ခန်း လုပ်ရန် ကာယဆရာများ ညွှန်ကြားလေ့ရှိသည့် စင်မြင့်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေသည်။

ခဏအကြာတွင် ရှာဖွေရေး လုပ်ဆောင်ရန် စေလွှတ်ထားသည့် တပ်ရင်း အားလုံး ပြန်လည် ရောက်ရှိလာသည်။

"ဘာတွေစုံစမ်းလို့ရခဲ့လဲ"

တပ်ရင်းခေါင်းဆောင်များက ဘုန်းကြီးကို အချိန်အတော်ကြာအောင် တညောင်ညောင် ဝိုင်းအော်နေကြသည်။

၎င်းတို့၏ စကားများကို နားထောင်ပြီးနောက် ဘုန်းကြီး၏ နှုတ်ခမ်းမွှေးများက အနည်းငယ် လှုပ်ယမ်းသွားသည်။

"ကျောင်းဝင်းထဲက စာသင်ခန်းတွေ၊ စင်္ကြန်တွေနဲ့ ရုံးခန်းတွေအားလုံးကို ရှာဖွေပြီးပြီ ဆိုတာ အမှန်ပဲလား"

ထို့နောက်တွင် ဘုန်းကြီးက အလွန်ရှင်းလင်းစွာ ကောက်ချက်ချလိုက်သည်။

"အားကစားရုံပဲ ကျန်တော့တယ်"

ညသန်းခေါင်ယံတွင် အမျိုးသားတစ်ယောက်က အဘယ်ကြောင့် အားကစား လုပ်နေရပါသနည်း။

အားကစားလုပ်နေသည့် ကျောင်းသူလေးများကို ခိုးချောင်းရင်း အဆုံးသတ်တွင် အထဲ၌ ကျန်ရစ်ကာ သော့ပိတ်ခံလိုက်ရပါသလော။

"သောက်ချီးပဲ.. ဒီလူမှာ ဘာလို့ ဒီလိုမျိုး အောက်တန်းကျတဲ့ အကျင့်တွေ ရှိနေတာလဲ"

ထိုသို့တွေးမိပြီး ဘုန်းကြီးက ပြောမပြတတ်လောက်အောင် ဒေါသထွက်နေသည်။

သို့သော် ဤလူကို ရှာခိုင်းသည်မှာ အင်မော်တယ်ကြောင် ဖြစ်နေ၍ သူ့တွင် ပြောစရာစကား အများကြီးမရှိပေ။

…..............

ဝမ်လင်းက လေလွင့်ကြောင်များကို အလားအလာ ရှိသည်ဟု အမြဲတွေးခဲ့သည်။

သူတို့ကို ဂရုတစိုက် ကျွေးမွေးမည့် ပိုင်ရှင် မရှိသော်လည်း သူတို့ကို ပေါင်းစည်းထားသ၍ မယုံနိုင်လောက်သော ရလဒ်များ ထွက်လာတတ်သည်။

ထိုစဥ်က ပြန့်ကျဲနေသည့် လေလွင့်ကြောင်များကို ပေါင်းစည်းပေးခြင်းမှာ သာမန် စိတ်ကူးတစ်ခုသာ ဖြစ်သည်။

ဝမ်လင်း မရည်ရွယ်ဘဲ စိုက်ပျိုးထားသည့် မျိုးစေ့တွေက အသီးအပွင့် ဖြစ်ထွန်းလာမည်ဟု မည်သူက ထင်မိမည်နည်း။

နာရီဝက်ပဲ ကျန်တော့တယ်...

ဝမ်လင်းက သူ၏ တာအိုအဆောင် ပို၍ပင် အားကုန်လာသည်ဟု ခံစားနေရသည်။

ယခုအခါတွင် သူ၏ အရှိန်အဝါက ထိန်းချုပ်ရ ခက်ခဲလာသောကြောင့် ကြီးမားသော လှုပ်ရှားမှုများကိုပင် သူ မလုပ်ဝံ့တော့ပေ။

ကံကောင်းထောက်မစွာပင် သတင်းက ကျန့်ထန် ဆီသို့ အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။

စာငှက်တစ်ကောင်က ရှေ့တန်းမှ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ချက်ချင်းပင် သတင်းလာပို့ခဲ့သည်။

ကျန့်ထန်က ခေါင်းညိတ်ပြပြီး ဝမ်လင်းကို ကြည့်လိုက်သည်။

"အင်မော်တယ်ကြောင်.. တည်နေရာကို အတည်ပြုပြီးပါပြီ.. သူက အားကစားရုံထဲမှာပဲ"

"အားကစားရုံလား"

သူ၏ ဝိညာဉ်ရေး အာရုံများက အလွန် ထက်မြက်၍ အားကစားခန်းမကို မစိမ့်ဝင်စရာ အကြောင်းမရှိချေ။

ထို့ကြောင့် ဝမ်မင်ကို ပြန်ပေးဆွဲသွားသော လူများက သာမန် မှော်ပစ္စည်းကို အသုံးမပြုလောက်ဟု သူယုံကြည်ခဲ့သည်။

အနည်းဆုံးတော့ သူ၏ ဝိညာဥ်ရေးအာရုံကို တားဆီးနိုင်သည့် အထူး ပစ္စည်းတစ်ခုခု ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ တည်နေရာကို အတည်ပြုပြီးပြီ ဖြစ်၍ ကျန်လုပ်ဆောင်စရာတွေက ရိုးရိုးရှင်းရှင်းပင်။

သိပ်မကြာခင်မှာပင် ဝမ်လင်းနှင့် ကျန့်ထန်တို့ ဦးဆောင်သော ကြောင်တပ်မဟာကြီးက အားကစားခန်းမ ရှေ့ကို ရောက်လာကြသည်။

အားကစားရုံ၏ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော စာငှက်တစ်ကောင်က ဝမ်မင်၏ တည်နေရာကို ညွှန်ပြနေသည်။

ပစ်မှတ်က အမျိုးသမီး လော့ကာခန်းထဲတွင် ရှိနေသည်။

ဝမ်လင်း နှင့် ကျန့်ထန် တို့က အားကစားခန်းမ၏ အနောက်ဘက်သို့ လှည့်ပတ်သွားလိုက်ပြီး ထူထဲသော နံရံတစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။

အားကစားရုံ တစ်ခုလုံးကို အနက်ရောင် သလင်းကျောက်များဖြင့် တည်ဆောက်ထားသည်။

နံရံက ခိုင်ခံ့လွန်းသဖြင့် သာမာန် ဖြိုဖျက်ခြင်း နည်းလမ်းများဖြင့် ဖြိုဖျက်နိုင်မည် မဟုတ်ပေ။

သူ၏ တာအိုအဆောင်သာ ပုံမှန်အတိုင်း သူ၏ စွမ်းအားကို ထိန်းထားပေးမည် ဆိုလျှင် ဝမ်လင်းက ဤနံရံကို အနည်းငယ် အားစိုက်ရုံဖြင့် ဖြိုဖျက်နိုင်ပေသည်။

သို့သော် ယခုအခြေမှာ အနည်းငယ် ထူးခြားနေသည်ဟု ဆိုရမည်။

သူ၏ တာအိုအဆောင်က သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်၏။

တာအိုအဆောင်၏ ထိန်းချုပ်မှုသာ မရှိလျှင် သူ့လက်သီး တစ်ချက်က အားကစားရုံ တစ်ဝိုက်ရှိ လီရာပေါင်းများစွာအား ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေမည်ကို သူကြောက်မိသည်။

ထိုသို့ စဉ်းစားမိပြီးနောက် ဝမ်လင်းက နံရံကို ကိုယ်တိုင် မဖြိုဖျက်တော့ဘဲ ကျန့်ထန်ကို သူ့အစား ဆောင်ရွက်စေရန် လှည့်ကြည့်လိုက်သည်။

ထိုအကြည့်ကြောင့် ကျန့်ထန်က ချက်ချင်းပင် အံ့အားသင့်သွားသည်။

သေချာသော အချက်မှာ သူက အင်မော်တယ်ကြောင်၏ စွမ်းအားကို လုံးဝ သံသယ မ၀င်ပေ။

ဤနံရံလေးက အင်မော်တယ်ကြောင်လို ဒဏ္ဍရီဆန်သော တည်ရှိမှုကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။

အင်မော်တယ်ကြောင်က သူ့ကို သက်သေပြရန် အခွင့်အရေးပေးနေသည်ဟု ကျန့်ထန် တွေးမိခဲ့သည်။

သူက ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး

"ဒုတပ်ရင်းမှူး.. ခွေးမသား... ရီတာလီ အမြောက် ဘယ်မှာလဲ.. ချက်ချင်း ယူလာပြီး ဒီနံရံကို အပေါက်ဖောက်လိုက်စမ်း"

ဝမ်လင်း "............"

All Chapters