← Chapters

သွေးသောက်ရဲဘော်ကျိုးက အံ့သြစရာပဲ

Vol. 5 Ch. 63

သွေးသောက်ရဲဘော်ကျိုးက အံ့သြစရာပဲ

Vol. 5 Ch. 63

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ခေါင်းဆောင်ဟု သံသယရှိသော မိန်းကလေးတစ်ဦးကို ဖမ်းဆီးခြင်းသည် လူတိုင်းကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

ဤဖြစ်ရပ် မတိုင်မီက အရိပ်အဖွဲ့ စေလွှတ်ခဲ့သည့် ဖဲကြိုးနီ လုပ်ကြံသူများမှာလည်း အမှတ်၆၀ အထက်တန်းကျောင်း၏ ဆုံးမခြင်းကို လုံးဝ ခံခဲ့ရသည်။

ဤတစ်ခေါက်တွင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ အမှတ် ၅၉ အထက်တန်းကျောင်းသို့ ချိန်းတွေ့ရန် လာရောက်ခဲ့ကြသည်။

အဆုံးသတ်တွင် ဝိညာဥ်ဓားဖလှယ်ပွဲကို အခွင့်ကောင်းယူ၍ ပြဿနာ ရှာရန် စီစဥ်ထားသော ရွှေရောင် ဖဲကြိုးအဆင့် လုပ်ကြံသူကို ၎င်းတို့၏ အစီအစဥ် မစတင်မီတွင် ဖမ်းမိခဲ့သည်။

ထိုသို့သာဖမ်းမမိခဲ့လျှင် အရိပ် အဖွဲ့အစည်းက ၎င်းတို့ချမှတ်ထားသော အစီအစဥ်၏ ပထမဆုံး ခြေလှမ်းကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ လုပ်ကြံသူ မိန်းကလေးကို ဖမ်းမိသော အမျိုးသားမှာ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ အစ်ကို ဖြစ်နေခြင်းပင်။

ယင်းအတွက်ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက အရိပ်အဖွဲ့ကို ထပ်ပြီး နှိပ်ကွပ်လိုက်သည်ဟု ဆို၍ရပေသည်။

အရိပ်အဖွဲ့နှင့် ပတ်သက်သည့် အဖြစ်အပျက်များတွင် အမျိုးသား ကျင့်ကြံခြင်း ရဲဌာနက ကုဒ်အနီရောင်(အန္တရာယ်အဆင့်) အဆင့်ဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်အတော်ကြာသည် အထိ တိုးတက်မှု မရှိခဲ့ကြောင်း လူအများက သိထားကြသည်။

အဆုံးသတ်တွင် ကျောင်းဖွင့်ပြီး တစ်လ မပြည့်မီ၌ပင် သာမန်အထက်တန်း ကျောင်းငယ်လေး တစ်ကျောင်းကို ဗဟိုပြုပြီး နောက်ထပ် အောင်မြင်မှု တစ်ခုကို ရရှိခဲ့သည်။

ဤ အထက်တန်း ကျောင်းငယ်လေးက အမှန်တကယ် အဆိပ်ပြင်းနေပါသလော။

ယင်းအဖြစ်အပျက်ကြောင့် လူအများက မေးခွန်းတွေ ထုတ်လာကြသည်။

ရင်သား၃၆ဆိုဒ် ရှိသည့် ချောမောလှပသော မိန်းမပျိုလေးက အကြင်နာကင်းမဲ့၍ သွေးဆာသော လူသတ်သမား မည်ကဲ့သို့ ဖြစ်လာသနည်း။

သူမကိုဖမ်းမည့် အစီအစဥ်က မလုပ်ဆောင်မီကပင် ကြိုတင် ကြံစည်ထားခြင်းလော။

ဤအရာအားလုံး၏ နောက်ကွယ်တွင် အကျင့်စာရိတ္တ ပျက်ယွင်းခြင်း သို့မဟုတ် လူသားဆန်မှု ကင်းမဲ့နေခြင်းများ ရှိနေပါသလော။

အလင်းနှင့် အမှောင်ကြားက ကစားပွဲ တစ်ခုလော သို့မဟုတ် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုကြားက ပြိုင်ဆိုင်မှုလော။

မည်သို့ပင်ဖြစ်စေ ဤအဖြစ်အပျက်ကြောင့် ထွက်ပေါ်လာသည့် မေးခွန်းတွေက လူအများကို ပဟေဠိတွေ ဖြစ်စေခဲ့သည်။

အမျိုးသမီး လုပ်ကြံသူက ယခုအချိန်အထိ သတိပြန်မရသေးပေ။

အရိပ် အဖွဲ့အစည်း၏ ဆိုးယုတ်သော အစီအစဥ်ကို ပျက်စီးစေခဲ့သော ဝမ်ရှောင်အာမှာ ရဲစခန်းသို့ ရောက်ပြီး နာရီဝက် မပြည့်မီမှာပင် သုတေသန ဌာနမှ အဖွဲ့ဝင်များ၏ ပြင်ပသို့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။

ဆိုရလျှင် သုတေသန ဌာနက ဝမ်မင်၏ အထောက်အထား အစစ်အမှန်ကို ဖုံးကွယ်ရန် ထောက်စေ့အောင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

အဆုံးသတ်တွင် ဟွာရှို့နိုင်ငံ၏ သိပ္ပံ သုတေသန အကယ်ဒမီက ဦးတည်ချက် မဲ့နေသော ရဲများကို ပြတ်သားသော ဦးတည်ချက် တစ်ခု ညွှန်ပြခဲ့သည်။

အရိပ်အဖွဲ့ကို နှိမ်နင်းခဲ့သည့် အစီအစဉ်မှာ စုန်ဟိုက်မြို့ရှိ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးရုံးက စီစဉ်ခဲ့သည်ဟု ဖန်တီးလိုက်သည်။

ထို့ကြောင့် အတွင်းရေးမှူး စွန်းတာခန်းက ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေး ဒုညွှန်ချုပ် ကျိုးရီဆီ ဖုန်းခေါ်ဆိုလိုက်၏။

ရုံးတွင် ထုံးစံအတိုင်း နာရီအတော်ကြာ တောက်တိုမယ်ရ အလုပ်များ လုပ်ဆောင်ပြီးနောက် အိမ်သို့ ပြန်ရောက်လာသော ကျိုးရီ၏ အိမ်တွင် ဖုန်းခေါ်သံများ ထွက်ပေါ်လာခဲ့သည်။

ကျိုးရီက ဖုန်းနံပါတ်တွေကိို တစ်ချက် ကြည့်လိုက်သည်။

ပုံမှန်ဆိုလျှင် သူ့ဆီသို့ မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများ ရှိတတ်သည် မဟုတ်လော။

ယခုတစ်ခေါက်တွင်မူ အတွင်းရေးမှူး စွန်းတာခန်းကိုယ်တိုင် ဖုန်းခေါ်ဆိုခြင်း ဖြစ်နေသည်။

သူက အတွင်းရေးမှူး စွန်းတာခန်းလို ပုဂ္ဂိုလ်ကြီးနှင့် တစ်နေကုန် စကားစမြည် ပြောဆိုခဲ့၍ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူ့တွင် ရွေးချယ်စရာမရှိမှန်း သူသိသည်။

သူ့အနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း လက်ထောက် ညွှန်ကြားရေးမှူး ရာထူးတွင် များစွာ သင်ယူခဲ့ရသည်။

အစိုးရဌာန တစ်ခုတွင် လက်တွေ့ရှင်သန်မှု အတွက် သူ၏ အတွေ့အကြုံများကို အခြေခံ၍ စည်းမျဉ်းလေးခု သူ့ဘာသာသူ သတ်မှတ်ခဲ့သည်။

ပထမစည်းမျဥ်း "အကျိုးမဲ့သောစကားကို မပြောဆိုရ"

ဒုတိယစည်းမျဥ်း "ကြက်ထက်စောစောထပြီး ခွေးထက်နောက်ကျမှအိပ်"

တတိယစည်းမျဥ်း "ဝက်ထက် လျှော့စားပြီး မြည်းထက်ပိုပြီးလုပ်"

စတုတ္ထနှင့် အရေးကြီးဆုံး စည်းမျဥ်း "အထက်လူကြီး ထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိလျှင် မကိုင်ဘဲ လုံးဝမနေရ.. ချက်ချင်းကိုင်ပြီး ဆက်သွယ်ရမည်"

သူက အတွင်းရေးမှူး စွန်းတာခန်းနှင့် နေ့ခင်းဘက်ကပင် စကားစမြည် ပြောဆိုပြီးခဲ့သည်။

အတွင်းရေးမှူးစွန်း မည်သည့် အကြောင်းကိစ္စဖြင့် အချိန်မတော် ထူးထူးခြားခြား ဖုန်းဆက်မှန်း မသိသော်လည်း သူ၏ ကိုယ်ပိုင် စည်းမျဥ်းအရ ကြိုးဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်မိသည်။

ယနေ့ခေတ်တွင် ကြိုးဖုန်းများသည် လေထဲတွင် လွင့်မျောနေသော ပုံရိပ်များကို ဖန်တီးသည့် နည်းပညာကို အသုံးပြုထားကြသည်။

ကျိုးရီက ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်နှင့် အတွင်းရေးမှူး တာခန်း၏ မျက်နှာက လေထဲတွင် ရုပ်လုံးပေါ်လာသည်။

ကျိုးရီက သူ့အတွက် အစိုးရ ဌာနမှ စီစဉ်ပေးထားသည့် ဝန်ထမ်း တိုက်ခန်းတွင်သာ နေထိုင်ခဲ့သည်။

လက်ရှိအစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မူဝါဒကို ထောက်ခံထားသောကြောင့် ဝန်ထမ်းတိုက်ခန်း အားလုံးကို နယ်မြေချဲ့ထွင်ခြင်း စွမ်းရည်ဖြင့် တိုးချဲ့ခြင်း မပြုလုပ်ထားခဲ့ပေ။

အကြောင်းရင်းမှာ ၎င်းတို့၏ ဝန်ထမ်းများအနေဖြင့် အခက်အခဲများကို ကြံ့ကြံ့ခံပြီး ပြည်သူအပေါ် စိတ်နှလုံးအကြွင်းမဲ့ တာဝန် ထမ်းဆောင်ခဲ့ပုံကို နားလည်စေရန် အတွက် ဖြစ်သည်။

သို့သော် ယင်းမှာ တိုက်ရိုက် ပြဿနာတစ်ခု ဖြစ်စေခဲ့သည်။

နေရာလွတ်က အတော်လေး ကျဉ်းမြောင်းနေသဖြင့် လေထဲလွင့်မျောနေသည့် ပုံရိပ်အတွက် အလွန်ကြီးမားသော ပုံသဏ္ဍန်ကို ဖြစ်ပေါ်စေသည်။

ကျိုးရီက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် မရယ်ပင် မနေနိုင်လောက်အောင် ဖြစ်သွားရသည်။

အတွင်းရေးမှုး တာခန်း၏ လေထဲ လွင့်မြောနေသည့် ပုံသဏ္ဍာန်တွင် နှာခေါင်းက ခေါင်းထက်ပင် ပိုကြီးနေသည်။

"မင်္ဂလာပါ ကျိုးရီလေး"

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်ရှိ အတွင်းရေးမှူး တာခန်း၏ အသံက ကျိုးရီကို ထိတ်လန့်စေခဲ့သည်။

"ကျိုးရီလေးတဲ့လား"

ဤကဲ့သို့ အမည်ပြောင်က ဆွေမျိုးသားချင်းလို ရင်းနှီးမှသာ ခေါ်လေ့ ရှိကြသည်။

ရိုးသားစွာ ပြောရလျှင် ကျိုးရီက အနည်းငယ် အံ့သြသွားခဲ့သည်။

သူက လေထဲမှ ပုံသဏ္ဍာန်ကို မော့ကြည့်လိုက်သည်။

"အချိန်တောင် အရမ်းနောက်ကျနေပြီ အတွင်းရေးမှူး တာခန်း .. ကျနော့်ကို တစ်ခုခု ညွှန်ကြားစရာရှိလို့လား.."

"ကျိုးရီလေး.. ငါတကယ် လက်ဖျားခါတယ်.. မင်း ဟန်ဆောင်တာ အရမ်းကောင်းတာပဲ.. ငါ ဒီ တစ်နေ့လည်လုံး ရုံးမှာ မင်းနဲ့ အတူတူ ရှိနေတာတောင် မင်းက တော်တော်လေး တည်ငြိမ်နိုင်တယ်နော်.. မင်းက လျှို့ဝှက် အစီအစဥ်တွေ ချပြီး အစွမ်းပြလိုက်တာပေါ့လေ.. ဟားဟား.. မင်း ငါ့ကို တမင်တကာ အံ့သြသွားအောင် လုပ်လိုက်တာ မဟုတ်လား"

ကျိုးရီ "...???..."

"အိုး.. ငြင်းဖို့မကြိုးစားနဲ့.. ငါ့ကို ပြောပြစမ်းပါဦး.. အရိပ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လို့ သံသယရှိတဲ့ မိန်းကလေးကို မင်းဘယ်လိုတောင် စီစဥ်ပြီး ဖမ်းလိုက်တာလဲ"

ကျိုးရီ "...???..."

"ဒီတစ်ခါတော့ မင်းကို ဒီအတွက် ငါ အပြစ်တင်ရမယ်… ဘာပဲဖြစ်ဖြစ် သူက ရွှေရောင် ဖဲကြိုးအဆင့် လူသတ်သမားလေ.. သူ့ရဲ့ခြေလှမ်းကို ကြိုသိခဲ့ရင် အနည်းဆုံးတော့ ကျောင်းကို ကြိုတင် သတင်းပို့ထားသင့်တယ်.. ကျောင်းဆင်းတဲ့အချိန် ဆိုပေမဲ့လည်း အနီးပတ်ဝန်းကျင်မှာ ကျောင်းသားတွေ ရှိတတ်တော့ အန္တရာယ်များတယ်လေ"

ထိုစကားကိုကြားမှ အတွင်းရေးမှူး စွန်းတာခန်း ဘာကို ရည်ရွယ်၍ ပြောနေမှန်း ကျိုးရီ သဘောပေါက်သွားသည်။

သူ အိမ်အပြန်လမ်းတွင် အထွေထွေဌာန ထံမှ ပေးပို့သည့် မက်ဆေ့ တစ်စောင်ကို လက်ခံရရှိခဲ့သည်။

ထိုစာထဲတွင် ဖေးယန် ခရိုင် ကျင့်ကြံခြင်း ရဲဌာနမှ အမှတ် ၅၉ အထက်တန်းကျောင်း၌ အရိပ် အဖွဲ့အစည်း၏ ခေါင်းဆောင်ဟု သံသယရှိသည့် ရွှေရောင်ဖဲပြား အဆင့် လူသတ်သမားကို ဖမ်းမိခဲ့သည့် အကြောင်း တင်ပြထားသည်။

ဝန်ထမ်း တိုက်ခန်းသို့ ပြန်ရောက်ပြီး အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းပြီးမှ အတွင်းရေးမှူး စွန်းတာခန်းကို သတင်းပို့ရန် သူက ရည်ရွယ်ထားခဲ့သော်လည်း အတွင်းရေးမှူး စွန်းက သူ့ကို ဦးစွာ ဖုန်းခေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အတွင်းရေးမှူးစွန်း၏ စကားကို ကြားလိုက်သော အခါတွင် ကျိုးရီ၏ ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

ဤအခြေအနေက လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကဲ့သို့ပင်။

အောင်မြင်မှု အားလုံးက လွန်ခဲ့သည့် ခြောက်နှစ်ကကဲ့သို့ ဘာမဆိုင်ညာမဆိုင် သူ့ဆီသို့ ထူးထူးခြားခြား ဦးတည်နေသည်။

"အတွင်းရေးမှူး တာခန်း.. ကျနော်...."

"အဆင်ပြေပါတယ်.. မင်းရှင်းပြဖို့ မလိုပါဘူး.. မင်းက ရန်သူကို သတိပေးမိမှာ စိုးလို့ အကွက်ကျကျ စီစဥ်ခဲ့တာ ငါသိပါတယ်ကွာ.. မင်းက သူတို့ကို ဖမ်းဖို့ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ကို အမှတ်၅၉ အထက်တန်းကျောင်းဆီ ခိုးဝင်စေပြီး သူတို့ကို ဖမ်းရလွယ်တဲ့ ပစ်မှတ်တစ်ခုကို ငါးစာ ချပေးလိုက်တာ မဟုတ်လား"

"............"

"ငါမင်းကိုပြောပြမယ်.. ဒီတစ်ခါတော့ မင်းဂုဏ်ယူလို့ရပြီ.. ပဏာမ စစ်ဆေး မေးမြန်းပြီးတဲ့ အခါမှာ အဖမ်းခံရတဲ့ မိန်းကလေးက အရိပ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ ညီမ ဖြစ်နိုင်တယ်လို့ သိရတယ်.. ဒါ အံ့သြစရာ မကောင်းဘူးလား.. ငါ့အတွက်တော့ လုံးဝ စိတ်လှုပ်ရှားကောင်းတဲ့ တကယ့် အံသြဘနန်း ကိစ္စပဲ.."

"............."

"အရိပ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို ငါတို့ အခုထိ မသိရသေးဘူး.. ဒါပေမဲ့ လက်ရှိ တိုးတက်မှု အခြေအနေအရ ဆိုရင် ဟွာရှို့နိုင်ငံရဲ့ ကျင့်ကြံခြင်း ရဲဌာနက အရိပ်အဖွဲ့အစည်းရဲ့ ရာဇ၀တ်မှု ဆိုင်ရာ လုပ်ဆောင်ချက်တွေကို သိပ်မကြာခင် ဖျက်ဆီးနိုင်တော့မယ်လို့ ငါယုံကြည်တယ်.. သွေးသော်ရဲဘော် ကျိုးရီ.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ဉာဏ်ရည်ဉာဏ်သွေး.. ဒီလိုမျိုး အုပ်ချုပ်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်.. ငါဒီသွေးသောက် ရဲဘော်ကြီး မင်းကို တကယ် လေးစားမိတယ်"

"ဒါနဲ့ အတွင်းရေးမှူး တာခန်းကို မေးလို့ရမလား.. ဒီသတင်းကို ဘယ်ကနေ ကြားလာတာလဲ"

"ဟွာရှို့နိုင်ငံ ကျင့်ကြံခြင်း သိပ္ပံ သုတေသန ဌာနရဲ့ ဥက္ကဌ ချီက ဒီကိစ္စကို ရှင်းပြဖို့ ငါ့ဆီ ကိုယ်တိုင် ဖုန်းဆက်လာတယ်လေ.. ကျိုးရီလေး မင်းက သိုသိုဝှက်ဝှက် နေတတ်မှန်း ငါသိပါတယ်.. ဒါပေမဲ့ အကျိုးပြုမှု တစ်ခုခု လုပ်ပြီးသွားရင် ဖုံးကွယ်နေစရာ မလိုပါဘူးကွာ"

".............."

ကျိုးရီ အသက်ရှူကြပ်လာသလို ခံစားလာရသည်။

"ကျိုးရီလေး.. မင်းမှာ ဒီလောက် ကောင်းတဲ့ အဆက်အသွယ်ရှိမယ်လို့ ငါမထင်ခဲ့မိဘူး"

သိပ္ပံ သုတေသနဌာနလို နာမည်ကျော် အဖွဲ့အစည်းက သူပင် မသိလိုက်ဘဲ သူနှင့် ချိတ်ဆက်မိသွားသည်လော။

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင် စွန်းတာခန်းက ပြုံးလိုက်သည်။

"အထက်လူကြီးတွေက မင်းကို ရာထူးတိုးပေးမလို့ တွေးနေခဲ့တာ ကြာပြီ… အပင်မြင့်လေ.. လေတိုက်ခံရလေ ဆိုတော့ မင်း အတွက် တာဝန်ကြီးတွေကို ကိုင်တွယ်ဖို့ ငယ်ရွယ်လွန်းနေမှာကို စိုးရိမ်ခဲ့ကြတယ်.. ဒါပေမယ့် ငါတို့ အခုလေးတင် လူထု စစ်တမ်း ကောက်ယူလိုက်တာ စုန်ဟိုက်မြို့မှာရှိတဲ့ အစိုးရ အရာရှိတွေ အားလုံးကို ကျော်ပြီး မင်းရဲ့ နာမည်က ထိပ်ဆုံး ရောက်နေတာကို တွေ့လိုက်ရတယ်.. အေးအေးဆေးဆေးသာ အနားယူလိုက်ပါ.. ဒီနေ့ အဖြစ်အပျက်ကြောင့် မင်းရာထူးတိုးကို စောင့်ဖို့ပဲ လိုတော့တယ်"

ကျိုးရီ "..............."

"ဒါနဲ့ မင်းရဲ့ အစီအစဉ်ကို ကောင်းကောင်း ပြင်ဆင်ဖို့ မမေ့လိုက်နဲ့ဦး.. မနက်ဖြန် ဝိညာဥ်ဓား ဖလှယ်ပွဲနေ့မှာ မင်းရဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို တွေ့ရဖို့ ငါမျှော်လင့်တယ်"

".............."

All Chapters