အင်ပါယာချင်ကို လုပ်ကြံသူ ကျင့်ခယ်
Vol. 5 Ch. 71
အတွင်းရေးမှူးစွန်းသည် လက်ရှိတွင် အသက်အကြီးဆုံးနှင့် နားမလည်နိုင်သော ကျင့်ကြံခြင်း နယ်ပယ်တွင် ရှိပြီး အမှန်တကယ်ပင် ဂုဏ်သတင်းနှင့် ထိုက်တန်နေသည်။
သူက သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ် အဆင့်ဖြင့် ဤသစ်သားဓားငယ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားနေကြောင်း ဖျတ်ခနဲ ခံစား သိရှိနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဝမ်လင်းက ဤအတွင်းရေးမှူး တစ်စုံတစ်ရာ သတိပြုမိမည်ကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။
သူက အစောပိုင်းတွင် ကျိုးရီ၏ မှတ်ဉာဏ်ကနေ တဆင့် အတွင်းရေးမှူး စွန်း၏ အတိတ်အကြောင်းကို စစ်ဆေးကြည့်ခဲ့သည်။
အတွင်းရေးမှူးစွန်းက ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပြီး ဟွာရှို့နိုင်ငံကို တည်ထောင်သူ အများအပြားနှင့် အတူ နတ်ဆိုးနတ်ဘုရားကို သတ်ပစ်ခဲ့ဖူးသည်။
ထို့ကြောင့် သူက နတ်ဆိုးနတ်ဘုရားများ၏ သွေးကို ထူးထူးခြားခြား အာရုံခံစားနိုင်ခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက တင်ဆက်မှုမစခင် ကျင့်ခယ်ကို မထင်မရှား အသွင်အပြင်ဖြင့် ပုံဖျက်ထားသည်။
သစ်သားဓားငယ်၏ အရှိန်အဝါက အလွန် သဘာဝ မကျသောပုံ ပေါက်နေသောကြောင့် သစ်သားဓားငယ်ရှိ နတ်ဆိုးနတ်ဘုရား အရှိန်အဝါကို ပိတ်ဆို့ခဲ့၏။
ကျင့်ခယ်ကို တစ်စိတ်တစ်ပိုင်း ကာကွယ်မှုသည် အတွင်းရေးမှူး စွန်းအား မှားယွင်းသော ခံစားချက်ကို ရရှိစေမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ကျင့်ခယ်၏ သဘောသဘာဝအမှန်ကို ဖုံးကွယ်ရန် ကူညီပေးရမည် မဟုတ်လော။
….....................
ကျိုးရီက လက်ထောက် ညွှန်ချုပ်အဖြစ် ရာထူး တိုးပြီး နောက်ပိုင်း သူ၏ အရည်အချင်းတွေကို လူကြားထဲတွင် ထုတ်မပြခဲ့တာ အတော်ကြာခဲ့ပြီဟု ခံစားမိသည်။
ယင်းမှာ "နှိမ့်ချတတ်သော ကိုယ်ရည်ကိုယ်သွေးကို ထိန်းသိမ်းလိုခြင်း"ဟု အဓိပ္ပါယ်ရသည့် သူ၏ ပါးနပ်သော ပင်ကိုယ်စရိုက်ဟု သာမန်ပြည်သူလူထုက အမြဲလက်ခံထားခဲ့သည်။
အချိန်တွေ ကြာလာသည်နှင့် အမျှ သူ၏ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းက ဒဏ္ဍာရီဆန်ဆန် ပျောက်ကွယ်သွားခဲ့တယ်။
တကယ်တမ်းတွင် ထိုဓားသိုင်းကို သူ့အနေဖြင့် မသိခဲ့ပေ။
ထို့ကြောင့် ကျောင်းနှစ်ကျောင်းကို ဗဟိုပြု၍ ကျင်းပသော ဝိညာဥ်ဓား ဖလှယ်ပွဲကို တက်ရောက်ရန် ဖိတ်ကြားခံရသောအခါ ကျိုးရီ၏ ခံစားချက်များက ရှုပ်ထွေးသွားခဲ့သည်။
သူက သူ့ကိုယ်သူ ပါရမီရှင် တစ်ယောက်ဟု မထင်ပေ။
သူက Grade2 ကတည်းကပင် အမြူတေ အဆင့်သို့ ရောက်ရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်တွင် ကျင့်ကြံရေး သင်တန်းရှိတွင်းတစ်ခုထဲသို့ ပြုတ်ကျသွားပြီး ဝိညာဥ်သစ်သီးကို ဘုမသိဘမသိ စားမိခဲ့ခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် ကျိုးရီ၏ ဘဝကလည်း ထူးထူးခြားခြား အဖြစ်အပျက်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။
ဥပမာပြရလျှင် လွန်ခဲ့သည့် ခြောက်နှစ်က လျှို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါး သောင်းကျန်းခဲ့သည်။
နောက်ထပ် ဥပမာအနေဖြင့် မနေ့က အဖမ်းခံရသည့် လုပ်ကြံသူ မိန်းမပျိုလေး...
ဤအဖြစ်အပျက်တွေ အားလုံး၏ အကျိုးကျေးဇူးတွေက သူ့အပေါ်သို့ ကျရောက်လာမည်မှန်း မည်သူက သိနိုင်မည်နည်း။
ကျိုးရီက အမှတ်၆၀ အထက်တန်းကျောင်းကို ပြန်ရောက်ကတည်းက ထူးထူးခြားခြား ခံစားခဲ့ရသည်။
သူ့ဘဝက အောင်မြင်မှု မရသေးလျှင်ပင် အနည်းဆုံးတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ဆိုနိုင်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းက မှော်ဆန်သောနေရာ ဖြစ်သည်။ တောက်ပ၍ အသက်ရှည်သော ရွာ...
ကျိုးရီက အားကစားကွင်း၏ အလယ်တွင် ရပ်နေသည်။
စီနီယာ ကျောင်းသားဟောင်း ကျိုးရီ စင်ပေါ်တက်သွားသည့်အချိန်တွင် မြင်ကွင်းက လုံးဝ တိတ်ဆိတ်သွားသည်။
ကျိုးရီအနေဖြင့် သူ့ အရည်အချင်းတွေကို လူအများရှေ့တွင် ထုတ်ဖော် မပြခဲ့သည်မှာ တကယ်ကို ကြာခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် ကျိုးရီက သူ့နှလုံးခုန်နှုန်း မြန်လာသလို ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားသည်။
ဝိညာဥ်ဓားကို ထိန်းချုပ်ရန် စတင်လိုက်သည်နှင့် ကျိုးရီ၏ အခွင့်အရေးက ပန်းခြံတစ်ခုရှိ ဒရော့တာဝါ ကဲ့သို့ ကျဆင်းနေသည်။
(drop tower= အဆမတန် မြင့်မားသော မျှော်စင်ပေါ်ကနေ အောက်ကို အရှိန်ဖြင့် ထိုးဆင်းရသည့် အပန်းဖြေစီးနင်းမှု အမျိုးအစား)
ရင်းနှီးမှုမရှိသော ဝိညာဉ်ဓားနှင့် အချိန်တိုအတွင်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည့် အချက်ကို ခံစားသိရှိရန် လိုအပ်သည်။
ဆိုရလျှင် ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းထက် အများကြီး ပိုလွယ်ကူသည်။
သို့သော် အဆင့်မြင့် ဝိညာဉ်ဓား သင်တန်းကို မတက်ရသေးသည့် အထက်တန်း ကျောင်းသားများ အတွက်မူ မျက်စိဖြင့် ကြည့်ရုံသာ တတ်နိုင်သည့် အဆင့်မြင့် ဓားစွမ်းရည် တစ်ခု ဖြစ်၏။
ယင်းက အဆင့်အတန်းမြင့်သော ဓားသိုင်းတစ်ခု ဖြစ်၍ ကျရှုံးနိုင်သည့် အလားအလာတွေက ရှိနေဆဲပင်။
ကျိုးရီက ထောင်ပေါင်းများစွာသော မျက်လုံးများအောက်တွင် ကျင့်ခယ်ကို မြှောက်လိုက်ပြီး နောက်ဂျွန်း၂၃ကြိမ်နှင့် ရှေ့ဂျွန်းသုံးကြိမ်ကို လေထဲတွင် တစ်ဆက်တည်း ပြုလုပ်ခဲ့သည်။
လူတိုင်းက လေထဲတွင် လှုပ်ရှားနေသော သူ၏ ရုပ်သွင်ကို စိုက်ကြည့်နေကြသည်။
ကျိုးရီ၏ လက်ထဲရှိ ကျင့်ခယ်က လေထဲတွင် လျင်မြန်စွာ လှုပ်ရှားနေ၏။
မြင်ကွင်းတစ်ခုလုံးကို ထူးထူးခြားခြား လှပစေသည့် ဝိညာဉ်အလင်းရောင်က ကျင့်ခယ်ထံမှ ထွက်ပေါ်လာသည်။
"ဘယ်လိုတောင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တင်ဆက်မှုလဲ"
"ထျန်ကျင်းဇီ နှင့် အခြားသူများက အံ့သြစွာ ကြည့်နေကြသည်။
အားကစားကွင်း တစ်ဝိုက်တွင် လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
စင်မြင့်ပေါ်ရှိ ဆရာဝမ်ပင် ဂုဏ်ပြု ချီးကျူးလိုက်သည်။
"ဒါက မွန်းစတားအိုကြီး ဟန်ကနေ ဆင်းသက်လာတဲ့ မျက်တောင် မခတ်စတမ်း ဓားအနုပညာပဲ.. ဒီဓားစွမ်းရည်ကို လူတော်တော်များများ သိကြပေမယ့် လူအနည်းငယ်လောက်ပဲ သဘာဝကျကျ ချောမွေ့အောင် လေ့ကျင့်နိုင်ကြတယ်"
"မှန်တယ်"
အတွင်းရေးမှူးစွန်းက ထောက်ခံလိုက်သည်။
သူ၏အသံတွင် ကျေနပ်အားရသော အရိပ်အယောင်များထင်ရှားနေသည်။
"ဒီဓားသိုင်းက အရမ်းကြီး အစွမ်းထက်တာ မဟုတ်ပေမယ့် ဖျော်ဖြေမှုပေးတဲ့ နေရာမှာတော့ သဘောကျစရာ အကောင်းဆုံးပဲ.. ဒါက ငါမြင်ဖူးတဲ့ ထိပ်တန်းဖျော်ဖြေပွဲ ဆယ်ခုထဲက တစ်ခုလို့ ပြောရင်တောင် ချဲ့ကားတယ်လို့ ပြောမရဘူး.. ကျိုးရီလေးက ဒီနှစ်တွေ တစ်လျှောက်လုံး အလုပ်များနေခဲ့တာတောင် အားလပ်ချိန်တွေမှာ အသေအချာ လေ့ကျင့်ခဲ့ပုံပဲ"
"ကျိုးရီလေးလား..."
အတွင်းရေးမှူးစွန်း၏ အသုံးအနှုန်းကို ကြားလျှင် စင်မြင့်ပေါ်ရှိ ကျောင်းခေါင်းဆောင် အားလုံး၏ မျက်နှာ၌ အံ့သြစရာကောင်းသည့် အမူအရာများ ပေါ်ပေါက်လာသည်။
ထိုစကားကြောင့် ကျောင်းအုပ်ကြီးချန်းနှင့် ကျောင်းအုပ်ကြီးကျင်းတို့က အတွေးနယ်မချဲ့ဘဲ မနေနိုင်တော့ချေ။
အတွင်းရေးမှူး စွန်း၏ ရင်းနှီးသော အခေါ်အဝေါ်က ကျိုးရီနှင့် အတွင်းရေးမှူး စွန်းတို့၏ ဆက်ဆံရေး အတိမ်အနက်ကို ဖော်ပြနေသည်။
"စီနီယာကျိုးက အရမ်း တော်တယ်နော်.. ဒါနဲ့ စကားမစပ် ဘာကြောင့် မျက်တောင် မခတ်စတမ်း ဓားအနုပညာလို့ ခေါ်တာလဲ"
လင်းရှောင်ယုက နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။
ကော်ဟောက်က မတူမတန်သလို အမူအရာဖြင့် ဆရာကြီးပုံ ဖမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။
"တင်ဆက်ပွဲ တစ်လျောက်လုံးမှာ စီနီယာကျိုး မျက်တောင် မခတ်တာကို မင်းသတိမထားမိဘူးလား... မျက်တောင် မခတ်စတမ်း ဓားအနုပညာက နာမည်နဲ့ စွမ်းရည် အံဝင်ခွင်ကျ ဖြစ်လို့ ကျော်ကြားခဲ့တာလေ.. ဓားသိုင်းကို ကျွမ်းကျင်လေလေ မျက်တောင် ခတ်နှုန်း လျော့လာလေပဲ.. ဒီဓားသိုင်းကို ရှီမန် တိုက်ပွဲမှာတုန်းက ဓားသမားတွေ အသုံးပြုကြတယ်.. သူတို့က တိုက်ခိုက်ရေး ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ရန်သူရဲ့ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေဖို့ အတွက် အသုံးပြုခဲ့ကြတယ်"
"အော် အဲဒီလိုကိုး"
ကော်ဟောက်၏ ရှင်းပြမှုကြောင့် ကျောင်းသားများက ဉာဏ်အလင်း ရသွားကြသည်။
ကျိုးရီက ကျင့်ခယ်နှင့် အတူ ရိုးရှင်းစွာ သရုပ်ပြပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
လက်ခုပ်သံများ၏ ခွန်အားကို အကဲဖြတ်ကြည့်ရာ သူ၏ အဖွင့်တင်ဆက်မှုက အောင်မြင်သွားပုံ ပေါ်သည်။
အဆုံးသတ်တွင် သူက မျက်တောင် မခတ်စတမ်း ဓားအနုပညာကို နေ့စဥ်လေ့ကျင့်သည့် ရေဒီယို ကျွမ်းဘား အားကစားနှင့် မျက်လုံးလေ့ကျင့်ခန်း ထက်ပင် ပိုမိုရင်းနှီးခဲ့သည်။
ပြီးခဲ့သော နှစ်အနည်းငယ် အတွင်း သူက အလုပ် အရမ်းများ၍ ဝိညာဉ်ဓားကို မထိနိုင်သည့်တိုင် မျက်တောင် မခတ်စတမ်း ဓားအနုပညာကို လေ့ကျင့်ရန် အချိန်ယူခဲ့သည်။
အဖွင့်တင်ဆက်မှုက ဘာပြဿနာမှ မဖြစ်ခဲ့ပေ။
တကယ့် တင်ဆက်မှုက ယခုမှစမည် ဖြစ်သည်။
ကျိုးရီက အသက် ခပ်ပြင်းပြင်းရှူရင်း ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကို တင်ဆက်ရန် အသင့်ပြင်လိုက်သည်။
အားကစားကွင်းမှ မီတာနှစ်ရာ အကွာတွင် ပန်းကန်လုံး အရွယ် ပစ်မှတ်တစ်ခုကို ပြင်ဆင်ထားခဲ့သည်။
ယင်းက အခြေခံတည်ဆောက်ခြင်း အဆင့် ကျောင်းသားများအတွက် မျက်စိဖြင့် မြင်နိုင်သည့် အကွာအဝေးထက် ဝေးလွန်းနေသည်။
ကျောင်းသားများက သူတို့၏ ဝိညာဉ်ရေးအာရုံကို အသုံးပြုခဲ့သော်လည်း အကြမ်းဖျင်းလောက်သာ မြင်နိုင်ကြသည်။
"ဒီပစ်မှတ်က သေးလွန်းတယ်.. ထိအောင်လုပ်ဖို့က အရမ်းခက်လိမ့်မယ်"
စင်မြင့်ပေါ်မှ ဒါရိုက်တာရှဲ့က ပြောလိုက်သည်။
ကျောင်းအုပ်ကြီးကျင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒဏ္ဍာရီအရဆိုရင် ဗိုလ်ချုပ်ရီရဲ့ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက စပါးစေ့တစ်စေ့ကို မီတာတစ်ထောင် အကွာကနေတောင် ထိုးဖောက်နိုင်တယ်လို့ အဆိုရှိတယ်"
စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များနှင့် ဆရာ..ဆရာမများ၏ နှလုံးသားထဲတွင် တူညီသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
"သောက်ချီး... ဒါက သိပ်ကြောက်ဖို့ကောင်းတယ် မဟုတ်ဘူးလား"
သမိုင်းဝင် ကျမ်းစာများအရ ဤသည်မှာ ရှေးခေတ်အာဏာရှင်ကို သတ်ရန် ဓားသခင် အချို့အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်သည်။
ဗိုလ်ချုပ်ရီက ထိုဓားပျံသိုင်း၏ အယူအဆကို ပြီးပြည့်စုံစေပြီး အခြေခံ သီအိုရီကို ပိုမို အားကောင်းအောင် အထောက်အပံ့ ပေးခဲ့သူ ဖြစ်ကြောင်း သမိုင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
အဆုံးသတ်တွင် ဤဒဏ္ဍာရီလာ နတ်ဘုရားစွမ်းရည်သည် လူသားတို့ စိတ်ကူးထားသလောက် မရှုပ်ထွေးပေ။
ခက်ခဲမှု အတိုင်းအတာကို ကြယ်တစ်ပွင့်မှ ဆယ်ပွင့် အထိ သတ်မှတ်ထားရာ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက ကြယ်ခြောက်ပွင့် အဆင့်သာ ဖြစ်သောကြောင့် ထိုဓားသိုင်းမှာ အကောင်းဆုံး ဟူသည့် မျဥ်းကို ကျော်ရုံသာ ဖြစ်သည်။
ကျိုးရီက တက္ကသိုလ်မှာထဲက ခြေလှမ်းတစ်ရာ ဓားပျံသိုင်း၏ သီအိုရီကို နားလည်ခဲ့သည်။
သို့သော် ၎င်းကို လက်တွေ့ အကောင်အထည် ဖော်သောအခါတွင် အောင်မြင်မှုနှုန်း ခြောက်ဆယ် ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သတိရမိလိုက်သည်။
၎င်းက လူတစ်ဦး၏ နည်းစနစ်၊ အချိန်အဆ နှင့် ပေါက်ကွဲစွမ်းအားကို အမှန်တကယ် စမ်းသပ်သည့် ဓားသိုင်း တစ်ခုဖြစ်သည်။
"ကျိုးရီ.. မင်း ဘာပဲလုပ်လုပ် ဒီနေရာမှာတော့ တလွဲ လုပ်လို့မဖြစ်ဘူး"
ကျိုးရီက စိတ်ထဲကနေ သူ့ကိုယ်သူ အားပေးခဲ့သည်။
ထို့နောက် သူက မီတာနှစ်ရာ အကွာအဝေးရှိ ပန်းကန်လုံးကို ဓားဖြင့် မချိန်ရွယ်မီ ကျင့်ခယ်ကို ကိုင်မထားသည့် လက်မှ လက်ခလယ်ကို ရှေ့သို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ကျင့်ခယ်၏ အညိုရောင် ဖျော့ဖျော့ ခန္ဓာကိုယ် တစ်ဝိုက်တွင် အပြာရောင် ဝိညာဉ်စွမ်းအင် ကြိုးတစ်ချောင်းက သူ့အလိုလို ဒဏ်ရာရသွားသည်။
ယင်းအခြေအနေကို ဝမ်လင်းက ထင်ရှားစွာ မြင်နေရသည်။
ကျင့်ခယ်က ပရမ်းပတာ တုန်ခါနေသောလက် ကဲ့သို့ ပြင်းထန်စွာ တုန်ရီနေသည်။
မကောင်းတော့ဘူး....
ကျင့်ခယ်က ဝိညာဉ်စွမ်းအင်ကို ပြင်းပြင်းထန်ထန် ဆိုးရွားစွာ ပစ်လွှတ်တော့မည် ဖြစ်ကြောင်း ဖန်ရှင်းက ရိပ်စားမိခဲ့သည်။
ကျင့်ခယ်က ပဲ့ထိန်းဒုံးကျည်လို ပစ်လွှတ်နိုင်သည့် အခြေအနေ နှစ်ခု ရှိသည်။
ပထမ အခြေအနေမှာ ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်ပြီး လီတစ်သောင်း ဝန်းကျင်ကို သက်ရောက်စေမည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
သို့သော် ဤအရာသာ တကယ်တမ်း ဖြစ်လာမည် ဆိုလျှင် ဝမ်လင်း၏ မျက်ခွံက သတိပေး နှိုးဆော်မည် ဖြစ်၏။
ယခု မျက်ခွံမလှုပ်တာ ကြာပြီ ဖြစ်သောကြောင့် ဤအခြေအနေက ဖြစ်နိုင်ချေ အတော်လေး နည်းပါးသည်။
ထို့ကြောင့် ပထမ ဖြစ်နိုင်ခြေကို ဖယ်ရှားလိုက်လျှင် ဒုတိယဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။
ဝမ်လင်းက ၎င်းတို့ မျက်စိဖြင့် မကြည့်ဝံ့သည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာတော့မည်ဟု ဆိုးရွားစွာ ခံစားရသောကြောင့် သူ့ မျက်လုံးများကို လက်ဖြင့် ဖုံးကွယ်ထားလိုက်သည်။
…....................
သစ်သားဓားငယ်က သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ခါးခါးသီးသီး ငြင်းပယ်လိမ့်မည်ဟု ကျိုးရီ မမျှော်လင့်ခဲ့ပေ။
အများအားဖြင့် ဝိညာဉ်ဓား ငြင်းပယ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ ဓားကို လေထဲတွင် ဝှေ့ယမ်း၍ ၎င်းတွင် ကိန်းအောင်းနေသည့် ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ခြင်း ဖြစ်သည်။
ကျိုးရီက လေထဲတွင် ဓားကို ဝှေ့ရမ်းလိုက်သည်။
သို့သော် ဤလုပ်ဆောင်ချက်က ကျင့်ခယ်၏ ဒုံးကျည်ကဲ့သို့ အရှိန်နှုန်းကို ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။
ကျိုးရီက ဓားကို လွှတ်လိုက်သည့်နှင့်
"ဟူး...."
လေတိုးသံ တစ်သံ ထွက်ပေါ်လာသည်။
စင်မြင့်ပေါ်တွင် ထိုင်နေသော အတွင်းရေးမှူးစွန်းကို အစွမ်းထက်သော အင်အားတစ်ခုက သူထိုင်နေသော ကုလားထိုင်မှ ဆွဲငင်သွားပြီး ကျိုးရီ ဆီသို့ လွင့်လာစေသည်။
ထို့နောက်တွင် အတွင်းရေးမှူးစွန်းက ကျိုးရီ၏ ပခုံးကို ခွလျက်သား ဖြစ်နေ၏။
သူ့ဘောင်းဘီတစ်ဝိုက်က ဆန်းကြယ်သော စွမ်းအား၏ တိုက်ရိုက် သက်ရောက်မှုဖြင့် တစ်စစီ စုတ်ပြဲနေသည်။
မည်သည့် တုံ့ပြန်မှုမှ မလုပ်နိုင်ခင်မှာပင် ဤထူးဆန်းသည့် ဆွဲငင်အားလှိုင်းက လျော့ပါးသွားပြီ ဖြစ်သည်။
အမွေးထူထူ ခြေထောက် နှစ်ချောင်းက ကျိုးရီ၏ ပုခုံးပေါ်မှ တွဲလောင်း ကျနေသည်ကို မြင်လျှင် အားလုံး ထိတ်လန့်သွားကြသည်။
အတွင်းရေးမှူးစွန်း၏ ခြေသလုံးမွေး ရှည်ရှည်များက လေအဝှေ့တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသည်။
"..............."
ဤမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းက ဆွံ့အနေမိသည်။
"ကျင့်ခယ် ရည်ရွယ်တဲဲ့ ဒုတိယ အခြေအနေက ပခုံးပေါ်မှာ တွဲလောင်းကျနေတဲ့ အမွေးထူထူ ခြေထောက်ဆိုတာ ရာနှုန်းပြည့် သေချာတယ်"
(ကျင့်ခယ်သည် ဘုရင်ကျန့်ကို လုပ်ကြံရန် မအောင်မြင်သော ကြိုးပမ်းမှုကြောင့် လူသိများသော သမိုင်းဝင် တရုတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရင်ကျန့်က တရုတ်ပြည်၏ ပထမဆုံး အင်ပါယာ ဖြစ်လာပြီး အင်ပါယာချင်ဟုသမိုင်းတွင်ခဲ့သည်)