← Chapters

စာလေ့လာတာက ငါ့ကို ပျော်ရွှင်စေတယ်

Vol. 6 Ch. 76

စာလေ့လာတာက ငါ့ကို ပျော်ရွှင်စေတယ်

Vol. 6 Ch. 76

ဝမ်လင်းက လေ့ကျင့်ခန်း စာအုပ်များစွာ တင်ထားသည့် စာကြည့်စားပွဲ ရှေ့တွင် ထိုင်နေသည်။

သူက ကျောင်းကိုယ်စားလှယ် အဖြစ် လေးရက်တာ ဓား ဖလှယ်မှုတွင် ပါဝင်ခဲ့သော်လည်း ဆရာမဖန်၏ အိမ်စာမူမှာ မပြောင်းလဲခဲ့ပေ။

ဘယ်လောက်ပဲ အိမ်စာကို လွတ်နေပါစေ.. လွတ်သွားသည့် အိမ်စာကို အားသွန်ခွန်စိုက် ပြုလုပ်ပြီး ပေးအပ်ရမည် မဟုတ်လော။

မွန်းစတား ဘောပင်နှင့် မှင်စာခဲဖျက် တို့၏ ဝိညာဉ်ရေး အသိဥာဏ်များက ဝမ်လင်းနှင့် ချိတ်ဆက်ထားသည်။

အလုပ်တာဝန်များ အတွက် လိုအပ်သော အသိပညာကို ကျွမ်းကျင်သော အခြေအနေဖြင့် သူ့အတွက် အိမ်စာလုပ်ရန် ၎င်းတို့ကို အမိန့်ပေးနိုင်သည်။

ယခု သူလုပ်ရမှာက အတန်းလေးရက် လွတ်သွားသည့် အတွက် ထိုလေးရက်တာ ကာလမှ သင်ခန်းစာများကို အမီလိုက်ဖို့ ဖြစ်သည်။

ယင်းအတွက် ဘောပင်နဲ့ ခဲဖျက်တို့အား စာရေးရန် တာဝန်ပေးနိုင်သည်။

ဤသီတင်းပတ်တွင် သင်ကြားသော အကြောင်းအရာကို ပိုမိုရှင်းလင်းစေရန် အတွက် လေ့လာမှု စာရင်းကို ပြုစုရန် နှစ်မိနစ်ခန့် အချိန်ယူခဲ့ရသည်။

အထူးသဖြင့် ကျင့်ကြံခြင်း ဆိုင်ရာ ရူပဗေဒနှင့် အဆင့်မြင့်သင်္ချာ ဘာသာရပ်များတွင် ကျင့်ကြံခြင်း အသိပညာ များစွာကို လွတ်သွားခဲ့ကြောင်း သူသဘောပေါက်ခဲ့သည်။

ဆရာ၊ဆရာမများက ဤအတန်းနှစ်ခု အတွက် အားလပ်ရက် တစ်ရက်တွင် အပြီးဆောင်ရွက်ရန် စာရွက် ငါးရွက်စီကို အမှန်တကယ် သတ်မှတ်ပေးခဲ့သည်။

၎င်းကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရလျှင် "စိတ်တိုစရာ"ဟုသာ ဖော်ပြရမည် ဖြစ်သည်။

၎င်းကို ဖော်ပြရန် နောက်ထပ် စကားလုံးတစ်ခုမှာမူ "ရူးသွပ်ခြင်း" ဖြစ်၏။

ယင်းက အလုပ်တာဝန် တစ်ပုံတစ်ခေါင်းကို မြင်လိုက်ရသည့် ကျောင်းသား အများစု၏ ပထမဆုံး တုံ့ပြန်မှုနှင့် သဘောထား ဖြစ်နိုင်သည်။

ဆန့်ကျင်ဘက်အားဖြင့် ဝမ်လင်းက စာသင်ကြားခြင်းကို အမှန်တကယ် နှစ်သက်သူတစ်ဦး ဖြစ်သည်။

ငယ်စဉ်ကတည်းကပင် မဟာတာအို သုံးထောင်တွင် ပါဝင်သော မှော်မန္တန်များစွာကို သူ့ဘာသာသူ သင်ကြားနိုင်ခဲ့သည်။

သူက အာရုံငါးပါးနှင့် မွေးလာသော ကလေးလေးလို မှော်မန္တန်များက သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ရှိနေသည်။

သို့သော် ဘာသာစကားနှင့် ယဥ်ကျေးမှုကိုမူ သူ့ကိုယ်ပိုင် ကြိုးစားမှုကနေ သင်ယူခဲ့သည်။

သင်ကြားမှု ပြုလုပ်ရသည်ကို သူ အလွန်နှစ်သက်သည်။

စာကြည့်စားပွဲရှိ ဝမ်လင်းက ကျောင်းစာအုပ် တစ်အုပ်ကို ဖွင့်လိုက်ပြီး နားကြပ်ကို တပ်ကာ ကိုယ်တိုင် လေ့လာရန် အာရုံစိုက်လိုက်သည်။

နားကြပ်တပ်လိုက်သည်နှင့် ယခင်ကလို သူ့နားထဲတွင် ညည်းညူသံတွေ မကြားရတော့ပေ။

ဤနားကြပ်က သူ၏ စိတ်ဖတ်စွမ်းရည်မှ ကြားနေရသည့် အသံများကို ဖြတ်တောက်နိုင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

၎င်းကို တာအိုအဆောင် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့အပြင် ၎င်းနားကြပ်မှာ ဝမ်မင် ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။

…......................

အေးချမ်းတိတ်ဆိတ်သော ပိတ်ရက် ဖြစ်သဖြင့် ဝမ်လင်း၏ မျက်ခွံ သတိပေး နှိုးဆော်ချက်က ကြိုတင် သတိပေးချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

မွန်းတည့်ချိန်လောက်တွင် မီးခိုးရောင် ဇိမ်ခံကား တစ်စီးက ဝမ်မိသားစု အိမ်ငယ်လေးနှင့် မနီးမဝေး မှတ်တိုင်ကို ရောက်ရှိလာသည်။

"မမလေး.. ငါတို့ရောက်ပြီ.. ဒီနေရာပဲ"

ဇိမ်ခံကားထဲတွင် ဝတ်ကောင်းစားလှ ဝတ်ထားသည့် အထိန်းတော် တစ်ဦးက ခေါင်းလှည့်ကာ အမျိုးသမီးငယ်လေး တစ်ဦးနှင့် စကားပြောနေသည်။

သွယ်လျသော ခြေထောက်များကို ခြေချိတ်၍ စမတ်ကျကျ ထိုင်နေသော မိန်းကလေးမှာ အသက်ဆယ့်နှစ်နှစ်ခန့်သာ ရှိပုံရပြီး အရပ်သိပ်မမြင့်ပေ။

သူမက Capri ဂျင်းဘောင်းဘီ၊ ပွရောင်းရောင်း ဘရန်းဒက် ဟစ်ဟော့ ရှပ်အင်္ကျီကို ဝတ်ထားပြီး ဘေး တစ်ဖက်တစ်ချက်စီတွင် မျက်ဝန်းကို ဖမ်းစားနိုင်သော အတောင်ပံနှစ်ခု ပါသည့် Arale ဦးထုပ်ကို ဆောင်းထားသည်။

(capri jean= ခြေကျင်းဝတ် အထက်ရှိ အမျိုးသမီး ဘောင်းဘီ)

သူမက နူးညံ့သိမ်မွေ့သော မျက်နှာနှင့် ကလေးကြယ်ပွင့် ပုံပန်းသွင်ပြင် ရှိသည့် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်မိသားစု အိမ်ငယ်လေး၏ ပတ်ဝန်းကျင်တွင် လူများစွာ မရှိခဲ့ချေ။

သို့မဟုတ်လျှင် သူမက အသိအမှတ်ပြု ခံရမည်မှာ သေချာသည်။

သူမကို တစ်ချက် ကြည့်မိလိုက်သည်နှင့် မည်သူမဆို အသိအမှတ် ပြုမိကြမည် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် လူအသွားအလာ မရှိသည့် နေရာကို ရောက်နေသောကြောင့် ဤနေရာတွင် အသိအမှတ်ပြုခံရမည်ဟု မည်သူ့ဆီကမှ မမျှော်လင့်ထားခဲ့ပေ။

သူမက သက်ပြင်းအနည်းငယ် ချလိုက်ပြီး မဝေးလှသောနေရာမှ အိမ်ငယ်လေး၏ ပြတင်းပေါက်ကို ငေးကြည့်လိုက်သည်။

"ငါ့အစ်မက ဒီအိမ်သေးသေးလေးမှာ နေဖို့ စိတ်ကူးယဉ်ထားတာလား"

"ဟုတ်ပါတယ်.. ဒီကိစ္စကို သေချာစုံစမ်းပြီးပါပြီ မမလေး"

"အမှား မလုပ်ခဲ့တာ သေချာရဲ့လား.. ဒီလို ဝေးလံခေါင်သီတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ သူက ငါ့ရဲ့အနာဂတ် ခဲအိုတစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"လုံးဝ မမှားလောက်ဘူး မမလေး.. ဒီလိပ်စာက အကြီးဆုံးမမလေးရဲ့ ဒရိုင်ဘာ လုကျောက်ဆီကနေ ရတဲ့ လိပ်စာပါ.. "

အထိန်းတော်က တိကျစွာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် သူ့ကို ခဲအိုလို့ခေါ်ဖို့ စောလွန်းနေတယ် ဆိုတာ မမလေးကို သတိပေးချင်တယ်.. ယနေ့ခေတ်မှာ အဆင့်အတန်း မတူတဲ့ လူနှစ်ဦးကနေ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာတွေကို ထောက်ခံ အားပေးနေကြတယ် ဆိုပေမဲ့ အကြီးဆုံး မမလေးရဲ့ အိမ်ထောင်ရေးကိစ္စက အတော်လေး ရှုပ်ထွေးတယ်.. သူမ မွေးကတည်းက...."

"တော်ပါပြီ.. မင်းငါ့ကို ဒါတွေ ပြောစရာ မလိုပါဘူး.. မင်းက အရမ်း စိတ်ပျက်ဖို့ကောင်းတာပဲ"

မိန်းကလေး၏ မျက်လုံးဝိုင်းလေးမှာ ကလယ်ကလယ် ဖြစ်သွားသည်။

"မင်းက ယင်ယန် သေဆုံးခြင်း ကပ်ဘေး အကြောင်း ပြောချင်တာ မဟုတ်လား.. ငါအဲဒါတွေ အကုန်သိပြီးသား.. အဲဒီ အနာဂတ် ဟောတဲ့ အတုအယောင်က အဲဒီကိစ္စကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ ပြောပြ ထားပြီးသားမှန်းလည်း ငါသိတယ်"

ထိုစကားကိုကြားလျှင် အထိန်းတော်က အေးစက်စက် ချွေးစေးများ ထွက်လာသည်။

"မမလေး.. မင်းရဲ့စကားတွေကို သတိထားပါ.. အဲဒါ မော့အင်မော်တယ် ရဲတိုက်က အဆင့်မြင့် အင်မော်တယ်နော်"

ကောင်မလေးက ကူကယ်ရာမဲ့သော အမူအရာဖြင့် ပုခုံးတွန့်ပြလိုက်သည်။

"အခုခေတ်က သိပ္ပံ ကျင့်ကြံခြင်း ခေတ်ပါ.. မင်းတို့အားလုံးက ဟိုးရှေးပဝေသဏီက အယူသီးမှုတွေက ဘာလို့ ယုံနေရတာလဲ.. အတုအယောင်တွေရဲ့ ဖြေရှင်းချက်က ယုံကြည်စရာလို့ ငါတော့ မထင်ဘူး... ယင်ယန် ကမောက်ကမ ဖြစ်သွားတဲ့အချိန်ကျရင် မော့သွေးတွေက ကောင်းကင်ကို ခြယ်သလိမ့်မယ် ဟုတ်လား.. ဒါက ဘယ်လိုတောင် ရူးသွပ်မိုက်မဲတဲ့ စကားလဲ"

အထိန်းတော် အိုကြီးက ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။

"အဆိုးဆုံးကို ယုံကြည်ပြီး အကောင်းဆုံးကို ရင်ဆိုင်တာ ပိုကောင်းပါတယ်.. ဒါ့အပြင် အနာဂတ် ဟောကိန်းက မော့ အင်မော်တယ်ရဲတိုက်က အဆင့်မြင့် အင်မော်တယ်ရဲ့ စကား ဖြစ်တယ်... အကြီးဆုံး မမလေးရဲ့ သေခြင်းတရားကို ချိုးဖျက်ဖို့ အတွက် ကောင်းကင်ကို မော့သွေးနဲ့ အနီရောင် ခြယ်သနိုင်လောက်အောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကို ရှာဖွေရမယ်"

မိန်းကလေးက အထိန်းတော် နှင့် စကားစစ်ထိုးရန် စိတ်မ၀င်စားတော့ပေ။

ထိုအစား သူမ၏ အဝတ်အစားတွေကို သပ်ရပ်အောင် လုပ်လိုက်ပြီး ကားပေါ်ကနေ ဆင်းဖို့ ပြင်လိုက်သည်။

သူမက အထိန်းတော်အား တစ်ချက် ကြည့်လိုက်သည်။

"လက်ဆောင်ပြင်ဆင်ပြီးပြီလား"

သူမတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း အတွက် ဟွာကောရေတံခွန် အုပ်စု၏ ဂုဏ်သိက္ခာကို မှေးမှိန်မသွားအောင် လက်ဆောင်ပေးဖို့ လိုအပ်သည် မဟုတ်လော။

ထိုအလေ့အထကို စွန်းယု ငယ်ငယ်လေးကတည်းက မိသားစုက သင်ပေးခဲ့ခြင်း ဖြစ်သည်။

အထိန်းတော်အိုကြီးက စွန်းယုကို စကြဝဠာ သိုလှောင်အိတ်ကို ပေးလိုက်သည်။

"မမလေး.. သိုလှောင်အိတ်ထဲမှာ သက်ရှည် မက်မွန်သီး နှစ်လုံး ပါတယ်.. အဲဒါက အသက်ရှည်စေပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်.. အသားအရေကို အာဟာရ ဖြည့်ပေးပြီး ဝမ်းချုပ်တာကို ကုသဖို့အတွက် ငယ်ရွယ်နုပျိုစေတဲ့ အစိုဓာတ်ထိန်း ဆေးလုံးနှစ်လုံးရယ်.. ရွှမ်းဟွမ် ကိုယ်တွင်းအဆိပ်ထုတ် ဆေး နှစ်လုံးရယ်.. အစာအိမ် နှင့် ဝမ်းချုပ်ရောဂါတွေကို ပျောက်ကင်းစေတဲ့ အင်မော်တယ် ကျန်းမာရေး ဆေးရှစ်မျိုး.. နောက်ပြီး ရှိသေးတယ်"

"လုံလောက်ပြီ"

စွန်းယုက ဒေါသတကြီးဖြင့် သိုလှောင်အိတ်ကို ဆွဲယူလိုက်ပြီး ကားပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။

…..................

စွန်းယုက ဝမ်မိသားစု အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးဝတွင် ရပ်နေသော်လည်း လက်ရှိတွင် အမျိုးသားတစ်ဦးက ဒုတိယထပ်၌ စာလေ့လာနေသည်ကို လုံးဝ မသိခဲ့ပေ။

စွန်းယုက တံခါးရှေ့မှာ ခဏလောက် အတွေးနယ်ချဲ့နေပြီးမှ နှုတ်ဆက် စကား အတွက် သူမ၏ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

တံခါးလာဖွင့်မည့်သူမှာ ခဲအိုလောင်း၏ မိဘနှစ်ဦးထဲမှ တစ်ဦး ဖြစ်ရန် အခွင့်အလမ်း မြင့်မားသည်။

တံခါးဖွင့်လိုက်သည်နှင့် သူမက အမည်ရင်း သို့မဟုတ် သူမ၏ စတိတ်စင်ပေါ်မှ အမည်ဖြင့် သူမကိုယ်သူမ မိတ်ဆက်သင့်သလားဟု တွေးလိုက်သည်။

သူမ၏ စတိတ်စင်နာမည်မှာ "ရွှယ်ထောင်" ဖြစ်ပြီး အတော်လေး လူသိများသည်ဟု ဆိုရမည်။

သို့သော် သူမ၏ ဂုဏ်သတင်းက ကျေးလက်ဒေသထိ ရောက်ရှိနေမည်ဟု အာမခံချက် မရှိပေ။

သူမက သူမ၏ စတိတ်စင် နာမည်ကို အသုံးပြုလိုက်၍ သူတို့မသိခဲ့ရင် အလွန်ရှက်ဖို့ ကောင်းလိမ့်မည် မဟုတ်လော။

စွန်းယုက သတ္တိတွေ စုဆောင်းပြီး တံခါးခေါက်ခါနီး အချိန်တွင် သူမ၏ မျက်လုံး ရှေ့၌ မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

ဆယ်ပေမြင့်သည့် သန်မာသော လူနှစ်ယောက်က အိမ်ခေါင်မိုးပေါ်ကနေ မထင်မှတ်ပဲ ခုန်ဆင်းလာခဲ့၏။

"ဘာငရဲလဲ.. နင်တို့က ဘယ်သူတွေလဲ"

စွန်းယုက အံ့အားသင့်သွားသည်။

"သခင်မလေး.. ငါတို့ စိတ်မကောင်းပါဘူး"

သန်မာသော အမျိုးသားတစ်ဦးက စွန်းယုကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ငါတို့ သခင်လေး စာလေ့လာနေတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ အနှောင့်အယှက် ပေးခွင့် မပြုနိုင်ဘူး"

All Chapters