← Chapters

ကျိုးရီ၏ မိသားစု အမွေအနှစ်များ

Vol. 6 Ch. 79

ကျိုးရီ၏ မိသားစု အမွေအနှစ်များ

Vol. 6 Ch. 79

ဝန်ထမ်းတိုက်ခန်းတွင် ကျိုးရီက စားပွဲပေါ်ရှိ ဖွင့်ထားသော ရတနာသေတ္တာ(ဝါ) အမွေအနှစ် သေတ္တာကို အတန်ငယ် မှင်တက်စွာ စိုက်ကြည့်နေသည်။

ဤအခိုက်အတန့်တွင် လာဘ်ပေးသူများ၏ ခံစားချက်ကို အပြည့်အ၀ နားလည်နိုင်ပြီဟု သူထင်ခဲ့သည်။

ယခု သူလည်း အလားတူ ခံစားနေရသည်။

စားပွဲပေါ်ရှိ သေတ္တာကို ခွန်သစ်သားဖြင့် ပြုလုပ်ထားသဖြင့် ဖုန်၊ ရေနှင့် ပြင်ပဒဏ်များ မသက်ရောက်နိုင်အောင် မြင့်မားစွာ ကာကွယ်ပေးသည်။

ကျိုးရီထက် နှစ် ရာဂဏာန်း အနည်းငယ် ပိုကြီးသော ကျိုးမိသားစု၏ အမွေအနှစ်များမှာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဆင်းသက်လာရာ ယခုအခါ ကျိုးရီ၏ လက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။

မိသားစု အမွေအနှစ်ကို ဆက်ခံရာတွင် ပစ္စည်းငါးမျိုးကို ဆက်ခံခဲ့ရသည်။

ထိုငါးမျိုးမှာ ကျင့်ဟွားမြို့ရှိ မြေကွက်၊ ငွေအမြောက်အမြား ရှိသော ဘဏ်ကတ်တစ်ခု၊ USB drive တစ်ခု၊ hard drive တစ်ခု နှင့် ဖုန်းကတ်တို့ ဖြစ်၏။

(USB drive= ၎င်းကို မမ်မိုရီစတစ် ဟုလည်း ခေါ်ပြီး သေးငယ်၍ သယ်ဆောင်ရလွယ်ကာ ကွန်ပြူတာရှိ USBအပေါက်ထဲသို့ ပလပ်ထိုးနိုင်သည်၊၎င်းကို ဒေတာအကူးအပြောင်း.. ဖိုင်အလွှဲအပြောင်းများတွင် အသုံးများသည်)

(Hard drive(HDD)= အပလီကေးရှင်းများနှင့် ဒေတာဖိုင်များကိုသိမ်းဆည်းထားသည့် နည်းပညာ)

ကျင့်ဟွာမြို့မြေအမည်မှာ ကျိုးမိသားစု ဘိုးဘွားပိုင် မြေကွက်ဖြစ်ပြီး မိသားစု စည်းမျဥ်းစည်းကမ်း အရ မြေယာကို မည်သည့်အကြောင်းနှင့်မှ ရောင်းချ၍ မရနိုင်ပေ။

ဆိုရလျှင် ဤအရာများက ကျိုးရီ၏ တရားဝင် ပိုင်ဆိုင်မှု ဖြစ်သည်။

သို့သော် ဟွာရှို့အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ဤနှစ်နှစ်အတွင်း မလိုအပ်ဘဲ နားလည်မှုလွဲမှားသော ဖြစ်ရပ်များ ရှိခဲ့သည်။

ယင်းအပြင် သူ့ကို အကောက်ကြံရန် ကြံစည်မှုများမှ ရှောင်ရှားနိုင်စေရန် အတွက် ကျိုးရီက ထိုနေရာတွင် မနေဘဲ ဝန်ထမ်းတိုက်ခန်း ထဲမှာသာ နေခဲ့သည်။

သူ့မိသားစုက သူ့လက်ထဲ အပ်ထားသည့် အနက်ရောင် စူပါကား၏ ပိုင်ရှင်အဖြစ် သူ့နာမည်ကိုပင် မရေးဝံ့ပေ။

ကျိုး မိသားစု ဘိုးဘေးများက အလွန် လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုရမည်။

သူတို့က အလယ်အလတ် လူတန်းစားများ အဖြစ် စတင်ခဲ့ကြသော်လည်း မျိုးဆက်တစ်ခုနှင့် တစ်ခု အကူးအပြောင်းတွင် ရုတ်တရက် ချမ်းသာလာကြသည်။

ကျိုးမိသားစု ရုတ်တရက် ကြွယ်ဝလာမှုနှင့် ပတ်သက်၍ ၎င်းတို့၏ ဘိုးဘေး မှတ်တမ်းများထဲတွင် သမိုင်းဝင် မှတ်တမ်းများ မရှိတော့ကြောင်း ကျိုးရီမှ တွေ့ရှိခဲ့သည်။

သူကြားဖူးသည်မှာ တစ်နေ့တွင် အဘိုးကြီး တစ်ချို့က အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနေသည်ဟု အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲတွင် နဂါးကိုးကောင်က သူတို့နောက်၌ ခေါင်းတလား တစ်လုံးအား ဆွဲနေသည်ကို မြင်ခဲ့ရသည်။

လူတစ်ယောက်က ခေါင်းတလားပေါ်ရှိ နံပါတ် တစ်ကြောင်းကို အမှတ်တမဲ့ မှတ်မိနေခဲ့ပြီး အိပ်ရာနိုးသောအခါ ထီထိုးရန် သွားခဲ့သည်။

အဆုံးသတ်တွင် သူက မကြုံစဖူး ကြွယ်ဝသော အရင်းအမြစ်နှင့် တည့်တည့် တိုးမိတော့သည်။

သို့သော် မျိုးဆက်ပေါင်းများစွာ ဖြုန်းတီးမှု အပြီးတွင် ကျိုးရီထံ ကျန်ရှိနေသော အရာများမှာ သိပ်မများသော်လည်း ကျိုးရီ အတွက် သာမန်ဘဝတွင် ပျော်ရွှင်စွာ နေထိုင်ရန် လုံလောက်ပါသေးသည်။

ရိုးသားစွာ ပြောရလျှင် ပထမ အမွေအနှစ် နှစ်ခုက သူ့အတွက် ပြီးပြည့်စုံသော အမွေအနှစ် ဖြစ်၏။

လက်ခံရရှိပြီးသည့်နောက် သုံးရက်နှင့် သုံးည ကြာသည် အထိ သူ့ကို တုန်လှုပ် ချောက်ချား သွားစေသည်မှာ နောက်ထပ် ပစ္စည်း နှစ်ခု ဖြစ်သည်။

ပထမဦးစွာ သံသယဖြစ်စရာကောင်းသော USB drive...

ကျိုးရီက USB drive ကိုဖွင့်လိုက်သောအခါ အထဲတွင် TXT ဖိုင်တစ်ခုသာ တွေ့ခဲ့သည်။

ထိုအထဲတွင် ကျင့်ကြံခြင်း စာဖတ်သူ နက်ဝေါ့ခ် အတွက် VIP စာဖတ်သူ အကောင့်တစ်ခု အပါအဝင် အမြဲတမ်း VIP အကောင့်များနှင့် စကားဝှက် ထောင်ပေါင်းများစွာကို ဖော်ပြထားသည်။

ဤအမိုက်စား အကောင့်စာရင်းထဲတွင် တန်ဖိုးအရှိဆုံးမှာ ကျိုးမိသားစု ဘိုးဘေးများမှ ဆင်းသက်လာသော QQ ID ငါးလုံး ဖြစ်သည်။

hard drive နှင့် ပတ်သက်ပြီးပြောရလျှင် ၎င်းက yottabyte တစ်ယူနစ် ဆံ့ပြီး လေဆာတံဆိပ် ပါဝင်သည်။

(yottabyte=သတင်းအချက်အလက်ယူနစ်တစ်ခု၊280bytes)

hard driveထဲတွင် "နိုင်ငံခြား ဘာသာစကား သင်ယူခြင်း"နှင့် ကမ္ဘာအရပ်ရပ်မှ မတူညီသော အချိန်နှင့် နေရာဒေသများ၏ ဓလေ့ထုံးတမ်း စဥ်လာ အမျိုးမျိုးကို ဖော်ပြထားသော ဒေတာဖိုင်များ ရှိသည်။

နောက်ဆုံး အမွေအနှစ်မှာ ဖုန်းကတ် ဖြစ်ပြီး အသုံးအဝင်ဆုံးအရာဟု ကျိုးရီ ခံစားမိသော အရာ ဖြစ်သည်။

ဖုန်းကတ်၏ အခြားတစ်ဖက်ရှိ အုပ်ထိန်းသူမှာ ကျိုးမိသားစု၏ ဘိုးဘေးစဉ်ဆက် တာဝန်ပေးအပ်ခြင်း ခံရသော လူတစ်ယောက် ဖြစ်သည်။

ထိုလူက ကျိုးမိသားစုကို ပြုစုစောင့်ရှောက်ခြင်း အပြင် အမွေအနှစ် ဆက်ခံသူများ ကြုံတွေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် တာဝန်ယူထားသည်။

သို့သော် သူ၏ အကူအညီကို တောင်းခံလျှင် အကန့်အသတ်ရှိပြီး သုံးကြိမ်ထက် ပို၍ အကူအညီတောင်းခံခွင့် မရပေ။

ကျိုးမိသားစု အုပ်ထိန်းသူတွင် နာမည်မရှိချေ။

ယခင် ဆက်ခံသူများက သူ့ကို "သံအမတ်ကြီး အကာအကွယ်ပေးသူ" ဟု ခေါ်ဝေါ်ခြင်းကို နှစ်သက်ခဲ့သော်လည်း မကြာခဏ အခေါ်ခံရပြီးနောက် ထိုသို့ ခေါ်ဝေါ်ခံရခြင်းမှာ အလွန်ရှက်စရာ ကောင်းသည်ဟု ခံစားခဲ့ရ၏။

ထို့ကြောင့် ကျိုးရီက သူ၏ မျိုးဆက်တွင် အုပ်ထိန်းသူအား တီထွင်ဆန်းသစ်သော အမည်ပြောင် ဖြစ်သည့် "မှော်ဘလက်လေး"ဟူသော အမည်ကို ပေးခဲ့သည်။

နောက်ပိုင်းတွင် ကျိုးရီက အုပ်ထိန်းသူကို အန်ကယ် ဘလက် ဟုသာ ရိုးရိုးရှင်းရှင်းပဲ ခေါ်ခဲ့၏။

ယခင်ကလည်း ဝမ်လင်း၏ အမည်မှန်ကို စုံစမ်းရန် အန်ကယ်ဘလက်၏ ခွန်အားကို အသုံးပြုခဲ့ရသည်။

ထိုကိစ္စက လွန်ခဲ့သော ခြောက်နှစ်ခန့်က ရိုက်ခတ်မှုတစ်ခု ဖြစ်၏။

ဤတစ်ကြိမ်တွင် သူက ဝမ်လင်းကို တောင်းပန်ဖို့ အတွက် ဝမ်လင်း၏ မိသားစု နောက်ခံကို စုံစမ်းရန် အန်ကယ် ဘလက်ကို ထပ်မံ စည်းရုံးခဲ့သည်။

ဝမ်လင်း၏ ဖခင်က ဂုရုကြီး ဝမ်စစ်ထူ ဖြစ်သည်ကို သိရှိပြီးနောက် ကျိုးရီက တိုက်ကြီးအသစ် တစ်ခုကို ရှာဖွေတွေ့ရှိ သကဲ့သို့ ဝမ်းသာသွားခဲ့ပြီး ဝမ်လင်းနှင့် လိုက်လျောညီထွေ ဖြစ်စေရန် သွယ်ဝိုက်သော နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့သည်။

ယမန်နေ့က ဝိညာဉ်ဓား အစွမ်းပြမှုတွင် သူ့ဆရာကို လုံးဝ အရှက်ကွဲစေခဲ့သည်ဟု သူခံစားခဲ့ရသည်။

ထို့အပြင် ဝမ်လင်းက လာဘ်ပေးလာဘ်ယူမှု မှန်သမျှအား ငြင်းဆိုမည်ကို သူကောင်းကောင်း သိသည်။

နောက်ဆုံးတွင် ဆန်းကြယ်သော စွမ်းအားရှိသည့် ဤလူငယ်မှာ ဤနှစ်များ တစ်လျှောက်လုံး သူ့ကို ရှောင်လွှဲရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။

အကျယ်တဝင့် သုံးသပ်ပြီးနောက် ကျိုးရီက ဖေဖေဝမ်ကို လက်ဆောင် တိုက်ရိုက် ပေးရန် အတွက် အန်ကယ်ဘလက်၏ VIP စာဖတ်သူ အကောင့်ကို အသုံးပြုလိုက်၏။

ယင်းမှာ အလှည့်အပြောင်းနှင့် လိမ္မာပါးနပ်မှု အရှိဆုံး နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤစာပေ ဒင်္ဂါးပြား သန်းတစ်ရာမှာ သူ့ဆရာကို တောင်းပန်ရုံသာ ဖြစ်သည်။

ဆရာသခင်၏ အနှိုင်းမဲ့ စွမ်းပကားကြောင့် သူ၏ ဆရာ ဖြစ်လာရန် အတွက် စာပေ ဒင်္ဂါးပြား သန်းတစ်ရာက မည်ကဲ့သို့ လုံလောက်နိုင်မည်နည်း။

ထို့အပြင် အန်ကယ် ဘလက် အမည်ဖြင့် ဆုချီးမြှင့်ခဲ့သောကြောင့် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက် စစ်ဆေးရေး အဖွဲ့မှ သူ့ကို စုံစမ်း စစ်ဆေးနေမည်ကို စိတ်ပူစရာ မလိုတော့ပေ။

ဆိုရလျှင် ယွမ်တစ်သန်းမှာ သေးငယ်သော ပမာဏ မဟုတ်ပေ။

သူ့ရှေ့က ရတနာသေတ္တာကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ သောက်ရမ်း လိမ်မာ ပါးနပ်လွန်းသည်ဟု အထင်ရောက်သွားသကဲ့သို့ ပါးစပ် နားရွက်နား တပ်ချိတ်သည် အထိ ပြုံးလိုက်သည်။

ကျိုးရီက အတွေးရေယာဥ်ကြောတွင် နစ်မြောနေစဥ် လက်ပတ်နာရီမှ ဖုန်းသံမြည်လာသည်။

အန်ကယ်ဘလက်ဆီမှ ဖြစ်ရမည်ဟု သူချက်ချင်း သိလိုက်သည်။

ယင်းမှာ လုပ်ရိုးလုပ်စဥ်အရ တောင်းဆိုချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း အတည်ပြု ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။

အကယ်၍ မစ်ရှင် ရည်မှန်းချက်ကို ကျေနပ်လောက်စရာ မအောင်မြင်လျှင် အန်ကယ်ဘလက်ကို အလုပ်ပြီးဆုံးသည့်တိုင်အောင် ထပ်မံ လှုပ်ရှားခိုင်းရမည် ဖြစ်သည်။

"မင်္ဂလာပါ အန်ကယ် ဘလက်"

ဖုန်း၏ အခြားတစ်ဖက်မှ လူက သက်ပြင်းချလိုက်သည်။

သူ၏လေသံက တိုးသော်လည်း သံလိုက်ကဲ့သို့ ဆွဲငင်နိုင်စွမ်း ရှိသည်။

"အဆင်ပြေရဲ့လား"

"အန်ကယ် ဘလက်က အရမ်း အစွမ်းထက်တယ်.. ဒီလိုမျိုးတွေတောင် ရှာတွေ့နိုင်သေးတယ်"

ကျိုးရီက သဘောကျစွာ ပြောလိုက်သည်။

သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် အန်ကယ်ဘလက်၏ အသံက ခါတိုင်းထက် ထူးခြားနေသည်ဟု သူခံစားမိလိုက်သည်။

အန်ကယ်ဘလက်က တစ်စက္ကန့်လောက် နှုတ်ဆိတ်သွားပြီး

"မင်းဘိုးဘေးတွေက ဒီဖုန်းကတ်ကို မင်းအတွက် ထားခဲ့ရတဲ့ အကြောင်းရင်းက ဒီလိုမျိုး တလွဲ အသုံးပြုဖို့ မဟုတ်တာကို သေချာပေါက် သိထားသင့်တယ်.. အန္တရာယ်ကြုံလာရင် သုံးဖို့ မင်းအတွက် အသက်ပိုတစ်ခု ပေးထားတာပဲ.. ဒါပေမယ့် မင်း.. မင်းက လူတစ်ယောက်ရဲ့ အထောက်အထားကို စုံစမ်းဖို့အတွက် အခွင့်အရေးနှစ်ခါကို ဖြုန်းတီးပစ်လိုက်တယ်.."

ယင်းအချိန်တွင် ကျိုးရီက အန်ကယ်ဘလက်၏ လေသံက ပုံမှန်မဟုတ်ဘဲ ပျာနေသည်ဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

အန်ကယ်ဘလက် မဟုတ်ဘဲ အခြားလူက ဒေါသထွက်နေသလားဟုပင် သူတွေးမိလိုက်သည်။

ဦးလေး ဘလက်က ဝမ်လင်း အကြောင်းကို စုံစမ်းခဲ့စဥ် အလွန်ပြင်းထန်သည့် ခုခံမှုကို ကြုံတွေ့ခဲ့ရသည်ဟု သူသိခဲ့သည်။

အထူးသဖြင့် စုံစမ်းရေးနှင့် ပတ်သက်သည့် အရာအားလုံးကို ချက်ခြင်း ရှင်းရှင်းလင်းလင်း မေ့သွားသည်မှာ သိသာထင်ရှားသော အချက် ဖြစ်သည်။

အချိန်အတော်ကြာသည် အထိ အန်ကယ်ဘလက်က သူ့ကိုယ်သူ မှတ်ဉာဏ်ချို့ယွင်းနေသည်ဟုသာ ထင်ခဲ့၏။

နောက်ပိုင်းတွင် အန်ကယ်ဘလက်က သူ၏ စုံစမ်းစစ်ဆေးမှုအတွင်း မှတ်စုများ စတင်ယူရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့ရသည်။

ဤသို့ဖြင့် သူက မှတ်စုရေးသည့် အလေ့အကျင့်ကိုပါ ရရှိသွားခဲ့သည်။

"ဒီလူနဲ့ မင်းဘယ်လို ဆက်ဆံရေးမျိုး ရှိပါစေ.. မင်းရဲ့ အကွာအဝေးကို ထိန်းထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်.. မင်း သူ့နားကို မချဉ်းကပ်ရင် အကောင်းဆုံးပဲ.. မဟုတ်ရင် ငါ့တတိယမစ်ရှင်မှာ မင်းရဲ့အလောင်းကို ကောက်ရလိမ့်မယ်လို့ ငါ့ကိုယ်ငါ သိနေတယ်.. ငါပြောတဲ့ အဓိပ္ပါယ်ကို နားလည်လား"

အန်ကယ်ဘလက်၏ အသံက စကားပြောနေစဉ် တစ်နည်းနည်းဖြင့် တုန်ရီနေပုံရသည်။

ကျိုးရီက ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်သွားသည်။

"အန်ကယ်ဘလက်.. ဒီစကားတွေက ချဲ့ကားပြောနေတာတော့ မဟုတ်ပါဘူးနော်"

{သောက်-လခွမ်း... ဆရာက တကယ်ကို အစွမ်းထက်တာပဲ.. အန်ကယ်ဘလက်တောင်မှ သူ့ကို ကြောက်နေတဲ့ပုံပဲ.. သေချာတာပေါ့.. ငါ့ဆရာက သာမညောင်ညမှ မဟုတ်တာ}

"မဟုတ်ဘူး. လုံးဝ ချဲ့ကားပြောနေတာ မဟုတ်ဘူး"

အန်ကယ်ဘလက်က စကားလုံးတစ်လုံးစီကို လေးလေးနက်နက် ပြောလိုက်သည်။

"ကျိုးမိသားစုမှာ ဘယ်သူမှ နိုင်ငံရေး လောကထဲကို စတင်ဝင်ရောက်နိုင်ခြင်း မရှိသေးဘူး.. ဒီကစားပွဲက မုန်တိုင်းထန်လာတဲ့ အခါကျရင် မင်းထင်ထားတာထက် ပိုအန္တရာယ်များလိမ့်မယ်"

"ကောင်းပြီ အန်ကယ် ဘလက်.. ငါ နားလည်ပါပြီ"

{ဒါပေမယ့်.. မုန်တိုင်းအသစ် တစ်ခုက ပေါ်လာပြီးပြီလေ.. ငါ ဘယ်လိုလုပ် ငြိမ်နေနိုင်မှာလဲ}

"ငါ့စကားတွေကို မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်.. ဒီအချိန်ကစပြီး မင်းအတွက် ဒီမိသားစုနဲ့ ပတ်သက်ပြီး ငါ ဘာမှ မစုံစမ်းပေးတော့ဘူး.."

အန်ကယ်ဘလက် စကားပြောပြီးသည်နှင့် ဖုန်းကို တိုက်ရိုက် ချလိုက်သည်။

…................

ဟွာရှို့ နိုင်ငံနယ်စပ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဓာတ်ခွဲခန်းတစ်ခု၌ အနက်ရောင် အသားကပ် အ၀တ်အစားကို ဝတ်ဆင်ထားသည့် ဆန်းကြယ်သော အမျိုးသားတစ်ဦးမှာ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့သည်။

ယင်းအချိန်တွင် ထိုလူ၏နောက်၌ ဝမ်လင်းက စိတ်ဝိညာဥ်ဗုံးကို အသည်းယားဖွယ် ကိုင်ကာ မတ်တပ်ရပ်နေခဲ့သည်။

All Chapters