← Chapters

ပို့ဆောင်ခကို ထည့်သွင်းဖို့ မမေ့ပါနဲ့

Vol. 6 Ch. 82

ပို့ဆောင်ခကို ထည့်သွင်းဖို့ မမေ့ပါနဲ့

Vol. 6 Ch. 82

ဤအတိုင်းဆို သူက ရတနာကို ရှာတွေ့ခဲ့ပါသလော။

အနက်ရောင်သလင်းခဲမှာ ကောင်းကင်မှ ကျလာသော ဥက္ကာခဲများကနေ အဓိက ထွက်ရှိသောအရာ ဖြစ်သည်။

၎င်းမှာ အလွန် ထူးခြားသော အရည်အသွေး ရှိပြီး အရည်အသွေး စစ်ဆေးခြင်း၏ ယေဘုယျ နည်းလမ်းများဖြင့် စစ်ဆေးရန် အလွန် ခက်ခဲသော အရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ကုန်သည် အများအပြားက သာမန် အနက်ရောင်သလင်းခဲနှင့် ရောနှော ဂျင်းထည့်ရန် အလွန်လွယ်ကူသည်။

ဝန်ထမ်းပေးပို့သည့် အရည်အသွေး စစ်ဆေးရေး အစီရင်ခံစာအရ ဤသရဲမျက်နှာဖုံးတွင် အဆင့်မီ အနက်ရောင် သလင်းခဲ ၇၅% နှင့် ဆန့်နိုင်ကျုံ့နိုင်သော သစ်စေး ၂၅% ဖြင့် ပြုလုပ်ထားကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

၎င်းက မည်သည့် လုပ်ဆောင်ချက်မှ မလုပ်ဆောင်နိုင်သော သာမာန် မျက်နှာဖုံး တစ်ခု ဖြစ်၏။

အဆိုပါ မျက်နှာဖုံးတွင် မူလ အနက်ရောင် သလင်းကျောက် ပါရှိသည်ကို ဆိုင်မှ လုံးဝ မသိရှိခဲ့သောကြောင့် ယွမ် ခြောက်ရာသာ တန်ဖိုး သတ်မှတ်ခဲ့သည်။

ကမ္ဘာဦး အနက်ရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသော ကျောက်တုံး သရဲ မျက်နှာဖုံး အတွက် ယွမ်ခြောက်ရာက စျေးမကြီးမှန်း ဝမ်လင်း သိသည်။

သို့သော် သူ့မုန့်ဖိုးက တစ်လမှ ယွမ်တစ်ထောင်သာ ရှိရာအဆုံးသတ်တွင် သူ့အတွက် အနည်းငယ် ဈေးကြီးနေခဲ့သည်။

ဝမ်လင်းတစ်ယောက် တုံ့ဆိုင်းနေသေးသည်ကို တွေ့လိုက်ရလျှင် ဝန်ထမ်း မိန်းကလေးက မက်ဆေ့ချ် ပို့လိုက်သည်။

"လိုင်းပေါ်မှာ ရှိနေသေးလား.. ကျင့်ကြံသူမိတ်ဆွေ"

"....???...."

ဝမ်လင်းက မေးခွန်း အမှတ်အသားဖြင့် ပြန်ဖြေလိုက်သည်။

"စျေးနှုန်းက ရှင့်အတွက် မသင့်တော်ဘူး ဆိုရင် ကျမ တို့နဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်… ကျမတို့က လျှော့စျေးကို သေချာပေါက် ပေးနိုင်ပါတယ်.. ဟုတ်ပါတယ်.. ကျမ ရှင့်ကို မပြောရသေးဘူး.. ဒီမျက်နှာဖုံးက ရှင့်အတွက် ကံဆိုးမှုတွေကို ယူလာစေလိမ့်မယ်"

ဝမ်လင်း ".....???....."

"အိုး… ကျမ စာရိုက်မှားသွားတာ တောင်းပန်ပါတယ်.. ရှင့်ဆီ ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ်လို့ ဆိုချင်တာပါ"

"............."

"မင်းငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား.. မှားရေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား.. အတိုင်မခံချင်ရင် အမှန်အတိုင်း ပြောစမ်း"

ဝမ်လင်းက အွန်လိုင်းဖောက်သည် တိုင်ကြားရေး ဝန်ဆောင်မှုကို အသုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့ရာ နောက်ဆုံးတွင် ဝန်ထမ်းမိန်းကလေးက အမှန်အတိုင်း ပြောပြခဲ့သည်။

"အစကတော့ ဒီကျောက်တုံး သရဲ မျက်နှာဖုံးကို လက်ကား ရောင်းသူ တစ်ယောက် ဆီကနေ ဝယ်ခဲ့တာပါ.. မျက်နှာဖုံးရဲ့ ထူးခြားတဲ့ အသွင်အပြင်ကြောင့် ကျမတို့ သူဌေးကလည်းအရမ်း နှစ်သက်တယ်လေ.. ဒါပေမယ့် ထူးခြားတာက အဲဒီမျက်နှာဖုံး ဆိုင်မှာ တင်ရောင်းတဲ့ နေ့ကစပြီး ရောင်းအားက သိသိသာသာ ကျဆင်းလာတာပဲ... သူဌေးကတော့ ဆိုင်ရဲ့လုပ်ငန်းကို ဒီကျောက်တုံးသရဲ မျက်နှာဖုံးကြောင့် ကျိန်စာသင့်နေတယ်လို့ ထင်နေခဲ့တယ်"

ဝမ်လင်းက ကျောက်တုံးသရဲ မျက်နှာဖုံးကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း အနည်းငယ် ထူးခြားသောအသွင်အပြင်မှ လွဲ၍ ၎င်းနှင့် ပတ်သက်သည့် ထူးထူးခြားခြား တစ်စုံတစ်ရာကို မတွေ့ရှိခဲ့ပေ။

သို့တိုင် မျက်နှာဖုံးတွင် တစ်စုံတစ်ရာ အမှားအယွင်း ရှိ၊ မရှိ သေချာရန်မှာ မျက်နှာဖုံး သူ့လက်ထဲရောက်သည် အထိ စောင့်ရဦးမည် ဖြစ်သည်။

တကယ်တမ်းတွင် ဝမ်လင်းက ပျော်ရွှင်စရာ တစ်ခုခုကို ရှာဖွေရတာ နှစ်သက်သော အကျင့်စရိုက် ရှိသည့် လူတစ်ယောက် ဖြစ်သည်။

အဆုံးသတ်တွင် သူက မခံမရပ်နိုင်လောက်အောင် အထီးကျန် ဆန်လွန်းခဲ့သည် မဟုတ်လော။

ဝမ်လင်းထံမှ မက်ဆေ့ချ် တုံ့ပြန်မှုကို မတွေ့ရလျှင် ဝန်ထမ်းမိန်းကလေးက စိုးရိမ် ထိတ်လန့်သွားခဲ့သည်။

"ကျင့်ကြံသူ မိတ်ဆွေ.. ကျမတို့ဘက်က စျေးနှုန်း ညှိနှိုင်းပေးနိုင်ပါတယ်.. ကမ်းလှမ်းချက် တစ်ခုသာ လုပ်လိုက်ပါ"

ကျောက်တုံးသရဲ မျက်နှာဖုံး ကျိန်စာတိုက်ခံရသည်ဟု သံသယ ရှိနေ၍ ဝန်ထမ်းက ၎င်းကို ရောင်းချရန် အသည်းအသန် ကြိုးစားနေသည်ကို ဝမ်လင်းက သတိထားမိလိုက်၏။

အနည်းဆုံးတော့ ဝန်ထမ်း မိန်းကလေးက လိမ်ညာ လှည့်ဖြားနေခြင်း မဟုတ်ကြောင်း သူခံစားခဲ့ရသည်။

ဤဆိုင်က လက်ကားရောင်းသူ ထံမှ ကျောက်တုံးသရဲ မျက်နှာဖုံးကို ဝယ်မိပြီးနောက် ဒုက္ခရောက်နေပုံ ရသည်။

ဝမ်လင်းက အသေအချာ စဉ်းစားပြီးနောက် ဝန်ထမ်းထံသို့ စျေးနှုန်းတစ်ခု ပေးပို့ခဲ့သည်။

ဝန်ထမ်း မိန်းကလေး၏ ချက်တင်ခန်းတွင် "5"ဟူသည့် ဂဏန်းတစ်လုံးက တခြားဂဏန်းများနှင့် မတွဲဘဲ အထီးကျန်ဆန်စွာ မမျှော်လင့်ဘဲ ပေါ်လာသဖြင့် သူမ လုံးဝ အံ့ဩသွားခဲ့သည်။

"ကျင့်ကြံသူမိတ်ဆွေ.. ရှင်သေချာလား.. သုည ကျန်သွားတာတော့ မဟုတ်ပါဘူးနော်.."

စျေးနှုန်းက "50" ဖြစ်ခဲ့လျှင်ပင် ဝန်ထမ်းမိန်းကလေးက နားလည်ပေးနိုင်မည် ဖြစ်သည်။

{ဒါက ကျိန်စာမျက်နှာဖုံး တစ်ခုပဲ ဆိုတော့ စျေးသက်သက်သာသာနဲ့ ရောင်းရမှာ သဘာဝကျပါတယ်.. ဒါပေမဲ့ ဒီသောက်-ငါးယွမ်ကတော့ မဟုတ်သေးဘူး.. ရှင်က ခေါက်ဆွဲခြောက် အကြွပ်ကြော်ထုပ်တွေ ဝယ်စားနေတယ်လို့များ ထင်နေလား}

ဝန်ထမ်းမိန်းကလေးက ငါးမိနစ်ကြာအောင် စောင့်ခဲ့သော်လည်း တစ်ဖက်မှ ဖောက်သည်က ခေါင်းမာစွာဖြင့် စျေးနှုန်းကို မပြင်ကြောင်း သိရလျှင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ဝမ်လင်းက ထွက်မသွားသေးဘဲ ဝန်ထမ်း မိန်းကလေး၏ အဖြေကို အေးအေးဆေးဆေး ထိုင်စောင့်နေခဲ့သည်။

သူက ဤနည်းလမ်းကို မေမေဝမ်ဆီမှ သင်ယူခဲ့ခြင်း ဖြစ်၏။

မေမေဝမ်က ချက်တင်ကနေ ဈေးဝယ်ထွက်စဉ် သို့မဟုတ် ကုန်စုံများ ဝယ်သောအခါမျိုးတွင် တစ်စုံတစ်ဦးကို မျှော်လင့်မထားသော စျေးနှုန်းပေးကာ အံ့အားသင့်စေသော နည်းလမ်းကို မကြာခဏ အသုံးပြုလေ့ ရှိသည်။

ဆယ်မိနစ်နီးပါး ကြာပြီးနောက် ဝန်ထမ်း မိန်းကလေးက နောက်ဆုံးတွင် အပိတ်စျေးနှုန်းကို အတည်ပြုလိုက်သည်။

"ကောင်းပါပြီ.. ငါးယွမ်နဲ့ စျေးတည့်သွားပါတယ်.. ကျေးဇူးပြုပြီး ပေးပို့ရမဲ့ လိပ်စာကို အတည်ပြုပေးပါဦး"

သို့သော်လည်း သူမ အံ့အားသင့်လောင်အောင်ပင် ဝမ်လင်းက တိတ်ဆိတ်နေခဲ့သည်။

ဤစျေးဝယ်သူက စျေးထပ်လျော့မည်ဟု မျှော်လင့်နေပါသလော။

ဝန်ထမ်းမိန်းကလေးက ဝမ်လင်းကို တုန်လှုပ်ချောက်ချားသည့် အီမိုဂျီနှင့် မက်ဆေ့ချ်တစ်စောင့် ပေးပို့လိုက်သည်။

"ကျင့်ကြံသူမိတ်ဆွေ.. ရှင်မလိုချင်တော့ဘူးလို့တော့ မပြောနဲ့နော်"

ဝမ်လင်းက ခဏမျှ ငြိမ်သက်နေပြီးမှ စကားလုံး အနည်းငယ် ရိုက်ပို့လိုက်သည်။

"ပို့ဆောင်ခပါ ထည့်ဖို့ မမေ့နဲ့နော်"

"ဟမ်.. ပို့ဆောင်ခပါ ထည့်ချင်တာလား.. ငါးယွမ်နဲ့ ဝယ်ပြီး ပို့ဆောင်ခကိုပါ ထပ်ဖြည့်ချင်သေးတာလား"

ဝန်ထမ်းမိန်းကလေးက သူမ၏ လောကအပေါ် အမြင်များ အသစ်အဆန်း ဖြစ်သွားသလို ခံစားမိသည်။

{ဒါက ဘယ်လိုဖောက်သည်မျိုးလဲ}

အကယ်၍ ဖောက်သည်က နတ်ဘုရားဖြစ်နေခဲ့လျှင် သူမက ဤကဲ့သို့ တွန့်တိုသည့် နတ်ဘုရားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဟု ဆိုရမည်။

"ဒါက သောက်-ရမ်း အဆင့်မြင့်တဲ့ လှည့်စားမှုပဲ"

ဝန်ထမ်းမိန်းကလေးက အလွန် ဝမ်းနည်းပူဆွေးစွာဖြင့် စိတ်ထဲတွင် တွေးတောနေခဲ့သည်။

…....................

စာသင်ချိန် တတိယအပတ် စနေနေ့ ညနေ ၅ နာရီဝန်းကျင်...

ဝမ်လင်းက သူဒီနေ့ အများကြီး လုပ်ခဲ့သည်ဟု ခံစားရ၏။

ကျောင်းမှာ လွဲချော်ခဲ့တဲ့ သင်ခန်းစာတွေကို လေ့လာခဲ့ပြီး လိုအပ်သည့် အိမ်စာတွေကိုလည်း ပြီးအောင် လုပ်နိုင်ခဲ့သည်။

ကျိုးရီနှင့် ပူးပေါင်းကြံစည်သော ပညာရှင်၏ မြေအောက် သုတေသန ဓာတ်ခွဲခန်းကိုလည်း ဖျက်စီးခဲ့သည်။

အွန်လိုင်းကနေလည်း မျက်နှာဖုံးတစ်ခု ဝယ်ပြီးသွားပြီ ဖြစ်သည်။

အဆုံးသတ်တွင် နောက်ထပ် ကိစ္စတစ်ခု ပြေလည်သွားပြီဟု ခံစားလိုက်ရသည်။

ယခု သူက "ရွှင်းဖုန့်" အမြန်ချောပို့မှ ပေးပို့မည့် ထူးဆန်းသော ကျောက်တုံး သရဲမျက်နှာဖုံးကို စောင့်ဆိုင်းရန်သာ လိုအပ်တော့သည်။

ကုန်ကျစရိတ် ငါးယွမ်တွင် ပို့ဆောင်ခပါ အပြီးအစီး ပါဝင်၏။

ဤကဲ့သို့ နေ့မျိုးက တကယ်ကို အကျိုးရှိခဲ့သော်လည်း ဝမ်လင်းကမူ လုံးဝကို ပင်ပန်းခဲ့ရသည်။

တစ်ဖက်တွင် ဖေဖေဝမ် နှင့် လဲ့မုန့်မုန့် တို့က စာအုပ်အသစ်အတွက် အသေးစိတ် အချက်အလက် အချို့ကို အမြင်ချင်း ဖလှယ်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးနေကြသည်။

တစ်ဖက်တွင်လည်း မေမေဝမ်က ဒုတိယထပ်ကို ရောက်ရှိလာပြီး ဝမ်လင်း၏ တံခါးကို ခေါက်လိုက်သည်။

"သားလေး အဆင်သင့် လုပ်ထားဦး.. အပြောင်းအလဲလေး ဖြစ်အောင် ဒီညနေကျရင် အပြင်ထွက်စားကြမယ်"

ဝမ်လင်း "............."

"အပြင်ထွက်စားမှာလား"

သူသိသလောက် သူတို့ ဝမ်မိသားစုက တော်ရုံအပြင် ထွက်စားလေ့ မရှိပေ။

ယင်းမှာ ဝမ်လင်းကြောင့် ဖြစ်သည်။

ဝမ်မောင်နှံက သူ့ကိုခေါ်၍ အပြင်ထွက်စားခဲ့လျှင် စားသောက်ဆိုင်ကို ဒုက္ခပေးမိမည်ကို စိုးရိမ်သည့် အတွက် သူတို့မိသားစု၏ တစ်နှစ်အတွင်း အပြင်ထွက်စားသည့် အကြိမ်အရေအတွက်မှာ ပုံမှန် ကျောင်းတွင် ကျင်းပသည့် နွေဦးရာသီနှင့် ဆောင်းဦးပေါက် ရာသီ အလည်ထွက်ခြင်း အရေအတွက်ဖြင့်ပင် နှိုင်းယှဉ်နိုင်သည်။

များသောအားဖြင့် နှစ်သစ်ကူးနေ့ သို့မဟုတ် ဝမ်လင်း၏ မွေးနေ့တွင်သာ ဖေဖေဝမ်နှင့် မေမေဝမ်တို့က သူ့အတွက် အရသာရှိသော ဟင်းတစ်ခွက်ကို ဖန်တီးပေးပြီး ခမ်းနားစွာ ကုန်ဆုံးလေ့ ရှိသည်။

ထို့အပြင် စားသောက်ဆိုင်တွင် ချက်ခြင်း သွားစားမည့်အဓိပ္ပါယ်မှာ ဆွေမျိုးအချို့ အလည်လာမည်ဟု ဆိုလိုခြင်းလည်း ဖြစ်၏။

ဝမ်လင်း၏ အထင်က မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

နာရီဝက်ခန့် အကြာတွင် သူ၏ ဝိညာဥ်ရေး အာရုံက ဝမ်မိသားစု အိမ်ငယ်လေး၏ ရှေ့တံခါးဝ တစ်ဝိုက်ဆီသို့ ရောက်သွားသည်။

ပုံမှန် အားဖြင့် လူသူကင်းမဲ့သော ဤနေရာသို့ ကုန်တင်သုံးဘီး ဆိုင်ကယ်တစ်စီးက အဘိုးအို တစ်ဦးကို တင်ဆောင်၍ ချဥ်းကပ်လာသည်။

အဘိုးအိုက အနည်းငယ်ဝပြီး သုံးဘီး ဆိုင်ကယ်စီးခြင်းက သူ့အတွက် အနည်းငယ် ပင်ပန်းစေပုံ ရသည်။

အဘိုးအိုက သုံးဘီးဆိုင်ကယ်ပေါ်မှ အဆင်းတွင် ဒယိုင်းဒယိုင် ဖြစ်သွားသည်။

အနည်းငယ် ဂရုမစိုက်မိလျှင် လဲကျသွားနိုင်သဖြင့် ဝမ်လင်းက စိုးရိမ်သွားခဲ့၏။

အဘိုးအိုက ကုန်းကုန်းကွကွဖြင့် ခါးထောက်ကာ အမောခဏ ဖြေလိုက်သည်။

ထို့နောက် သူက အသက်ခပ်ပြင်းပြင်း ရှူကာ ပခုံးများကို ဆန့်ထုတ်လိုက်သည်။

ထို့နောက် သုံးဘီးဆိုင်ကယ် နောက်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ချည်ထားသော ကြိုးအချို့ကို ဖြည်၍ ဖုံးထားသော အဖြူရောင် အဝတ်စကို ဖယ်လိုက်သည်။

သုံးဘီးဆိုင်ကယ်တွင် မထင်မှတ်ဘဲ ပန်းသီးတွေ အပြည့် ရှိနေသည်။

အိမ်ရှေ့တွင် အဝတ်လျှော်နေသည့် မေမေဝမ်က အိမ်ရှေ့တံခါးဝမှ ခပ်ဝဝ အသွင်အပြင် ပေါ်လာသည်ကို မြင်လျှင် အလျင်အမြန် သွားကြိုလိုက်သည်။

"အိုး အဖေ.. ဘာလို့ သုံးဘီးဆိုင်ကယ်နဲ့ ကိုယ့်ဘာသာ လာတာလဲ.. အဖေသာ သမီးကို ဆက်သွယ်လိုက်ရင် ဝမ်ကျောင်းကို လာခေါ်ခိုင်းလိုက်မှာပေါ့"

ဖိုးဖိုးဝမ်က သူမ ခေါင်းကို ပွတ်သပ်လိုက်သည်။

"ဝမ်ကျောင်းလား.. ဝမ်ကျောင်းက ဘယ်သူလဲ"

"ဝမ်ကျောင်းက ဖေဖေရဲ့သားလေ"

မေမေဝမ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

အဘိုးအို၏ စိတ်ကျရောဂါက တစ်နေ့တခြား ပိုဆိုးလာပုံရ၏။

"အိုး.. ဟုတ်သားပဲ... ငါ့သား"

ဖိုးဖိုးဝမ်က ခေါင်းညိတ်လိုက်ပြီး သူ့ အနောက်မှ ပန်းသီးတွေကို ညွှန်ပြလိုက်သည်။

"ငါ့မှာ ကျင့်ခယ် ဆိုတဲ့ အမည်နဲ့ မြေးတစ်ယောက် ရှိတယ် မဟုတ်လား.. ဒီလိမ္မော်သီးတွေကို ငါ့မြေးလေး အတွက် ဝယ်လာခဲ့တာပဲ.. သူ့ကို သတိရလို့ လာလည်တာလေ"

မေမေဝမ် "............."

ဝမ်လင်း "............."

All Chapters